Showing posts with label ဗျားကျမ်းသင်ခန်းစာ(၁၄). Show all posts
Showing posts with label ဗျားကျမ်းသင်ခန်းစာ(၁၄). Show all posts

Sunday, June 17, 2018

ဗျာဒိတ်ကျမ်းသခင်ခန်းစာ(၁၄)


      ဘုရားသခင်၏ နေ့ရက်တို့သည် တရားစီရင်ခြင်းဖြစ်သတည်း
                      

ဘုရားသခင်၏ သန့်ရှင်းတဲတော် ကယ်တင်ခြင်းတရားကိုပုံဆောင်ခြင်း
၁။ဘုရားသခင်၏ သန့်ရှင်းတဲ တော် ကယ်တင်ခြင်းတရားကိုပုံဆောင်ခြင်း ငါသည်သင်တို့တွင် ကျိန်းဝပ်ရာဘို့ သန့်ရှင်းရာဌာန ကိုလုပ်ကြစေ။ ထွက်မြောက်ရာကျမ်း ၂၅း၈
မှတ်ချက်။သန့်ရှင်းရာတဲ့တော်သန့်ရှင်းရာဌာနသည်ဘုရားသခင်နှင့် လောကီသာအပေါင်းတို့သည်၊ဘုရားသခင်နှင့်မတ်သဟာဖွဲ့ခြင်းငှါဝပ်နည်းထုံအဖွဲ့ကိုပုံဆောင်ခြင်းပေသတည်း၊ဝပ်နည်နှင့်ဆိုင်သောဘုရားသခင်ဖော်သောအရာများ၌ကယ်တင်ခြင်း၊ယရှုခရစ်တော်အကြောင်းအရာများရည်ညွန်းဖော်ပြခြင်းဖြစ်သတည်း ၂။ထာဝရဘုရားသခင်သည် မောရှောအာသန့်ရှင်းရာတဲ့တော်အဘယ်သို့ ဆောက်ရမည်ဟူ၍အမိန့်တော်ရှိသနည်
  တောင်ပေါ်မှာ သင့်အားပြခဲ့ပြီးသောပုံ နှင့်ညီလျော်စွာလုပ်ခြင်းငှါ သတိပြုရမည်။ထွက်မြောက်ကျမ်း ၂၅း ၄၀။ မှတ်ချက်။သိန်နတောင်ပေါ်မှဘုရား သင့်အားပြခဲ့ပြီးသောပုံ နှင့်ညီလျော်စွာလုပ်ခြင်းငှါ သတိပြုရမည်
၃။သမ္မာကျမ်၌ မောရှေ အစအဦး၌ အဘယ်သို့ လုပ်ဆောင်ရမည်သနည်း
ထိုနည်းတူ၊ခရစ်တော်သည်လူများအပြစ်တို့ကိုခံခြင်းငှါတခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန်ထိုသခင်ကို
 မြော်လင့်လျက်နေသော သူတို့ကိုကယ်တင်ခြင်းအလိုငှါ၊ အပြစ်နှင့် မဆိုင်ဘဲပေါ်ထွန်းတော်မူလတံ့။
ဟေဗြဲသြဝါဒစာ ၉း၂၈
မှတ်ချက်။သန့်ရှင်းရာတဲတော်ကိုပုံဆောင်ခြင်းအရာ၌ ယခုလောကကမ္ဘာကြီး၌ အသွေးအသားကိုယ်ခန္ဒာ၌ ဘုရားသခင်ရှေ့၌နူးညံသိမ်မွှေ့ခြင်းဘုရားကိုပုံဆောင်သခင်ယေရှုခရစ်တော်ပုံဆောင်သန့်ရှင်းသောဝိညာဉ်တော်
ကောင်းကင်တမန်များတို့ကောင်းကင်ဘုံ၌ ကယ်တင်ခြင်းတရားအတွက်ဖြစ်သတည်း
၎။ယေရှုခရစ်တော်လက်ဝါးကားတိုင်အပေါ်၌ သေလွန်သောသမ္မာကျမ်းစာ၌အဘယ်သို့ဖြစ်သည်ကိုဖော်ပြသနည်း
ယေရှုသည် ကြီးသောအသံနှင့်ကြွေးကြော်၍ အသက်ချုပ်တော်မူ၏။
ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်းမှအောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။
ရှင်မာကုခရစ်ဝင်ကျမ်း ၁၅း၃၇-၃၈
မှတ်ချက်။ အောက်ပါအချက်အလျက်များကိုဖတ်ပါ
ယေရှုခရစ်တော်လက်ဝါးကားတိုင်အပေါ် သေလွန်သောအခါအခါ၌ဗိမန်တော်အထဲကကုလာသည်အယ်သို့ ဖော်ပြခြင်းနားလည်နိုင်မည်လော့။၁။ ယေရှုသည် ကြီးသောအသံနှင့်ကြွေးကြော်၍ အသက်ချုပ်တော်မူ၏။
၂။ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်းမှအောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။
ထိုအကြောင်းအရာများ၌ ဖော်ပြခြင်းတရား၌ ယေရှုခရစ်လက်ဝါးကားတိုင်းအပေါ်မှာကြီးသောအသံကြွေကြော်သော အသက်ချုပ်သည်ဟူ၍ဖော်ပြခြင်းမှာယဇ်ပူဇော်အရာ၌ပြီးစည်းကြောင်းကိုဖော်ပြခြင်းဖြစ်သည်သို့ရာတွင်ဗိမာန်တော်၏ ကုလားကာသည်အထက်မှအောငက်စွန်းတိုင်အောင်စုတ်ကွဲလေ၏ထိုအကြောင်းအရာ၏ဆိုလိုခြင်း၏သဘောမှာယဇ်ပရောဟိတ်မင်းကြီးများမလိုတော့ကြောင်းကို ဖော်ပြခြင်း ဖြစ်သည်ယဇ်ပူဇော်ခြင်းမရှိတော့ဝတ်နည်းအထုံအဖွဲ့များပယ်ဖျက်ခြင်းဖြစ်ကြောင်းကို ကောင်းမွန်စွာ နားလည်နိုင်သည်
 သင်တို့သည်တဆေးမဲ့ဖြစ်သည်နှင့်အညီ၊အသစ်သောမုန့်စိမ်းဖြစ်မည်အကြောင်း၊ ဟောင်းသောတဆေးကိုသုတ်သင်
 ပယ်ရှင်းကြလော့။အကြောင်းမူကား၊ခရစ်တော်တည်းဟူသောငါတို့ပသခါသိုးငယ်သည်ငါတို့အဘို့ယဇ်ပူဇော်ရာဖြစ်၏။
 အဖြေကိုဖတ်ပါ။ ကောရိန္တုသြဝါဒစာပဋ္ဌမစောင် ၅း၇ ထိုအခါပလ္လင်တော်မှစသောသတ္တဝါလေးပါးနှင့်အသက်ကြီးသူတို့အလယ်၌၊အသေသတ်ပြီးသကဲ့သို့သောသိုးသငယ်သည်
