Showing posts with label ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။. Show all posts
Showing posts with label ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။. Show all posts

Saturday, March 30, 2019

ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။

မတရားသောအမှုတို့သည် များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။
အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄း၁၃-၁၃
နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊
လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေ ကိုရှုတ်ချသောသူ၊မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊
ပကတိကြင် နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣနြေ္ဒကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊
သစ္စာကိုဖျက်တတ်သောသူ၊ သတိ ပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်း ကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊
မွေ့လျော်ခြင်း တန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကိုရှောင်လော့။
ဒုစရိုက်အပြစ်ဝန်ကို ထမ်းရွက်၍၊ အထူးထူး အပြားပြားသော လောဘကိလေသာသွေး ဆောင်ရာသို့လိုက်၍၊ အစဉ်သင်သော်လည်း၊ သမ္မာတရားကို လေ့ကျက်ခြင်းသို့ အလျှင်းမရောက်နိုင်သောမိန်းမမိုက် တို့ကို၊ အိမ်ထဲသို့ဝင်၍ ဘမ်းသွားသောသူတို့သည် ထိုသူတို့အဝင် ဖြစ်ကြ၏။
ယန္နေနှင့်ယံဗြေသည် မောရှေကိုဆီးတားသကဲ့သို့၊ ထိုသူတို့သည် သမ္မာတရားကို ဆီးတားကြ၏။ စိတ်နှလုံးယိုယွင်း၍ ယုံကြည်ယောင် ဆောင်သောသူဖြစ်ကြ၏။
ထိုသူနှစ်ယောက်တို့၏ မိုက်မဲခြင်းသည် လူအပေါင်းတို့ရှေ့မှာ ထင်ရှားသကဲ့သို့၊ ဤသူတို့၏ မိုက်မဲခြင်းသည်လည်းထင်ရှားလိမ့်မည်။ သို့ဖြစ်၍ သူတို့သည် တိုး၍မလွန်မသွားရကြ။တိမောသေသြဝါဒစာဒုတိယစောင် ၃း၁း၈
ထိုကြောင့် သူတို့သည် မိမိတို့ကိုယ်ကာယ၏ အသရေကို အချင်းချင်းရှုတ်ချမည်အကြောင်း၊ ဘုရားသခင်သည် သူတို့ကို သူတို့၏ကိလေသာစိတ်ညစ်ညူးခြင်းလက်သို့ အပ်လိုက်တော်မူ၏။
သူတို့သည် မှန်သော ဘုရားသခင့်အရာ၌ အမှားကိုထားလျက်၊ ဖန်ဆင်းတတ်သောသခင်ကို ပယ်၍ ဖန်ဆင်းအပ်သော အရာကို ဝတ်ပြု ကိုးကွယ်သောသူဖြစ်ကြ၏။ ထိုသခင်သည် ထာဝရမင်္ဂလာရှိတော်မူ၏။ အာမင်။
ထိုသို့ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ကြောက်ဘွယ်သော ကိလေသာလက်သို့ အပ်လိုက်တော်မူ၏။ အဘယ်သို့နည်း ဟူမူကား၊ မိန်းမတို့သည် ပကတိထုံးစံကိုစွန့်၍၊ ပကတိနှင့်ဆန့်ကျင် ဘက်ထုံးစံကို လိုက်ကြ၏။
