Showing posts with label ဗျာဒိတ်ကျမ်းသင်ခန်းစာ. Show all posts
Showing posts with label ဗျာဒိတ်ကျမ်းသင်ခန်းစာ. Show all posts

Sunday, June 17, 2018

ဗျာဒိတ်ကျမ်းသင်ခန်းစာ(၃)




ဗျာဒိတ်ကျမ်းစာ၌ မိုက်သောသူ ဘုရားသခင်ကိုပုံကန်ထကြွနေသောသူ

ဗျာဒိတ်ကျမ်း၌ အင်မတန်မှတိုတောင်းသော သိတင်းစကားများမဖြစ်ပေါ်မှီ ဗျာဒိတ်ကျမ်း၌ပေါ်ပြနေခြင်း ၁။မာရ်နတ်၏ အမည်ဗျာဒိတ်ကျမ်းစာ၌ အဘယ်သို့ခေါ်ဆိုသနည်းသင်သည်ခံရမည့်အရာတစုံတခုကိုမျှမကြောက်နှင့်။သင်တို့သည်စုံစမ်းခြင်းကိုခံရမည်အကြောင်း၊မာရ်နတ်သည်
သင်တို့တွင်အချို့ကိုထောင်ထဲ၌ လှောင်ထား၍၊သင်တို့သည်ဆယ်ရက်ပတ်လုံးဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။သေ
သည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။ ဗျာဒိတ်ကျမ်း၂း၁၀
ထိုအခါ၊ဤလောကတနိုင်ငံလုံးကိုလှည့်ြ့ဖား၍မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသောနဂါးကြီး
ကို၎င်း၊ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။ ဗျာဒိတ်ကျမ်း ၁၂း၈-၉
မိန်းမသည်အရက်တထောင်နှစ်ရာ ခြောက်ဆယ်ပတ်လုံး တော၌ကျွေးမွေးခြင်းကိုခံရမည်အကြောင်းဘုရားသခင်ပြင်
ဆင်တော်မူသော အရပ်သို့ ပြေးလေ၏။ဗျာဒိတ်ကျမ်း ၁၂း၆
ကောင်းကင်ဘုံ၌ကြီးသောအသံကား၊ယခုမှာကယ်တင်ခြင်းဖြစ်၏။တန်ခိုးတော်လည်းဖြစ်၏။ငါတို့ဘုရားသခင်၏ နိုင်ငံ
တော်နှင့်သူ၏ခရစ်တော်၏အာဏာတော်စက်လည်းဖြစ်၏။အကြောင်းမူကား၊ငါတို့ညီအစ်ကိုများကိုငါတို့ဘုရား
သခင့်ရှေ့တော်၌ နေ့ညဥ့်မပြတ် အပြစ်တင်သောရန်သူကို အောက်သို့ချလေပြီ။ဗျာဒိတ်ကျမ်း ၁၂း၁၀
မှတ်ချက်။စာတန်မာရ်နတ်၏ နာမည် ရေတွက်သောအခါ၌ ၅၅ ကြိမ်းမျှတွေ့ရှိသည်
၂။စာတန်မာရ်နတ်သည် ဘယ်ကလာလဲ
  ကောင်းကင်၌စစ်ဖြစ်၏။မိက္ခေလနှင့်သူ၏ကောင်းကင်တမန်တို့သည်နဂါးကိုစစ်တိုက်ကြ၏။နဂါးနှင့်သူ၏တမန်
တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။ဗျာဒိတ်ကျမ်း ၁၂း ၉-၁၀
 ယေရှုကလည်း၊ စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကိုငါမြင်ပြီ။ရှင်လုကာခရစ်ဝင်ကျမ်း ၁၀း၁၈
၃။စာတန်မာရ်တန်သည်အဘယ်ကြောင့် ကောင်းကင်အပေါ် ချခြင်းကိုခံရသနည်း
 ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါးကိုစစ်တိုက်ကြ၏။ နဂါးနှင့်
 သူ၏တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ
 ထိုအခါ၊ဤလောကတနိုင်ငံလုံးကိုလှည့်ြ့ဖား၍မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော
  နဂါးကြီးကို၎င်း၊ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။ဗျာဒိတ်ကျမ်း ၁၂၇-၉
 အကြောင်းမူကား၊ ပြစ်မှားသော ကောင်းကင်တမန်တို့ကိုဘုရားသခင်သည် နှမြောတော်မမူ၊ငရဲထဲသို့ချလိုက်ပြီးမှ
 စစ်ကြောစီရင်ခြင်းအလိုငှါချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့်ချည်နှောင်တော်မူ၏။ရှင်ပေတရုသြဝါဒစာဒုတိယစောင်
 ၂း၎
၎။ဗျာဒိတ်ကျမ်း ၁၂း၇-၁၀အတွင်း အဘယ်သူများကိုလောကသို့ချသည်ဟူ၍ ဖေါ်ပြခြင်းရှိသနည်း
ထိုအခါ၊ဤလောကတနိုင်ငံလုံးကိုလှည့်ြ့ဖား၍မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော
နဂါးကြီးကို၎င်း၊ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။ဗျာဒိတ်ကျမ်း ၁၂း၁၀
ဘာဖြစ်လို့ မာရ်နတ်ကိုလောသို့ကသို့ချလိုက်သနည်း
ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါးကိုစစ်တိုက်ကြ၏။ နဂါးနှင့်
သူ၏တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ ဗျာဒိတ်ကျမ်း ၁၂း၇-
၅။ကောင်းကင်အပေါ်မှ ကောင်းကင်တမန်များ လောကသို့ အဘယ်မျှလောက်ချပစ်ခြင်းရှိသနည်း
ကောင်းကင်၌အခြားသောနိမိတ်လက္ခဏာပေါ်လာသည်ကား၊အဆင်းနီသောနဂါးကြီးသည် ခေါင်းခုနစ်လုံး၊
ချိုဆယ်ချောင်းနှင့်တကွ ခေါင်းပေါ်၌ သရဖူခုနစ်ဆူကို ဆောင်လျက်ရှိ၏။
သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးစုတစုကိုဆွဲငင်၍ မြေကြီးသို့ချလိုက် လေ၏။သားကိုဘွားလုသောမိန်း
မသည် ဘွားသောအခါ၊ နဂါးသည် ထိုသားကိုကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ ရပ်နေ၏။
ထိုအခါ၊ဤလောကတနိုင်ငံလုံးကိုလှည့်ြ့ဖား၍မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော
 နဂါးကြီးကို၎င်း၊ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။ဗျာဒိတ်ကျမ်း ၁၂း၃-၄-၉
မှတ်ချက်။ အတွင်း၌ တွေ့ရှိသော မှာစာမာရ်နှင့်သူ၏အပေါင်းဘော်များတို့ ကိုလောကသို့ချပစ်ခြင်းကိုခံ
ရကြပြီဟူ၍ဖေါ်ပြထားခြင်းတွေ့ရသည် သမ္မာကျမ်းစာ၌ မုသာနှင့်ဆိုင်သောမာနတ်သည် အပြစ်ကိုပြုသော
ကြောင့် လောကသို့ချခြင်းကိုတွေ့ရှိနိုင်ပေသည်။ ယေဘဝတ္ထု၌ အယ်သို့သောဖေါ်ပြခြင်းကိုတွေ့ရကြသ
နည်း
လူနေရာမှနှင်ထုတ်ခြင်းကို ခံရ၍၊ သူခိုးကိုလိုက်သကဲ့သို့ သူတပါးတို့သည် လိုက်၍ အော်ဟစ်ကြ၏၊
ကြောက်မက် ဘွယ်သော တောင်ကြား၊ မြေတွင်း၊ ကျောက်ခေါင်း၌ နေကြ၏၊၊
ချုံဖုတ်အောက်မှာ မြည်တမ်းလျက်၊ ဆူးပင်အောက်မှာ စုဝေးလျက်နေကြ၏၊၊
လူမိုက်သား၊ လူယုတ်သားဖြစ်၍ အရပ်ရပ်နှင် ထုတ်ခြင်းကို ခံရကြ၏၊
ယခုမူကား၊ ငါသည်သူတို့သီချင်းဆိုရာ ကဲ့ရဲ့ပုံခိုင်းရာဖြစ်ပါသည်တကား၊၊
ယေဘဝတ္တု ၃၀း၅-၉
ကောင်းကင်၌အခြားသောနိမိတ်လက္ခဏာပေါ်လာသည်ကား၊အဆင်းနီသောနဂါးကြီးသည် ခေါင်းခုနစ်လုံး၊
ချိုဆယ်ချောင်းနှင့်တကွ ခေါင်းပေါ်၌ သရဖူခုနစ်ဆူကို ဆောင်လျက်ရှိ၏။
သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးစုတစုကိုဆွဲငင်၍ မြေကြီးသို့ချလိုက် လေ၏။သားကိုဘွားလုသောမိန်း
မသည် ဘွားသောအခါ၊ နဂါးသည် ထိုသားကိုကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ ရပ်နေ၏။ဗျာဒိတ်ကျမ်း၁၂
၃-၎
အကြောင်းမူကား၊ ပြစ်မှားသော ကောင်းကင်တမန်တို့ကိုဘုရားသခင်သည် နှမြောတော်မမူ၊ငရဲထဲသို့ချလိုက်
ပြီးမှ စစ်ကြောစီရင်ခြင်းအလိုငှါချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့်ချည်နှောင်တော်မူ၏။ရှင်ပေတရုသြဝါဒစာ
ဒုတိယစောင် ၂း၃-၎
မှတ်ချက်။ စာတန်မာရ်သည်လည်း သူ၏တန်ခိုးများတို့သည် ကြီးမားသော တမန်ဖြစ်၍ သူသည်လည်း လိမ်
လှည့် လှည့်ဖျားခြင်း၌ လူးများတို့သည် ယုံကြည့်နိုင်သောတန်ခိုးများ  များစွာကိုပြနိုင်ပေသည်  ကျွန်ပ်တို့အ
သက်တာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် မကင်ကွာဘဲ အမြဲတစေ့ရှိရန် အလွန်အမတန်မှ အရေး
ကြီးလှပေသည်
၆။အစအဦး၌ မာရ်နတ်၏အံ့သြော်ဘွယ်ခြင်းနှင့်သူ၏ လုပ်ရပ်များ
အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီး ပေါ်မှာရှိသမျှသောရူပအရာ၊အရှုပအရာ၊
ရာဇပလ္လင်ဖြစ်စေ၊အစိုးရခြင်းတန်ခိုးဖြစ်စေ၊အထွဋ်အမြတ်ဖြစ်စေ၊အာဏာစက်ဖြစ်စေ၊ခပ်သိမ်းသောအရာ
တို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့သည်
ဖန်ဆင်းလျက်ဖြစ်ကြ၏။ ကောလောသဲသြဝါဒစာ ၁း၁၆
မှတ်ချက်။ယေရှုခရစ်တော်သည်အရာအလုံးတို့ကိုဖန်ဆင်တော်မူသောအရှင်ဖြစ်သောကြောင့် ကောင်းကင်
တမန်များဘာဖန်ဆင်း သောကြောင့် ကောင်းကင်တမန်အချို့တို့သည် ယေရှုခရစ်တော်ကိုပုံကန်ထကြွသော
တမန်များဖြစ်သည် ယခုခေတ်ကာလ၌ လည်း ထိုနည်းတူ  ခရစ်ယာန်ဘာသာဝင်များတို့  ယေရှုခရစ်တော်
ကို ယုံကြည်သူဖြစ်ယောင်ဆောင်လျက်ပင် ဖန်ဆင်းသောအရှင်ယေရှုခရစ်တော်ကိုပုံထကြွသောခရစ်ယာန်
သော ခရစ်ယာန်များစွာပင်ရှိကြောင်းတွေ့ရှိသည်
၇။စာတန်မာရ်၏ အမည်နာမသည် အပြစ်မလုပ်မှီ အဘယ်သို့ ခေါ်ဆိုသနည်း
အိုနံနက်သား၊မိုဃ်းသောက်ကြယ်၊သင်သည် ကောင်းကင်ကကျလေပြီတကား၊၊အပြည်ပြည်တို့ကို နှိပ်စက်
သောသင်သည်၊ မြေတိုင်အောင် ခုတ်လှဲခြင်းကို ခံရလေပြီတကား၊၊ ဟေရှာယအနာဂတ္တိကျမ်း ၁၄း၁၂
