နောဧ၏ကျွန်ပ်သည်အဘယ်ကြောင့် ထိုအကြောင်းအရာများ ပြောဆိုရသည်မှာ ကျွန်ပ်သည်ဘုရားသခင်၏ ကျွန်ဖြစ်သောကြောင့် ဘုရားသခင်မိန့်တော်ရှိသည်အတိုင်း ကျွန်ပ်ဟော
ရခြ ခေတ်ကလ၌ ဖြစ်သကဲ့သို့ ယခုခေတ်ကလ၌ ဖြစ်ပျက်နေခြင်းအကြောင်း။င်းသက်သက်ဖြစ်သည်။ သို့မပြုလျှင် ဘုရားသခင်သည် လူဆိုးတို့၏ အသက်ဖိုး ကျွန်ပ်ထံဘုရားသခင်တောင်းလိမ့်မည်ဖြစ်သောကြာင့် ကျွန်ပ်သည် သတိပေးခြင်းသက်
သက်ဖြစ်သည်
အချင်းလူသား သင့် ကို က္ကှ သရေ လ အမျိုး၌ ကင်းစောင့် စေခြင်းငှါ ငါခန့်ထားသောကြောင့်၊ သင်သည်ငါ၏ နှုတ်ထွက် စကားကို နာခံ၍သူ တို့ကို သတိပေးရမည်။-ငါသည်
လူဆိုးတို့အား၊ အိုလူဆိုး၊ အကယ်စင်စစ် သင်သည် အသေခံရမည် ဟု ဆိုသောအခါ ဆိုးသောသူ၏ လမ်းမှလွှဲစေခြင်းငှါ သင်သည်သတိမပေးလျှင်၊ ထိုလူဆိုးသည် မိမိအ
ကြောင့် အသက်ဆုံးလိမ့်မည် သို့ရာတွင်၊သူ၏ အသက်ကိုသင်၌ ငါတောင်းမည်။ ယေဇကျေလအနာဂတ္တိကျမ်း ၃၃း၇-၈
မှတ်ချက်။ဘုရားသခင်ကလည်း ကျွန်ပ်အား ကင်းစောင့်ခန့်ထားသောကြောင့် မိစ္ဆာ၏လူ တို့သည် လူသားများလမ်းလွှဲစေခြင်းငှါ သွေးဆောင်သောကြောင့် ကျွန်ပ်သည်ကင်း
စောင့်ဖြစ်သောကြာင့် လူဆိုးအား လမ်းမလွှဲစေခြင်းငှါ သတိပေးသည်ဖြစ်၍ သို့မပြုလျှင် ထာဝရ ဘုရားသခင်အား ထိုသူ၏ အသက်ကိုကျွန်ပ်တောင်းမည်ဖြစ်သောကြောင့်
ကျွန်ပ်သည် ဘုရားသခင်၏ ကျွန်ဖြစ်သောကြာင့် ဘုရားသခင်၏ အမိန့် ကိုနာခံ၍ ဟောပြောသည်၍ သို့ရာတွင် ကျွန်ပ်အား ဘုရားသခင်၏ စကားတော် မနာခံလျှင် ကျွန်ပ်
ထိုလူဆိုး၏ အသက် မဆုံးစေခြင်းငှါ ကျွန်ပ်အား ဘုရားသခင်၏ ကင်းစောင့်ခန့်ထားတော်မူသည် သိုကြောင့် သတိပေးရခြင်းဖြစ်သတည်း။
၁။ယေရှုခရစ်တော် အဘယ်သို့ နောက်ဆုံးသော ကာလ၌ဖြစ်လိမ့်မည်ဟူ၍ ပရောဖက်ပြုသနည်း။
ငါအမှန်ဆိုသည်ကား ၊ယခုဖြစ်သောလူများမကုန်မှီထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့် မည်။ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့် မည်။ ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ၊ကောင်းကင်တမန်မသိ။ငါ့ခမည်းတော်တပါးတည်းသာသိတော်မူ၏။ လူးသားသည်ကြွလာသောအခါ နောဧလက်ထက် ဖြစ်သကဲ့သို့  ဖြစ်လိမ့် မည်။ ရေလွှမ်းမိုးခြင်း မဖြစ်မှီ ကာလ နောဧသည် သင်္ဘောထဲသို့  ၀င်သောနေ့တိုင်အောင် လူများတို့ သည် စားသောက်လျှက် ၊ထိမ်းမြားစုံ ဖက်လျှက်နေ၍ - ရေလှိမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ ကို သုတ်သင်ဖယ်ရှင်းသည့်တိုင်အောင် သတိမဲ့နေကြသည့် နည်းတူ ၊လူသားကြွလာသောအခါ ဖြစ်လိမ့် မည်။