ထိုအတူ၊ ယောက်ျားတို့သည်လည်း မိန်းမနှင့်ဆက်ဆံခြင်း ပကတိထုံးစံကိုစွန့်၍ အချင်းချင်း ကိလေသာစိတ်ပူလောင်သဖြင့်၊ ရှက်ကြောက်ဘွယ်သောအမှုကို ယောက်ျားခြင်းပြုလျက်၊ မိမိတို့မှားယွင်းခြင်းနှင့်အလျောက် မိမိတို့အပြစ်ဒဏ်ကို ခံရကြ၏။
ထိုသူတို့သည် ဘုရားသခင်ကို မသိမမှတ်လိုသည်ဖြစ်၍၊ လျောက်ပတ်သောအမှုကို ပြုစေမည်အကြောင်း၊ ဘုရားသခင်သည် သူတို့ကို မောဟလက်သို့ အပ်လိုက်တော်မူသည်နှင့်အညီ၊
သူတို့သည် အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရားသောမေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူအသက် ကိုသတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတပါးကိုမြင်ပျင်းခြင်းတို့နှင့် ပြည့်စုံသောသူ၊ ချောစားသောသူ၊
ဆဲရေး သောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ ကြမ်းတမ်းသောသူ၊ မာနထောင်လွှားသောသူ၊ ဝါကြွားသောသူ၊ မတတ် ကောင်းသောအတတ်ကို စီရင်သောသူ၊ မိဘစကားကို နားမထောင်သောသူ၊ သတိမရှိသောသူ၊ သစ္စာပျက်သောသူ၊
မိဘ သားမယား စသည်တို့ကို မချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနားခြင်းကရုဏာစိတ်မရှိသောသူ ဖြစ်ကြ၏။
ထိုသို့ကျင့်သောသူတို့သည် သေပြစ်ကိုခံထိုက်သည်ဟု ဘုရားသခင်စီရင်တော်မူကြောင်းကို ထိုသူတို့သည် သိလျက်ပင် ကိုယ်တိုင်ကျင့်သည်သာမက၊ ထိုသို့ကျင့် သော သူတို့၌ အားရဝမ်းမြောက်ကြ၏။ရောမသြဝါဒစာ ၁း၂၄း၃၂
ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။
ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုင်း ခံရမည်။
နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။
နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်နေ့တိုင်အောင် လူများတို့သည် စားသောက် လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏။
ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်း ဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် နေသကဲ့သို့၎င်း၊
လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ ကန့်နှင့်ရောသောမီးမိုဃ်းရွာ၍ ထိုလူအပေါင်း တို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့၎င်း၊
လူသား ပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။
ထိုနေ့ရက်၌ အိမ်မိုးပေါ်မှာရှိသောသူသည် မိမိအိမ်ထဲမှာရှိသော ဥစ္စာကိုယူခြင်းငှါ မဆင်းစေနှင့်။ ထိုအတူ၊ လယ်၌ရှိသောသူသည် နောက်သို့လှည့်၍ မပြန်လာစေနှင့်။
လောတ၏မယားကို အောက်မေ့ကြလော့။
အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ ရှာကြံ၏၊ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကိုကယ်ဆယ်လိမ့်မည်။
