Monday, March 25, 2019

သမ္မာကျမ်းစာ၌ နောက်ဆုံးသောကာလ၌ အဖြစ်အပျက်များအကြောင်း။



ယေရှုခရစ်တော် ပရောဖက်ပြုချက်များ ရှင်လုကာခရစ်ဝင်ကျမ်း၌ ဖေါ်ပြချက်နှင့် ဓမ္မဟောင်ကျမ်းများဆက်စပ်မှုရှိကြောင်း လေ့လာခြင်း။
၁။ယေရှုခရစ်တော်အဘယ်သို့အမိန့်တော်မူသနည်း။
နောဧလက်ထက်၌ဖြစ်သကဲ့သို့လူသည်လက်ထက်၌ ဖြစ်လိမ့် မည်။-နောဧသည် သင်္ဘောထဲသို့ဝင်၍၊ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့
တိုင်အောင် လူများတိုသည် စာသောက်လျက်၊ထိမ်းမြား စုံဖက်လျက်နေကြ၏။ ထိုနည်းတူ၊လောတလက်ထက်၌လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊စိုက်ပျိုးလျက်
အိမ်ဆောက်လျက်၊ နေသကဲ့သို့၎င်း၊ လောတသည်သောဒုံမြို့မှထွက်နေ့၌ ကောင်းကင်မှကန့်နှင့်ရောသော မီးမိုးရွာ၍ထို လူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်း သကဲ့သို့၎င်း။ လူ
သားပေါ်ထွန်သောနေ့၌ ဖြစ်လိမ့်မည်။ရှင်လုကာခရစ်ဝင်ကျမ်း အခန်းကြီး ၁၇းအခန်းငယ်၂၆-၃၀ ၌တွေ့ရှိသောအချက်လျက်များ။
၂။ဓမ္မဟောင်ကျမ်း၌ ဖြစ်ပျက်ပြီးသော အကြောင်း သောဒုံမြို့ကြီး ဘုရားသခင်အဘယ်သို့ သုတ်သင်ပယ်ရှင်းတော်မူသနည်း။
ကောင်းကင်တမန် နှစ်ပါးတို့ သည် ညဦးအချိန်၌ သောဒုံ မြို့ သို့ ရောက်လာ၏။ လောတသည် မြို့ တံခါးဝ၌ ထိုင် လျှက် သူတို့ ကိုမြင်လျှင်၊ ခရီးဦးကြို ပြုစေခြင်းငှာ ထ၍ ၊မြေ၌ ဦးညွှတ် ချလျှက် - အကျွန်ုပ် သခင်တို့ ၊ ကိုယ်တော်တို့ ကျွ န်ုပ်အိမ် သို့ ဝင်၍ တညဉ့် လုံးနေကြပါ။ ခြေကို ဆေးကြပါ။ နံနက်စောစောထ၍ ကြွသွား ကြပါလော့ ဟု ဆိုလေ၏။ ကောင်းကင်တမန် တို့ က ၊ငါတို့ သည်မ၀င် ၊ တညလုံး လမ်း၌ နေတော့ မည်ဟုဆို သော်လည်း - ကျပ်ကျပ်သွေးဆောင် သောကြောင့်  ၊လောတ နေရာသို့ လှည့်၍ သ၏ အိမ်သို့ ဝင်ကြ၏။ လောတလည်း သူတို့ အဖို့  ပွဲလုပ်၍ ၊တဆေးမပါသောမုန့် ကို ပေါင်းစပ်ပြီးမှ ၊သူတို့ သည်လည်း စားကြ၏။