သို့ရာတွင်ငါနှုတ်ဆောင်ခြင်းကျေးဇူးကို မြင်သောတပါးအမျိုးသားတို့ရှေ့မှာငါ၏နာမအသရေကိုမပျက်စေခြင်း
ငှါ၊ ငါသည် နာမတော်အတွက် စီရင်လေ၏။ ယေဇကျေလအနာဂတ္တိကျမ်း ၂၀း၁၄
မှတ်ချက်။ သမ္မာကျမ်စာ၌ အပိုဒ်များတွင် စာတန်မာရ်ကိုပုံခိုင်းထားသော အချက်လျှက်များမှာ စာတန်မာရ်
သည်တန်ခိုးအဏားနှင့် ပြည့်စံသောခြင်းတွေရှိရပေသည် ဗာဗုလုန်အရှင်ဘုရင် ထိုသူများခေါင်းဆောင်များ
တို့ အသက်တာကိုရှည်မှတ်၍ ဆိုလိုသတည်း
၈။သမ္မာကျမ်းစာ၌ နံနက်သားမိုဃ်းသောကြယ်၏ အကြောင်းအရာများအဘယ်သို့ပေါ်ခြင်းရှိသနည်း
အချင်းလူသား၊တုရုရှင်ဘုရင်အတွက် မြည်တမ်းသောစကားကို မြွက်၍၊အရှင်ထာဝရဘုရား၏အမိန့်တော်ကို
ဆင့်ဆိုရမည်မှာ၊ သင်သည်  ထူးဆန်းသောတံဆိပ်ဖြစ်၏။ ပညာနှင့်ပြည့်စုံ၍   တင်တင်ခြင်းအသရေလည်း
စုံလင်လျက်ရှိ၏။ဧဒင်အရပ်၊ဘုရားသခင်၏ဥယျာဉ်တော်၌နေပြီ။သင်၏ခေါင်းပေါ်မှာ ကျောက်နီ၊ဥဿဖရား၊
စိန်၊မျက်ရွဲ၊ ကြောင်၊နဂါးသွဲ့၊နီလာ၊ မြ၊တ္တမြားအစရှိသော ကျောက်မျက်အမျိုးမျိုးတို့ကို ဆောင်လေ၏။ ရွှေဖြင့်
လုပ်သောပတ်သာ၊ပုလွေတို့သည်လည်း၊ သင်ဘွားသောနေ့၌ပင် သင့်အဘို့ ပြင်ဆင်လျက်ရှိကြ၏။
သင်သည်ဖျက်၍လွှမ်းမိုးသော ခေရုဗိမ်ဖြစ်လျက်၊ငါ့အခွင့်နှင့်ဘုရားသခင်၏သန့်ရှင်းသောတောင်ပေါ်မှာ နေရာ
ကျ၍ မီးတောက်သော ကျောက်တို့တွင် သွားလာရ၏။
ဘွားသောနေ့မှစ၍ သင့်အပြစ်ထင်ရှားသောနေ့ တိုင်အောင်၊ ပြုလေရာရာ၌ စုံလင်လျက်ရှိ၏။
သို့ရာတွင်၊ကုန်သွယ်ခြင်းများပြားသောအားဖြင့်၊အဓမ္မအမှုတို့နှင့် ပြည့်စုံ၍ မြစ်မှားသောအပြစ် ရောက်လေပြီ။
ထိုကြောင့်၊ဆိုးယုတ်သောသူကဲ့သို့၊သင့်ကိုဘုရားသခင်၏ တောင်တော်ပေါ်က နှင်ထုတ်မည်။အိုလွှမ်းမိုးသော
ခေရုဗိမ်၊ မီးတောက်သောကျောက်တို့အထဲက သင့်ကိုငါပယ်ရှင်းမည်။
သင်သည်ကိုယ်၌တင့်တယ်ခြင်းအသရေကြောင့်ဝါကြွားသောစိတ်ရှိလျက်ဂုဏ်ထွန်းတောက်သောကြောင့်၊သင်
၏ပညာသည် ဖောက်ပြန်လျက်ရှိလေပြီ။ငါသည်သင့်ကို မြေတိုင်အောင် နှိမ့်ချမည်။ရှင်ဘုရင်တို့သည်သင့်ကို
ကြည့်ရှု့၍ ဝမ်းမြောက်စေခြင်းငှါ၊ သူတို့ရှေ့မှာ သင့်ကိုငါချထားမည်။ ယေဇကျေလအနာဂတ္တိကျမ်း ၂၀း၁၄း၁၇
၉။နံနက်သာမိုဃ်းသောက်ကြယ် မြေကြီးတိုင်အောင်ချင်ခြင်းကိုခံရသနည်း
အိုနံနက်သား၊ မိုဃ်းသောက်ကြယ်၊ သင်သည် ကောင်းကင်ကကျလေပြီတကား၊၊အပြည်ပြည်တို့ကိုနှိပ်စက်
သောသင်သည်၊ မြေတိုင်အောင် ခုတ်လှဲခြင်းကို ခံရလေပြီတကား၊၊
သင်ကလည်း၊ ကောင်းကင်ပေါ်သို့ငါတက်မည်။ဘုရားသခင်၏ကြယ်တို့အပေါ်မှာငါ့ပလ္လင်ကိုငါမြှောက်မည်၊၊
မြောက်မျက်နှာဘက် ဗျာဒိတ်တော် တောင်ပေါ်မှာ ငါထိုင်မည်၊၊ ဟေရှာယအနာဂတ္တိကျမ်း ၁၄း၁၂-၁၄
သင်သည် ကိုယ်၌ တင့်တယ်ခြင်းအသရေကြောင့်ဝါကြွားသောစိတ်ရှိလျက်ဂုဏ်ထွန်းတောက်သောကြောင့်၊
သင်၏ပညာသည် ဖောက်ပြန်လျက်ရှိလေပြီ။ ငါသည် သင့်ကို မြေတိုင်အောင် နှိမ့်ချမည်။ရှင်ဘုရင်တို့သည်
သင့်ကိုကြည့်ရှု့၍ ဝမ်းမြောက်စေခြင်းငှါ၊ သူတို့ရှေ့မှာသင့်ကိုငါချထားမည်။ ယေဇကျေလအနာဂတ္တိကျမ်း၂၈
၁၇
မှတ်ချက်။စာတန်မာရ်နတ်သည်မာနထောင်လွှားသောခြင်း။ဖန်ဆင်းခံရသောသူဖြစ်လျက်ပင်ဖန်ဆင်းအရှင်
ကဲ့သို့ အကြွစီရှိခြင်း ယေရှုခရစ်တော် ဘုရားဖြစ်လျက်ပင်လူဇာတိတော်ခံယူ၍ လူဟူ၍ခေါ်ဆိုခြင်း    ခရစ်
တော် တွေ့ရှိသောချက်များ နိပ်ချသော သဘောရှိကြောင်းကိုဖေါ်ခြင်း
၁၀။စာတန်မာရ်၏ အကျင်ဇတိတာများ အဘယ်သို့ရှိသနည်း
ထိုအခါ၊ဤလောကတနိုင်ငံလုံးကိုလှည့်ြ့ဖား၍မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော
နဂါးကြီးကို၎င်း၊ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။ဗျာဒိတ်ကျမ်း ၁၂း၉
  ကောင်းကင်ဘုံ၌ ကြီးသောအသံကား၊ ယခုမှာကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ခရစ်တော်၏ အာဏာတော်စက်လည်းဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီအစ်ကိုများကိုငါတို့ဘုရားသခင့်ရှေ့တော်၌ နေ့ညဥ့်မပြတ်အပြစ်တင်သောရန်သူကို အောက်သို့ချလေပြီ။
ဗျာဒိတ်ကျမ်း ၁၂း၁၀
သင်သည်ခံရမည့်အရာတစုံတခုကိုမျှမကြောက်နှင့်။သင်တို့သည်စုံးစမ်းခြင်းကိုခံရမည်အကြောင်း၊မာရ်နတ်သည်
သင်တို့တွင်အချို့ကိုထောင်ထဲ၌ လှောင်ထား၍၊သင်တို့သည်ဆယ်ရက်ပတ်လုံးဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။
သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။ဗျာဒိတ်ကျမ်း၂း၁၀
 သင်အကျင့်ကျင့်ခြင်းကို၎င်း၊စာတန်၏ရာဇပလ္လင်ရှိရာအရပ်တည်းဟူသောသင်၏နေရာအရပ်ကို၎င်းငါသိ၏။
ငါ့ဘက်၌သက်သေခံရသော နေ့ရက်ကာလတွင်ပင်၊သင်သည်ငါ၏နာမကိုစွဲကိုင်၏။ငါ၏ယုံကြည်ခြင်းတရား
ကိုမစွန့်မပယ်။ ဗျာဒိတ်ကျမ်း ၂း၁၃
ထိုကြောင့်၊ ကောင်းကင်နှင့် ကောင်းကင်သားတို့ရွှင်လန်းကြ လော့။ မြေကြီးနှင့်ပင်လယ်သည်အမင်္ဂလာရှိ၏။
အကြောင်းမူကားမာရ်နတ်သည်မိမိကာလတခဏသာရှိသည်ကိုသိ၍၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွသင်
တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည် ကို ငါကြား၏။ဗျာဒိတ်ကျမ်း ၁၂း၁၂
နဂါးသည်မိန်းမကိုအငြိုးထား၏။ဘုရားသခင်၏ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေခံတော်မူချက်ကို
 စွဲလန်းသော သူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွှယ်ကို စစ်တိုက်ခြင်းငှါသွား၏။ဗျာဒိတ်ကျမ်း
၁၂း၁၇
 ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်၏ကျွန်ဖြစ်ကြ၏။ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၈း၄၄
မုသာကို သုံးသောသူတို့ မုသာ၏ကျွန်ဖြစ်ကြ၏ယခုခေတ်ကာလခရစ်ယာန်တရားဟောဆရာအချို့တို့သည်
ဗာဗုလုန်၏အမိနောက်သို့လိုက်၍ မုသာနှင့်ဆိုင်သော စကားများပြောဆိတတ်ကြ၏။
၁၁။စာတန်မာရ်တန်သည် လူသားတို့အဘယ်မျှလောက်မုသာနှင့်ဆိုင်လိမ်ညှသနည်း
အကြောင်းမူကား၊ ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ် ကြ၏။ ခရစ်တော်၏ တမန်ဖြစ်ယောင်ဆောင်၍
လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏။ဤအမှုသည် အံ့သြ ဘွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင်
လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။
သို့ဖြစ်၍သူ၏ဆရာတို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောသောဆရာဖြစ်ယောင်ဆောင်လျှင်၊အဘယ်
ဆိုဘွယ် ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း နောက်ဆုံး၌ အကျိုးအပြစ်ကိုခံရကြလတံ့။
ကောရိ န္တု သြဝါဒစာဒုတိယစောင် ၁၁း၁၃-၁၅
၁၂။စာတန်မာရ်နတ်သည် သူသည်ဧကန်အမှလိမ်ညှတတ်သလော့။
ထိုအခါ၊နဂါ၏ခံတွင်းထဲက၎င်း၊သားရဲ၏ခံတွင်းထဲက၎င်း၊မိစ္ဆာပရောဖက်၏ခံတွင်းထဲက၎င်း၊ဘားကောင်ကဲ့သို့
ညစ်ညူးသောဝိညာဉ်သုံးပါးထွက်သည်ကိုငါမြင်၏။နိမိတ်လက္ခဏာတို့ကိုပြသောနတ်ဆိုး၏ဝိညာဉ် ဖြစ်သတည်း။
 ထိုဝိညာဉ်တို့သည် လောကီတနိုင်ငံလုံးတွင်ရှိသောရှင်ဘုရင်တို့ထံသို့ထွက်သွား၍၊အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ
သောဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှါ စုဝေးကြ၏။ဗျာဒိတ်ကျမ်း ၁၆း၁၃-၁၄
မှတ်ချက်။စပီရှေ့ချလီစင် သို့မဟုတ် AG သန့်ရှင်းသောဝိညာဉ်တော်ဂျိုင်းဗာဗုလုန်နေဘုရားကိုးကွယ်သော
သူများနှင့်ပေါင်းဖေါ်၍အံ့သြော်ဘွယ်သောနမိတ်လက္ခဏာများပြ၍လူများတို့လိမ်ညှာသောဘာသာဖြစ်လိမ့်မည်
 ၁၃။ ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့်သူ၏ကောင်းကင်တမန်တို့သည်နဂါးကိုစစ်တိုက်ကြ၏။နဂါးနှင့်
 အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍
 ရွေးချယ်သောသူတို့ကိုပင်လှည့်ဖြားနိုင်လျှင်လှည့်ဖြားလောက်အောင်ကြီးစွာသောနိမိတ်လက္ခဏာ၊အံ့ဘွယ်သော