ရပ်လျက်ရှိသည်ကိုငါမြင်၏။ထိုသိုးသငယ်သည် မြေကြီးတပြင်လုံး၌လွှတ်သောဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးတည်းဟူသော
မျက်စိခုနစ်လုံးနှင့် ချိုခုနစ်ချောင်းရှိ၏။
 သူသည် လာ၍ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော သူ၏လက်ျာလက်မှစာစောင်ကို ခံယူလေ၏။ထိုစာစောင်ကိုခံယူသောအခါ၊သတ္တဝါလေးပါးနှင့်အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည်၊သန့်ရှင်းသူတို့၏ပဌနာတည်း
ဟူသောမီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်သော  ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊အသီးသီးကိုင်၍၊သိုးသငယ်ရှေ့၌ ပြပ်ဝပ်
လျက်၊ကိုယ်တော်သည်အသေသတ်ခြင်းကိုခံတော်မူသောအားဖြင့်၊အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွှယ်ခပ်သိမ်းတို့အထဲမှအကျွန်ုပ်တို့ကိုယူ၍၊အသွေးတော်နှင့်ဘုရားသခင်အဘို့ ရွေးနှုတ်တော်မူ၏။
အကျွန်ုပ်တို့၏ဘုရားသခင့်ရှေ့မှာ၊ရှင်ဘုရင်အရာ၌၎င်း၊ယဇ်ပုရောဟိတ်အရာ၌၎င်း၊ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံရသောအခွင့်ကို ပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကိုခံယူ၍ တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ၏ဟု အသစ်သောသီချင်းကိုသီ၍ လျှောက်ဆိုကြ၏။
 ထိုအခါငါကြည့်၍၊ပလ္လင်တော်မှစသောသတ္တဝါတို့နှင့်အသက်ကြီးသူတို့၏ပတ်ဝန်းကျင်၌၊ကုဋေသင်္ချေမကအတိုင်းမသိများစွာသော
 ကောင်းကင်တမန်တို့၏အသံကိုငါကြား၏။ထိုသူတို့ကလည်း၊အသေသတ်ခြင်းကိုခံခဲ့ပြီးသောသိုးသငယ်သည်၊
တန်ခိုး၊စည်းစိမ်၊ပညာ၊အစွမ်းသတ္တိ၊ဂုဏ်အသရေ၊ဘုန်းအာနုဘော်၊ ကောင်းကြီးမင်္ဂလာကိုခံထိုက်တော်မူ၏ဟု၊ ကြီးသောအသံနှင့် ပြောဆိုကြ၏။ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊သမုဒ္ဒရာအထဲ၊အရပ်ရပ်တို့၌ရှိရှိသမျှသော ဝေ
နေယျသတ္တဝါအပေါင်းတို့က၊
ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောသူနှင့်သိုးသငယ်သည်ကမ္ဘာအဆက်ဆက် ကောင်းကြီးမင်္ဂလာ၊ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိရှိတော်မူ စေသတည်းဟု ပြောဆိုကြသည်ကို ငါကြားလေ၏။
သတ္တဝါလေးပါးတို့ကလည်းအာမင်ဟု ခေါ်ဝေါ်ကြ၏။အသက်ကြီးသူတို့သည်လည်း ပြပ်ဝပ်၍ကိုးကွယ်ကြ၏။
၅။ယနေ့ကာလ၌ အဘယ်သူ ယဇ်ပရောဟိတ်မင်းကြီးဖြစ်သနည်း
အောက်ပါအဖြေကိုဖတ်ပါယခုဆိုခဲ့ပြီးသော အကြောင်းအရာတို့၏ အချုပ်အခြာဟူမူကား၊ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည်ငါတို့၌ရှိ၏။ ကောင်းကင်ဘုံ၌တန်ခိုးအာနုဘော်တော်၏ပလ္လင်လက်ျာဘက်မှာထိုင်နေတော်မူ၏။
လူမဆောင်ဘဲထာဝရဘုရားဆောက်တော်မူသောတဲတော်စစ်တည်းဟူသော၊သန့်ရှင်းရာဌာန၌ဘုရားဝတ်ကိုပြုသောသူဖြစ် တော်မူ၏။
ယဇ်ပုရောဟိတ်မင်းမည်သည်ကား၊ ပူဇော်သက္ကာနှင့် ယဇ်ကိုပူဇော်စေခြင်းငှါ ခန့်ထားလျက် ရှိသည်ဖြစ်၍၊ ငါတို့ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော်စရာယဇ်တစုံတခုရှိရ၏။ဟေဗြဲသြဝါဒစာ ၈း၁-၃
ယဇ်ပရောဟိတ်မင်းကြီးအရာ၌ယခုသန့်ရှင်းဌာန၌ဝင်နေသူသည် ယေရှုခရစ်တော်သည်ဟူ၍ ဖော်ပြခြင်းဖြစ်သည်ထိုသို့နှင့်အညီ၊မှန်သောသန့်ရှင်းရာဌာနတို့၏ပုံဖြစ်သော၊လူတို့လက်ဖြင့်လုပ်သောသန့်ရှင်းရာဌာနထဲသို့ခရစ်တော်သည် မဝင်ဘဲ၊ငါတို့အတွက်ကြောင့်ယခုဘုရားသခင်၏ ရှေ့တော်၌ကိုယ်ကိုပြခြင်းငှါ၊ ကောင်ကင်ကိုယ်ထဲသို့ဝင်တော်မူပြီ။
ဟေဗြဲသြဝါဒစာ ၉း၂၄
ဘုရားသခင်ရှေ့၌  ယေရှုခရစ်အဘယ်မှုများသနည်း အောင်ပါအဖြေများ၁။ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို ကုန်မတတ် အသွေး အားဖြင့် စင်ကြယ်စေတတ်၏။
မှတ်ချက်။ပညတ်ဆိုသောစကားများဘုရားသခင်၏ပညတ်တော်ဆယ်ပါနှင့်မဆိုင်ဘာဘူးဝပ်နည်းနှင့်ဆိုင်သောပညတ်တော်ဝပ်နည်းနှင့်ဆိုင်သောယပ်နည်းအထုံအထွမြားဝဇ်ပူဇော်ခြင်းနှင့်ဆိုင်သောပညတ်တရားများဖြစ်သည်၂။အသွေးမသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိ
 အာဗေလသည်လည်း၊မိမိသိုးစုတွင်အဦးဘွား သောသားအချို့နှင့်၊သိုးဆီဥကိုဆောင်ခဲ့၏။ထာဝရဘုရားသည် အာဗေလနှင့် ကမ္ဘာသီးကျမ်း ၄း၎မှာတွေ့ရှိသောအချက်လျက်များဖြစ်၏ အမှန်တကယ်တော့ ယေရှုခရစ်တော်ကိုပုံဆောင်ခြင်းအကြောင်းအရာဖြစ်၏
သူ၏ပူဇော်သက္ကာကို ပမာဏပြုတော်မူ၏။
၃။ပုံများကို ထိုသို့သောယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရမည်ဖြစ်၍၊
 ၄။ကာင်းကင်အရာ တို့ကို သာ၍ မြတ်သောယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရ၏။
၅။သူတပါးအသွေးနှင့် နှစ်တိုင်းအစဉ်ဝင်ရသကဲ့သို့ခရစ်တော်သည်အဖန်များစွာကိုယ်ကိုပူဇော်ရသည်မဟုတ်။
 ၆။ယေရှုခရစ်တော် သန့်ရှင်းဌာနာ၌ အစပြုခြင်း ယဇ်ပရောက်ဟိတ်မင်းကြီး အစပြုသောအချိန် ကာလထိုသို့ငါနှင့်စကားပြော၍အသံမြည်သောသူကို မြင်ခြင်းငှါငါသည်လှည့်ကြည်လျှင်၊ ရွှေမီးခွက်ခုနစ်လုံးကို၎င်း၊
ဗျာဒိတ်ကျမ်း ၁း၁၂
        
  ထိုသို့ငါနှင့် စကားပြော၍ အသံမြည်သောသူကို မြင်ခြင်းငှါ ငါသည်လှည့်ကြည်လျှင်၊ ရွှေမီးခွက်ခုနစ်လုံး ကို၎င်း၊ဗျာဒိတ်ကျမ်း၁း၁၂ မှာတွေ့ရသောအချက် ယေရှုခရစ်တော်သည် ယခုယဇ်ပရောဟိတ်အရာ၌သန့်ရှင်းရာဌာန်၌ ရှိနေသည်ဖြစ်သတည်း
က။ ငါသည်လှည့်ကြည်လျှင်၊ ရွှေမီးခွက်ခုနစ်လုံး ကို၎င်း အင်းတော်(၇)ပါး
ခ။ မီးခွက် ခုနစ်လုံးအလယ်၌လူသားတော်နှင့်တူသော သူတဦးကို၎င်း၊ မြင်၏။ခရစ်တော်
၇။ဗျာဒိတ်ကျမ်းသင်ခန်း(၂) အတွင်၌ပါရှိသောဒံယေလအနာဂတ္တိကျမ်း(၉)၌ပါရှိသောပရောဖက်ပြုချက်များ

(က)။ ကျွန်ပ်တို့ပြန်၍ ပရောက်ဖက်ပြုချက်များ ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၌ပါရှိ ဘုရားသခင်ယုဒလူတို့ပေးတော်မူ ဧဝံဂေလိသိတင်းစကား အနှစ် ၄၉၀ နှစ်တွင် ထိုသူအခွင့်အရေး ဗာဗုလုန်ရှင်ဘုရင် ဗေလရှာဇာ၏ ဗိန်မာန်တော် ပြင်စင်သော ကာလအချန်ဖြစ် ချ န ၄၅၇ ခုနှစ်အတွင် မှစ၍ စတေးဖဂဲ့နှင်ပေါက်သတ်သော ကာလ နွေကာလ၌ ခန် ၃၄ခုနှစ်တွင် (ခ) အစအဦး၌ ၄၈၃ ခုနှစ်အတွင် မေရှီးယ ယေရှုခရစ်တော် ပေါ်ထွန်သော ကာလ၌ ဟုတ်မှန်သော မေရှးယကဲ့သို့ နွေကာလ၌ ခ န ၂၇ ခုနှစ် ယေရှုသည်ဗတ္တံဇံကို ခံတော်မူ၏ ဗံတ္တိဇံခံခြင်း အ၏အဓိပ္ပါယ် ဘိတ်သိပ်ပေးခြင်း (ဂ) ယေရှုခရစ်တော် လက်ာဝ့းကားတိုင် တင်၍အသက်ခံသော ၃ နှစ် နှစ်တဝက် အခန်ကာလ၌ ခ န ၃၁ ခုနှစ် အတွင် ပတ်သကာ အချိန်ကာဖြစ်၏ ထိုအရာတို့ဖြစ်သောကာလ ၇၀ ခုနှစ်အတွင် သတိင်းအပတ်အတွင် ပရောဖက် ဒံယေလပရောဖက်ပြုသည့်အတိုင် ပြည်စုံခဲ့လေသည်

တသိတင်းတွင်လူအများတို့နှင့်ပဋိညာဉ်ဖွဲ့ခြင်းရှိ၍၊ထိုသိတင်းတဝက်တွင်ယဇ်ပူဇော်ခြင်းနှင့်ဆက်ကပ်ခြင်းကိုပပျောက်စေလိမ့်မည်။
ရွံရှာဘွယ်သောအရာ၏အထွဋိပေါ်သို့ဖျက်ဆီးသောသူသည် ရောက်၍၊စီရင်ဆုံးဖြတ်သောသုတ်သင်ပယ်ရှင်းခြင်းသည်ပျက်စီး
အပ်သော သူတို့ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။ ဒံယေလအနာဂတ္တိကျမ်း ၉း၂၇
ယုဒလူတို့ ဇတေးဖကိုဂဲ့နှင့်ပေါက်သတ်သော ၃ သိတင်း အပတ် တစ်ဝက်အတွင်၌ ခန ၃၄ ခုနှစ်အတွင် အတုံးတိုင်သို့ရောက်ခဲ့လေသည်
၈။ယေရှုခရစ်တော်နှင့် တပြည့်တော်တို့သည် တကျိပ်နှစ်ပါးတို့ အဘယ်ကြောင့် တပါးသောအမျိုး ထံမသွားကြနှင့်
ထိုတကျိပ်နှစ်ပါးသော သူတို့ကို ယေရှုသည် စေလွှတ်တော်မူ၍၊ သင်တို့သည် တပါး အမျိုးသားတို့ရှိရာသို့ မသွားကြနှင့်။ ရှမာရိ မြို့ရွာထဲသို့ မဝင်ကြနှင့်။
ဣသရေလအမျိုး၊ ပျောက်လွင့်သောသိုးများရှိရာသို့ အရင်သွားကြလော့။
မှတ်ချက်။ယေရှုခရစ်တော်လူဒလူတို့အားပေးလိုက်သောအခွင့်အားဖြင့်ထိုသို့အားဖြင့်ဧဝံဂေလိတရား လောကီနိုင်ငံ