ထို သူတို့ သည် မအိပ် မှီ ၊သောဒုံ မြို့ သား ၊ယောက်ကျားကြီ့းအငယ်၊ အရပ်ရပ် က လာသော သူအပေါင်းတို့ သည် အိမ်ကို ၀ိုင်း၍ ၊လောတကို ကို ဟစ် ခေါ် လျှက်၊ယနေ့ ညမှာ ၊သင့် အိမ်ကို ၀င်သော သူတို့ သည် ၊အဘယ်မှာ ရှာသနည်း။ ထို သူတို့ နှင့် ငါတို့ သည် ၊ဆက်ဆံလို သည် ဖြစ်၍ ၊ငါတို့ ထံသို့ ထွက်စေလော့ ဟု ဆို ကြ၏။
လောတ သည် တံခါး အပြင်ဖက်မှာ ၊သူတို့ ထံသို့ ထွက်၍၊ မိမိနောက်၌ တံခါးကို ပိတ်ပြီးလျှင် ၊ညီအကိုတို့  အဓမ္မ မှု ကို ဤမျှ လောက်မပြု ကြပါနှင့်။- အ ကျွနုပ်၌ ယောက်ကျားနှင့် မဆက်ဆံသော သမီးငယ်နှစ်ယောက် ရှိပါ ၏။ သူတို့ ကို သင်တို့ ထံသို့ ထုတ် ရသောအခွင့် ကို ပေးကြပါလော့ ။သူတို့ ၌ ပြုချင်သမျှ ပြု ကြပါလော့ ။ ဤ လူတို့ ၌ အလျှင်း မပြုကြပါနှင့် ။ အကြောင်း မူကား ၊ သူတို့ သည် အကျွနုပ် အိမ် မိုး အရိပ် ကို ခိုနေပါ၏ ဟု တောင်းပန်သော်လည်း - သူတို့ က ဆုတ် လော့ ဟု ဆို ကြ၏။ တဖန် ကား၊ သင်သည် တည်းခိုခြင်းငှာ သာ ၊ရောက် လာသည် နှင့် ၊ တရားသူကြီ့း လုပ်ရမည်လော။၊ယခုမှာ ထို သူတို့ ၌ ပြု သည် ထက် ၊ သင်၌ သာ၍ ဆိုးသော အမှုကို ပြုမည်ဟုဆို လျှက် ၊လောတကို ကျပ်ကျပ် ဖိ၍ ၊တံခါးကိုလည်းပေါက်ခွဲချိုးဖဲ့ ခြင်းငှာ ချဉ်း လာကြ၏။ ထို အခါကောင်းကင်တမန် တို့ သည် လောတ ကို မိမိတို့ နေရာ၊ အိမ်အတွင်းသို့ ဆွဲသွင်းပြီးလျင်၊ တံခါးကို ပိတ်ကြ၏။ ။ အိမ်တံခါးနားမှာ ရှိသောသူ ၊အကြီးအငယ်တို့ ကို ၊မျက် စိကန်းစေခြင်းငှာ ဒဏ် ခတ် သဖြင့် ၊သူတို့ သည် တံခါးကို ရှာ ၍ ပင်ပန်းခြင်းသို့ ရောက် ကြ၏။
ကောင်းကင်တမန် တို့ ကလဲ ၊ဤ အရပ်၌ သင်နှင့် ဆိုင်သောသူ ရှိသေးသလော။ သားသမီး၊သမက် မြို့ ထဲမှာ သင် ၇ှိသမျှကို ဤ အရပ် က ထုတ် ဆောင်လော ။ ဤ အရပ် ကို ငါတို့ သည် ဖျက်ဆီးရမည်။ အကြောင်း မူကား ၊အရပ်သားတို့ သည် ထာဝရဘုရားရှေ့ တော်မှာ ၊အလွန် ကြွေးကြော်ခြင်းရှိသည် ဖြစ်၍ ၊ဖျက်ဆီးစေခြင်းငှာ ထာဝရဘုရားသည်ငါတို့ ကို စေလွှတ်တော်မူပြီ ဟု လောတ အားပြောဆို ကြ၏။ -လောတ ထွက် ၍ သမီးနှင့် စုံ ဖက်သောသူ ၊ မိမိသမက်တို့ အား၊ ထကြ၊ဤအရပ် မှ ထွက် သွား ကြ။ ဤ မြို့ ကို ထာဝရ ဘုရား ဖျက်ဆီးတော်မူမည် ဟု ဆိုသော် လည်း ၊ ကျီစားဟန် ရှိ သည်ဟု သမက်တို့ က ထင်၏။။
