အဲ့ဒါပြောလို့ ၊ ကရင်သီချင်းတပုဒ်ကို ၊ အသက် ၁၀ နှစ်၊ ၁၅နှစ်လောက်က ကြားဖူးတယ်။ ဘယ်လိုဆိုလဲသိလာ။
ဆောဖားအိုအိုး ၊ မူဆေ၀ါးလိး၊ ဆောမို အိုအိုး၊ ဘွာဖောအော်လိး။
အဓိပါယ်ရော သိလာ။ အဓိပါယ်ကတော့၊ ကြက်ဖတွန်လို့ မိုးလင်းသွားပြီ၊ ကြက်မတွန်လို့  ၊ သူများ ချက်စားလိုက်ပြီ။ လို့ အဓိပါယ်ရှိတယ်။ အဲ ဒီတော့ ကြက်မတွန်လို့ မိုးလင်းတာရှိရဲ့ လား။
ပြောယင်တော့ကြိုက်မှာလဲ မဟုတ်ပါဘူးဗျာ။ ခနနေ ပါဦးဗျာ၊ မင်းမွေးထဲက ခရစ်ယာန် ။ ကျမ်းစာ မှာ ဘာပြောထားလဲ။ အဲ ဒီတော့ ဗျာ ၊ မင်းကို ကျမ်းစာဖတ်ပြမယ်။
ထာဝရ အရှင် ဘုရားသခင်ကလဲ၊ ယောက်ကျားသည် တယောက်ထဲ မနေကောင်း။ သူနှင့်တော်သော အထောက်အမကို ၊ သူ့ဖို့ ငါလုပ်ဦးမည်ဟု အကြံ ရှိတော်မူ၏။ ထာဝရ အရှင် ဘုရားသခင်သည်၊ မြေ တိ ရ စ္ဆန် တို့ နှင့် ၊ မိုးကောင်းကင် ငှက်အပေါင်းတို့ ကို၊ မြေဖြင့် ဖန်ဆင်းတော်မူပြီးလျှင် ၊ လူသည် အဘယ်သို့ ခေါ်ဝေါ် သမုတ်မည်ကို၊ သိခြင်းငှာ၊လူရှိရာသို့ ဆောင်ခဲ့ တော်မူ၏။ လူသည်လည်း အသက်ရှင်သော သတ္တ၀ါ ၊ အပေါင်းတို့ ကို ခေါ် ဝေါ် သမုတ်သည့်အတိုင်း၊ အမည် အသီးသီးရှိကြ၏။ ထိုသို့ လူသည်၊ သားယဉ် အမျိုးမျိုးတို့ ကို ၎င်း၊ မိုးကောင်းကင် ငှက် အပေါင်းတို့ ကို ၎င်း၊ သားရဲ အပေါင်း တို က်ု ၎င်း၊ အမည်ပေး၍ မည့်လေ၏။ သို့ သော်လည်း၊ လူ နှင့် တော်သော အထောက်အမ မပေါ် မရှိသေး။
ထိုအခါ ထာဝရအရှင် ဘုရားသခင်သည်၊ လူကို ကြီးသော အိပ်ခြင်းဖြင့် ၊ အိပ်စေတော်မူ၍၊ လူသည် အိပ်ပျော်စဉ်၊ န့ရိုးတချောင်းကို ဘုရားသခင်ထုတ်ပြီး လျှင်၊ ထိုအရိုးအစား၊ အသားကို ၊ စေ့စပ်စေတော်မူ၏။ ထာဝရ အရှင် ဘုရားသခင်သည်၊ လူထဲ ကထုတ်သော နံရိုးဖြင့် ၊ လူမိန်းမကို ဖန်ဆင်း၍၊ လူရှိရာသို့ ဆောင်ခဲ့ တော်မူ၏။ လူကလဲ၊ ယခု ဤ သူသည်၊ ငါ့အရိုးထဲ ကအရိုး၊ ငါ့အသားထဲ ကအသားဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကို၊ လူမိန်းမဟု ခေါ်ဝေါ်အပ်သည်ဟု၊ ဆိုလေ၏။