ကြားပြောစေငှါ ထိုအခွင့်ဖြင့်ပေးလိုက်တော်မူ၏ ထိုအခါ ကာလ၌ ခ န ၃၄ ခုနှစ် ထိုသို့သိစေအံ့သောငှါ ဘုရားသခင်၏ အလိုတော်သို့လိုက်စေအံခြင်း ဆုံစမ်းတော်မူလေသတည်း
၉။ထိုအားဖြင့် ယုဒလူမျိုးတို့ အဘယ်သို့ ခရစ်ယာန်များရက်ဆက်ညှဉ်ပန်နိပ်ဆက်ကြသနည်း
ထိုကြောင့်အရပ်ရပ်သို့ကွဲပြားသောသူတို့သည်လှည့်လည်၍ နှုတ်ကပတ်တော်တည်းဟူသောဧဝံဂေလိတရားကို
ဟောပြောကြ၏။တမန်တော်ဝတ္ထု ၈း၎
ထိုအခါ ပေါလုနှင့်ဗာနဗတို့ကဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုသင်တို့အား ရှေ့ဦးစွာဟောပြောရ၏။သို့သော်လည်း
သင်တို့သည်ပယ်၍ထာဝရအသက်ကိုမိမိတို့မခံထိုက်သည်ဟုမိမိတို့စီရင်ကြသောကြောင့်၊ထာဝရဘုရားသည်မှာတော်မူသည်
အတိုင်း ငါတို့သည် မျက်နှာကိုလွှဲ၍ တပါးအမျိုးသားတို့ဆီသို့ လှည့်ကြ၏။တမန်တော်ဝတ္ထု ၁၃း၄၆
မှတ်ချက်။အောက်ပါအဖြေများကိုဖတ် သမ္မာကျမ်း အတိုင်းပြန်ဖြေထားပေပါသည်၁။ ထိုကြောင့် အရပ်ရပ်သို့ကွဲပြားသောသူတို့သည် လှည့်လည်၍
၂။ နှုတ်ကပတ်တော် တည်းဟူသော ဧဝံဂေလိတရားကို ဟောပြောကြ၏။
၃။ထိုအခါ ပေါလုနှင့်ဗာနဗတို့က ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို
၎။သင်တို့အား ရှေ့ဦးစွာဟောပြောရ၏
၅။သို့သော်လည်းသင်တို့သည်ပယ်၍ထာဝရအသက်ကိုမိမိတို့မခံထိုက်သည်ဟုမိမိတို့စီရင်ကြသောကြောင့်၊
၆။ထာဝရဘုရားသည်မှာတော်မူသည်အတိုင်းငါတို့သည်မျက်နှာကိုလွှဲ၍တပါးအမျိုးသားတို့ဆီသို့လှည့်ကြ၏။
၁၀။ယေရှုခရစ်တော်ယုဒလူးတို့အား အဘယ်သို့ မိန့်တော်မူသနည်းထိုကြောင့်ငါဆိုသည်ကား၊ဘုရားသခင်၏နိုင်ငံတော်ကိုသင်တို့မှနှုတ်၍နိုင်ငံတော်၏အသီးကိုသီးအံ့သောလူမျိုးအား ပေးရလတံ့။ရှင်မဿဲခရစ်ဝင်ကျမ်း ၂၁း၄၃
အကြောင်းမူကား၊ ယေရှုခရစ်ထံ၌အရေဖျားလှီးခြင်းအကျိုးမရှိ၊မခံဘဲနေခြင်းလည်းအကျိုးမရှိ။သတ္တဝါသစ်ဖြစ်ခြင်းသာ အကျိုးရှိ၏။ဤနည်းဥပဒေသအတိုင်းကျင့်သောသူရှိသမျှတို့အပေါ်၌၎င်း၊ဘုရားသခင်၏ဣသရေအမျိုးအပေါ်၌၎င်း၊
ငြိမ်သက်ခြင်းနှင့် သနားတော်မူခြင်းသက်ရောက်ပါစေသော။ ဂလာတိသြဝါဒစာ ၆း၁၅-၁၆
သင်တို့မူကား မှောင်မိုက်ထဲမှအံ့ဘွယ်သောအလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ဂုဏ်ကျေးဇူးများကိုဘော်ပြစေခြင်းငှါ၊
ရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏။မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး၊သန့်ရှင်းသောလူမျိုး၊ပိုင်ထိုက်တော်မူသော
အပေါင်းအသင်းဖြစ်ကြ၏။ ရှင်ပေတရုသြဝါဒစာပဌမစောင် ၂း၉
မှတ်ချက်။အောက်ပါ အချက်အလျက်များ ဖတ်ပါ သမ္မာစာအတိုင် အပြန်ဖြေသွားတာဖြစ်ပါတယ်
၁။ နှုတ်၍နိုင်ငံတော်၏အသီးကိုသီးအံ့သောလူမျိုးအား ပေးရလတံ့။
၂။ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်းအကျိုးမရှိ၊ ယေရှုခရစ် အစားထိုးထားခြင်း (ဗတ္တံဇံ)
၃။ မခံဘဲနေခြင်းလည်းအကျိုးမရှိ။ သတ္တဝါသစ်ဖြစ်ခြင်းသာ အကျိုးရှိ၏
၎။ဤနည်းဥပဒေသအတိုင်း ကျင့်သောသူရှိသမျှတို့အပေါ်၌၎င်း
၅။ဘုရားသခင်၏ ဣသရေအမျိုးအပေါ်၌၎င်း၊ ငြိမ်သက်ခြင်းနှင့်သနားတော်မူခြင်းသက်ရောက်ပါစေသော။
၆။ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏။
၇။ သန့်ရှင်းသော လူမျိုး
 


   

၁၁။ဘုရားသခင်၏ နေ့ရက်တို့သည် တရားစီရင်ခြင်းငှါတည်ကြ၏

ယခင်ပြောသောသူက၊ရက်ပေါင်းနှစ်ထောင်သုံးရာတိုင်တိုင်တည်လိမ့်မည်။ထိုနောက်၊သန့်ရှင်းရာဌာနကိုတဖန်
ဆေးကြောသုတ်သင်ကြလိမ့်မည်ဟု ပြန်၍ပြောဆို၏။ ဒံယေလအနာဂတ္တိကျမ်း ၈း၁၄
မှတ်ချက်။ဒံယေလ ပရောဖက်ပြုချက်၌ ရှေ့လာမှီ တစ်ရက် ၂၃၀၀ အနှစ် ၂၃၀၀ နှစ်ပရောဖက်ပြုသော
သင်တို့နေရာအရပ်ရပ်၌ရှိသောမြို့တို့သည်ပြိုပျက်၍၊ မြင့်သောအရပ်တို့သည်လူဆိတ်ညံလျက်၊ယဇ်ပလ္လင်တို့သည်
သုတ်သင်ပယ်ရှင်းလျက်၊ရုပ်တုဆင်းတုအမျိုးမျိုးတို့သည်ခုတ်လှဲချိုးဖဲ့ခြင်းကိုခံရလျက်သင်တို့လုပ်သောအရာတို့သည်