မိုဃ်းသောက်သော အခါ၊ကောင်းကင်တမန် တို့ သည်၊ လောတ ကို ဆော် လျှက် သင်သည် ထ၍ ဤ အရပ်၌ ရှိသော မယားနှင့် သမီးနှစ်ယောက် ကို ယူသွားလော့ ။ သို့ မဟုတ် မြို့ ၏အပြစ် ၌ ဆုံးခြင်းသို့ ရောက် လိမ့် မည် ဟု ဆိုသော်လည်း၊သူသည် ဖင့် နွဲသာအခါ၊ထာဝရဘုရားသနားတော်မးသောကြောင့် ၊ကောင်းကင်တမန်တို့ သည် ၊သူနှင့် သူ၏ မယား၊ သူ၏သမီးနှစ်ယောက်တို့ ကို လက်ဆဲါ ၍ မြို့ ပြင် သို့ ထုတ်ဆောင် ကြ၏။
ပြင်သို့ ရောက်သော အခါ၊ သင်သည် အသက်ချမ်းသာ ရာ ရခြင်းငှာ ပြေးလော့၊ နောက်သို့ လှည့်၍ မကြည့် နှင့်၊ မြေညီသော အရပ် ၌ အလျှင်း မနေ နှင့်။ တောင်ပေါ်သို့ ပြေးလော့ ။ နောက်သို့ လှည့် ၍ မကြည့် နှင့် ။ သို့ မဟုတ် ဆုံးလိမ့် မည် ဟု ဆိုလေ၏။ လောတ ကလည်း ၊အကျွနုပ်သခင်၊ ထို့ သို့ မဆို ပါနှင့် ။ -ယခုမှာ ကို ယ်တော် ကျွန်သည် ၊ရှေ့ တော်၌ မျက် နှာ ရပါပြီ။ အကျွ နုပ် အသက်ချမ်းသာ စေသဖြင့် ။အကျွ နုပ် ၌ ပြုတော်မူသော ကရုဏာ ကျေးဇူးများပြား လှ ပါ၏။ ဘေးလွှတ် ၍ တောင် ပေါ်သို့ မပြေးနိုင်ပါ။ ဘေးတစုံ တခုတွေ့ ၍ သေမည် ကို စိုးရိမ် ပါ၏။ ကြည့် ပါ။ ထို မြို့ နီးပါး၏ ပြေးသာပါ၏။ ငယ်သော မြို့ လဲ ဖြစ်ပါ၏။ဘေးလွှတ်၍ ထို အရပ်သို့ ပြေးပါရစေ။ထို မြို့ သည် ငယ်သော မြို့ မဟုတ်လော ။ သို့ ပြေးလျှင် အသက် ချမ်းသာ ရာ ရပါမည် ဟု လျှောက်ဆို ၏။ထို သူကလည်း ကြည့် ပါ၊ ဤအမှုအရာ ၌ လည်း သင်၏စကားကိုငါ နားထောင်စေခြင်းငှာ ၊ ထိုမြို့ အတွက် တောင်းပန် သော ကြောင့်  ငါ မဖျက် ဆီး။ ဘေးလွှတ်ခြင်းငှာ ထို မြို့ သို့ အလျှင်အမြန် ပြေးလော့ ။ ထို မြို့ သို့ မရောက်မှီ ၊ငါသည် အဘယ် အမှု ကို မျှ မပြု နှိုင် ဟု ဆိုလေ၏။ ထို့ ကြောင့် ထို မြို့ ကို ဇော ရ မြို့ ဟု သမုတ် ကြ၏။ -လောတသည် ဇော ရမြို့ သို့ ဝင်သော အခါ ၊ မြေကြီးပေါ်မှာ နေထွက် ချိန်တည်း။ ထို အခါ ထာဝရဘု ရားသည် ၊ကောင်းကင် ထက် အထံတော် မှ ၊ သောဒုံ မြို့ နှင့် ဂေါမောရမြို့ ပေါ်သို့ ကန့် နှု့် မီး မိုးဃ်းကို ရွာစေတော်မူ၏။ ထိုမြို့ တို့ ကို ၎င်း ၊ချိုင့် အရပ်တလျှောက်လုံးကို ၎င်း ၊မြို့သားအပေါင်းတို့ ကို၎င်း၊ မြေ၌ပေါက်သမျှ တို့ ကို ၎င်း၊ မှောက် လှဲတော်မူ၏။ -လောတ၏ မယားမူကား၊နောက်သို့ လှည့် ကြည့် ၍ ဆားတိုင် ဖြစ်လေ၏။
