Showing posts with label မိန်းမသည်ဆုံးမသြဝါဒပေးခြင်း၊. Show all posts
Showing posts with label မိန်းမသည်ဆုံးမသြဝါဒပေးခြင်း၊. Show all posts

Monday, June 10, 2019

မိန်းမသည်ဆုံးမသြဝါဒပေးခြင်း၊ ယောက်ျားကိုအစိုးတရပြုစေခြင်း အခွင့်ကိုငါမပေး




ခရစ်ယာန်ဘာသာတရားမှာ အမျိုးသမီး သိက္ခရ ဆရာမ လုပ်သင့် မလုပ်သင့် မလုပ်သင့် စဉ်းစားစင်ကြင်တတ်စေရန် အတွက်
၁။မိန်းမတို့သည် ဘုရားသခင်၏ အသင်းတော်မှာ အုပ်စိုးခွင့်ရှိနိုင်မည်
သနည်း။
အဖြေ။မိန်းမသည်ဆုံးမသြဝါဒပေးခြင်း၊ ယောက်ျားကိုအစိုးတရပြုစေခြင်း အခွင့်ကိုငါမပေး။ သူသည် တိတ်ဆိတ်စွာ နေအပ်၏။တိမောသေသြဝါဒပဌမစောင် ၂း၁၂
မှတ်ချက်။အမျိုးသမီး အသင်းအုပ်ဆရာမ သိက္ခတင်ဆရာမ ဆိုသော
အနက်အဓိပ္ပါယ်မှာ၊ဘုရားသခင်၏ လူမျိုးတို့ကို ထိန်းသိန်းစောင့်ရှောက်
ခြင်းသာဖြစ်သည်။ အထက်ပါ သမ္မာကျမ်းစာ၌ ဖေါ်ပြချက်မှာ၊( မိန်းမသည်ဆုံးမသြဝါဒပေးခြင်း၊)ခရစ်ယာန်ဘာသာရေး တရား
ဟော ဆရာမ လုပ်နေသော်လည်း၊သမ္မာကျမ်းစာကိုအလျှင့် နား
လည်သော ခရစ်ယာန်ဘာသာဝင်ဖြစ်ကြသည်။တရားဟော ဆရာမ
လုပ်တယ်ဆိုလျှင့် ဘယ်တွေအစိုးရပြုစေသနည်း။ဘုရားသခင်၏။အ
သင်းတော်။ဒါဖြင့်ရင်၊မိန်းမတို့သည် ယောက်ျားများကိုအစိုးရသော အခွင့် ရှိလား။အဖြေ။ ယောက်ျားကိုအစိုးတရပြုစေခြင်း အခွင့်ကိုငါမပေး။သမ္မာကျမ်းစာမှာ ယောက်ျားကို အစိုးတရပြုစေခြင်း
အခွင့်ကိုငါမပေးဘူးလို့ပြောထားပါတယ်၊တရားဟောဆရာမဆိုတာက
ဘုရားသခင်၏၊အသင်းတော်သင်းကို စိုးရသော မဟုတ်လား၊ယောက်ျား များတောင် အစိုးရသောအခွင့်မရှိလျှင် သိက္ခရ
ဆရာမဖြစ်နိုင်မလား။မိန်းမသည် အဘယ်သို့နေအပ်သောသူဖြစ်သနည်း။အဖြေ။ သူသည် တိတ်ဆိတ်စွာ နေအပ်၏။သူသည်တိတ်ဆိတ်စွာနေအပ်သောသူဖြစ်
တယ်ဆိုတာသမ္မာကျမ်း၌ ဖေါ်ပြထားပါတယ်။ကျွန်တော် ခေတ်ကာလ
မှာ တကမ္ဘာလုံး လိုက်ကြည့်လိုက်ပါ ခရစ်ယာန် တရားဟောဆရာမ
တွေများတွေ့မြင်ရပါလိမ့်မယ်။
၂။တရားဟော ဆရာမများ ရွှေတန်ဆာများစင်လို့ ရမလား
အဖြေ။ထိုနည်းတူ၊ မိန်းမတို့သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲ အဘိုးထိုက်တန်သောအဝတ်နှင့် ကိုယ်ကိုမဆင်ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣနြေ္ဒစောင့်ခြင်းအားဖြင့်၊ လျောက်ပတ်သော အဝတ်နှင့်၎င်း၊တိမောသေသြဝါဒစာပဌမစောင် ၂း၉
မှတ်ချက်။ဒီပုံးမှာတွေ့မြင်နေရာတာ သူမသည်သိက္ခရ တရားဟော
ဆရာမတယောက်ဖြစ်ပါတယ်။သို့သေည်လည်း။သမ္မာကျမ်းစာနှင့်
ညီလျှော်သည်မညီလျှော်သည် ကြည့်ပြီးဆုံးဖြတ်နိုင်ပါတယ်။ တရား
ဟောဆရာမ တယောက်လုပ်တယ် ဆိုကတည်း ဘာလို့ လုပ်တာလဲ
သမ္မာကျမ်းစာနားလည်း လို့ တရားဟောဆရာမ လုပ်တာ မဟုတ်လား
ဒါဖြင့်ရင် သူမ၏ အသက်တာ သမ္မာကျမ်းစာနှင့် ညီလျှောက်စွာအသ