အမှုတို့ကို ပြကြလိမ့်မည်။ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄း၂၄
 သခင်၊သခင်ဟုငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်
မူသောငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင်ဝင်ရလိမ့်မည်။ထိုနေ့၌ကား၊သခင်၊သခင်၊အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့်ဆုံးမသြဝါဒပေးပါပြီမဟုတ်လော။ကိုယ်တော်အခွင့်နှင့်နတ်ဆိုးတို့ကိုနှင်ထုတ်ပါပြီမဟုတ်လော။
ကိုယ်တော်အခွင့်နှင့်များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟုအများသောသူတို့သည်လျှောက်ကြလိမ့်မည်။
 ရှင်မဿဲခရစ်ဝင်ကျမ်း ၇း၂၁-၂၃၁၄။စာတန်မာရ်၏ စွုစမ်သွေးဆောင်းခြင်းအဘယ်သို့ရှောင်နိုင်မည်သနည်း ထိုအခါမာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကိုခံစေရမည်အကြောင်း၊ဝိညာဉ်တော်သည်ယေရှုကို တောသို့ပို့ဆောင်တော်မူ၍၊
 ယေရှုသည်အရက်လေးဆယ်ပတ်လုံးအစာအဟာရကိုမသုံးဆောင်ဘဲနေပြီးမှမွတ်သိပ်ခြင်းသို့ ရောက်တော်မူ၏။
 ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည်ဘုရားသခင်၏သားတော် မှန်လျှင်၊ ဤကျောက်ခဲတို့ကိုမုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။
ယေရှုကလည်း၊ လူသည်မုန့်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်။ဘုရားသခင်မိန့်တော်မူသမျှအားဖြင့်
အသက်ကိုမွေးရမည် ကျမ်းစာ လာသည်ဟုပြန်ပြောတော်မူ၏။ ထိုအခါမာရ်နတ်သည် ယေရှုကိုသန့်ရှင်းသောမြို့တော်သို့ဆောင်သွား၍ဗိမာန်တော်၏အထွဋိ၌တင်ထားပြီးလျှင်၊
ကျမ်းစာလာသည်ကား၊ ကောင်းကင်တမန်တို့အားသင့်အဘို့မှာထားတော်မူသည်ဖြစ်၍၊သင်၏ခြေကို ကျောက်နှင့်
မထိမခိုက်စေခြင်းငှါသူတို့သည်သင့်ကိုလက်နှင့်မစချီပင့်ကြလိမ့်မည်ဟုလာ၏။ထိုကြောင့်ဘုရားသခင်၏သားတော်
မှန်လျှင် ကိုယ်ကိုအောက်သို့ချလိုက်တော်မူပါဟု လျှောက်လေ၏။ ရှင်မဿဲခရစ်ဝင်ကျမ်း ၄း၁-၆
မှတ်ချက်။စာတန်မာရ်နတ်သည်သမ္မာကျမ်းစာများထောက်၍ ယေရှုခရစ်တော်စုံစမ်ခြင်းရှိသကဲ့သို့ကျွန်ပ်အား
လည်းသို့အားဖြင့်စုံစမ်းသွေးဆောင်ခြင်းကိုခံရကြလမ်မည်။ခုခေတ်ခရစ်ယာန်တရားဟောဆရာအချို့သည်သူ
တို့၏။အသက်တာကိုကြည့်ခြင်းအားဖြင့်သမ္မာကျမ်းစာအတိုင်းအသက်မရှင်ဘဲ လောကီမှပြုလုပ်ထားသောအ
 ပထနေ့ ရက် ဘုရားဝတ်ပြုနေဟူ၍ ဟောပြောလျက်ပင်ရှိသည် သို့သော လည်း သမ္မာတရားနှင့်မညီလျှော်သောအရာများလုပ်ဆောင် ယေရှု၏ တမန်တော်များဟူ၍ ပြောဆိုတတ်သည်သိရှိရပေးလိမ့်မည်၁၅။စာတန်မာရ်၏စစ်ပွဲသည်ဆိုဝါးဆိုသောစစ်ပွဲတရပ်ပင်ဖြစ်သေည် နဂါးသည်မိန်းမကိုအငြိုးထား၏။ဘုရားသခင်၏ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေခံတော်မူချက်ကို
 စွဲလန်းသော သူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွှယ်ကို စစ်တိုက်ခြင်းငှါသွား၏။ဗျာဒိတ်ကျမ်း
၁၂း၁၇ မှတ်ချက်။နာဂါးသောအချက်မှာစာတန်မာရ်ပင်ဖြစ်သည်ဘုရားသခင်၏ပညတ်တော်တို့ကျင့်၍ယေရှုသက်ခံချက်
ကိုစွဲလန်းသောထိုမိန်းမ၌ကြွင်းသောအမျိုးအနွှယ်စစ်တိုက်ခြင်းသွား၏။မိန်းမဟူ၍သမ္မာကျမ်းစာမှာမိန်းမဆို
သောစကားများမှာအသင်းတော်တခုသာလျှင်ဆိုခြင်းဖြစ်ပေသည်ပညတ်သခင်ပညတ်တရားများစောင့်ရှောက်
၍ ယေရှုခရစ်တော်၏ သက်သေခံချက်များကို လိုက်နား၍ ကျင့်ကြံနေသောသူများကိုစာတန်မာရ်နတ်သည်
အမျိုးမျိုး အဘက်ဘက်ပင် ဝိညာဉ်ရေးစစ်ပွဲများပင် ထိုနက်တိုက်နေသည်ကိုသိရှိနားလည်ရပေလိမ့်မည်၁၆။ကျွန်ပ်တို့အသက်တာ၌ စာတန်မာရ်၏လိမ်လည်လှည့်ဖျာင်း၌ လွတ်ကင်အောင် ကျွန်ပ်တို့အဘယ်သို့ပြင်စင်နိုင်မည်လော့။ တရားတော်ကိုင်း၊သက်သေခံတော်မူချက်ကိုင်းနားထောင်ကြကုန်၊၊သူတို့ပြော သောစကားသည် နှုတ်ကပတ်တော်နှင့်
 မညီလျှင်၊ သူတို့၌အာရုဏ်မတက်သေး၊၊ ဟေရှာယအနာဂတ္တိကျမ်း ၈း၂၀
 ဗေရိမြို့သားတို့သည်သက်သာလောနိတ်မြို့သားတို့ထက်ထူးမြတ်သဖြင့်၊အလွန်ကြည်ညိုသောစေတနာစိတ်နှင့်
 နှုတ်ကပတ်တရားတော်ကိုခံယူ၍မှန်သည်မမှန်သည်ကိုသိခြင်းငှာ၊ကျမ်းစာကို နေ့တိုင်းအစဉ်စေ့စေ့ကြည်ရှုကြ၏။
 တမန်တော်ဝတ္ထု၁၇း၁၁
 ထိုသူ၏အလိုတော်သို့လိုက်ချင်သောသူမည်သည်ကား၊ဤဒေသနာသည်ဘုရားသခင်၏ ဒေသနာ တော်ဖြစ်သလော၊
 ငါသည် ကိုယ်အလို အလျောက် ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။
 ကိုယ်အလိုအလျောက် ဟောပြောသောသူသည်မိမိဘုန်းအသရေကိုရှာတတ်၏။မိမိကိုစေလွှတ် တော်မူသောသူ၏
ဘုန်းအသရေကို ရှာသောသူမူကား၊ ယုံလောက် သောသူဖြစ်၏။ ထိုသူ၌ မုသာမရှိ။ ရှင်ယောဟန်ခရစ်ဝင်၇း၁၇-၁၈
ပျက်ဆီးခြင်းသို့ ရောက်သောသူတို့တွင်၊မတရားသောလှည့်ဖြားခြင်းအမျိုးမျိုးနှင့်၎င်းလာလိမ့်မည်။အကြောင်းမူကား၊
ထိုသူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ သမ္မာတရား၌ မွေ့လျော်သော စိတ်ကို မခံမယူကြ။
ထိုကြောင့်၊ သမ္မာတရားကိုမယုံဘဲ၊ မတရားသောအမှု၌ မွေ့လျော်သောသူအပေါင်းတို့သည်၊
တရားရှုံးခြင်းသို့ ရောက်မည်အကြောင်း၊မုသာစကားကိုယုံစိမ့်သောငှါ၊မိစ္ဆာဒိဌိပြုပြင်အားထုတ်ခြင်းအခွင့်ကိုသူတို့၌
ဘုရားသခင်လွှတ်တော်မူလိမ့်မည်။ သက်သာလောနိတ်သြဝါဒစာဒုတိယစောင်၂း၁၀-၁၂
မှတ်ချက်။မိမိ၏ယုံကြည်ခြင်း၌ဆန်းစစ်ကြလော့သို့မဟုတ်လျှင်မုသာကိုသုံးသောသူဖြစ်လိမ့်မည်သမ္မာတရားနင့်မညီ
 လျှင် မိစ္ဆာဒိဋ္ဌိဖြစ်လိမ့်မည် သမ္မာတရားမိမိကိုယ်ကို ဆန်းစစ်ကြည့်ကြလော့။၁၇။စာတန်မာရ်နတ်သည် မည်သည့် သတိရိစ္ဆာနှင့်တူသနည်းသမ္မာသတိရှိလျက်မအိပ်ဘဲစောင့်နေကြလော့။သင်တို့၏ရန်သူတည်းဟူသောမာရ်နတ်သည်၊ ဟောက်သောခြင်္သေ့
 ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။ရှင်ပေတရုသြဝါဒစာပဌမစောင်၅း၈
 ထိုကြောင့်၊ ကောင်းကင်နှင့် ကောင်းကင်သားတို့ရွှင်လန်းကြ လော့။ မြေကြီးနှင့်ပင်လယ်သည်အမင်္ဂလာရှိ၏။
 အကြောင်းမူကားမာရ်နတ်သည်မိမိကာလတခဏသာရှိသည်ကိုသိ၍၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည် ကို ငါကြား၏။ဗျာဒိတ်ကျမ်း ၁၂း၁၂
၁၈။နောက်ဆုံးသောအချိန်ကာလ၌ စာတန်မာရ်သည်အဘယ်သို့ဖြစ်မည်သနည်းသူတို့ကိုလှည့်ဖြားသောမာရ်နတ်ကိုလည်းသားရဲနှင့်မိစ္ဆာပရောဖက်ရှိရာကန့်နှင့်ရောနှောသောမီးအိုင်ထဲသို့ချပစ်လျှင်၊
သူတို့သည် နေ့ညဥ့်မပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကိုခံရကြလတံ့။ဗျာဒိတ်ကျမ်း ၂၀း၁၀
၁၉။ကန့်နှင်လောင်သောမီးသည် တမန်များအတွက်အတွက်အဘယ်သို့ဖြစ်လိမ့်မည်သနည်း သင့်အပြစ်သည် များပြား၍ ကုန်သွယ်ခြင်း အဓမ္မအားဖြင့်၊သန့်ရှင်းရာဌာနတို့ကိုညစ်ညူးစေသောကြောင့်၊
သင့်ကိုမီးရှို့ဘို့သင့်အလယ်၌မီးကိုငါညှိမည်။သင့်ကိုမြင်သောသူအပေါင်းတို့ရှေ့မှာ၊သင်၏ပြာကို မြေပေါ်သို့ငါချထားမည်။
 ယေဇကျေလအနာဂတ္တိကျမ်း ၂၈း၁၈
ထိုသူငယ်တို့သည်အသွေးအသားနှင့်ဆက်ဆံကြသောကြောင့်၊ခရစ်တော်သည်အသေခံတော်မူသောအားဖြင့်၊
 သေခြင်းတရားကိုအစိုးရသောသူတည်းဟူသောမာရ်နတ်၏တန်ခိုးကိုချိုးဖဲ့ဖျက်ဆီးခြင်းငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံးကျွန်ခံရသောသူတို့ကိုကယ်လွှတ်ခြင်းငှါ၎င်း၊ထိုသူငယ်တို့၏နည်းတူအသွေးအသားကို ဆောင်ယူတော်မူ၏။
 ဟေဗြဲသြဝါဒစာ ၂း၁၄-၁၅
 သင့်ကိုသိသောလူအမျိုးမျိုးတို့သည်သင်၏အမှုကြောင့်မိန်းမောတွေဝေကြလိမ့်မည်။သင်သည် ကြောက်မက်
ဘွယ်ဖြစ်လိမ့်မည်။ နောက်တဖန် မပေါ်လာရဟု မိန့်တော်မူ၏။ ယေဇကျေလအနာဂတ္တိကျမ်း၂၈း၁၉
၂၀။စာတန်မာရ်နတ်ကို နိုင်သောလမ်းအဘယ်သို့ရှိမည်သနည်း
 သူတို့သည်သိုးသငယ်၏အသွေးအားဖြင့်၎င်း၊မိမိတို့သက်သေခံချက်နှုတ်ကပတ်တရားအားဖြင့်င်း အောင်မြင်၍၊
 အသေခံ သည်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။ ဗျာဒိတ်ကျမ်း ၁၂း၁၁