ငါဆိုသည်ကား၊ ထိုနေ့ညဥ့်တွင် အိပ်ယာတခု၌ ရှိသောသူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။
ကြိတ်ဆုံကြိတ်သော သူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။
လယ်၌ရှိသောသူနှစ်ယောက် တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့ဟု မိန့်တော်မူလျှင်၊
၊ အဘယ်အရပ်၌ ထိုသို့ဖြစ်ပါမည်နည်းဟု မေးလျှောက်ကြသော်၊ အသေကောင်ရှိရာအရပ်၌ ရွှေလင်းတတို့သည် စုဝေးကြလတံ့ဟု မိန့်တော်မူ၏။ကာခရစ်ဝင်ကျမ်း ၂၄း၃၇
ကောင်းကင်တမန် နှစ်ပါးတို့ သည် ညဦးအချိန်၌ သောဒုံ မြို့ သို့ ရောက်လာ၏။ လောတသည် မြို့ တံခါးဝ၌ ထိုင် လျှက် သူတို့ ကိုမြင်လျှင်၊ ခရီးဦးကြို ပြုစေခြင်းငှာ ထ၍ ၊မြေ၌ ဦးညွှတ် ချလျှက် - အကျွန်ုပ် သခင်တို့ ၊ ကိုယ်တော်တို့ ကျွ န်ုပ်အိမ် သို့ ဝင်၍ တညဉ့် လုံးနေကြပါ။ ခြေကို ဆေးကြပါ။ နံနက်စောစောထ၍ ကြွသွား ကြပါလော့ ဟု ဆိုလေ၏။ ကောင်းကင်တမန် တို့ က ၊ငါတို့ သည်မ၀င် ၊ တညလုံး လမ်း၌ နေတော့ မည်ဟုဆို သော်လည်း - ကျပ်ကျပ်သွေးဆောင် သောကြောင့်  ၊လောတ နေရာသို့ လှည့်၍ သ၏ အိမ်သို့ ဝင်ကြ၏။ လောတလည်း သူတို့ အဖို့  ပွဲလုပ်၍ ၊တဆေးမပါသောမုန့် ကို ပေါင်းစပ်ပြီးမှ ၊သူတို့ သည်လည်း စားကြ၏။
ထို သူတို့ သည် မအိပ် မှီ ၊သောဒုံ မြို့ သား ၊ယောက်ကျားကြီ့းအငယ်၊ အရပ်ရပ် က လာသော သူအပေါင်းတို့ သည် အိမ်ကို ၀ိုင်း၍ ၊လောတကို ကို ဟစ် ခေါ် လျှက်၊ယနေ့ ညမှာ ၊သင့် အိမ်ကို ၀င်သော သူတို့ သည် ၊အဘယ်မှာ ရှာသနည်း။ ထို သူတို့ နှင့် ငါတို့ သည် ၊ဆက်ဆံလို သည် ဖြစ်၍ ၊ငါတို့ ထံသို့ ထွက်စေလော့ ဟု ဆို ကြ၏။
လောတ သည် တံခါး အပြင်ဖက်မှာ ၊သူတို့ ထံသို့ ထွက်၍၊ မိမိနောက်၌ တံခါးကို ပိတ်ပြီးလျှင် ၊ညီအကိုတို့  အဓမ္မ မှု ကို ဤမျှ လောက်မပြု ကြပါနှင့်။- အ ကျွနုပ်၌ ယောက်ကျားနှင့် မဆက်ဆံသော သမီးငယ်နှစ်ယောက် ရှိပါ ၏။ သူတို့ ကို သင်တို့ ထံသို့ ထုတ် ရသောအခွင့် ကို ပေးကြပါလော့ ။သူတို့ ၌ ပြုချင်သမျှ ပြု ကြပါလော့ ။ ဤ လူတို့ ၌ အလျှင်း မပြုကြပါနှင့် ။ အကြောင်း မူကား ၊ သူတို့ သည် အကျွနုပ် အိမ် မိုး အရိပ် ကို ခိုနေပါ၏ ဟု တောင်းပန်သော်လည်း - သူတို့ က ဆုတ် လော့ ဟု ဆို ကြ၏။ တဖန် ကား၊ သင်သည် တည်းခိုခြင်းငှာ သာ ၊ရောက် လာသည် နှင့် ၊ တရားသူကြီ့း လုပ်ရမည်လော။၊ယခုမှာ ထို သူတို့ ၌ ပြု သည် ထက် ၊ သင်၌ သာ၍ ဆိုးသော အမှုကို ပြုမည်ဟုဆို လျှက် ၊လောတကို ကျပ်ကျပ် ဖိ၍ ၊တံခါးကိုလည်းပေါက်ခွဲချိုးဖဲ့ ခြင်းငှာ ချဉ်း လာကြ၏။ ထို အခါကောင်းကင်တမန် တို့ သည် လောတ ကို မိမိတို့ နေရာ၊ အိမ်အတွင်းသို့ ဆွဲသွင်းပြီးလျင်၊ တံခါးကို ပိတ်ကြ၏။ ။ အိမ်တံခါးနားမှာ ရှိသောသူ ၊အကြီးအငယ်တို့ ကို ၊မျက် စိကန်းစေခြင်းငှာ ဒဏ် ခတ် သဖြင့် ၊သူတို့ သည် တံခါးကို ရှာ ၍ ပင်ပန်းခြင်းသို့ ရောက် ကြ၏။