က်ရှင်တာရှိလား။
၃။အဘယ်သူ စာတန်မာရ်နတ်၏ လှည့်ဖြားခြင်း အစပြုခံခဲ့လဲ
အဖြေ။ အကြောင်းမူကား၊ အာဒံကိုရှေ့ဦးစွာ ဖန်ဆင်းတော်မူ၍၊ နောက်မှ ဧဝကိုဖန်ဆင်းတော်မူ၏။
၁၄ ထိုမှတပါး၊ အာဒံသည် လှည့်ဖြားခြင်းကိုမခံ၊ မိန်းမသည် လှည့်ဖြားခြင်းကိုခံ၍ လွန်ကျူး၏။တိမောသေသြဝါဒပဌမစောင် ၂း၁၃း၁၄
၎။ထာဝရ ဘုရားသခင် လူယောက်ျား လူမိန်းမတို့ အဘယ်သို့မှာထား
တော်မူသနည်း။
အဖြေ။ ထာဝရအရှင်ဘုရားသခင် ကလည်း ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး၊ ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။
ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။ကမ္ဘာဦးကျမ်း
၂း၁၆း၁၇
၅။မိန်းမသည် ထိုအပင်၏ အသီးကိုဘယ်လိုရည်ရွယ်နှင့် စားလဲ။
အဖြေ။ထိုအပင်သည် စားဘွယ်ကောင်း၏၊ အဆင်းလည်း လှခြင်း၊ ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက်ဘွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊ အသီးကိုယူ၍စား၏။ မိမိခင်ပွန်းအားလည်း ပေး၍ သူသည်လည်းစား၏။ကမ္ဘာဦးကျမ်း ၃း၆
၆။ပညာရှိသော မိန်းမသည် အဘယ်သို့တည်ဆောက်သနည်း။
အဖြေ။ ပညာရှိသော မိန်းမသည် မိမိအိမ်ကို တည်ဆောက်တက်၏။ မိုက်သော မိန်းမမူကား၊ ကိုယ်လက်နှင့် ဖြိုဖျက်တက်၏။သုတ္တံကျမ်း ၁၄း၁
၇။စားသော်၎င်း ဝတ်သော်၎င်း ဘယ်အတွက်စားရမည်သနည်း။
ဝတ်ရမည်သနည်း။
အဖြေ။ သင်တို့သည် စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကိုပြုသော်၎င်း၊ ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်း သောအမှုကိုစ္စကို ပြုကြလော့။ကောရိ န္တု သြဝါဒစာပဌမစောင်
၁၀း၃၁
၈။ပညာရှိ အဘယ်သို့အားဖြင့်ရှိနိုင်မည်သနည်း။
အဖြေ။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည် ပညာ၏ အချုပ်အခြာ ဖြစ်၏။ ပညတ်တော်တို့ကို စောင့်ရှောက်သမျှသောသူတို့သည် ကောင်းသောညာဏ်ရှိကြ၏။ ဂုဏ်အသရေတော်သည်အစဉ်အမြဲတည်သတည်း။ဆာလံကျမ်း ၁၁၁း၁၀
၉။ဘွဲရတဲ့ မိန်းမသည် ပညာတတ်လား စာတတ်သောမိန်းမသည်
ပညာတတ်လား။ ပညာသောသူသည်အဘယ်သို့ သိုထားသနည်း။
အဖြေ။သမ္မာသတိရှိသောသူ၏် စိတ်နလုံးသည် ပညာအတတ်ကို သိုထားတတ်၏၊၊ ပညာရှိသော သူ၏ နားသည်လည်း ပညာစကား ကို ရှာတတ်၏၊၊သုတ္တံကျမ်း ၁၈း၁၅
၁၀။အဆင်းလှသော မိန်းမသည် အဘယ်သို့သော် မိန်းမဖြစ်သနည်း။
အဖြေ။ ဆိုးသောမိန်းမနှင့်၎င်း၊ အမျိုးပျက်သောမိန်းမချော့မော့တတ်သောနှုတ်နှင့်၎င်း လွတ်စေ ခြင်းငှာ၊ သင့်ကိုစောင့်ဘို့ရာ ဖြစ်သတည်း။
ထိုသို့သောမိန်းမသည် အဆင်းလှသော်လည်း၊ တပ်မက်သောစိတ် မရှိနှင့်။ သူသည် မျက်ခမ်းတို့ဖြင့် သင့်ကို မကျော့မိစေနှင့်။