နံနက်စောစော ၊အာဗြံဟံ သည် ထ၍ ထာဝရဘုရားရှေ့ တော် ၌ ရပ်နေသော အရပ် သို့ သွားပြီးလျှင်-သောဒုံ မြို့ နှင့် ဂေါမောရမြို့ မှစသော၊ ချိုင့် အရပ် တလျှောက် လုံးကို ကြည့် ရှု ၍ ၊မီးဖို၌ အခိုးကဲ့ သို့  ၊ တပြည်လုံးအခိုးတက်သည် ကို မြင်လေ၏။ထို သို့ ဘုရားသခင်သည် ချိုင့်ထဲမှာ ရှိသော မြို တို့ ကို ဖျက်ဆီးသော အခါ၊အာဗြံကို အောက်မေ့တော်မူ၏။လောတ နေသောမြို့ တို့ကို မှောက် လှဲသောအခါ ၊မှောက်လှဲ ရာထဲ က လောတ ကို လွှတ် လိုက်တော်မူ၏။
လောတသည် ဇောရမြို့ မှ၊ ထွက်၍ သမီးနှစ်ယောက်နှင့် တကွ ၊တောင်ပေါ် မှာနေ၏။ဇောရမြို့ ၌ မနေ၀ံ့ ၍ ၊သမီးနှစ်ယောက်နှင့် တကွ ၊ဥမှင်၌ နေ၏။ သမီးအကြီးက ငါတို့ အဘ အိုပြီ။ မြေကြီးသားအပေါင်းတို့ ၏ ဘာသာအတိုင်း၊ ငါတို့ ထံသို့ ဝင်ရသော၊ယေက်ကျားတယောက်မျှ မြေပေါ်မှာ မရှိ။ -လာကြ ၊ငါတို့ အဘကို စပျစ်ရည်တိုက်ကြစို့ ။ ငါတို့ အဘ၏အမျိုးအနွယိကို စောင့် မ၍ သူနှင့် အိပ်ကြစို့ ဟု ညီမကို ပြောဆို၏။ ထိုေံန့ ညမှာ သူတို့ ၏အဘကို ၊စပျစ်ရည်တိုက်ပြီးလျှင်၊သမီးအကြီးသည် ၀င်၍ အဘနှင့် အိပ်လေသည်။သူအိပ်ကြောင်းကို၎င်း၊ ထကြောင်းကို ၎င်း၊အဘမသိ၊ နက်ဖန်နေ့ တွင် အကြီးကလည်း၊ မနေ့ံညမှာ ငါသည် အဘနှင့် အိပ်လေပြီ။ ယနေ့ ညတဖန် သူ့ ကို စပျစ် ရည် တိုက် ကြစို့ ။ သင်သည် ၀င်၍ အဘ၏အမျိုးနွယ်ကို စောင်မခြင်းငှာ၊ သူနှင့် အိပ်လော့ ဟု ညီမကို ပြောဆို၏။ ထို နေ့ ည ၌ လည်း ၊ သူတို့ သည် အဘကို စပျစ် ရည် တို က်ပြီးလျှင် ၊အငယ်သည် ၀င်၍ အဘနှင် အိပ်လေ၏။အိပ် ကြောင်း ကို ၎င်း ၊ထကြောင်း ကို ၎င်း ၊ အဘမသိ၊ ထို သို့ လောတ ၏ သမီးနှစ်ယောက်သည်၊ မိမိအဘအားဖြင့် ၊ပဋိသန္ဒေ စွဲနေ၏။ သမီးအကြီးသည် သားကို ဘွား၍၊ မောဘ အမည် ဖြင့် မည့် လေသည်။ ထို သူသည် ယနေ့ တိုင်အောင် ရှိသော၊ မော ဘ အမျိုးသားတို့ ၏ အဘဖြစ်သတည်း။ သမီးအငယ်သည် လည်း၊ သားကို ဘွား ၍၊ ဗေနမ္မိ အမည်ဖြင့် မည့် လေသည်။ထို သူသည် ယနေ့ တိုင်ေ အာင်ရှိသော အမ္မုန် အမျိုးသားတို့ ၏ အဘ ဖြစ်သတည်း။က မ္ဘာဦးကျမ်း ၁၉း ၁ - ၃၁