ပျောက်ပျက်လျက်ရှိကြလိမ့်မည်။ယေဇကျေးလအနာဂတ္တိကျမ်း၎း၆။ထိုသို့အရာများတွင်သန့်ရှင်ဌာနကောင်းကင်
ဘုံ၌ပုံဆောင်၏( သတ္တမလ၊ ဋ္ဌသမနေ့သည်လည်း အပြစ်ဖြေရာနေ့၊ဓမ္မစည်းဝေးခြင်းကို ပြုသောနေ့ဖြစ်၏။ ခြိုးခြံစွာကျင့်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။
ထိုနေ့၌ အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ကိုယ်အပြစ်ဖြေခြင်းကို ပြုရသောနေ့ဖြစ်၏။
ထိုနေ့၌ ခြိုးခြံစွာမကျင့်သောသူမည်သည်ကား မိမိအမျိုးမှပယ်ရှင်း ခြင်းကိုခံရမည်။
ထိုနေ့၌ အလုပ်တစုံတခုကို လုပ်သောသူမည်သည်ကို၊ သူ၏အမျိုးမှ ငါပယ်ရှားဖျက်ဆီးမည်။ဝတ်ပြုရာကျမ်း ၂၃း၂၇-၃၀
၁၂။ဘုရားသခင်၏ တရားစီရင်ခြင်း အဘယ်အချိန်ကာမှအစပြုသနည်း
ရက်ပေါင်း ၂၃၀၀ ပရောက်ဖက်ပြုချက်ရှိသည်အတိုင် စ၍

မှတ်ချက်။တရားစီရှုင်ခြင်း အဘယ်အချိန်ကာအစပြုလဲ ကောင်းကင်၌ အနှစ် ၁၀၀ မကာရှိနေပြ။၁၃။ထိုသိတင်းခြောက်ဆယ်နှစ် သိတင်းလွန်ပြီးမှ ခရစ်တော်သည် အခွင့်မရဘဲ အသေသတ်ခြင်းကို ခံရလိမ့်မည်။ ထိုနောက်မှ လာသောသခင်၏ လူတို့သည် မြို့တော်ကိုင်း၊ သန့်ရှင်းရာ ဌာနကို င်း ဖြိုဖျက်ကြလိမ့်မည်။ ရေလွှမ်းမိုးသောအားဖြင့် ဆုံးရှုံးခြင်းအားဖြစ်လိမ့်မည်။ အဆုံးတိုင်အောင် စစ်တိုက်ခြင်း၊ ပျက်စီးရာနှင့် ဆိုင်သော စီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည်။ဒံယေလအနာဂတ္တိကျမ်း ၉း၂၆
ဘိပ်သိပ်ခံသောသူ သန့်ရှင်းရာ ဌာနကို င်း ဖြိုဖျက်ကြလိမ့်မည်။
မှတ်ချက်။ထိုသူသည် ကျွန်ပ်တို့လောကသားများအတွက် လက်ဝါးကားတိုင်အပေါ်၌ အသေခံတော်မူသည်
ထိုသူ အဘယ်သို့ အပြစ်မရှိ လောကီသားများချစ်တော်မူ၍ မိမိအသက်ကိုစွန့်တော်မူသည့်တုင်အောင် ချစ်တော်မူ၏
၁၄။ထာဝရဧဝံဂေလိတရားတော် ဘုရားသခင်၏ လူမျိုးနွှယ်အား ဘုရားသခင်ကောင်းကင်တမန်တပါးအဘယ်သို့ ဟောပြောသနည်း။
မြေကြီးပေါ်မှာနေသောသူတည်း ဟူသော အသီးအသီးဘာသာစကားကို ပြောသော လူအမျိုး အနွှယ် ခပ်သိန်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊ဘုရား သခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့၊ တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကိုကိုးကွယ်ကြလော့ဟု ကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။ဗျာဒိတ်ကျမ်း ၁၄း၆-၇
မှတ်ချက်။ ကျွန်ပ်တို့သည် အတွက်ကြောင့် တရားစီရင်အကြောင်းများကို ဟောပြောရသည်မှာဘုရားသခင်
၏ တရားစီရင်ခြင်း ဘုရားသခင်၏ နိုင်ငံတော်အတွင်သို့အစပြုနေသည်ဖြစ် အထူသတိပေးခြင်း စဉ်းစား ဆင်ကြင်နိုင်မည်အကြောင်း ဟောပြောရပေသည်။ကောင်းကင်ဘုံ၌တရားစီရင်ခြင်း၁၈၄၄ခုနှစ်မှာစ၍တရား စီခြင်းကို လောကီးသားအပေါင်းတို့အတွက်အယောက်ဆီတိုင်အဆုံးခန်းတိုင်အောင်ရောက်နေပြီဖြစ်ကြောင့်တရားဆီရင်ပြီးတော့မည်ဖြစ်၏
၁၅။ယခု ဘုရားသခင်ရှေ့၌ ရှေ့နေ အဖြစ် လူသာများအတွက်ယဇ်ပုရောဟိတ်အရာ၌၎င်း၊ခန့်ထားသနည်းကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ အသီးအသီး ဘာသာစကားကိုပြောသော လူအမျိုးအနွှယ်ခပ်သိမ်းတို့အထဲမှအကျွန်ုပ်တို့ကိုယူ၍၊အသွေးတော်နှင့်ဘုရားသခင်အဘို့ ရွေးနှုတ်တော်မူ၏။
အကျွန်ုပ်တို့၏ ဘုရားသခင့်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံရသောအခွင့်ကို ပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကိုခံယူ၍ တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ၏ဟု အသစ်သောသီချင်းကိုသီ၍ လျှောက်ဆိုကြ၏။
ဗျာဒိတ်ကျမ်း ၅း၉-၁၀
မှတ်ချက်။ယေရှုခရစ်တော်သည် ဘုရားသခင်ရှေ့၌ ခန့်ထား၍ ကျွန်ပ်တို့အတွက် ဆုတောင်လျက်ရှိ၏
၁၆။ယေရှုခရစ်တော် ကျွန်ပ်တို့အတွက်ကယ်တင်ဖြစ်ကြောင့် ချီးမွမ်းသောအဘယ်ဦးမျှရှိသနည်း
ထိုအခါငါကြည့်၍၊ ပလ္လင်တော်မှစသော သတ္တဝါတို့နှင့် အသက်ကြီးသူတို့၏ ပတ်ဝန်းကျင်၌၊ ကုဋေသင်္ချေမက အတိုင်းမသိများစွာသော ကောင်းကင်တမန်တို့၏အသံကို ငါကြား၏။