အကြောင်းမူကား၊ ပြည်တန်ဆာမကို မှီဝဲသော ယောက်ျား သည် ဆင်းရဲ၍၊ မုန့်တလုံးကိုသာရတတ်၏။ မျောက်မထားသော မိန်းမသည်လည်း မြတ်သော အသက်ကို ဘမ်းတတ် ၏။သုတ္တံကျမ်း ၆၂၄း၂၆
အထက်ဆိုခဲ့ပြီးသည်နည်းတူ မိန်းမတို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။
သို့ပြု၍၊ နှုတ်ကပတ်တရားတော်ကို နားမထောင်သော ယောက်ျားအချို့ရှိလျှင်၊ ထိုသူတို့သည် တရားမနာသော် လည်း၊ သင်တို့၏ ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကို ထောက်ရှု၍ မိမိမယား၏အကျင့်အားဖြင့် သွေးဆောင်လျက်၊ အတူပါမည်အကြောင်းရှိ၏
သင်တို့၏ တန်ဆာဆင်ခြင်းမှုကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်း ဟူသော အပြင်တန်ဆာဆင်ခြင်းမဖြစ်စေဘဲ၊
ဘုရားသခင့်ရှေ့မှာ အဘိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေ ကြလော့။
ဘုရားသခင်ကို ကိုးစား၍ သန့်ရှင်း သော မိန်းမတို့သည် ရှေးကထိုသို့ ကိုယ်ကိုတန်ဆာဆင်လျက်၊ စာရာသည် အာဗြဟံကို သခင်ဟုခေါ်ဝေါ်၍ သူ၏စကားကို နားထောင်သကဲ့သို့ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြ၏။ သင်တို့သည် ကောင်းမွန်စွာ ကျင့်၍ ကြောက်ရွံ့တုန်လှုပ်ခြင်း အလျင်းမရှိဘဲနေလျှင် စာရာ၏သမီးဖြစ်ကြ၏။
ထိုနည်းတူ၊ ယောက်ျားတို့၊ ဆုတောင်းခြင်းအမှု၌ အဆီးအတားမရှိစေခြင်းငှါ အသက်ရှင်ခြင်းကျေးဇူးတော်ကို ဆက်ဆံ၍ အမွေခံရသော သူချင်းကဲ့သို့ သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍ အားနည်းသောသူ ကို ပြုသင့်သည်အတိုင်း သူ့ကိုစောင့်မပြုစုကြလော့။
အချုပ်အခြာစကားဟူမူကား၊ သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်းရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်းရှိကြလော့။
သင်တို့သည် ကောင်းချီးမင်္ဂလာကို အမွေခံစေခြင်းအလိုငှါ ခေါ်တော်မူသောသူဖြစ်သည်ဟု သိမှတ်၍ အချင်းချင်းရန်တုံ့မမူ၊ ပြန်၍မကဲ့ရဲ့၊ မေတ္တာပို့ခြင်း ကိုပြုကြလော့။
အသက်ကိုမွေ့လျော်စေ၍၊ ကောင်းမွန်သောနေ့ရက်တို့ကို တွေ့မြင်ခြင်းငှါ အလိုရှိသောသူသည် မိမိလျှာကို မကောင်းသောအရာနှင့်ကင်းလွတ်စေ။ မိမိနှုတ်ခမ်းလည်း မုသာစကားကိုမပြောစေနှင့်။
ဒုစရိုက်ကို လွှဲရှောင်၍ သုစရိုက်ကိုပြုစေ။ သူတပါးနှင့် အသင့်အတင့်နေခြင်း ကိုရှာ၍ မှီအောင်လိုက်စေ။
အကြောင်းမူကား၊ ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ဆုတောင်းခြင်းကိုလည်း နားထောင်တော် မူ၏။ ဒုစရိုက်ပြုသောသူတို့ကား၊ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏။ရှင်ပေတရုသြဝါဒစာပဌမစောင် ၃း၁း၁၂
ကျေးဇူးတော်အားဖြင့် ငါသုံးဆောင်ရလျှင်၊ ကျေးဇူးတော်ကို ချီးမွမ်း၍ သုံးဆောင်သည်တွင် အဘယ်ကြောင့်ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရမည်နည်းဟု ဆိုလျှင်မူကား၊