ကမ္ဘဦးကျမ်း ၂ါ် ၁၈း ၂၃။
ကဲ....ကောင်းပြီ၊ ဒါဆိုယင်မိန်းမက ယောက်ကျားနဲ့ တန်းတူနေချင်တယ်၊ ဆိုတော့ ဘုရားသခင်က ဒီလိုပြောတယ်ကွဲ့။ ယောက်ကျားတယောက်ထဲ မနေသင့်ဘူး လို.့ပြောတယ်။ ဒါကြောင့်ဘုရားသခင်က အကူအညီ အထောက်အမရှာတယ်။ တိရ စ္ဆန်တွေ ကိုလဲ ရှာတယ်၊ မတွေ့ ဘူးလို့ ပြောတယ်။ ဒါနဲ့ ဘုရားသခင်ဘယ်လို ဖန်ဆင်းလဲဆိုတာ၊ မင်းကို လိုရင်းပြောပြမယ်။
ဘုရားသခင်က လူကို ကြီးစွာသော အိပ်စက်ခြင်းကိုပေးလိုက်တယ်။ ပြီးတော့ လူယောက်ကျားရဲ့ နံ ရိုးကိုထုတ်ပြီး၊ လူမိန်းမအဖြစ်ုရားသခင်က ဖန်ဆင်းလိုက်တယ်။ အဲဒီတော့၊ ဘုရားသခင်က လူရှိရာကို ဆောင်ခဲ့ ပြီး၊ သူတို့ နှစ်ယောက်ကို ထိမ်းမြားလိုက်တယ်။ အဲဒါနဲ့ ယောက်ကျားက ဘယ်လိုခေါ် သလဲ ဆိုတာ၊ မိန်းမ လို့ ခေါ်ဝေါ် အပ်တယ်လို့ ပြောတယ်။
အဲ့ ဒီတော့ ယောက်ကျားနဲ့ တန်းတူ ဖြစ်နိုင်ပါ့ မလား။ဒီမှာတော့ မိန်းမဟာ မိန်းမပဲ ၊ ယောက်ကျားနဲ့ တန်းတူ မဖြစ်နိုင်ဘူး။ ယောက်ကျားတွေ ထက် ၊ ထက်မြက်ဖို့ မစဉ်းစား နဲ့။
ခင်ပွန်းကို အမှီပြုတယ်လို့ ပြောတယ်။ မိန်းမဆိုတဲ့ အမျိုးက၊ ယောက်ကျားကို မှီခိုရတယ်။ သူက ယောက်ကျားနောက်မှ ဖြစ်လာတယ်။ ယောက်ကျားနံရိုးထဲ ကဖြစ်လာတယ်။ ယောက်ကျားတွေကို အုပ်စိုးဖို့ မဟုတ်ဖူး။ အထောက်အမ အတွက်သာ ဖြစ်တယ်။
ဘမောင်ဆိုတဲ့ ကောင်ကလေ၊ ဟိုးငယ်ငယ်ထဲက၊ ခရစ်ယာန် မဟုတ်ဖူးဗျ။ ဗုဒ္ဒ ဘာသာထဲမှာလဲ ရှာ ကြည့်ပါဦး။ မိန်းမတွေက ဘုရားကျင့်လို့ ရတယ်ဆိုတာတွေ့ ဘူးလား။ တယောက်ယောက်ကများ၊ ဒဏ္ဍာ ရီထဲမှာ ပြောတာ ကြားဘူးလား။
ကျုပ်ပြောယင်လဲ ၊ရန်ဖြစ်ရမယ်။ မင်းနဲ့ ရမှ၊ ခရစ်ယာန်ဖြစ်လာတာ။ ကျမ်းစာကိုဖတ်ပြီး၊ ဖန်ဆင်းခြင်းကိုနားလည်တာ။
ဒါနဲ့ နောက်ကျမ်းတပိုဒ်လောက်ဆက်ဖတ်ရအောင်။