ဗျာဒိတ်ကျမ်းသင်ခန်းစာ(၁)



      သမ္မာကျမ်းစာတော်မြတ်၌ ပရောဖက်ပြုချက်များ လေ့လာရှာဖွေခြင်း
   အမှာစကားများ 
   သင်တန်းသားနှင့် ဗျာဒိတ်ကျမ်းပို့ချသောသူ၏စကားချီး
 ယနေ့  ယခုခေတ်ကာလ၌ ကျွန်ပ်သည် သင်ယူစရာပညာအရပ်ရပ်ရှိပေသည်။သင်ကြားသောဆရာသမား
တို့လည်း များပင်ရှိကြောင်းကို ကျွန်ပ်သိရှိပေလိမ့်မည်။ကျွန်ပ်တို့သည်သင်ကြားမှတ်ယူရန်အခွင့်လမ်းများစွာ
ရှိကြောင်းကိုသိရှိပေလိမ့်မည် ဆရာသမားတို့သည်လည်းအသိပညာပေးခြင်းခွန်အားလုံ့လစိုက်၍
သင်ကြားသူနှင့် လေ့လာမှတ်သားနာယူသူများနားလည်သောအကြောင်းများသည်တူညီစွာရှိကြပေလိမ့်မည်
သင်ကြားပို့ချသော ဆရာသမားနှင့် လေ့လာမှတ်သားနာယူသူတို့ ပေါင်းသင်းမိတ်ဆွေဖွဲ့ခြင်းရင်းနှီးစွာဖြင့်
ဆရာသမားနှင့် သင်တန်းသားတို့သည် ရင်နီးအကျွမ်းဝင်မှသာလျှင်သင်ခန်းစာများ ရဲဝံ့စွာ မေးမြန်နိုင်ခြင်းရှိပေလိမ့်မည်။ ဆရာသမားနှင့်သင်တန်းသားတို့ ညီအစ်ကိုကဲ့သို့သော်၎င်း 
အစ်ကိုကဲ့သို့သော်၎င်း   မောင်နှမကဲ့သို့သော်၎င်း ရှိမှသာလျှင် ဗျာဒိတ်ကျမ်းသန်ခန်းစာများကိုသင်ကြားလေ့
လာသောအခါ၌  ဆရာသမားနှင့်ရင်းနှီးမှုရှိမှသာလျှင် နားလည်မှုရှိပေလိမ့်မည်။