သင်တို့သည် စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကိုပြုသော်၎င်း၊ ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်း သောအမှုကိုစ္စကို ပြုကြလော့။
လူများတို့သည် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှါ၊ ငါသည် ကိုယ်အကျိုးကို မရှာဘဲ သူ့အကျိုးကိုရှာ၍၊
ခပ်သိမ်းသောလူတို့၏ အလိုသို့အရာရာ၌ လိုက်သည်နည်းတူ၊ သင်တို့လည်း ယုဒလူ၊ ဟေလသလူ၊ ဘုရားသခင်၏အသင်းတော်ဝင်သူတို့၌ ထိမိ၍ လဲစရာအကြောင်းကိုမပြုဘဲ၊ ကောရိ န္တု သြဝါဒစာပဌမစောင် ၁၀း
၃၀-၃၃
မတရားသောမထုန်ကို ကြဉ်ရှောင်ကြလော့။ လူပြု တတ်သော အခြားဒုစရိုက်ရှိသမျှတို့သည် ကိုယ်ပြင်၌
အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓွာရှိ၏။ မတရားသောမေထုန်ကို ပြုသောသူမူကား၊ မိမိကိုယ်ကို ပင် ပြစ်မှား၏။သည် ဘုရားသခင်ပေး သနားတော်မူသော ဝိညာဉ်တော်တည်း ဟူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့မပိုင် ကြောင်းကို၎င်း၊ မသိကြသလော။
သင်တို့သည် အဘိုးနှင့်ဝယ်တော်မူသောသူဖြစ်သောကြောင့်၊ ဘုရားသခင် ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓွာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ဂုဏ်တော်ကို ထင်ရှားကြစေလော့။ေ ကာရိ န္တု သြဝါဒစာပဌမစောင် ၆း၁၈-၂၀
ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက်တော်မူဘွယ်သော လက္ခဏာ နှင့် ပြည့်စုံသောယဇ်ကို သင်တို့သည်ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ ပြုအပ်သောဝတ်ကို ပြုမည်အကြောင်း ဘုရားသခင်၏ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်း နှိုးဆော်ပေ၏။ေ ရာမၾသဝါဒစာ ၁၂း၁
နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊
လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေ ကိုရှုတ်ချသောသူ၊မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊
ပကတိကြင် နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣနြေ္ဒကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊
သစ္စာကိုဖျက်တတ်သောသူ၊ သတိ ပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်း ကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊
မွေ့လျော်ခြင်း တန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကိုရှောင်လော့။ တိမောသေသြဝါဒစာဒုတိယစောင် ၃း၁-၅
လောကကို၎င်း၊ လောက၌ရှိသော အရာတို့ ကို၎င်း၊ မချစ်ကြနှင့်။ လောကကိုချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။
လောက၌ ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။