ရှေးကာလ၌ မိုးကောင်းကင်ကို၎င်း၊ ရေထဲကထွက်၍ ရေဖြင့် တည်သော မြေကြီးကို ၎င်း၊ ဘုရားသခင်၏နှုတ်ကပါတ်တော်သည် ဖြစ်စေတော်မူ ကြောင်းနှင့်  ဖြစ်ဘူးသော လောကဓါတ်တို့ ကို ထို့ သို့ အားဖြင့်  ရေ နှင့် လွှမ်းမြှုပ် ၍ ဖျက်ဆီးကြောငိးကို ထို သူတို့ သည် မှတ် မိချင်သော စိတ် မရှိ ကြ။-ယခုရှိသော မိုးကောင်း ကင်နှင့်  မြေကြီးမူကား တရားဆုံးဖြတ်၍ ၊အဓမ္မ လူတို့ ကို ဖျက်ဆီးသော နေ့ ရက်တိုင် အောင် ၊ထို နှုတ်ကပါတ်တော် အားဖြင့်  ၊သိုထားလျှက် ရှိ၍ ၊မီးရှို့ ညခင်း အဖို့ အလို့ ငှါ ၊နေ ရစ်သတည်း။
ချစ်သူ တို့ ၊ထာဝရဘုရား မှာ၊ ကာလ တရက်သည် ၊အနှစ်တထောင်ကဲ့ သို့ ၎င်း ၊ အနှစ်တထောင်သည် တရက်ကဲ့ သို့ ၎င်း ၊ ဖြစိသည့် အရာတခု ကို မမေ့လျော့ ကြ နှင့် ။ လူအချို့ တို့ သည် နှေး ခြင်းကို မှတ် ထားသည့် အတိုင်း ၊ထာဝရဘုရားသည် ကတိ တော်အရာမှာ နှေးတော် မမူ။ ငါတို့ တွင် အဘယ်သူမျှ ၊မပျက်စီး ဘဲ ၊ ရှိသမျှ တို့ သည် ၊နောင် တရစေခြင်း ငှာ ၊အလိုတော် ရှိ၍ ငါတို့ ကို သည်းခံတော်မူ၏။ သူခိုးသည် ညအခါ လာသကဲ့ သို့ ၊ထာဝရဘုရား၏နေ့ ရက်သည် လာလိမ့်မည်။ ထို နေ့ ရက်၌ မိုးကောင်းကင် သည် ကြီးစွာသော အသံနှင့် တကွ ပျောက် သွားလိမ့်မည်။ မြေကြီး ကိုယ် မှစ၍ မြေကြီးပေါ် မှာ ပြုလုပ် သမျှ သော အရာတို့ သည် ကျွမ်းလောင် ကြလိမ့်မည်။
သို့ ဖြစ်၍ ဤအရာ အလုံးစုံ တို့ သည် ကုန် စင်မည် မှန်သောကြောင့် ၊ မိုးကောင်းကင်သည် မီးနှင့် ပျက်၍ ၊လောကဓါတ်တို့ သည်၊ ပူအားကြီးလျှက် အရည်ကျို ခြင်းကို ခံရသောနေ့ ၊ တည်းဟူသော ဘုရားသခင်၏နေ့  ရောက်လိမ့် မည်ဟု သင်တို့ သည် မျော် လင့် တောင့် တ လျှက် ၊သန့် ရှင်းသော အကျင့်ကို ကျင့် ခြင်း၊ ဘုရားသခင်၌ မွှေ့ လျော် ခြင်းအားဖြင့်၊ အဘယ်သို့ သောသူ ဖြစ်အပ်ကြသနည်း ။ ယခု ရှိသမျှ သော အရာတို့ သည် ပျက်တတ် သော် လည်း ဖြောင့်မတ်ခြင်းတရားတည်နေရာ ၊မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့ သည် ဂတိတော်နှင့် အညီ မြောင်လင့်ကြ၏။