ကောင်းကင်တမန် တို့ ကလဲ ၊ဤ အရပ်၌ သင်နှင့် ဆိုင်သောသူ ရှိသေးသလော။ သားသမီး၊သမက် မြို့ ထဲမှာ သင် ၇ှိသမျှကို ဤ အရပ် က ထုတ် ဆောင်လော ။ ဤ အရပ် ကို ငါတို့ သည် ဖျက်ဆီးရမည်။ အကြောင်း မူကား ၊အရပ်သားတို့ သည် ထာဝရဘုရားရှေ့ တော်မှာ ၊အလွန် ကြွေးကြော်ခြင်းရှိသည် ဖြစ်၍ ၊ဖျက်ဆီးစေခြင်းငှာ ထာဝရဘုရားသည်ငါတို့ ကို စေလွှတ်တော်မူပြီ ဟု လောတ အားပြောဆို ကြ၏။ -လောတ ထွက် ၍ သမီးနှင့် စုံ ဖက်သောသူ ၊ မိမိသမက်တို့ အား၊ ထကြ၊ဤအရပ် မှ ထွက် သွား ကြ။ ဤ မြို့ ကို ထာဝရ ဘုရား ဖျက်ဆီးတော်မူမည် ဟု ဆိုသော် လည်း ၊ ကျီစားဟန် ရှိ သည်ဟု သမက်တို့ က ထင်၏။။
မိုဃ်းသောက်သော အခါ၊ကောင်းကင်တမန် တို့ သည်၊ လောတ ကို ဆော် လျှက် သင်သည် ထ၍ ဤ အရပ်၌ ရှိသော မယားနှင့် သမီးနှစ်ယောက် ကို ယူသွားလော့ ။ သို့ မဟုတ် မြို့ ၏အပြစ် ၌ ဆုံးခြင်းသို့ ရောက် လိမ့် မည် ဟု ဆိုသော်လည်း၊သူသည် ဖင့် နွဲသာအခါ၊ထာဝရဘုရားသနားတော်မးသောကြောင့် ၊ကောင်းကင်တမန်တို့ သည် ၊သူနှင့် သူ၏ မယား၊ သူ၏သမီးနှစ်ယောက်တို့ ကို လက်ဆဲါ ၍ မြို့ ပြင် သို့ ထုတ်ဆောင် ကြ၏။
ပြင်သို့ ရောက်သော အခါ၊ သင်သည် အသက်ချမ်းသာ ရာ ရခြင်းငှာ ပြေးလော့၊ နောက်သို့ လှည့်၍ မကြည့် နှင့်၊ မြေညီသော အရပ် ၌ အလျှင်း မနေ နှင့်။ တောင်ပေါ်သို့ ပြေးလော့ ။ နောက်သို့ လှည့် ၍ မကြည့် နှင့် ။ သို့ မဟုတ် ဆုံးလိမ့် မည် ဟု ဆိုလေ၏။ လောတ ကလည်း ၊အကျွနုပ်သခင်၊ ထို့ သို့ မဆို ပါနှင့် ။ -ယခုမှာ ကို ယ်တော် ကျွန်သည် ၊ရှေ့ တော်၌ မျက် နှာ ရပါပြီ။ အကျွ နုပ် အသက်ချမ်းသာ စေသဖြင့် ။အကျွ နုပ် ၌ ပြုတော်မူသော ကရုဏာ ကျေးဇူးများပြား လှ ပါ၏။ ဘေးလွှတ် ၍ တောင် ပေါ်သို့ မပြေးနိုင်ပါ။ ဘေးတစုံ တခုတွေ့ ၍ သေမည် ကို စိုးရိမ် ပါ၏။ ကြည့် ပါ။ ထို မြို့ နီးပါး၏ ပြေးသာပါ၏။ ငယ်သော မြို့ လဲ ဖြစ်ပါ၏။ဘေးလွှတ်၍ ထို အရပ်သို့ ပြေးပါရစေ။ထို မြို့ သည် ငယ်သော မြို့ မဟုတ်လော ။ သို့ ပြေးလျှင် အသက် ချမ်းသာ ရာ ရပါမည် ဟု လျှောက်ဆို ၏။ထို သူကလည်း ကြည့် ပါ၊ ဤအမှုအရာ ၌ လည်း သင်၏စကားကိုငါ နားထောင်စေခြင်းငှာ ၊ ထိုမြို့ အတွက် တောင်းပန် သော ကြောင့်  ငါ မဖျက် ဆီး။ ဘေးလွှတ်ခြင်းငှာ ထို မြို့ သို့ အလျှင်အမြန် ပြေးလော့ ။ ထို မြို့ သို့ မရောက်မှီ ၊ငါသည် အဘယ် အမှု ကို မျှ မပြု နှိုင် ဟု ဆိုလေ၏။ ထို့ ကြောင့် ထို မြို့ ကို ဇော ရ မြို့ ဟု သမုတ် ကြ၏။ -လောတသည် ဇော ရမြို့ သို့ ဝင်သော အခါ ၊ မြေကြီးပေါ်မှာ နေထွက် ချိန်တည်း။ ထို အခါ ထာဝရဘု ရားသည် ၊ကောင်းကင် ထက် အထံတော် မှ ၊ သောဒုံ မြို့ နှင့် ဂေါမောရမြို့ ပေါ်သို့ ကန့် နှု့် မီး မိုးဃ်းကို ရွာစေတော်မူ၏။ ထိုမြို့ တို့ ကို ၎င်း ၊ချိုင့် အရပ်တလျှောက်လုံးကို ၎င်း ၊မြို့သားအပေါင်းတို့ ကို၎င်း၊ မြေ၌ပေါက်သမျှ တို့ ကို ၎င်း၊ မှောက် လှဲတော်မူ၏။ -လောတ၏ မယားမူကား၊နောက်သို့ လှည့် ကြည့် ၍ ဆားတိုင် ဖြစ်လေ၏။
နံနက်စောစော ၊အာဗြံဟံ သည် ထ၍ ထာဝရဘုရားရှေ့ တော် ၌ ရပ်နေသော အရပ် သို့ သွားပြီးလျှင်-သောဒုံ မြို့ နှင့် ဂေါမောရမြို့ မှစသော၊ ချိုင့် အရပ် တလျှောက် လုံးကို ကြည့် ရှု ၍ ၊မီးဖို၌ အခိုးကဲ့ သို့  ၊ တပြည်လုံးအခိုးတက်သည် ကို မြင်လေ၏။ထို သို့ ဘုရားသခင်သည် ချိုင့်ထဲမှာ ရှိသော မြို တို့ ကို ဖျက်ဆီးသော အခါ၊အာဗြံကို အောက်မေ့တော်မူ၏။လောတ နေသောမြို့ တို့ကို မှောက် လှဲသောအခါ ၊မှောက်လှဲ ရာထဲ က လောတ ကို လွှတ် လိုက်တော်မူ၏။
လောတသည် ဇောရမြို့ မှ၊ ထွက်၍ သမီးနှစ်ယောက်နှင့် တကွ ၊တောင်ပေါ် မှာနေ၏။ဇောရမြို့ ၌ မနေ၀ံ့ ၍ ၊သမီးနှစ်ယောက်နှင့် တကွ ၊ဥမှင်၌ နေ၏။ သမီးအကြီးက ငါတို့ အဘ အိုပြီ။ မြေကြီးသားအပေါင်းတို့ ၏ ဘာသာအတိုင်း၊ ငါတို့ ထံသို့ ဝင်ရသော၊ယေက်ကျားတယောက်မျှ မြေပေါ်မှာ မရှိ။ -လာကြ ၊ငါတို့ အဘကို စပျစ်ရည်တိုက်ကြစို့ ။ ငါတို့ အဘ၏အမျိုးအနွယိကို စောင့် မ၍ သူနှင့် အိပ်ကြစို့ ဟု ညီမကို ပြောဆို၏။ ထိုေံန့ ညမှာ သူတို့ ၏အဘကို ၊စပျစ်ရည်တိုက်ပြီးလျှင်၊သမီးအကြီးသည် ၀င်၍ အဘနှင့် အိပ်လေသည်။သူအိပ်ကြောင်းကို၎င်း၊ ထကြောင်းကို ၎င်း၊အဘမသိ၊ နက်ဖန်နေ့ တွင် အကြီးကလည်း၊ မနေ့ံညမှာ ငါသည် အဘနှင့် အိပ်လေပြီ။ ယနေ့ ညတဖန် သူ့ ကို စပျစ် ရည် တိုက် ကြစို့ ။ သင်သည် ၀င်၍ အဘ၏အမျိုးနွယ်ကို စောင်မခြင်းငှာ၊ သူနှင့် အိပ်လော့ ဟု ညီမကို ပြောဆို၏။ ထို နေ့ ည ၌ လည်း ၊ သူတို့ သည် အဘကို စပျစ် ရည် တို က်ပြီးလျှင် ၊အငယ်သည် ၀င်၍ အဘနှင် အိပ်လေ၏။အိပ် ကြောင်း ကို ၎င်း ၊ထကြောင်း ကို ၎င်း ၊ အဘမသိ၊ ထို သို့ လောတ ၏ သမီးနှစ်ယောက်သည်၊ မိမိအဘအားဖြင့် ၊ပဋိသန္ဒေ စွဲနေ၏။ သမီးအကြီးသည် သားကို ဘွား၍၊ မောဘ အမည် ဖြင့် မည့် လေသည်။ ထို သူသည် ယနေ့ တိုင်အောင် ရှိသော၊ မော ဘ အမျိုးသားတို့ ၏ အဘဖြစ်သတည်း။ သမီးအငယ်သည် လည်း၊ သားကို ဘွား ၍၊ ဗေနမ္မိ အမည်ဖြင့် မည့် လေသည်။ထို သူသည် ယနေ့ တိုင်ေ အာင်ရှိသော အမ္မုန် အမျိုးသားတို့ ၏ အဘ ဖြစ်သတည်း။ကမ္ဘာဦးကျမ်း ၁၉း ၁ - ၃၁

The Battle of Armageddon

      The Battle of Armageddon This frightening apocalyptic word “Armageddon” refers to earth’s final battle which is gener...