လောကနှင့် လောကီတပ် မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၂း၁၅-၁၇
အကြောင်းမူကား၊ ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲ လာသည်ဖြစ်၍ ထွက်သွားလျှင်လည်း၊ အဘယ်အရာကိုမျှ ယူ၍မသွားနိုင်ဟု ထင်ရှားလျှက်ရှိ၏။
သို့ဖြစ်၍ စားရန်၊ ဝတ်ရန် ရှိသမျှနှင့် ရောင့်ရဲလျှက်နေကြကုန်အံ့။
ငွေရတတ်ခြင်းငှါ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဘမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်၏။ ထိုသို့ သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်ဆီးခြင်း၌ နစ်မွမ်းတတ်ကြ၏။
အကြောင်းမူကား၊ ငွေကိုတပ်မက် ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သော ကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွှဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ခြင်းခပ်အောင် ထိုးကြပြီ။
သို့ဖြစ်၍၊ အိုဘုရားသခင်၏လူ၊ သင်သည် ထိုအပြစ်များကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်စွာကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မှီအောင်လိုက်လော့။
ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသောတိုက်လှန်ခြင်းကို ပြုလော့။ ထာဝရအသက်ကို ကိုင်ယူလော့။ ထိုအသက် ကိုရမည်အကြောင်း၊ သင်သည်ခေါ်တော်မူခြင်းကို ခံရ၍၊ သက်သေအများတို့ရှေ့၌ ကောင်းမွန်စွာ ဝန်ခံပြီ။ တိမောသေသြဝါဒပဌမစောင် ၆း၇း-၁၂
ထိုသို့ ပြုလျှင် အဘယ်သူမျှကြံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံး တို့ကို စောင့်မလိမ့်မည်။
ကြွင်းသေးသောစကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့်ဆိုင်သော အကျင့်၊ လျောက်ပတ်သော အကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတပါးနှစ်သက်ဘွယ်သော အကျင့်၊ ချီးမွမ်းဘွယ်သော အကျင့် ရှိသမျှတို့ကို၎င်း၊ ပါရမီတပါးပါး၊ ကောင်းသောသီတင်း တပါးပါးနှင့်ဆိုင်သော အကျင့်တို့ကို၎င်း၊ နှလုံးသွင်း ကြလော့။
သင်တို့သည် အထက်ကသင်ယူ၍ ငါ၌ကြားမြင်ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ကျင့်လျှင်၊ ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။
ယခု၌လည်း သင်တို့သည် ငါ့ကိုကြည့်ရှုပြုစုချင်သော စေတနာစိတ်နှင့် ပြည့်စုံပြန်သည်ဖြစ်၍၊ ငါသည် သခင်ဘုရား၌ အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ထိုစေတနာစိတ်သည် အထက်ကရှိသော်လည်း ပြုစုရသောအခွင့် မရှိပြီ။
ထိုသို့ငါဆိုသော်၊ ကိုယ်တိုင်ဆင်းရဲခြင်းကို ရည်မှတ်၍ ဆိုသည်မဟုတ်။ အကြောင်းမူကား၊ ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှါ သင်မိပြီ။