ထို့ သို မျှော်လင့် ခြင်း ရှိသောကြောင့် ၊ချစ် သူတို့ သင်တို့ သည် အညစ်အကြေးနှင့် ကင်းစင်၍ အဘယ်အပြစ်မှမပါဘဲ ၊ရှေ့ တော် သို့ ငြိမ်ဝမ်စွာ ရောက်မည် အကြောင်း ၊ ကြိုးစား အားထုတ် ကြလော့ ။ ငါတို့ ချစ်သောညီ ပေါလု သည် ၊မိမိခံ ရသော ဥာဏ် ပညာ အတိုင်း ၊သင်တို့ အား ရေး၍ ပေးလိုက် သော စာ၌၎င်း ၊ သူသည် ဤအရာ များကို ပြော၍ စီ ရင်သော ၊ သြ၀ါဒ ရှိသမျှ တို့ ၌ ၎င်း၊ ပါသည် နှင့် အညီ ၊ငါတို့ သခင်ဘုရားသည်းခံတော်မူခြင်း သည် ၊ ကယ်တင်မည်အကြောင်းဖြစ်သည် ဟု မှတ်ကြလော့။ ရှင်ပေတရု သြ၀ါဒ စာ ပဌမစောင် ၃း ၅- ၁၅ ။
ယောက်ျားအချင်းချင်းလိင်တူဆက်ဆံခြင်းတို့ အဘယ်သို့သာအကျိုးအပြစ်ဖြစ်သည်ဟူ၍ သမ္မာကျမ်းမှ ဖေါ်ပြခြင်းကိုတွေ့ရှိနိုင်လည်းနိုင်ကြမည်လော့။
ယောကျားးအချင်းချင်းလိမ်တူဆက်ဆံခြင်း ၏အကျိးအပြစ်တရား သမ္မာကျမ်းစာတော်မြတ်မှဖေါ်ပြခြင်း။
၁။ကျွန်ပ်တို့ သည် ကမ္မာဦးစ၌ ထိမ်းမြားလက်ထပ်ခြင်း အဘယ်သို့ရှိသနည်း။
ထို သို့ ဘုရားသခင်သည် မိမိပုံသဏ္ဍာန် နှင့် အညီ လူကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့် အညီ လူယောက်ကျား၊လူမိန်းမ ကို ဖန်ဆင်းပြီးလျှင် - အချင်းတို့ များပြားစွာ မွေးဘွားကြလော့ ။မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့ ။ ပင်လယ်ငါးတို့ ကို ၎င်း ၊မိုး ကောင်းကင် ငှက်တို့  ကို၎င်း ၊ အသက်ရှင် ၍ မြေ ပေါ်မှာ လှုပ်ရှားတတ်သော ၊တိရ စ္ဆန် အပေါင်းတို့ ကို ၎င်း၊ အုပ်စိုးကြလော့ ဟု မိန့် တော်မူ၍၊သူတို့ ကို ကောင်းကြီးပေးတော်မူ၏။
က မ္ဘာဦးကျမ်း ၁း ၂၇-၂၈။
၂။ ယေရှုခရစ်တော်ခေတ်ကာလ၌ ထိမ်းမြာလက်ထပ်ခြင်းအဘယ်သို့ အမိန့်တော်ရှိသနည်း။