 ၁။ဗျာဒိတ်ကျမ်း ကျွန်ပ်တို့ အခုခေတ်ကာလ၌ နားလည်နိုင်ကြမည်လော။
တဖန်တုံ၊ငါ့အားမိန့်တော်မူသည်ကား၊ဤစာစောင်၏အနာဂတ္တိစကားကိုတံဆိပ်မခတ်နှင့်။အကြောင်းမူကား၊
ကာလအချိန်ရောက်လုနီးပြီ
မတရားသောသူသည်မတရားသဖြင့်ပြုစေဦး။ညစ်ညူးး သောသူသည်ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည်
 ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။
ငါသည်အလျင်အမြန်လာမည်။ငါသည်အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊လူအသီးသီးတို့အားမိမိတို့အကျင့်
အတိုင်း ဆပ်ပေးမည်။ ဗျာဒိတ်ကျမ်း ၂၂း၁၀-၁၂
ဘုရားသခင်သည် ကျွန်ပ်တို့အား ဗျာဒိတ်ကျမ်းစာ၌ အဘယ်သို့သော အကြံဥာဏ်ပေးတော်မူသနည်း
ကာလအချိန်ရောက်လုနီးပြီးဖြစ်၍၊ဤအနာဂတ္တိကျမ်းစကားကိုကြည့်ရှုဘတ်ရွတ်နားထောင်၍၊ ရေးထားသမျှ
တို့ကိုစောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။ဗျာဒိတ်ကျမ်း ၁း ၃
၁။ဗျာဒိတ်ကျမ်းလေ့လာခြင်းမှာ မိမိအတွက်အဘယ်သို့သောအကျိုးရှိမည်သနည်း
၂။ကျွန်ပ်တို့၊အဘယ်သို့သိရှိနားလည်ထားခြင်းရှိမည်သနည်း၊ကမ္ဘာသမိုင်းများအကြောင်း ကောင်းမွန်စွာနား
လည်သိရှိထားခြင်း
၃။ဗျာဒိတ်ကျမ်း လေ့လာခြင်း၌ကျွန်ပ်တို့အဘယ်သို့သောအရာများတွေ့ရှိကြမည်သနည်း။ကြောက်လှန့်ခြင်း
လောကကမ္ဘာမြေကြီးအပေါ် ကျွန်ပ်ကြင်စင်ခြင်း
၎။ကျွန်ပ်တို့ အဘယ်သို့သော ကျွန်ပ်တို့ ခရစ်တော်နှင့်  မာရ်နတ် နှစ်ပေါင်းရာချီသော ကြားကာလ၌ကျွန်ပ်
တို့ အသက်တာအဘယ်သို့ရှိကြမည်သနည်း
၅။မာရ်နတ်၏ကျော့ကွင်းကိုကျွန်ပ်တို့အဘယ်သို့လွှတ်အောင်ရှောင်တိမ်းနိုင်ကြမည်လော့။ဘုရားသခင်နှင့်
မာရ်နတ် တို့၏ ကျွန်ပ်တို့ အဘယ်သူ၌ သစ္စာစောင့်တည်ခြင်းနှင့်ယအခုခေတ်မာရ်နတ်ကိုချီမွမ်းခြင်းအားသ
ဖြင့် ဘယ်သူအမှား ဘယ်သူအမှန်သိရှိနားလည်နိုင်ကြမည်လော့။
၆။သင်တို့ အံ့ဩခြင်း ကောင်းကင်နှင့်မြေကြီး ဘုရားသခင် သားတော်ယေရှုခရစ် နှုတ်ထွက်တရားများ သန့်
ရှင်းသောဝိညာဉ်တော်အား သမ္မာကျမ်းစာကိုနားလည်နိုင်မည်ဖြစ်ပေသည်
၇။သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်ထွက်စကားတော်  အခြားသော  စာများနှင့်မတူညီကြောင်းသိရ
ဆုတောင်းခြင်းသင်ကြားနားယူမှတ်သာခြင်း  ဆုတောင်းခြင်း၌ပြည့်စုံသော  အသင်ရရှိကောင်းရရှိလိမ့်မည်
သင်၏ဆုတောင်းခြင်းကို အဖိုးမဖြတ်နိုင်သော ဆုတောင်းခြင်းရရှိလိမ့်မည်။
၈။ဗျာဒိတ်ကျမ်းသင်ကြားခြင်း၌ ဘုရားသခင်၏တရားစီရင်ခြင်းကြီးမားစွာသိရှိနားလည်နိုင်လိမ့်မည်။
သင်၏ အသက်တာ၌ ပျော်ရွှင်ဝမ်းမြောက်ခြင်း အသက်တာသို့ပြောင်းလဲနိုင်ခြင်းတို့တွေ့ရှိရလိမ့်မည်။
၉။သင်သည် ယေရှုခရစ်တော်ကို မျက်ဝါးဝါးထင်ထင်တွေ့မြင်ရသော အံ့ဩမိန်းမောခြင်း သင်တွေ့ရှိသော
အရာ သင်၏အသက်တာ၌   ပြောင်းလဲခြင်း   ခရစ်တော်၌တည်ရှိနေခြင်းအသက်တာအသစ်ပြုပြင်ခြင်းအ
သက်တာ စစ်မှန်သော နောင်ရတရားရှိခြင်း။
၁၀။ဗျာဒိတ်ကျမ်းစာ လေ့လာခြင်း၌ သင်၏ အသက်တာ၌အသစ်ပြင်ဆင်၍ အသင်ရှင်နေထိုင်ခြင်း အဓိပ္ပါယ်
ရှိသော အသက်တာ၌ အသက်ရှင်၍ နေထိုင်တတ်ခြင်း ဘုရားသခင်နှင့် သိကျွမ်းခြင်းသက်တာသို့ရောက်ရှိ
ခြင်း ဗျာဒိတ်ကျမ်းများနားလည်သိရှိနိုင်သောအသက်တာ။

                               လူ
                အကြောင်းအရာ
                အဖြစ်အပျက်များ


ဗျာဒိတ်ကျမ်းသင်းကြားလေ့လာပြီးသည်နောက် ကျွန်ပ်၏ အသက်တာပြောင်းလဲသော အသက်တာဖြစ်လိမ့်
မည် ဟူ၍ ကျွန်ပ်ယုံကြည်ပါ၏။ ဗျာဒိတ်ကျမ်းစာများကိုနားလည်ပါပြီ  Yes   No

၁။ဘုရားသခင်သည် ကာလမကြာမမြင့်မှိအသိပေးခြင်း


ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများကို ယေရှုခရစ်သည်မိမိအစေခံကျွန်တို့အား ပြစေခြင်းငှါ၊ဘုရား
သခင်အပ်ပေးတော်မူသောထိုသခင်၏ဗျာဒိတ်တော်ကိုဆိုပေအံ့၊ထိုသခင်သည်မိမိကောင်းကင်တမန်ကို စေလွှတ်၍၊
မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။ဗျာဒိတ်ကျမ်း ၁း၁
၂။အသင်းတော်ခုနှစ်ပါး
 ဧဖက်မြို့၌ရှိသောအသင်းတော်၏တမန်ကိုဤသို့ရေး၍မှာလိုက်လော့။လက်ျာလက်၌ကြယ်ခုနစ်လုံးကိုကိုင်၍၊
  ရွှေမီးခွက်ခုနစ်လုံးအလယ်၌သွားလာသောသူ၏အမိန့်တော်ကား၊သင်အကျင့်ကျင့်ခြင်း၊ပင်ပန်းစွာလုပ်ဆောင်ခြင်း၊
 သည်းခံခြင်းကိုငါသိ၏။ဗျာဒိတ်ကျမ်း ၂း၁
၃။ဗျာဒိတ်တော်ဖွင့်လျှစ်ခြင်း
 ထိုနောက်မှငါကြည့်လျှင်၊ ကောင်းကင်၌တံခါးဖွင့်ထားလျက်ရှိ၏။ ရှေ့ဦးစွာကြားရသောအသံဟူမူကား၊ဤအရပ်
 သို့တက်လော့။ နောင်ကာလ၌ ဖြစ်ရမည်အရာတို့ကိုငါပြမည်ဟုငါနှင့်ပြောလျက်ရှိသောတံပိုးခရာသံကဲ့သို့မြည်လေ၏။