ရှင်မသဲ ခရစ်ဝင် ကျမ်း အခန်းကြီး ၂၄း ၃၄ - ၃၉ ။
၂ ။ ယေရှုခရစ်တော်ကြွလာဘို့အချိန်နီးသော အခါ၌ နောဧ၏ခေတ်ကာလ၌ဖြစ်သကဲ့သို့ ဖြစ်မည်ဟူ၍ သမ္မာကျမ်းမှ ကျွန်ပ်တို့အားသတိပေးသောအကြာင်း
မြေကြီးမျက်နှာပေါ်မှာ လူတို့ သည် များပြားရ်ျ ၊သမီးများကိုလည်း ရကြသောအခါ -ဘုရားသခင်၏သားတို့သည် လူသမီးတို့ လှကြောင်းကို မြင်၍ ကိုယ်စိတ်ရှိသည်အတိုင်း စုံဖက်ကြ၏။ ထာဝရဘုရားကလဲ ငါ့ဝိဥာဉ်သည်လူတို့ တွင်အစဉ် မဆုံး မရ ။ အကြောင်းမူကား လူတို့ သည် အသားဖြစ်၏။ သူ၏ အသက်တန်းသည်လည်း အနှစ်တရာနှစ်ဆယ် ဖြစ်စေဟု မိန့် တော်မူ၏။ ထိုကာလ၊မြေကြီးပေါ် မှာ ကိုယ်ကြီးမားသောသူ အချို့ ရှိကြ၏။ ထို့ နောက်လည်း ဘုရားသခင်၏သားတို့ သည်၊ လူသမီးတို့ နှင့် ဆက်ဆံ၍ ရသော သားတို့ သည် ၊ အားကြီးသောသူ ၊ရှေးကာလမှစ၍ ကျော်စောသောသူဖြစ်ကြ၏။
မြေကြီးပေါ်မှာ လူအပြစ်ကြီးရ်ျ ၊သူ၏စိတ်နှလုံး အကြံအစည် ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို ၊ဘုရားသခင်သိမြင်တော်မူလျှင် -မြေကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူသည်ကို နောင်တရရ်ျ နှလုံးတော်ပူပန်လျှက် ရှိတော်မူ၏။ ထာဝရဘုရားကလဲ ငါဖန်ဆင်းသောလူကို၎င်း ၊လူမှစရ်ျသားများ ၊ တွားတတ်သောတိရစ္ဆန်များ ၊ မိုးကောင်းကင်ငှက်များကို ၄င်း ၊မြေကြီးမျက်နှာမှ ငါသုတ်သင်ဖယ်ရှင်းမည်။ သူတို့ ကိုဖန်ဆင်းသောကြောင့် ငါနောင်တရသည်ဟု မိန့် တော်မူ၏။
နောဧမူကား ထာဝရဘုရား၏စိတ်တော်နှင့်တွေ့ သောသူဖြစိသတည်း ။နောဧသည်ဖြောင့်မတ်သောသူ ၊မိမိအမျိုးထဲတွင် စုံ လင်သောသူဖြစ်၏။ ၊ဘု ရားသခင်နှင့် အတူသွားလာ၏။ နောဧသည် ၊ရှေမ၊ဟာမ၊ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။ ထိုအခါမြေကြီးသည် ဘုရားသခင်ရျေ့ မှာ ပုပ်စပ်လျှက်ရှိ၏။ မြေကြီးသည်အ ဓမ္မ မှု နှင့် ပြည့် စုံ လေ၏။ - ဘု ရားသခင်သည်မြေကြီးကို ကြည့် ရှု သောအခါ ပုပ်စပ်လျှက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့ သည် ဖေါက်ပြန် ခြင်းသို့ ရောက်ကြပြီ။
ထိုအခါဘုရားသခင်သည်နောဧ အားမိန့် တော်မူသည် ကား သတ္တ၀ါအပေါင်းတို့ ၏အဆုံး သည် ငါ့ မျက်မှောက်တွင်ပေါ်လာပြီ ။ သူတို့ ကြောင့် မြေကြီးသည် အ ဓမ္မ မှု နှင့် ပြည့် စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ ကိုငါဖျက်ဆီးမည်။ - ဂေါဖရသစ်သားဖြင့် သင်္ဘော ကိုယ် ကို တည်လုပ်လော့ ။ အထဲ တွင်လည်း အခန်း များ ကို လုပ်လော့ ။ အတွင်း ၊အပြင်ပါတ်လည် ကို ထင်းရှူးစေးနှင့်  သုတ်လော့ ။ လုပ်ရမည့် ပုံ ဟူမူကား ၊ သင်္ဘောအလျှားအတောင် သုံး