အချင်းမိန်းမတို့ ၊သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းက်ု ၀န်ခံ သကဲ့ သို့ ၊ကို့ ခင်ပွန်း၏ အုပ်စိုးခြင်းကို ၀န်ခံကြလော့။ အကြောင်းမူကား ခရစ်တော်သည်၊ အသင်းတော်၏အပေါ်မှာ။ ခေါင်းဖြစ်တော်မူသကဲ့ သို့ ၊ ယောက်ကျားသည် မိမိ၏ ခင်ပွန်းအပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည်လည်း၊ မိမိကိုယ်ကိုကယ်တင်သောသူဖြစ်တော်မူ၏။ အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးတော်မူခြင်းကို၊ ၀န်ခံသကဲ့ သို့ ၊ မိန်းမတို့ သည်လည်း၊ ကိုယ့်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌ ၀န်ခံ ကြ ရမည်။ အချင်းယောက်ကျားတို့ ၊ ခရစ်တော်သည်၊ အသင်းတော်ကို ချစ်တော်မူသကဲ့ သို့ ၊ သင်တို့ လည်း ၊ကိုယ့်ခင်ပွန်းကို ချစ်ကြလော့။
ဧဖက်သြ၀ါဒစာ ၅း ၂၂-၂၅။
ကဲ ဒီမှာပြောထားတယ်၊ ဘုရားသခင်အုပ်စိုးခြင်းကိုအသင်းတော်သည် ခံသကဲ့ သို့ ၊ ကိုယ့်ခင်ပွန်း၏ အုပ်စိုးခြင်းကို မိန်းမသည် ခံရမည်။
ကဲ၊ အဲ့ ကျမ်းပိုဒ်ကို ဖတ်ပြီးတဲ့ အခါ၊ မိန်းမက ယောက်ကျားနဲ့ တန်းတူနေလို့ မရဘူးဆိုတာ သိစေရမယ်။ မင်းတို့ ကလဲ ခင်ပွန်း၏ အုပ်စိုးခြင်းအောက်ကို ၀န်ခံရမယ်။ ဘယ်လိုလုပ်ယောက်ကျားနဲ့ တန်းတူရှိရမှာလဲ။ ဘုရားစကား၊ လူစကားမဟုတ်ဖူး။ မိန်းမတွေ ထောင်ထောင်နဲ့ ။ ဘုရားကို ဆရာမလုပ်နဲ့ ။
ထိုနည်းတူ၊ ယောက်ကျားတို့ ၊ ဆုတောင်းခြင်းအမှု၌ ၊အဆီးအတားမရှိစေခြင်းငှာ၊အသက်ရှင်ခြင်းကျေးဇူးတော်ကို၊ ဆက်ဆံ၍ အမွေရသောသူချင်းကဲ့ သို့ ၊သတိပညာနှင့်လျော်စွာ၊ ကိုယ့်ခင်ပွန်းနှင့် အတူနေ၍၊ အားနည်းသောသူကို ပြုသင့်သည့်အတိုင်း၊ သူ့ ကိုစောင်မပြုစုလော့၊ အချုပ်အခြာ စကားဟူမူကား၊ သင်တို့ အပေါင်းသည်၊ စိတ်တညီတညွှတ်တည်းရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအကိုချင်းကဲ့ သို့ ၊ ချစ်ခြင်း၊သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်းရှိကြလော့။