ဗျာဒိတ်ကျမ်း ၄း၅
၎။မြင်းဖြူစီသောသူလေးဦး
 ထိုအခါငါကြည့်လျှင်၊ မြင်းဖြူတစီးရှိ၏။ မြင်းစီးသောသူသည် လေးကိုကိုင်၏။ သူ၌သရဖူကိုပေးတော်မူ၏။
 အောင်မြင်လျက်၎င်း အောင်မြင်ခြင်းငှါ ၎င်း ထွက်သွား၏။ဗျာဒိတ်ကျမ်း ၆း၂
၅။ဘုရားသခင်၏အမှတ်တံဆိပ်မခတ်မှီ
ငါတို့ဘုရားသခင်၏ကျွန်တို့ကိုနဖူး၌တံဆိပ်မခတ်မည်တိုင်အောင်၊ မြေ၊ပင်လယ်၊သစ်ပင်တို့ကိုမညှဉ်းဆဲပါနှင့်
ဟုကြီးသောအသံနှင့် ကြွေးကြော် လေ၏။ဗျာဒိတ်ကျမ်း ၇း၃
၆။တံပိုးခုနှစ်လုံး
 ထိုအခါ ငါကြည့်လျှင်၊ ရွှေလင်းတတကောင်က၊ ကြွင်းသေး သောကောင်ကင်တမန်သုံးပါးမှုတ်လတံ့သော
တံပိုးသံကြောင့် မြေကြီးသားတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊  အမင်္ဂရှိလာကြ၏ ဟုကောင်းကင်အလယ်၌ပျံ
ဝဲ၍ကြီးသောအသံနှင့် ဆိုသည်ကိုငါကြား၏။တတိယကောင်းကင်တမန်က၊
အကြင်သူသည်သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍၊သူ၏တံဆိပ်လက်မှတ်ကိုနဖူး၌ခံသည်ဖြစ်စေ၊လက်၌ခံသည်ဖြစ်စေ

ဗျာဒိတ်ကျမ်း ၈း၂
ထိုနေ့ရက်ကာလ၌လူတို့သည် သေခြင်းကိုရှာကြလိမ့်မည်။ရှာသော်လည်းမတွေ့ရကြ။အလွန်သေချင် သော်
လည်း သေမင်းသည် သူတို့ထံမှ ပြေးသွားလိမ့်မည်။ဗျာဒိတ်ကျမ်း ၉း၆
မြေကြီးပေါ်မှာနေသောသူတည်း ဟူသော အသီးအသီးဘာသာစကားကို ပြောသော လူအမျိုး အနွှယ် ခပ်သိန်းတို့အားထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊ဘုရားသခင်ကို ကြောက်ရွံ့၍
ချီးမွမ်းကြလော့၊တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊သမုဒ္ဒရာနှင့်စမ်းရေတွင်း
တို့ကိုဖန်ဆင်းတော်မူသောအရှင်ကိုကိုးကွယ်ကြလော့ဟုကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌
 ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။ဗျာဒိတ်ကျမ်း ၁၄း၆-၇
  တဖန်တုံ၊ ဘုရားသခင်၏အမျက်တော်ကိုပြီးစီးစေသော နောက်ဆုံးဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင်
တမန်ခုနစ်ပါးတည်း ဟူသော ကောင်းကင်၌အံ့ဘွယ်သော နိမိတ်ကြီးအခြားတပါးကို ငါမြင်ရ၏။ဗျာဒိတ်ကျမ်း ၁၅း၁


ဗိမာန်တော်ထဲကကြီးသောအသံကား၊သွားကြလော့။ဘုရားသခင်၏အမျက်တော်ဖလားခုနစ်လုံးကို မြေကြီးပေါ်သို့သွန်းလောင်းကြလော့ဟု ကောင်းကင်တမန်ခုနစ်ပါးတို့အား ပြောဆိုသည်ကို ငါကြား၏။ဗျာဒိတ်ကျမ်း ၁၆း၁
လောကီရှင်ဘုရင်တို့သည်မတရားသောမေထုန်ကိုသူနှင့်ပြုကြပြီ။ မြေကြီးသားတို့သည်သူ၏မတရားသောမေထုန်၏
 စပျစ်ရည်နှင့် ယစ်မူးကြပြီဟု ပြောဆိုလျက်၊ဗျာဒိတ်ကျမ်း ၁၇း၂
အကြောင်းမူကား၊ လူမျိုးအပေါင်းတို့သည် သူ၏မတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်ကို သောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည်မတရားသော မေထုန်ကိုသူနှင့်ပြုကြပြီ။ လောကီကုန်
သည် တို့သည်သူ၏ကာမဂုဏ်စည်းစိမ် ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ် ကြပြီဟုပြောဆို၏။ဗျာဒိတ်ကျမ်း ၁၈း၎
ကောင်းကင်ဗိုလ်ခြေတို့သည် မြင်းဖြူကိုစီးလျက်၊စင်ကြယ်သောပိတ်ချောဖြူကိုဝတ်လျက် နောက်တော်သို့လိုက်ကြ၏။
 ဗျာဒိတ်ကျမ်း၁၉း၁၄
 ရှေးမြွေဟောင်း၊မာရ်နတ်စာတန်တည်းဟူသောနဂါးကိုကိုင်ဘမ်း၍၊အနှစ်တထောင်ဘို့ချည်နှောင်လေ၏။
 ဗျာဒိတ်ကျမ်း၂၀း၂
 သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ် သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သောမင်္ဂလာဆောင်
 သတို့သမီးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။
 ဗျာဒိတ်ကျမ်း ၂၁း၂
နဂါးသည်မိန်းမကိုအငြိုးထား၏။ဘုရားသခင်၏ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေခံတော်မူချက်ကို
စွဲလန်းသော သူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွှယ်ကို စစ်တိုက်ခြင်းငှါသွား၏။၁၂း၁၇
ထိုတံဆိပ်လက်မှတ်တည်းဟူသောသားရဲ၏နာမဖြစ်စေ၊နာမ၏အရေအတွက်ဖြစ်စေတခုခုကိုမခံသောသူတယောက်မျှ
မရောင်းမဝယ်စေခြင်းငှါ၎င်း စီရင်၏။ ဤအရာ၌ ပညာရှိ၏  ဥာဏ်ရှိသောသူသည် သားရဲအရေအတွက်ကို
 ရေတွက်စေ။ လူ၏အရေအတွက်ဖြစ်၏။ ခြောက်ရာခြောက်ဆယ်ခြောက် လည်းဖြစ်၏။ ဗျာဒိတ်ကျမ်း ၁၃း၁၇-၁၈