ရာ ၊ အနံ အတောင် ငါးဆယ် ၊ အမြင့် အတောင်သုံး ဆယ် ၊ရှိစေရမည် ။ အပေါ်၌ လည်း အမိုးကိုလုပ်ရမည်။ ထို အမိုးအပေါ် အလည် ချက် တွင် ထိပ် အုပ် အနံ တတောင်အကျယ် ရှိစေ ရမည်။သင်္ဘော နံတဖက်တွင်လည်း တံခါးကိုလုပ်ရမည်။ အောက်ဆင့် ။အလည်ဆင့်၊ အပေါ် ဆင့် ဟူ ၍ ၊သုံး ဆင့်  ကို လည်းရှိစေ ရမည်။ -အသက်ရှင်သော သတ္တ၀ါ အပေါင်းတို့ ကို ။ကောင်းကင်အောက်မှ၊ငါ ကိုယ်တိုင်ပယ်ရှင်းခြင်းငှာ ။မြေကြီးကို ရေလွှမ်းမိုးစေသဖြင့် ။မြေပေါ်မှာ ရှိသမျှတို့ သည် သေရ ကြမည်၊ သင်မူကား ၊ငါ့ပဋိညာဉ်ကို ငါတည်စေမည်။ သင်သည် သား၊မယား၊ချွေး မများနှင့် တကွ၊ သင်္ဘော ထဲသို့ ဝင်ရမည် ။ အသက်ရှင်သော် တရိ စ္ဆန် အမျိုးမျိုး ထဲ က အထီး အမ အစုံ တို့ ကိုယူ ရ်ျ ၊သင် နှင့် အတူ အသက်ချမ်း သာစေခြင်းငှာ သင်္ဘော ထဲသို့ သွင်း ရမည်။ - ငှက်လည်း အမျိုး အလိုက် ၊အထီးအမ အစုံ့ တို့ သည်၊အသက်ချမ်း သာစေခြင်းငှာ ၊သင်တို့ ထံသို့ လာကြလိင်္မ့်မည်။ -ကိုယ်စားစရာ အဖို့  ၊တိရိ စ္ဆန်တို့ စားစရာအဖို့  ၊စားအပ်သော အစား အမျိုးမျိုးကို ၊ယူရ်ျ သိုထားရမည်ဟု ၊ ဘုရားသခင်မှာထားတော်မူ၏။ -မှာထားတော်မူ သည်အတိုင်းလည်း နောဧပြုတော်မူ၏။ ၊
ထို့ နောက် ထာဝရဘုရားသခင်သည် နောဧကို တဖန်မိန့်တော်မူပြန်သည်ကား ၊ဤကာလ အမျိုးတွင်သင်သည်ငါ့ရှေ့  ဖြောင့်မတ် ကြောင်းကို ငါ သိမြင်သည်ဖြစ်၍ ၊သင်၏ အိမ်သူ အိမ်သားအပေါင်းတို့ နှင့် တကွ၊သင်္ဘော ထဲသို့ ဝင် ကြလော့ ။ မြေကြီး ပေါ်မှာ တိရိ စ္ဆန် အမျိုး မပြတ် ဆက်နွယ်စေခြင်းငှာ ၊စင် ကြယ်သော သားမျိုး တမျိုး တမျိုး တွင် အထီး အမ ခုနှစ်စုံ စီ ၊ မစင်ကြယ်သော သားမျိုး တမျိုးတမျိုး တွင်လည်း၊ အထီး အမ နှစ်စုံ စီ၊ - မိုးကောင်းကင်ငှက် ၊တမျိုးတမျိုးတွင် လည်း အထီးအမ ခုနှစ်စုံ စီ ၊ အသီးသီး တို့ ကို သိမ်း ယူ ရမည်။
အကြောင်း မူကား ယနေ့ မှ စရ်ျ ၊ ခုနှစ်ရက် စေ့ လျှင် ၊ အရက် လေးဆယ် ပါတ်လုံး မြေကြီးပေါ် သို့ မိုး ရွာစေမည်။ငါဖန်ဆင်းသော သတ္တ၀ါ အပေါင်းတို့ ကို ၊မြေကြီးပေါ် မှ ငါပါယ်ရှင်းမည်ဟု ၊ ထာ ၀ရဘု ရားမှာထား တော်မူ၏။ - မှာ ထားတော်မူသည့်အတိုင်းလည်း နောဧ ပြုလေ၏။ မြေကြီး ကို ရေလွှမ်းမိုးသောအခါ၊ နောဧသည် အသက်ခြောက်ရာ ရှိ သတည်း။ ရေလွှမ်းမိုးခြင်းဘေးကြောင့်၊ နောဧ သည် မိမိသား၊မယားချွေး မများနှင့်တကွ ။သင်္ဘော ထဲသို့ ဝင်၍ - ဘုရားသခင်မှာထားတော်မူသည့်အတိုင်း ၊စင်ကြယ်သော သား၊ မစင်ကြယ်သော သား ၊ငှက်များနှင့်  မြေပေါ်မှာတွားတတ်သော၊တိရိ စ္ဆန်များ အထဲ က ၊ အထီးအမ အစုံ တို့ သည် နောဧ နှင့် အတူ သင်္ဘောထဲသို့ ဝင် ကြ၏။