ရှုတ်ချခြင်းကို၎င်း၊ ကြွယ်ဝခြင်းကို၎င်း ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှါ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။ ဖိလိပ္ပိသြဝါဒစာ ၄း၇-၁၂
တရား သောသူတို့ကို အပြစ်မှ လွှတ်သောသူနှင့်၊ ဖြောင်မတ်သောသူတို့ကိုအပြစ်စီရင်သော သူနှစ်ယောက်လုံးတို့ ကို ထာဝရ ဘုရား စက်ဆုပ်ရွံရှာ တော်မူ၏။
မိုက်မဲသောသူသည် ပညာကို အလိုမရှိသည် ဖြစ်၍၊ ပညာအဘိုးကို အဘယ်ကြောင့် သူ၌အပ်ရသနည်း။
အဆွေခင်ပွန်းသည် အခါ ခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလ အဘို့မွေးဖွားလျက်ရှိ၏။
ဥာဏ် မဲ့သောသူသည်လက်ဝါးချင်းရိုက်၍၊ အဆွေခင်ပွန်း အရှေ့မှာ အာမခံတတ်၏။
ရန်တွေ့ခြင်းကိုနှစ်သက်သော သူသည် လွန်ကျူးခြင်းကိုလည်း နှစ်သက်တတ်၏။ မိမိတံခါးကိုချီးမြင့်သော သူသည်ပျက်စီးခြင်းကို ရှာတတ်၏။
သဘောကောက်သောသူသည် ကောင်းသောအကျိုးကိုမတွေ့တက်။ စကားလိမ်သောသူသည် ဘေးဥပဒေနှင့် တွေ့ကြုံတတ်၏။မိုက်သောသူကို ဖြစ်ဘွားစေသောသူသည်မိမိကို မိမိ ဝမ်းနည်းစေတတ်၏။ မိုက်သောသူ၏အဘ၌ ဝမ်းမြောက်စရာ အကြောင်းမရှိ။
စိတ်ရွှင်လန်းခြင်းသည် ကျန်းမာ စေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကိုသွေ့ခြောက်စေတတ်၏။
မတရား သောသူသည် တရားလမ်းကို ဖျက်သောအဘိုးတံစိုးကို သူတပါး၏ ခါးပိုက်အိတ်ထဲက နှိုက်ယူတတ်။ဥာဏ်ရှိ သောသူသည်ပညာကိုမျက်မှောက် ပြုတတ်၏။ မိုက်သောသူ၏ မျက်စိမူကား၊ မြေကြီးစွန်း တိုင်အောင်လှည့်၍ ကြည့်ရှုတတ်၏။
မိုက်သောသူသည် အဘဝမ်းနည်းစရာ အကြောင်း၊ မွေးသောအမိစိတ်ညစ်စရာ အကြောင်း ဖြစ်၏။
ဖြောင့်မတ်သော သူကိုအပြစ်ဒဏ် မပေးကောင်း။ တရားသဖြင့်စီရင်သော မင်းကိုလည်း မထိခိုက်ကောင်း။
သိပ္ပံအတတ်နှင့် ပြည့်စုံသောသူသည်စကာမများတတ်။ ဥာဏ်ကောင်းသောသူသည်လည်း ဧသော စိတ်ရှိတတ်၏၊
မိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိဟူ၍င်း၊ မိမိနှုတ်ကို မဖွင့်ဘဲ နေသောသူကိုလည်း ဥာဏ်ကောင်း သောသူဟူ၍၎င်း သူတပါးထင်တတ်၏၊၊ သုတ္တံကျမ်း ၁၇း၁၅-၂၈
တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်သတို့သမီးတို့သည် စိတ်မြင့်၍၊ မိမိလည်ပင်းကိုပြ လျက်၊ မျက်စိလော်လည်လျက်၊ ခြေချင်းတန်ဆာမြည်လျက်၊ စိတ်စိတ်လှမ်းသွားတတ်သောကြောင့်၊ဘုရားရှင်သည် ဇိအုန် သတို့သမီးတို့ကို ခေါင်းတုံးဖြစ်စေတော်မူမည်၊၊ ထာဝရဘုရားသည် သူတို့မှ အဝတ်ကိုပယ်၍ အရှက်ခွဲတော်မူမည်။
ထိုကာလ၌ ဘုရားရှင်သည် သူတို့ခြေချင်း၊ ဈာဦးထုပ်၊ လဆန်းရုပ်လည်ဆွဲ၊နားသန်သီး၊ လက်ကောက်၊ မျက်နှာဖုံး၊
ပေါင်းသရဖူ၊ ရွှေခြေကြိုး၊ ခါးပန်း၊ နှာခေါင်းဘူး၊
လက်ဖွဲ့၊ လက်စွပ်၊ နှာဆွဲ၊
ရွှေဈာအင်္ကျီ၊ တပက်၊ ခေါင်းခြုံ၊ လွယ်အိတ်၊ ဟေရှာယအနာဂတ္တိကျမ်း ၃း၁၆း၂၂