၂။အချိန်အခါ၌ကာလ၌ ဗျာဒိတ်ကျမ်း၌အဘယ်သို့ရှိသနည်း
 ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများကို ယေရှုခရစ်သည်မိမိအစေခံကျွန်တို့အား ပြစေခြင်းငှါ၊ဘုရားသခင်
အပ်ပေးတော်မူသောထိုသခင်၏ဗျာဒိတ်တော်ကိုဆိုပေအံ့၊ထိုသခင်သည်မိမိကောင်းကင်တမန်ကို စေလွှတ်၍၊
 မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။
 ယောဟန်သည်လည်းဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ်၏သက်သေခံတော်မူချက်ကို၊ မြင်သမျှအတိုင်း သက်သေခံ၏။
ကာလအချိန်ရောက်လုနီးပြီးဖြစ်၍၊ဤအနာဂတ္တိကျမ်းစကားကိုကြည့်ရှုဘတ်ရွတ်နားထောင်၍၊ ရေးထားသမျှ
တို့ကိုစောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။
ငါယောဟန်သည်အာရှိပြည်၌ရှိသောအသင်းတော်ခုနစ်ပါးကိုကြားလိုက်ပါ၏။ပစ္စုပ္ပန်၊အတိတ်၊အနာဂတ်ကာလ
 အစဉ်ရှိတော်မူသော ဘုရားသခင့် အထံတော်က၎င်း၊ ပလ္လင်တော်ရှေ့၌ရှိသောဝိညာဉ်ခုနစ်ပါးအထံက၎င်း၊
 သစ္စာစောင့်သောသက်သေခံဖြစ်တော်မူထသော၊ သေသောသူတို့တွင်သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏
 အထွဋိဖြစ်တော်မူသော ယေရှုခရစ်အထံတော်က၎င်း၊ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည်သင်တို့၌ရှိပါစေသော။
 ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍၊ဗျာဒိတ်ကျမ်း ၁း၁-၅
၃။အချိန်ကာလရောက်လုနီသည်နှင့် အမျှ အဘယ်သို့ပြုသောသူသည် မင်္ဂလာရှိသနည်း
 ကာလအချိန်ရောက်လုနီးပြီးဖြစ်၍၊ဤအနာဂတ္တိကျမ်းစကားကိုကြည့်ရှုဘတ်ရွတ်နားထောင်၍၊ ရေးထားသမျှ
တို့ကိုစောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။ဗျာဒိတ်ကျမ်း ၁း၃
၎။ယေရှုခရစ်တော်အဘယ်အကြောင်းအရာများကိုမိန့်တော်မူသနည်း
ကျမ်းစာအားဖြင့်ထာဝရအသက်ကိုရမည်ဟုစိတ်ထင်နှင့်သင်တို့သည်ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ထိုကျမ်း
စာပင် ငါ၏သက်သေဖြစ်၏။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၅း၃၉
၅။ယေရှုခရစ်တော်တပည်တော်များကို အဘယ်သို့သင်ကြားသနည်း
ကိုယ်တော်ကလည်း၊ပရောဖက်ဟောပြောသောစကားများကိုယုံနိုင်အောင်ဥာဏ်မရှိ၊စိတ်ခိုင်မာ သောသူတို့၊
 ခရစ်တော်သည် ဤသို့ပင်အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကိုဝင်စားရမည်မဟုတ်လောဟုမိန့်တော်မူ၏။
 ထိုအခါမောရှေ၏ကျမ်းစာမှစ၍ပရောဖက်တို့၏ကျမ်းစာများ၌ကိုယ်တော်ကိုရည်မှတ်၍ ရေးထားသမျှသော
ကျမ်းစာချက် အနက်ကို ရှင်းလင်းစွာဘော်ပြတော်မူ၏။
ထိုတပည့်တော်တို့သည်သွားသောရွာအနီးသို့ရောက်သောအခါကိုယ်တော်သည်ထိုရွာကိုလွန်၍သွားအံ့သော
အခြင်းအရာကို ပြတော်မူလျှင်၊
ထိုသူတို့က အကျွန်ုပ်တို့နှင့်အတူ ဝင်၍နေပါ။ ညဦးယံအချိန်ရှိပြီ။ မိုဃ်းလည်းချုပ်ပါသည်ဟူ၍ကိုယ်တော်ကို ကျပ်ကျပ်သွေး ဆောင်ကြ၏။ ထိုကြောင့် သူတို့နှင့်အတူနေခြင်းငှါ ဝင်တော်မူ၏။
စားပွဲ၌သူတို့နှင့်အတူလျောင်း တော်မူစဉ်၊မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှမုန့်ကိုဖဲ့၍သူတို့အားပေးတော်မူသည်တွင်၊
သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော်မူ၍
တပည့်တော်တို့ကလည်း၊လမ်းခရီး၌ငါတို့နှင့်ဟောပြော၍ကျမ်းစာအနက်ကိုဖွင့်ပြတော်မူသောအခါ၊ငါတို့စိတ်နှ
လုံးသည် ယိုဖိတ်မတတ် ဖြစ်သည်မဟုတ်လောဟု အချင်းချင်း ပြောဆိုကြ၏။ ရှင်လုကာခရစ်ဝင်ကျမ်း၂၄း၂၅-၃၂
မှတ်ချက်။သမ္မာကျမ်းစာ၌ပရောဖက်ပြုသမျှတို့ ယေရှုခရစ်တော်၏အကြောင်းကိုပရောဖက်ပြုချက်ဖြစ်ကြောင်း
ပရောဖက်များ မှကြိုတင်၍ ယေရှုခရစ်တော်အကြောင်း ဟောပြောထားခြင်းကိုတွေ့ရှိနားလည်နိုင်ပေသည်
၆။ဘုရားသခင်ဗျာဒိတ်ကျမ်း၌ မည်သည် သိတင်းစကားတော်ကိုဘော်ပြခြင်းရှိသနည်း
ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများကို ယေရှုခရစ်သည်မိမိအစေခံကျွန်တို့အား ပြစေခြင်းငှါ၊ဘုရားသခင်
အပ်ပေးတော်မူသောထိုသခင်၏ဗျာဒိတ်တော်ကိုဆိုပေအံ့၊ထိုသခင်သည်မိမိကောင်းကင်တမန်ကို စေလွှတ်၍၊
မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။ဗျာဒိတ်ကျမ်း ၁း၁
မှတ်ချက်။ဘုရားသခင်သည်မိမိ၏အစေခံကျွန်တို့အားဗျာဒိတ်တော်ကိုပေးခြင်းဖြစ်ကြောင်းသိရှိနားလည်နိုင်
ကျွန်ပ်ယုံကြည်သူအပေါင်းတို့သည် ကျမ်းစာရှိသမျှတို့ ယေရှုခရစ်အကြောင်းကိုကောင်းမွန်စွာသိရှိနားလည်
ရန်အလွန်အမတန်မှအရေးကြီးသော အချက်များပင်သည်ဖြစ်သည်
၇။အဘယ်သို့အားဖြင့် ယေရှုခရစ်တော်သည်ဥပမာစကားတော်များကိုအဘယ်သို့အားဖြင့်မိန့်တော်မူသနည်း
  ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသော အခွင့်ရှိကြ၏။
  ကြွင်းသောသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ကြားလျက်ပင်အနက်ကိုနားလည်ဘဲကြားရသည် တိုင်အောင် သူတို့အား ဥပမာဖြင့်ဟောရ၏။ရှင်လုကာခရစ်ဝင်ကျမ်း ၈း၁၀
မှတ်ချက်။ဗျာဒိတ်ကျမ်းကို ယေရှုခရစ်တော်သည် ဥပမာအားဖြင့် တပည်တော်များအားဥပမာပေး၍အဘယ်
သို့အားဖြင့် မိန့်တော်မူသည်မှာ ကျွန်ပ်တို့သည် သမ္မာတရားများကို အလေးနက်ထား၍ ဝိညာဉ်ရေးအရာ၌
အလေးအနက်ထားစေရန်အတွက် မိန့်တော်မူခြင်းဖြစ်ပေသည်  သမ္မာကျမ်းစာများဥပမာပေး၍ မိန့်တော်မူ
သော စကားများ လွယ်ကူစွာနားမလည်ကြခြေ မည်သည်အရားကို မိန့်တော်မူသည်ကို အလေးထား၍ လေ့
လာစေခြင်းငှါ မိန့်တော်မူပေသည် ဘုရားသခင်နှင့် မာရ်နတ် ဘုရားသခင်၏ လူအပေါင်းတို့သည်  စာတန်
မာရ်နတ် လူတို့ကို သမ္မာကျမ်းစာ၌ မာရ်နတ်၏ လူအပေါင်းတို့ ဖျက်စီခြင်းကိုခံရကြမည်အကြောင်းကိုဖေါ်ပြ
ခြင်းကို အလေးထား၍ လေ့လာမှတ်သားအလွန်အမတန်မှအရေးကြီးလှပေသည်
၈။ပရောဖက်ပြုချက်များသည် သမ္မာကျမ်းစာကို လွယ်ကူစွာနားလည်နိုင်ကြမည်သနည်း
နားလည်နိုင်ပါသည်
(က)ဒံယေလအနာဂတ္တိကျမ်းစာ၌ အခန်းကြီး ခုနှစ် အခန်ငယ် ၂၃အတွင် စတုတ္ထသားရဲ၏အဓိပ္ပါယ်အဘယ်
သို့ဖေါ်ပြခြင်းရှိသနည်း
ထိုသူကလည်း၊ စတုတ္ထသားရဲသည် မြေကြီးပေါ်မှာ အခြားသောနိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထ
 နိုင်ငံဖြစ်၏။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုက်စားချိုးဖဲ့နင်းချေလိမ့်မည်။ဒံယေလအနာဂတ္တိကျမ်း ၇း၂၃
(ခ)တွေ့ရှိသော ဗျာဒိတ်ကျမ်း အခန်းကြီး တစ်ဆယ်ခုနှစ်အခန်းငယ်တစ်ဆယ်ငါးအတွင်း အဘယ်သို့ဖေါ်ပြ
သနည်း။
ယခုမြင်၍ ပြည်တန်ဆာထိုင်သောရေကား၊အသီးသီးဘာသာစကားကိုပြောသောလူအမျိုးမျိုးအစုစုဖြစ်သတည်း။
ဗျာဒိတ်ကျမ်း၏အနက်အဓိပ္ပါယ်မှာယခုမြင်၍ ပြည်တန်ဆာထိုင်သောရေကား၊လူမျိုးနွှယ်ဘာသားစကားပြောသော
လူမျိုးနားလည်ပြီလို့ထင်ပါတယ်သမ္မာကျမ်းစာသူ့ဟာသူအဓိပ္ပါယ်ဖွင့်ထားသည်တွေ့ရပေသည် ပြည်တန်ဆာဆိုသော
စကာမှာမိန်းမသာဖြစ်ကြောင်းနားလည်နိုင်ပါသည်မိန်းမဆိုသောစကားမှာသမ္မာကျမ်းစာ၌အနက်အဓိပ္ပါယ်မှာ
အသင်းတော် တခုကိုရည်မှတ်၍ ပြောထားခြင်းဖြစ်ပေသည်
(ဂ)ထိုနေ့ရက်စေ့ပြီးမှ၊တဖန်လက်ျာနံစောင်းဖြင့်အိပ်၍၊အရက်လေးဆယ်ပတ်လုံးယုဒအမျိုး၏အပြစ်ကိုခံဦးလော့။
 နှစ်အ စား၌ ရက်ကိုငါထားပြီ။ယေဇကျေလအနာဂတ္တိကျမ်း ၄း၆
၉။ပရောက်ဖက်ပြုချက်များတို့သည် တန်ထိုးနှင့်ပြည့်စုံခြင်း
 ထိုမှတပါး၊သာ၍မြဲမြံသောအနာဂတ္တိစကားတော်သည်ငါတို့၌ရှိသေး၏။စိတ်နှလုံးထဲ၌အာရုဏ်တတ်၍ကြယ်နီ
ပေါ်ထွက်သည်ကာလတိုင်အောင်၊ထိုအနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ်၌ထွန်းလင်းသောဆီမီးကဲ့သို့မှတ်၍၊
သင်တို့သည် အမှီပြုသင့်ကြ၏။။ရှင်ပေတရုသြဝါဒစာဒုတိယစောင် ၁း၁၉
ဘုရားသခင် သမ္မာကျမ်းစာများတွင် အဓိပ္ပါယ် တယောက်နှင့် တယောက် တမျိုးဆီပေးတော်သနည်း
ကျမ်းစာ၌ပါသောအနာဂတ္တိစကားမည်သည်ကား၊ကိုယ်အလိုအလျောက်အနက်မပေါ်ဟု ရှေ့ဦးစွာသိမှတ်ကြလော့။
 ရှင်ပေတရုဩဝါဒစာဒုတိယစောင် ၁း၂၀
မှတ်ချက်။သမ္မာကျမ်းစာ၌ အနက်အဓိပ္ပါယ် ကိုမိမိအလိုလျှောက် မဖွင့်ရ အဓိပ္ပါယ် တယောက်တမျိုးမဖွင့်ရ
ခရစ်တော် ကိုယုံကြည်သူမှန်လျှင် သမ္မာကျမ်းစာ၏အနက်အဓိပ္ပါယ်တို့ တခုတည်း တမျိုးတည်သာလျှင်ဖြစ်
ရမည် တမန်တော်ရှင်ပေတရုအား သတိပေးခြင်းကိုတွေ့ရှိနားလည်ရပေသည်
ဤစာစောင်၏အနာဂတ္တိစကားကိုကြားသောသူအပေါင်းတို့အားငါသက်သေခံသည်ကား၊အကြင်သူသည်ဤအရာတို့၌
ထပ်၍အသစ်သွင်း၏၊ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကိုထိုသူအပေါ်သို့ဘုရားသခင်သက်ရောက်စေတော်မူမည်။
အကြင်သူသည်ဤစာစောင်၏အနာဂတ္တိစကားအချို့ကို နှုတ်ပယ်၏။ဤစာစောင်၌ရေးထားသောအသက်ပင်နှင့်၎င်း၊
 သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ထိုသူစပ်ဆိုင်သောအခွင့်ကိုဘုရားသခင် နှုတ်ပယ်တော်မူမည်။
ဗျာဒိတ်ကျမ်း၂၂း၁၈-၁၀ မှာ ရေးသောအကြောင်းအရာများတွင် တွေ့ရှိရလိမည် ထပ်၍အသစ်မသွန်းရ မနှုတ်ပယ် နှုတ်သောသူသည် အသက်စာစောင်၌ နှုတ်ပယ်ခြင်းကိုခံရလိမ့်မည် ဟူ၍ဖေါ်ထားဖြင်းကိုတွေ့ရှိ
ပေသည်
၁၀။မည်သည်ကြောင့် ဆရာသမားအချို့သည် အဘယ်ကြောင့် ဗျာဒိတ်ကျမ်းကိုနားမလည်နိုင်သနည်း
အကြောင်မူကား၊ထာဝရဘုရားသည်အိပ်ချင်သောသဘောကိုသင်တို့၌သွင်းသဖြင့်၊သင်တို့မျက်စိကိုပိတ်၍၊
သင်တို့၏ပရောဖက်များကို မင်းများ၊ ဗျာဒိတ်ခံသူများ တို့ကိုဖုံးလွှမ်းတော်မူပြီ။
ဗျာဒိတ်တော်ရှိသမသည် တံဆိပ်ခတ်သောစာကဲ့သို့ သင်တို့၌ဖြစ်၏။ ထိုစာကိုစာတတ်သော သူအားပေး၍၊
ဤစာကိုဘတ်ပါလော့ဟုဆိုလျှင်၊ထိုသူက၊ဤစာကိုငါမဘတ်နိုင်၊၊တဆိပ်ခတ်လျက်ရှိ၏ဟုပြန်ပြောတတ်၏။
ထိုစာကိုစာမတတ်သောသူအားပေး၍၊ဤစာကိုဘတ်ပါလော့ဟုဆိုလျင်၊ထိုသူကငါသည်စာမဘတ်ဟုပြန်ပြောတတ်၏။
ထာဝရဘုရားကလည်းဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏၊၊စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကိုအမှီပြု၍ ငါ့ကိုကြောက်ရွံြ့က၏။
ထို့ကြောင့်အံသြကြောက်မက်ဘွယ်သောအမှုကိုဤလူမျိုးတို့တွင်တဖန်ငါပြုအုံးမည်၊၊သူတို့တွင်ပညာရှိတို့၏ပညာသည်ပျက်
စီးလိမ့်မည်။ ဥာဏ်ကောင်းသော သူတို့၏   ဥာဏ်သည်လည်းကွယ် ပျောက်လိမ့် မည်ဟုမိန့်တော်မူ၏။
ဟေရှာယအနာဂတ္တိကျမ်း ၂၉း၁၀-၁၄
သမ္မာကျမ်းစာ သည်ဘုရားသခင်အထံတော်မှာ သန့်ရှင်းသောဝိညာဉ်အားဖြင့်အဘယ်မျှလောက်ရှိသနည်း
ထိုကျမ်းစာရှိသမျှသည်ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊ဘုရားသခင်၏လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါပြင်ဆင် သောသူဖြစ်မည်အကြောင်း၊သြဝါဒပေးခြင်း၊အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်
စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကိုပြုတတ်၏။
တိမောသေသြဝါဒစာဒုတိယစောင်၃း၁၆-၁၇
မှတ်ချက်။သမ္မာကျမ်းစာရှိသမျှတို့သည်ဘုရားသခင်၏နငတ်ထွက်တရားဖြစ်သည်ပေသည်။ဓမဟောင်းကျမ်း
သော၎င်း ဓမ္မာသစ်ကျမ်းသော၎င်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင်းသိရှိရပေသည်
၁၁။နှုတ်ကပတ်တော်သည် ရှေကာလ၌ အဘယ်သို့ဖြစ်ကြသနည်း 
ငါတို့ချစ်သောညီပေါလုသည်၊မိမိခံရသောဥာဏ်ပညာအတိုင်းသင်တို့အားရေး၍ ပေးလိုက်သောစာ၌၎င်း၊သူသည်ဤအရာများကို
 ပြော၍စီရင်သောသြဝါဒစာရှိသမျှတို့၌၎င်းပါသည်နှင့်အညီ၊ငါတို့သခင်ဘုရားသည်ခံတော်မူခြင်းသည်ကယ်တင်မည်အကြောင်း ဖြစ်
သည်ဟုမှတ်ကြလော့။ထိုစာတို့၌ခက်ခဲသောအရာအချို့ရှိ၏။မတတ်သောသူ၊တည်ကြည်ခြင်းမရှိသောသူတို့သည်၊ထိုအရာမှစ၍ကြွင်း
သောကျမ်းစာ၏။ ရှင်ပေတရုသြဝါဒစာဒုတိယစောင် ၃း၁၅-၁၆
၁၂။ကျွန်ပ်တို့သည် သမ္မာကျမ်းစာကိုနားလည်နိုင်ရန်အတွက် မည်သည့်သော သော့လိုအိပ်မည်သနည်း