ခုနှစ် ရက်စေ့သောအခါ လွှမ်းမိုးအပ်သောရေသည် မြေပြင်၌ ပေါ်လာ၏။-နောဧအသက်ခြောက်ရာစေ့သောနှစ် ၊ဒုတိယလ၊ဆယ့်ခုနှစ်ရက် နေ့ တွင် ၊ကြီးစွာသော နက်နဲရာ ၊ရေပေါက်ရေတွင်းတို့ ၏ ၊ အဆီးအတား ရှိသမျှကို ပယ်ရှင်းရ်ျ ၊မိုးကောင်းကင်ပြွန်ဝများကို ဖွင့်သဖြင့် -အရက်လေးဆယ်ပါတ်လုံး ၊မြေကြီးပေါ်မှာမိုးရွာလေ၏။ ထိုနေ့ ရက်တွင် ၊နောဧနှင့် မိမိမယားမှစရ်ျ ၊ရှေမ၊ ဟာမ၊ ယာဖက် တည်းဟူသော၊နောဧသားသုံးယောက်၊ချွေးမ သုံးယောက်တို့ သည် သင်္ဘော ထဲသို့ ဝင်ကြ၏။ -သားရဲမျိုး၊ သားယဉ် မျိုး ၊ မြေပေါ် မှာ တွားသွားတတ်သော တိရိဆန်မျိုး၊ ပျံတတ်သော ကြက် ငှက်မျိုး ၊အသက်ရှင်သော တိရိ စ္ဆန် အမျိုးမျိုးအပေါင်း ထဲ က၊ အထီးအမအစုံတို့ သည် ၊နောဧနှင့်အတူ သင်္ဘောထဲသို့  ၀င်ကြလေ၏။ ထို သို့ နောဧကို ၊ ဘုရားသခင်မှာထားသည့် အတိုင်း ၀င်သော တိရိ စ္ဆန်တို့ သည် ၊ခပ်သိမ်းသော တိရိ စ္ဆန် တို့ အထဲ က ၊အထီးအမ စုံ လျှက် ၀င်ကြ၏။ထာဝရဘုရားသည် လည်း၊ နောဧကိုအထဲမှာပိတ်ထားတော်မူ၏။
ရေလွှမ်းမိုးခြင်းသည် ၊အရက်လေးဆယ်ပါတ်လုံး မြေကြီးပေါ်မှာ အစဉ်အတိုင်း တိုးတက်ရ်ျ ၊သင်္ဘော ကို မြေမှ ခွါလျှက် ဆောင်ယူလေ၏။ တဖန်ရေသည် အားကြီးရ်ျ မြေကြီးပေါ် မှာ အလွန်တိုး တက်သဖြင့် ၊သင်္ဘော သည် ရေမျက်နှာပြင်ပေါ်၌ မျှောလျှက်နေ၏။ နောက်တဖန်ရေသည် မြေကြီးပေါ်မှာ အလွန်အားကြီးသဖြင့် ၊မိုးကောင်းကင်အောက် ရှိသမျှသော တောင်ကြီးအပေါင်းတို့ သည် မြှုပ်ကြ၏။ ရေမြှုပ်သော တောင်တို့ အထက် လွှမ်းသောရေသည် ဆယ့်ငါးတောင် ရှိသတည်း။
မြေပေါ်မှာ လှုပ်ရှားတတ်သော တိရိ စ္ဆန်မျိုးတည်းဟူသော ငှက်၊ သားယဉ်၊ သားရဲ၊ မြေပေါ် မှာ တွားတတ်သော တိရိ စ္ဆန်အပေါင်းတို့ နှင့်  လူအပေါင်းတို့  သည် သေကြကုန်၏။ အသက်ရှူလျှက် ကုန်းပေါ်မှာ ရှိလေသမျှတို့ သည် သေကြကုန်၏။ မြေမျက်နှာပေါ် ရှိသော လူဖြစ်စေ ၊သားဖြစ်စေ၊တွားတတ်သောအရာဖြစ်စေ၊မိုးကောင်းကင်ငှက်ဖြစ်စေ၊အသက်ရှင်သောအရာရှိရှိသမျှတို့ ကို ၊မြေကြီးပေါ်က ပယ်ရှင်းတော်မူ ၍ ၊ပျက်စီး ကွယ်ပျောက်ခြင်း သို့ ရောက် ကြကုန်၏။ နောဧမှစ၍ နောဧနှင့်အတူ သင်္ဘော ထဲ ရှိသောသူသာ ကြွင်းကျန်ကြလေ၏။ ရေသည်လည်း မြေကြီးပေါ်မှာ ရက်ပေါင်းတရာငါးဆယ်ပါတ် လုံး အားကြီးစွာ တည်လေ၏။