ထိုနောက် ဘုရားသခင်က၊ သင်ထ၍ ဗေသလအရပ်သို့ သွားနေလော့။ သင်သည် အစ်ကိုဧသော ထံမှ ပြေးသောအခါ၊ သင့်အား ထင်ရှားသော ဘုရားသခင်အဘို့၊ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လော့ဟု၊ ယာကုပ်အား မိန့်တော်မူ၏။
ထိုအခါ ယာကုပ်သည် အိမ်သူအိမ်သားများနှင့်၊ မိမိ၌ရှိသောသူ အပေါင်းတို့ကို ခေါ်၍၊ သင်တို့တွင် ပါသော၊ တပါးအမျိုးသားတို့၏ ဘုရားတို့ကို ပယ်ပစ်ကြလော့။ အဝတ်ကိုလဲ၍ သန့်ရှင်းခြင်းရှိစေကြလော့။
ယခု ထ၍ ဗေသလအရပ်သို့ သွားကြစို့။ ငါသည် ဆင်းရဲခံရသောကာလ ငါ့ကိုထူး၍၊ ငါသွားသောလမ်း၌ ကြွတော်မူသော ဘုရားသခင်အဘို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို ငါတည်မည်ဟု ဆိုလေ၏။
သူတို့သည်လည်း၊ မိမိတို့၌ပါသော တပါး အမျိုးသားတို့၏ ဘုရားအပေါင်းတို့နှင့်၊ နား၌ပန်သော နားပန်းတန်ဆာရှိသမျှတို့ကို၊ ယာကုပ်အားပေး၍၊ ယာကုပ် လည်း၊ ရှေခင်မြို့နားတွင်ရှိသော သပိတ်ပင် အောက်၌ မြုပ်ထားလေ၏။ ကမ္ဘာဦးကျမ်း ၃၅း၁း၎
အထက်ဆိုခဲ့ပြီးသည်နည်းတူ မိန်းမတို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။
သို့ပြု၍၊ နှုတ်ကပတ်တရားတော်ကို နားမထောင်သော ယောက်ျားအချို့ရှိလျှင်၊ ထိုသူတို့သည် တရားမနာသော် လည်း၊ သင်တို့၏ ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကို ထောက်ရှု၍ မိမိမယား၏အကျင့်အားဖြင့် သွေးဆောင်လျက်၊ အတူပါမည်အကြောင်းရှိ၏
သင်တို့၏ တန်ဆာဆင်ခြင်းမှုကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်း ဟူသော အပြင်တန်ဆာဆင်ခြင်းမဖြစ်စေဘဲ၊
ဘုရားသခင့်ရှေ့မှာ အဘိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေ ကြလော့။
ဘုရားသခင်ကို ကိုးစား၍ သန့်ရှင်း သော မိန်းမတို့သည် ရှေးကထိုသို့ ကိုယ်ကိုတန်ဆာဆင်လျက်၊ စာရာသည် အာဗြဟံကို သခင်ဟုခေါ်ဝေါ်၍ သူ၏စကားကို နားထောင်သကဲ့သို့ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြ၏။ သင်တို့သည် ကောင်းမွန်စွာ ကျင့်၍ ကြောက်ရွံ့တုန်လှုပ်ခြင်း အလျင်းမရှိဘဲနေလျှင် စာရာ၏သမီးဖြစ်ကြ၏။ရှင်ပေတရုသြဝါဒစာပဌမစောင် ၃း၁-၆
သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်ဖြင့်ပြည့်စုံစေခြင်းငှါ လာသတည်း။ ရှင်ယောဟန်ခရစ်ဝင် ၁၀း၁၀
ခပ်သိမ်းသောလူတို့၏ အလိုသို့အရာရာ၌ လိုက်သည်နည်းတူ၊ သင်တို့လည်း ယုဒလူ၊ ဟေလသလူ၊ ဘုရားသခင်၏အသင်းတော်ဝင်သူတို့၌ ထိမိ၍ လဲစရာအကြောင်းကိုမပြုဘဲ၊ေ ကာရိ န္တု သြဝါဒစာပဌမစောင် ၁၀း၃၁

The Battle of Armageddon

      The Battle of Armageddon This frightening apocalyptic word “Armageddon” refers to earth’s final battle which is gener...