 ဇာတိပကတိလူသည်ဘုရားသခင်၏ဝိညာဉ်တော်အရာတို့ကိုမခံမယူ။ထိုအရာတို့သည်မိုက်မဲသောအရာဖြစ်သည်ဟုထင်တတ်၏။
ထိုအရာတို့ကိုဝိညာဉ်အား ဖြင့်သာပိုင်းခြား၍နားလည်နိုင်သောကြောင့်၊ဇာတိပကတိလူသည်.နားမလည်နိုင်။
ကောရိ န္တု သြဝါဒစာဒုတိယစောင် ၂း၁၄
ထိုကြောင့်နောင်တရလော့။မရလျှင်သင်ရှိရာသို့ငါသည်အလျင်အမြန်လာမည်။ထိုသူတို့ကိုငါ့ခံတွင်း၏သန်လျက်နှင့် စစ်တိုက်မည်။ဗျာဒိတ်ကျမ်း ၂း၁၆
သင်မူကား၊ဝန်ခံတော်မူသောသူ၊ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊သမ္မာတရားကိုမှန်ကန်စွာပိုင်းခြားတတ်သောဆရာသမားဖြစ်လျက်၊
ဘုရားသခင့်ရှေ့၌ကိုယ်ကိုကိုယ် ဆက်သခြင်းငှါ ကြိုးစားအားထုတ်လော့။
တိမောသေသြဝါဒစာဒုတိယစောင် ၂း၁၅
ဗေရိမြို့သားတို့သည်သက်သာလောနိတ်မြို့သားတို့ထက်ထူးမြတ်သဖြင့်၊အလွန်ကြည်ညိုသောစေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကို
ခံယူ၍ မှန်သည်မမှန်သည်ကို သိခြင်းငှာ၊ ကျမ်းစာကို နေ့တိုင်း အစဉ်စေ့စေ့ကြည်ရှုကြ၏။
တမန်တော်ဝတ္ထု ၁၇း၁၁
ထိုသူ၏အလိုတော်သို့လိုက်ချင်သောသူမည်သည်ကား၊ဤဒေသနာသည်ဘုရားသခင်၏ ဒေသနာ တော်ဖြစ်သလော၊ငါသည်ကိုယ်အလို
အလျောက် ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၇း၁၇
ကတိကဝပ်ပြုခြင်း ဗျာဒိတ်ကျမ်းစာများလေ့လာသူများ ဘုရားသခင်ကို စိတ်နှစ်နှစ်လုံးအကြွင်မဲ့ချစ်သော အားဖြင့်သာ ဘုရားသခင်၏ စကားတော်များကိုနားခံလိုက်ရှောက်မည်အကြောင်းကတိသစ္စာပြုရမည်
သင်သည်ငါ၏သည်းခံခြင်းနှင့်စပ်ဆိုင် သော နှုတ်ကပတ်တရားကို စောင့်ရှောက်သောကြောင့်၊ မြေကြီးအပေါ်၌နေသောသူတို့ကိုစုံစမ်းစေခြင်းငှါ၊
 လောကီ နိုင်ငံအရပ်ရပ်တို့ကို နှံ့ပြားလတံ့သောစုံစမ်းရာ ကာလတွင် သင့်ကိုငါစောင့်ရှောက်မည်။
 ဗျာဒိတ်ကျမ်း ၃း၁၀
 အသက်ပင်နှင့်ဆိုင်၍၊မြို့တံခါးအတွင်းသို့ဝင်အံ့သောငှါပညတ်တော်တို့ကိုကျင့်သောသူတို့သည်မင်္ဂလာရှိကြ၏။
 ဗျာဒိတ်ကျမ်း ၂၂း၁၄

The Battle of Armageddon

      The Battle of Armageddon This frightening apocalyptic word “Armageddon” refers to earth’s final battle which is gener...