ဘုရားသခင်သည် နောဧမှ စ၍ ၊အသက်ရှင်သမျှသော သတ္တ၀ါ ၊နောဧနှင်အတူ သင်္ဘော ထဲရှိ သော တိရိ စ္ဆန်အပေါင်းတို့ ကို အောက်မေ့ ရ်ျ ၊မြေကြီးပေါ် မှာ လေလာစေတော် မူသဖြင့် ရေငြီမ်လေ ၏။ နက်နဲရာ ရေပေါက်တွင်း များ ၊ မိုးကောင်းကင် ပြွန် ၀များ ကို ဆို့ ပိတ် ၍ ၊ မိုးကို စဲစေတော်မူ၏။ ရေသည်လည်း မြေပေါ် မှာအစဉ်တိုင်းစီး သွား ၍၊အရက်တရာ့ ငါးဆယ် စေ့ သောအခါ ယုတ်လျော့ လေ၏။ သတ္တမလ ဆယ့်ခုနှစ် ရက် နေ့ တွင် သင်္ဘော သည် အာရရတ် အမည် ရှိ သော တောင်ပေါ် မှာ တင်လေ ၏။ ဒသမ လ တိုင်အောင် ရေသည် အစဉ် မပြတ် ယုတ် လျော့  ၍ ထို လဆန်းတရက်နေ့  တွင် တောင်ထိပ်တို့  သည် ပေါ် ကြ ၏။
ထို မှ ရက်လေးဆယ် ကြာ လျှင် ၊နော ဧသည် သင်္ဘော ထဲ၌ လုပ်ခဲ့ သောပြူတင်းပေါက်တို့ ကို ဖွင့် ၍ ၊ကျီးအ တကောင် ကို လွှတ်လေ ၏။ ထိုကျီးအသည် မြေပေါ် မှာ ရေမခန်းခြောက်မှီတိုင်အောင် သွားလာလျှက်နေ လေ၏။ တဖန် မြေမျက်နှာ ပေါ် မှာ ရေကုန်သည်မကုန်သည် ကို သိခြင်းငှာ ၊ချိုးတကောင် ကို လွှတ် ပြန်လေ၏။ မြေတပြင်လုံး၌ ရေ ရှိ သေးသော ကြောင့်၊ချိုးသည် ခြေ ဖြင့် နင်း၍ အမော ဖြေစရာကို မတွေ့ သဖြင့်  ၊နောဧရှိ ရာ သင်္ဘော သို့ ပြန် လာလေ ၏။ နော ဧ သည် လည်း လက် ကိုဆန့်  ပြီး ချိုးကို ကိုင် ယူ ပြီး လျှင် ၊မိမိ နေ ရာ သင်္ဘော ထဲသို့  သွင်း လေ ၏။ - တဖန် ခုနှစ် ရက် နေ ပြီး မှ ထို ချိုး ကို သင်္ဘော ထဲမှ လွှတ် ပြန် ၏။ ညဦး အချိန်၌ ချိုးသည် နောဧထံသို့  ပြန်လာ၍ ၊ မိမိဆိတ်ယူသော် သံလွင် ရွက် ကို မိမိနှူတ် သီး ဖြင့် ဆောင်ခဲ့ သောကြောင့် မြေကြီးပေါ် မှာ ရေကုန်ကြောင်းကို နော ဧသိလေ၏။ တဖန် ရေခုနှစ် ရက်နေ ပြီး မှ ထို ချိုးကို လွှတ်ပြန်၏။ နောက်တဖန် ချိုးသည် မပြန် မလာနေ၏။
အနှစ်ခြောက်ရာတခု ၊ပဌမ လဆန်း တရက်နေ့ တွင် မြေကြီးပေါ် မှာ ရေခန်းခြောက်သည်ရှိသော် နောဧသည် သင်္ဘော မိုး ကိုဖျက် ၍ ကြည့် ရှု သောအခါ မြေမျက်နှာ သွေ့ ခြောက် စ ရှိ သည် ကို မြင်၏။။ ဒုတိယ လ ၊နှစ်ဆယ့် ခုနှစ်ရက်နေ့ တွင် မြေကြီးသွေ့ ခြောက်လေ၏။ ဘုရား သခင်ကလည်း ၊သင်သည် သားမယား ၊ချွေး မတို့ နှင့်တကွ ၊သင်္ဘော ထဲ က ထွက် ဆင်းလော့ ။ သင့်ထံ မှာအသက်ရှင်သော တိရိ စ္ဆန် ၊ငှက် များ ၊ သားများ၊ မြေပေါ် ၌ တွားတတ်သော တိရိ စ္ဆန် များတို့ သည် ၊မြေပေါ် မှာ သားကို မွေး၍ ၊အလွန် တိုးပွါး များပြားမည်အကြောင်း ၊ ထို တိရိစ္ဆန် ရှိသမျှ တို့ ကို ကိုယ်နှင့်အတူ ထုတ်ဆောင် လော့ ဟု ၊နောဧကို မိန့်တော် မူ၏။ ထိုအခါနောဧ မှ စ၍ ၊သားမယား၊ချွေး မတို့ သည် လည်း သင်္ဘောထဲက ထွက်ဆင်း ကြ၏။