ကိုယ်တော်က၊အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ၊ ယောက်ကျားနှင့် မိန်းမ နှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။ ထိုအကြောင်းကြောင့်  ယောက်ကျားသည် မိဘကိုစွန့် ၍ ၊ကိုယ်ခင်ပွန်း၌ မှီဝဲ သဖြင့် ၊ထို သူနှစ်ယောက်တို့ သည် တသားတကိုယ် တည်းဖြစ်ရလိမ့် မည်ဟု ကျမ်းဆို သည်ကို သင်တို့ မဖတ်ဖူးသလော။ ထို့ ကြောင့် လင်မယားတို့ သည် နှစ်ဦးမဟုတ် ၊ တဦးတည်းဖြစ်၏။ ဘုရားသခင်ဖက်စပ်၍ ၊ထမ်းဘိုးတင်တော်မူသော အရာကို လူမခွဲ ခွါစေနှင့် ဟု မိန့် တော်မူ၏။
ရှင်မဿသဲခရစ်ဝင်ကျမ်း အခန်းကြီး ၁၉း ၄-၆ ။
၃။ထာဝရ ဘုရားသခင်သည် မိန်းမအားအဘယ်သို့ဖန်ဆင်း၍ သည်ဟု၍အမိန့် တော်ရှိသနည်း။
ထာဝရအရှင် ဘုရားသခင်သည် လူကို ကြီးသော အိပ်ခြင်း ဖြင့် ၊ အိပ်စေတော်မူ၍ ၊ လူသည် အိပ်ပျော်စဉ် ၊ နံရိုးတချောင်း ကို ဘုရားသခင်ကို ထုတ်ပြီးလျှင် ၊ထို အရိုးအစား၊အသားကို စေ့ စပ်စေတော်မူ၏။ ထာဝရအရှင် ၊ဘုရားသခင်သည် လူထဲက ထုတ်သော နံရိုးဖြင့်  ၊ လူမိန်းမကို ဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့ တော်မူ၏။
ကမ္မာဦးကျမ်း အခန်းကြီး ၂း အခန်းငယ် ၂၁- ၂၂ ။
၎။ထာဝဘုရားသခင်သည် ဤလောကက မ္ဘာ ကြီးအဘယ်သို့ဖန်ဆင်းတော်မူ သည်ဟု၍မိန့် တော်ရှိသနည်း ။
မိုးကောင်းကင် ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား ၊ မြေကြီးကို ပြု ပြင်ဖန်ဆင်း၍ အမြဲတည်စေတော်မူသောအရှင် ၊အချည်းနှီး ဖန်ဆင်းတော်မူသည်မဟုတ်၊ သတ္တ ၀ါ နေစရာ အဘို့ ၊ဖန်ဆင်းတော်မူသော ဘုရားသခင်၊ မိန့် တော်မူသည်ကား၊ ငါသည် ထာဝရ ဘုရား ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၄၅း အခန်းငယ် ၁၈။
အချင်းတို့ များပြားစွာ မွေးဘွားကြလော့ ။ မြေကြီးကို ပြည့် စေ၍ နိုင် ကြလော့။ မြေကြီးကို ပြည့်စေ၍၊ နိုင် ကြလော့။ ပင်လယ်ငါးတို့ ကို ၎င်း၊ မိုးကောင်းကင်တို့ ကို ၎င်း၊ အသက်ရှင်၍၊ မြေပြင်မှာ လှုပ်ရှားတတ်သော တိရ စ္ဆန် အပေါင်းတို့ ကို ၎င်း၊အုပ်စိုးကြလော့ ဟု မိန့် တော်မူ၍ သူတို့ ကို ကောင်း ချီးပေးတော်မူ၏။ ကမ္မာဦး ကျမ်း အခန်းကြီး ၁း အခန်းငယ်၂၈ ။

The Battle of Armageddon

      The Battle of Armageddon This frightening apocalyptic word “Armageddon” refers to earth’s final battle which is gener...