ဗျာဒိတ်ကျမ်း ၅း၁၁
၁၇။သန့်ရှင်းရဌာန နှင့်သန့်ရှင်းသောတဲ့တော်
 
၁။တဲတော်ဝင်းကာရန်မူကား၊အလျားအတောင်တရာရှိသောပိတ်ချောနှင့် တောင်ဘက်၌ကုလားကာကိုလုပ်ရမည်။
ထိုကုလားကာဘို့တိုင်နှစ်ဆယ်၊တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍တိုင်တံစို့၊တိုင်တန်းတို့ကို ငွေဖြင့်ပြီးစေရမည်။
ထိုနည်းတူ၊ မြောက်ဘက်၌ကာရန်အလျားအတောင်တရားရှိသောကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသောကြေး
ဝါထိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ်နှစ်ဆယ်ရှိရမည်။
အနောက်ဘက်အနံ၌ကာရန်၊အလျားအတောင်ငါးဆယ်ရှိသောကုလားကာနှင့်တကွတိုင်တဆယ်၊ ခြေစွပ်တဆယ်ရှိရမည်။
အရှေ့ဘက်၌ လည်း အနံအတောင်ငါးဆယ်ရှိရမည်။ထွက်မြောက်ရာကျမ်း ၂၇း ၉-၁၃
၂။ သက်သေခံ ချက်ထားသော သေတ္တာကို၊ ကုလားကာအတွင်းသို့သွင်းစရာဘို့ ထိုကုလားကာကို ရွှေချောင်းဖြင့် ဆွဲကာ၍၊ ဟဂျာ အရပ်၊ ဟဂျာဟဂျုံ အရပ်နှစ်ပါးစပ်ကြား၌ အပိုင်းအခြားဖြစ်ရမည်။ထွက်မြောက်ကျမ်း ၂၆း၃၃
ယဇ်ပူဇော်ရာဌာန
တနည်းကား၊ အလျားငါးတောင်၊ အနံငါးတောင်ရှိ၍ စတုရန်းလေးထောင့်ဖြစ်သော ယဇ်ပလ္လင်ကို၊ အကာရှ သားနှင့် လုပ်ရမည်။ အမြင့်လည်း သုံးထောင်ရှိရမည်။
ယဇ်ပလ္လင် လေးထောင့်အပေါ်မှာ၊ ဦးချိုလေးချောင်းကို အကာရှသားနှင့် လုပ်၍ ကြေးဝါနှင့်မွမ်းမံရမည်။
ပြာခံစရာအိုးနှင့် တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်း အစရှိသော ယဇ်ပလ္လင်နှင့် ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့် လုပ်ရမည်။
ကြေးဝါဆန်ခါကို၎င်း၊ ဆန်ခါလေး ထောင့်အပေါ်မှာ ကြေးဝါလေးကွင်းကို၎င်း လုပ်ပြီးလျှင်၊
ယဇ်ပလ္လင်ခါးပန်း အောက်၊ အလယ်၌ထားရမည်။
ယဇ်ပလ္လင်ထမ်းစရာ အကာရှသား ထမ်းဘိုးတို့ကို လုပ်၍ ကြေးဝါနှင့် မွမ်းမံပြီးမှ၊
ယဇ်ပလ္လင်ကိုထမ်းစရာဘို့ တဘက် တချက်ကွင်းများ၌ လျှိုထားရမည်။
တောင်ပေါ်မှာသင့်အား ပြသည်အတိုင်း၊ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှါ၊ ပျဉ်ပြားနှင့်လုပ်ရမည်။ထွက်မြောက်ကျမ်း ၂၇း၁-၈
လက်ခြေ ဆေးစရာဘို့ ကြေးဝါခြေထောက်ပါသော ကြေးဝါအင်တုံ
အာရုန်နှင့် သူ၏သားတို့ လက်ခြေ ဆေးစရာဘို့ ကြေးဝါခြေထောက်ပါသော ကြေးဝါအင်တုံကိုလုပ်၍၊ ပရိသတ်စည်းဝေးရာတဲတော်နှင့် ယဇ်ပလ္လင် စပ်ကြား၌ ထားရမည်။
သူတို့သည် ပရိသတ်စည်းဝေးရာတဲတော်သို့ ဝင်သော်၎င်း၊
အမှုတော်ကိုထမ်း၍ ထာဝရ ဘုရားအား မီးရှို့သောယဇ်ကို ပူဇော်ခြင်းငှါ၊ ယဇ်ပလ္လင်အနားသို့ ချဉ်းကပ်သော်၎င်း၊
သေဘေးနှင့် ကင်းလွတ်မည် အကြောင်း၊ မိမိတို့လက်ခြေကို ဆေးရမည်။ ထိုသို့သူတို့နှင့် သူတို့အမျိုးအနွှယ် အစဉ်အဆက် တို့သည် စောင့်ရသော ပညတ်တော်ဖြစ်သတည်းဟု မိန့်တော်မူ၏။
ထွက်မြောက်ကျမ်း ၃၀း၁၈-၂၁
တဲတော်ဝင်းကာရန်မူကား၊ အလျားအတောင်တရာရှိသော ပိတ်ချောနှင့် တောင်ဘက်၌ကုလားကာကို လုပ်ရမည်။ထွက်မြောက်ကျမ်း ၂၇း၉
အလျားနှစ်တောင်၊ အနံတတောင်၊ အမြင့်တတောင်ထွာရှိသော စားပွဲကိုလည်း အကာရှသားနှင့် လုပ်၍၊
ရွှေစင်နှင့် မွမ်းမံရမည်။ စားပွဲအပေါ်နားပတ်လည်၌ ကွပ်သောရွှေတန်ဆာကို၎င်း၊
အနံလက် တဝါးရှိသော ခါးပန်း ကို၎င်း၊ ခါးပန်းအပေါ်နားပတ်လည်၌ ကွပ်သောရွှေတန်ဆာကို၎င်းလုပ်ရမည်။
ရွှေလေးကွင်း ကိုလည်းလုပ်၍၊ ခြေထောက်လေးခုအထက် စားပွဲလေးထောင့်၌ တပ်ရမည်။
ထိုရွှေကွင်းတို့သည် ခါးပန်းပေါ်မှာ ရှိ၍၊ စားပွဲထမ်းစရာ ထမ်းဘိုးနေရာဖြစ်ရမည်။
စားပွဲထမ်းစရာအကာရှသား ထမ်းဘိုးကိုလုပ်၍ ရွှေနှင့် မွမ်းမံရမည်။
စားပွဲနှင့် ဆိုင်သော လင်ပန်း၊ ဇွန်း၊ အင်တုံ၊ လောင်းစရာဖလားများကိုလည်း ရွှေစင်နှင့် လုပ်ရမည်။
ငါ့ရှေ့၊ စားပွဲပေါ်မှာ ရှေ့တော်မုန့်ကို အစဉ်တင်ရမည်။ထွက်မြောက်ကျမ်း ၂၅း၂၃-၃၀