နောဧသည်လည်းလည်း၊ ထာဝရဘုရား အဖို့  ၊ယဇ်ပုလ္လင် ကို တည်ပြီးးမှ ၊စင်ကြယ်သော သား၊ စင်ကြယ်သော ငှက် အမျိုးမျိုး ထဲကယူ၍ ၊ယဇ်ပုလ္လင်ပေါ် မှာ မီးရှို့ သောယဇ်ကို ပူဇော်လေ၏။ -ထာဝရဘုရားသည်လည်း မွှေးကြိုင်သောအနံ့ ကိုခံယူတော်မူ၍ ငါသည် နောက်တဖန် လူတို့ အတွက် မြေကြီးကို မကျိန် ၊အကြောင်းမူကား ၊လူသည်ငယ်သောအရွယ်မှစ၍ ၊စိတ်နှလုံး အကြံအစည် ဆိုးကြ၏။ ငါသည်ယခုတခါပြုပြီး သကဲ့သို့  ၊ အသက်ရှင်သောအရာ ရှိသမျှတို့ ကို နောက်တဖန် ဒဏ်မခတ်။မြေကြီး မကုန်မှီတိုင်အောင် ၊မျိုးစေ့ကျဲရသောကာလ ၊အသီးအနှံကို ရိတ်သိမ်းရသောကာလ ၊ချမ်းသောကာလ၊ ပူသောကာလ၊နွေကာလ၊ဆောင်းကာလ၊မပြတ်ရဟု အမိန့် တော်ရှိ၏။
ဘုရားသခင်သည်လည်း နောဧနှင့် သူ၏သားတို့ ကို ကောင်းကြီးပေးတော်မူ၍ ၊သင်တို့ သည်များပြားစွာမွေးလျှက် ၊မြေကြီး ကို ပြည့်စေကြလော့ ၊မြေတိရိ စ္ဆန် ၊မိုးကောင်းကင်ငှက်အစရှိသော မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့် ပင်လယ်ငါးအပေါင်းတို့ သည် ၊သင်တိုငါအပ်၏။့ ရှေ့ မှာ ကြော်က်ရွံတုန် လှုပ်ခြင်းသဘော ရှိကြလိမ့် မည်။ ထိုတိရ စ္ဆန်တို့ ကို သင်တို့ လက်၌ ငါအပ်၏။ အသက်ရှင်၍ လှုပ်ရှား တတ်သမျှသည်၊အသီးအရွက်ကဲ့သို့  ၊သင်တို့ စားစရာကို ဖြစ်ရမည်။ ခပ်သိမ်းသောအရာတို့ ကို သင်တို့ ၌ ငါအပ်ပေး၏။ သို့ သော် လည်း အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစား ရ ။ အကယ်၍ သင်တို့ အသက်တည်းဟူသော သင်တို့ အသွေးကို ငါတောင်းမည်။ လူ ၊တိရ စ္ဆန် အပေါငိးတို့ ၌ ငါတောင်းမည်။ ခပ်သိမ်းသောလူတို့  ၏ ညီအကို၌ လူ၏အသက်ကိုငါတောင်းမည်။ အကြင်သူသည် လူ၏အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်း ရမည်။ အကြောင်းမူကား ၊ဘုရားသခင် သည် မိမိပုံသဏ္ဍန် နှင့် အညီ လူကိုဖန်ဆင်းတော်မူ၏။ သင်တို့ သည် သားကိုဘွား၍ များပြားကြလော့ ။ မြေပေါ်မှာအလွန်မွေးဘွား၍ များပြားကြလော့ဟု မိန့် တော်မူ၏။
တဖန် ဘုရားသခင်သည် နောဧနှင့် သူ ၏သားတို့ ကို မိန့် တော်မူသည်ကား - သင်တို့ ကို၎င်း ၊နောက်ဖြစ်လတ္တံသော အမျိုအနွယ်နှင့်၎င်း၊ သင်တို့ ထံမှာ အသက်ရှင်သော တိရ စ္ဆန်တည်းဟူသော ၊ငှက် ၊သားယဉ်၊ သားရဲ ရှိသမျှ ၊သင်္ဘောထဲက ထွက်ဆင်းသမျှ မှစ၍ ၊မြေတိရ စ္ဆန် အပေါင်းတို့ နှင့်၎င်း၊ငါသည် ကိုယ်တိုင် ပဋိဥာဉ် ပြု၏။ သင်တို့ နှင့် ငါပြုသော ပဋိဥာဉ် ဟူမူကား၊ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသောသတ္တ ၀ါတို့ သည် ၊နောက်တဖန်မဆုံး ရကြ။ မြေကြီးကိုဖျက်ဆီးဖို့ ရာ ၊နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိ ရ။ ထိုမှတပါး ငါတဘက် ၊ သင်တို့ နှင့် သင်တို့ ထံမှာ ၊ အသက်ရှင်သော တိရ စ္ဆန် တို့ တဘက်၌ ၊သားမြေးအစဉ်ဆက်မပြတ် ၊ ငါပြုသောပဋိဥာဉ်၏ လက္ခဏာ သက်သေမူကား၊ငါ၏သက်တံ့ ကို မိုးတိမ်၌ ငါထား၏။ ထို သက်တံ့ သည် မြေကြီး နှင့်ငါပြုသော ပဋိဥာဉ် ၏ သက်သေ ဖြစ်လိမ့်  မည်။ ငါသည် မိုးကို အုံ့ စေ သောအခါ မိုးတိမ် ၌ သက်တံ့ သည် ထင်ရှား လိမ့်မည်။- ထိုအခါငါတဘက် သင်တို့ မှစ၍ အသက်ရှင်သောသတ္တ ၀ါ ၊ တိရ စ္ဆန် ရှိသမျှ တို့ တဘက် ၌ ရှိသော ၊ငါ၏ပဋိဥာဉ် ကို ငါအောက်မေ့ သဖြင့် ၊ခပ်သိမ်းသော သတ္တ ၀ါ တို့ ကို ဖျက်ဆီး ခြင်းငှာ နောက်တဖန် ရေ လွှမ်းမိုး ခြင်းမရှိ ရ။ မိုးတိမ် ၌ သက်တံ့ ရှိ သည် ကို ငါ ကြည့် ရှု သဖြင့် ဘုရားသခင်နှင့် မြေ ကြီး ပေါ် မှာ အသက်ရှင်သော သတ္တ၀ါ တိရ စ္ဆန် အပေါင်းတို့ စပ်ကြား မှာ ရှိသော ထာ ၀ရ ပဋိ ဥာဉ် ကို ငါ အောက်မေ့ မည်။ က်ျ သည် ကား ၊ငါနှင့် မြေ ကြီး ပေါ် မှာ ရှိသော သတ္တ ၀ါ အပေါင်းတို့ ၏ စပ်ကြား မှာ ၊ငါ အမြဲ ဖွဲ့ သော ပဋိဥာဉ် ၏ လက္ခ ဏာ သက်သေ ဖြစ်သတည်းဟု နောဧ ကို ဘု ရား သခင်မိန့် တော် မူ၏။
သင်္ဘော ထဲ က ထွက် ဆင်း သော ၊ နော ဧ သားတို့  ၏ အမည်ကား၊ ရှေမ၊ ဟာမ၊ ယာဖက်တည်း။ ဟာမ သည် ခါနန်၏ အဘဖြစ်၏။ က်ျသူ တို့ သည် နောဧ ၏ သားသုံးယောက် ဖြစ်၍ မြေကြီးတပြင်လုံး ၌ နှံ့  ပြားကြ၏။ နောဧသည် လယ်လုပ်သောအတတ် ကို ကို ပြု စု ၍ စပျစ် ဥယျာဉ် ကိုစိုက် လေသည်။ စပျစ် ရည် ကို လဲသောက်၍ ယစ်မူး သဖြင့် ၊မိမိတဲ ၌ အ၀တ်မခြုံ ပဲနေလေ၏။ ခါနန် ၏ အဘ ဟာမ သည် မိမိအဘ ၌ အ၀တ်အချည်းစည်းရှိ သည် ကို မြင်လျှင် ၊ပြင်မှာရှိသော အစ်ကိုနှစ်ယောက်ကို ပြောလေ၏။ ရှေမ နှင် ယာဖက်တို့ သည် အ၀တ်ကို ယူ၍ ပခုံးပေါ်တ င်ပြီးလျှင် ၊နောက်သို့ ဆုတ် သွား၍ ၊မိမိ အဘ၌ ၊အ၀တ်အခြည်းစည်းရှိသည် ကို ဖုံး ကြ၏။ သူတို့ သည် ပြင်သို့  မျက်နှာ ပြုသောကြောင့်၊ မိမိအဘ၌ အ၀တ်ခြည်းစည်းရှိသည်ကို မမြင်ရ ။ နောဧသည် ယစ်မူးခြင်း ပျောက်၍ နိုး လာသော အခါ ၊မိမိ၌ သားငယ် ပြု သည် ကျု သိ လျှင် - ခါနန် သည် ကျိန် ခြင်း ကို ခံပါစေ။ အစ်ကို တို့ ၏ ကျွန် တို့ ၌ ကျွန် ဖြစ် ပါစေဟု ဆို ၏။ တဖန် ရှေမ ၏ ဘုရားသခင် ထာဝရဘု ရားသည် မင်္ဂလာ ရှိစေ တော် မူသတည်း။ ခါနန် သည် ရှေမ ၏ ကျွန် ဖြစ်ပါစေ။ ဘုရားသခင်သည် ယာဖက် ကို ကျယ်စေတော် မူသဖြင့် ရှေမ ၏ တဲ တို့ တွင် နေပါစေ။ ခါနန် မူကား သူ၏ ကျွန် ဖြစ်ပါစေဟု ဆို လေ၏။
နောဧ သည် ရေလွှမ်းမိုးသော နောက် အနှစ် သုံး ရာ့ ငါးဆယ် အသက်ရှင် ၍ - အသက်ပေါင်း ကိုးရာငါးဆယ် စေ့ သော် အနိစ္စရောက်လေ၏။က မ္ဘာဦး ကျမ်း ။ အခန်း ကြီး ၆ မှ ၉ အထိ။
ရှေး ကာလ ၌ မိုးကောင်းကင် ကို ၎င်း၊ ရေထဲက ထွက် ၍ ရေဖြင့် တည်သော မြေကြီးကို ၎င်းဘုရားသခင်၏နှုတ်ကပါတ်တော်သည် ဖြစ်စေတော်မူကြောင်းနှင့် ဖြင်ဖူးသော လောကဓါတ် ကို ၊ထို သို့ အားဖြင့် ရေနှင့် လွှမ်းမြှုတ်၍ ဖျက်ဆီးကြောင်းကို ထို သူတို့ သည် မှတ်မိ ချင်သော စိတ် မရှိ ကြ။ယခု ရှိသော မိုးကောင်းကင်နှင့် မြေကြီးမူကား ၊ တရားဆုံးဖြတ်၍ ၊အဓမ္မ လူတို့ ကို ဖျက်ဆီးသော နေ့ ရက်တိုင်အောင် ၊ထို နှုတ် ကပါတ် တော်အားဖြင့် ၊သို ထားလျှက် ရှိ၍ ၊မီးရှို့ ခြင်းအဖို့ အလို့ ငှာ နေရစ်သတည်း။
ချစ်သူ တို့ ၊ထာဝရဘုရား မှာ၊ ကာလ တရက်သည် ၊အနှစ်တထောင်ကဲ့ သို့ ၎င်း ၊ အနှစ်တထောင်သည် တရက်ကဲ့ သို့ ၎င်း ၊ ဖြစိသည့် အရာတခု ကို မမေ့လျော့ ကြ နှင့် ။ လူအချို့ တို့ သည် နှေး ခြင်းကို မှတ် ထားသည့် အတိုင်း ၊ထာဝရဘုရားသည် ကတိ တော်အရာမှာ နှေးတော် မမူ။ ငါတို့ တွင် အဘယ်သူမျှ ၊မပျက်စီး ဘဲ ၊ ရှိသမျှ တို့ သည် ၊နောင် တရစေခြင်း ငှာ ၊အလိုတော် ရှိ၍ ငါတို့ ကို သည်းခံတော်မူ၏။ သူခိုးသည် ညအခါ လာသကဲ့ သို့ ၊ထာဝရဘုရား၏နေ့ ရက်သည် လာလိမ့်မည်။ ထို နေ့ ရက်၌ မိုးကောင်းကင် သည် ကြီးစွာသော အသံနှင့် တကွ ပျောက် သွားလိမ့်မည်။ မြေကြီး ကိုယ် မှစ၍ မြေကြီးပေါ် မှာ ပြုလုပ် သမျှ သော အရာတို့ သည် ကျွမ်းလောင် ကြလိမ့်မည်။
သို့ ဖြစ်၍ ဤအရာ အလုံးစုံ တို့ သည် ကုန် စင်မည် မှန်သောကြောင့် ၊ မိုးကောင်းကင်သည် မီးနှင့် ပျက်၍ ၊လောကဓါတ်တို့ သည်၊ ပူအားကြီးလျှက် အရည်ကျို ခြင်းကို ခံရသောနေ့ ၊ တည်းဟူသော ဘုရားသခင်၏နေ့  ရောက်လိမ့် မည်ဟု သင်တို့ သည် မျော် လင့် တောင့် တ လျှက် ၊သန့် ရှင်းသော အကျင့်ကို ကျင့် ခြင်း၊ ဘုရားသခင်၌ မွှေ့ လျော် ခြင်းအားဖြင့်၊ အဘယ်သို့ သောသူ ဖြစ်အပ်ကြသနည်း ။ ယခု ရှိသမျှ သော အရာတို့ သည် ပျက်တတ် သော် လည်း ဖြောင့်မတ်ခြင်းတရားတည်နေရာ ၊မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့ သည် ဂတိတော်နှင့် အညီ မြောင်လင့်ကြ၏။
ထို့ သို မျှော်လင့် ခြင်း ရှိသောကြောင့် ၊ချစ် သူတို့ သင်တို့ သည် အညစ်အကြေးနှင့် ကင်းစင်၍ အဘယ်အပြစ်မှမပါဘဲ ၊ရှေ့ တော် သို့ ငြိမ်ဝမ်စွာ ရောက်မည် အကြောင်း ၊ ကြိုးစား အားထုတ် ကြလော့ ။ ငါတို့ ချစ်သောညီ ပေါလု သည် ၊မိမိခံ ရသော ဥာဏ် ပညာ အတိုင်း ၊သင်တို့ အား ရေး၍ ပေးလိုက် သော စာ၌၎င်း ၊ သူသည် ဤအရာ များကို ပြော၍ စီ ရင်သော ၊ သြ၀ါဒ ရှိသမျှ တို့ ၌ ၎င်း၊ ပါသည် နှင့် အညီ ၊ငါတို့ သခင်ဘုရားသည်းခံတော်မူခြင်း သည် ၊ ကယ်တင်မည်အကြောင်းဖြစ်သည် ဟု မှတ်ကြလော့။ ရှင်ပေတရု သြ၀ါဒ စာ ပဌမစောင် ၃း - ၁ ။ ၅