ယေရှုခရစ် သည်မုန့် ပဠိညာဉ် တရားအသစ်ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကို ဖဲ့၍၊ ဤမုန့်ကား၊ သင်တို့အဘို့အလိုငှါ ချိုးဖဲ့သောငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့။ ငါ့ကိုအောက်မေ့ဘို့ရာ ဤသို့ပြုကြလော့ဟု မိန့်တော်မူ၏။
ထိုနည်းတူ၊ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား ငါ၏အသွေး၌ တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။ ဤခွက်ကို သောက်သောအခါ၊ ငါ့ကိုအောက်မေ့ဘို့ရာ သောက်ကြလော့ ဟု မိန့်တော်မူ၏။ကောရိန္တုသြဝါဒစာ ၁၁း၂၄-၂၅
ရွှေမီးခွက်ခုနှစ်လုံး
အနံလက် တဝါးရှိသော ခါးပန်း ကို၎င်း၊ ခါးပန်းအပေါ်နားပတ်လည်၌ ကွပ်သောရွှေတန်ဆာကို၎င်းလုပ်ရမည်။
ရွှေလေးကွင်း ကိုလည်းလုပ်၍၊ ခြေထောက်လေးခုအထက် စားပွဲလေးထောင့်၌ တပ်ရမည်။
ထိုရွှေကွင်းတို့သည် ခါးပန်းပေါ်မှာ ရှိ၍၊ စားပွဲထမ်းစရာ ထမ်းဘိုးနေရာဖြစ်ရမည်။
စားပွဲထမ်းစရာအကာရှိသား ထမ်းဘိုးကိုလုပ်၍ ရွှေနှင့် မွမ်းမံရမည်။
စားပွဲနှင့် ဆိုင်သော လင်ပန်း၊ ဇွန်း၊ အင်တုံ၊ လောင်းစရာဖလားများကိုလည်း ရွှေစင်နှင့် လုပ်ရမည်။
ငါ့ရှေ့၊ စားပွဲပေါ်မှာ ရှေ့တော်မုန့်ကို အစဉ်တင်ရမည်။ ထွက်မြောက်ရာကျမ်း ၂၅း ၃၁-၄၀
ယေရှုခရစ်တော်သည် လောက၏အလင်းဖြစ်၏
တဖန်တုံ ယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ၊ အသက်၏အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏။ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၈း၁၂
ထိုသူ၏နာမကိုအသက်စာစောင်မှငါသည်အလျှင်းမချေ။ငါ့ခမည်းတော်ရှေ့၌၎င်း၊ ကောင်းကင်တမန်တော်တို့ရှေ့၌၎င်း၊ကောင်းကင်တမန်တို့ရှေါ၏သူ၏နာမကိုငါဝန်ခံမည်။ဗျာဒိတ်ကျမ်း ၄း၅
ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ပြန်လာ၍၊ အိပ်ပျော်သောသူကို နှိုးသကဲ့သို့ ငါ့ကိုနှိုးလျက်၊သင်သည်အဘယ်အရာကိုမြင်သနည်းဟု မေးလျင်၊ ငါက၊ အကျွန်ုပ်သည် ကြည့်ရှု၍ ရွှေအတိပြီးသော ဆီမီးခုံကို မြင်ပါ၏။ မီးခုံတိုင်အဖျား၌ ဆီအိုးတလုံး၊ မီးခွက်ခုနစ်လုံး၊ ဆီအိုးနှင့် မီးခွက်ခုနစ်လုံးဆက်သော်၊ ပြွန်တံခုနစ်တံရှိပါ၏။
ဆီအိုးလက်ျာဘက်၌ သံလွင်ပင်တပင်၊ လက်ဝဲဘက်၌ တပင်၊ မီးခုံကိုလွမ်းမိုဃ်းသော သံလွင်ပင်နှစ်ပင်ရှိပါသည်ဟု ဆိုပြီမှ၊
ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အား အကျွန်ုပ်သခင်၊ ဤအရာတို့ကား အဘယ်အရာဖြစ်သနည်းဟု မေးသော်၊
ငါနှင့်ပြောဆိုသော ကောင်းကင်တမန်က၊ ဤအရာတို့က၊ အဘယ်အရာဖြစ်သည်ကို နားမလည်သလော ဟု မေးလျှင်၊ အကျွန်ုပ်နားမလည်ပါသခင်ဟု လျှောက်၏။
ကောင်းကင်တမန်ကလည်း။ ဇေရုဗဗေလသို့ ရောက်လာ သောထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ ဤအမှုသည် ဗိုလ်ခြေအားဖြင့် မဟုတ်၊ အာဏာတန်ခိုးအားဖြင့် မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဇာခရိအနာဂတ္တိကျမ်း ၄း၁၆
တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူပြန်သည်ကား၊
နားထောင်လော့၊ ငါသည် ယုဒအမျိုး သား ဟုရ၏သားဖြစ်သော ဥရိ၏သားဗေဇလေလကို အမည်ဖြင့်ခန့်ထား၏။
သူသည် ရွှေငွေကြေးဝါကို လုပ်သော အတတ်၊ ကျောက်ကိုသွေး၍ စီသောအတတ်၊ သစ်သားကိုထုလုပ်သောအတတ်နှင့် အမျိုးမျိုးသောအလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း ဥာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးတို့ကို ငါပေး၍၊ ဘုရားသခင်၏ ဝိညာဉ်တော်နှင့်ပြည့်စုံစေ၏။
သူနှင့်အတူ ဒန်အမျိုးသား အဟိသမက်၏သား၊ အဟောလျဘကိုလည်း ငါခန့်ထား၏။ ငါသည် သင့်အား မှာထားသမျှတို့ကို လိမ္မာသောသူအပေါင်းတို့သည် လုပ်တတ်မည်အကြောင်း၊ သူတို့နှလုံးထဲသို့ ဥာဏ်ပညာကို ငါသွင်းထားပြီ။
ထိုသူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်၊ သက်သေခံချက်သေတ္တာ၊ သေတ္တာ အပေါ်မှာတင်သော သေတ္တာအဖုံး၊ တဲတော်တန်ဆာရှိသမျှကို၎င်း၊
စားပွဲနှင့်စားပွဲတန်ဆာကို၎င်း၊ စင်ကြယ်သော မီးခုံနှင့် မီးခုံတန်ဆာရှိသမျှကို၎င်း၊ နံ့သာပေါင်းရှို့သောပလ္လင်၊
မီးရှို့ရာယဇ်ပူဇော်သော ပလ္လင်တန်ဆာရှိသမျှကို၎င်း၊ အင်တုံနှင့် အင်တုံခြေထောက်ကို၎င်း၊
ထွက်မြောက်ရာကျမ်း၃၀း၁-၉
ထိုစာစောင်ကို ခံယူသောအခါ၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည်၊ သန့်ရှင်းသူတို့၏ ပဌနာတည်းဟူသော မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်သော ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊ အသီးသီး ကိုင်၍၊ သိုးသငယ်ရှေ့၌ ပြပ်ဝပ်လျက်၊ဗျာဒိတ်ကျမ်း ၅း၈
ရှေ့တော်၌ မြည်တမ်းသောစကားကို မြွက်၍ခံရသော ဆင်းရဲဒုက္ခများကို ကြားလျှောက်ရ၏၊
ဆာလံကျမ်း ၁၃၁း၂
သေတ္တာအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်ရမည်။
ရွှေလေးကွင်းကို သွန်း၍၊ သေတ္တာလေးထောင့်၌ တမျက်နှာ နှစ်ကွင်းစီတပ်ရမည်။
အကာရှသား ထမ်းဘိုးကိုလုပ်၍ ရွှေနှင့် မွမ်းမံပြီးမှ၊
သေတ္တာထမ်းစရာဘို့ တဘက် တချက် ရွှေကွင်းထဲသို့ လျှိုထားရမည်။
ထိုထမ်း ဘိုးကိုလည်း သေတ္တာရွှေကွင်းထဲက မနှုတ် အစဉ်ရှိစေရမည်။
ငါပေးသော သက်သေခံချက်ကို၊ ထိုသေတ္တာထဲမှာ ထားရမည်။
အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း ရွှေနှင့်လုပ်ရမည်။
ရွှေခေရုဗိမ် နှစ်ပါးကိုလည်း သေတ္တာအဖုံးတွင် အလျားတဘက်တချက်၌ ထုလုပ်ရမည်။
ထိုခေရုဗိမ်နှစ်ပါးကို သေတ္တာဖုံးကိုယ်ထဲ ကထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက်တပါးစီလုပ်ပြီးလျှင်၊
ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံး ကိုရှုလျက်၊ မိမိအတောင်ကိုဖြန့်၍သေတ္တာဖုံးကို မိုးရမည်။
သေတ္တာအဖုံးကို သေတ္တာပေါ်မှာ တင်ရမည်။ ငါပေးသော သက်သေခံချက်ကိုလည်း သေတ္တာထဲမှာထားရမည်။
ထိုအရပ်၌ ငါသည်သင်နှင့်တွေ့၍၊ သက်သေခံချက်ထားသော သေတ္တာဖုံးအပေါ်၊ ခေရုဗိမ်နှစ်ပါးစပ်ကြားမှာ သင်နှင့်နှုတ်ဆက် သဖြင့်၊ ဣသရေလအမျိုးသားတို့၌ ဆင့်ဆိုရာသမျှတို့ ကိုစီရင်မည်။
ထွက်မြောက်ရာကျမ်း ၂၅း၁၀-၂၂
အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း ရွှေနှင့်လုပ်ရမည်။
ရွှေခေရုဗိမ် နှစ်ပါးကိုလည်း သေတ္တာအဖုံးတွင် အလျားတဘက်တချက်၌ ထုလုပ်ရမည်။
ထိုခေရုဗိမ်နှစ်ပါးကို သေတ္တာဖုံးကိုယ်ထဲ ကထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက်တပါးစီလုပ်ပြီးလျှင်၊
ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံး ကိုရှုလျက်၊ မိမိအတောင်ကိုဖြန့်၍သေတ္တာဖုံးကို မိုးရမည်။
သေတ္တာအဖုံးကို သေတ္တာပေါ်မှာ တင်ရမည်။ ငါပေးသော သက်သေခံချက်ကိုလည်း သေတ္တာထဲမှာထားရမည်။
ထိုအရပ်၌ ငါသည်သင်နှင့်တွေ့၍၊ သက်သေခံချက်ထားသော သေတ္တာဖုံးအပေါ်၊ ခေရုဗိမ်နှစ်ပါးစပ်ကြားမှာ သင်နှင့်နှုတ်ဆက် သဖြင့်၊ ဣသရေလအမျိုးသားတို့၌ ဆင့်ဆိုရာသမျှတို့ ကိုစီရင်မည်။
ထွက်မြောက်ရာကျမ်း ၂၅း၁၇-၂၂
သင်တို့စည်း ဝေးသော နေ့၌ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲကမိန့်မြွက်တော်မူသော ပညတ်တော် ဆယ်ပါးတို့ကို၊ အရင်စာ၌ လာသည်အတိုင်း၊ ထာဝရဘုရားသည် ရေးထား၍ ငါ့အား ပေးတော်မူ၏။
ငါသည်လည်းလှည့်၍ တောင်ပေါ်က ဆင်းသဖြင့်၊ လုပ်ပြီးသော သေတ္တာထဲ၌ ထိုကျောက်ပြားကို ထား၍၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ထိုသေတ္တာထဲ၌ ယခုရှိ၏။
တရားဟောရာကျမ်း ၁၀း၎-၅

The Battle of Armageddon

      The Battle of Armageddon This frightening apocalyptic word “Armageddon” refers to earth’s final battle which is gener...