ရှင်ပေတရု သြ၀ါဒစာ၊ပထမစောင် ၃း ၇-၈။
မိန်းမက ယောက်ကျားရဲ့ အကူညီ အထောက်ပံ့ ဖြစ်တယ်။ ဆရာကြီးလုပ်၍ မရဘူး။ ယောက်ကျားတွေရဲ့ အုပ်စိုးခြင်းကိုခံရမယ်။ အဲ့ဒီတော့ယောက်ကျားနဲ့ ရင်ဘောင်တန်းဖို့ မဖြစ်နိုင်တာ။
မမေ၀င်း၊ မင်းတို့ မြို့ သူက၊ ကျုပ်တို့ တောသားကို လူလည်လုပ်နေတယ်။
သန့် ရှင်းသောမြို့ တည်းဟူသော၊ ယေရုရှလင်မြို့ သစ်သည်၊ မိမိခင်ပွန်းဖို့ ၊တန်ဆာဆင်သော၊မင်္ဂလာဆောင် သတို့ သမီး ကဲ့ သို့ ပြင်ဆင်လျှက်၊ ဘုရားသခင်အထံတော်၊ ကောင်းကင်ဘုံမှဆင်းသက်သည်ကိုငါမြင်၏။
ဗျာဒိတ် ၂၁း၂။
ဒီကျမ်းမှာက ဒီလိုဥပမာပေးထားတယ်။
ခရစ်တော်က အသင်းတော်ရဲ့ ခေါင်းအုပ်ဖြစ်တယ်။ခင်ပွန်းအတွက်၊ကျုပ်တို့ က အမြဲတမ်းပြင်ဆင်ပေးရမယ်။ခင်ပွန်းထက်ပိုပြီး၊ မကြီးကျယ်ရဘူး၊ ကဲ..ဒါနဲ့ ငယ်ငယ်က ကျု ပ်မိဘတွေ၊ပြောတာ ပြောပြရဦးမယ်။ ခရစ်ယာန်ကျမ်းစာမှာ မဟုတ်ဖူး၊ အပြင်မှာပါ။
လင်ကို ဘုရား၊သားကိုသခင်။
ဗုဓ္ဒ ဘာသာအရ၊ မိန်းမတွေက။လင်ကိုဘုရား၊ သားကိုလဲ၊ မွေးထားတာမှန်ပေမဲ့၊ သခင်ကဲ့ သို့ လေးစားရမယ် လို့ ရှေး လူကြီးတွေ ဥပမာ ပေးထားတာပဲ။
အချင်းမိန်းမတို့ ၊သခင်ဘုရား၌ လျှောက်ပါတ်သည့်အတိုင်း၊ ကိုယ့်ခင်ပွန်း၏ အုပ်စိုးခြင်းကိုဝန်ခံကြလော့၊အချင်းယောက်ကျားတို့ ။ကိုယ့်ခင်ပွန်းကိုချစ်ကြလော့။
ကောလောသဲ သြ၀ါဒစာ ၃း ၁၈-၁၉။
ကဲ...နေပါဦးဗျာ၊ မိန်းမကောင်း မိန်းမမြတ် ဖြစ်ချင်ယင်၊ ကျုပ်ပြော စရာ ရှိတယ်။
သီလနှင့်ပြည့်စုံသောမိန်းမ ကို အဘယ်သူတွေ့ရသနည်း။ ထိုသို့ သော မိန်းမသည်၊ ပတ္တမြားထက် အဖိုးသာ၍ ထိုက်ပေ၏။
သုတ္တံကျမ်း ၃၁း ၁၀။
မမေ၀င်းရေ၊ ယောက်ကျားနှင် ရင်ဘောင်တန်းလို့ ၊ ဆင်းရဲခြင်းနှင့်ကင်းလွှတ်မယ်ဆိုယင်၊
သူ၏ခင်ပွန်းသည် သူ့ကို ယုံ၍ ၊ဆင်းရဲခြင်းနှင့်က င်းလွှတ်လိမ့်မည်။
သုတ္တံ ၃၁း ၁၁။
မမေ၀င်း၊ မိန်းမမြတ်ဖြစ်ချင်ယင်၊ဘာလုပ်ရမယ်ဆိုတာ သိချင်ယင်၊
ထိုမယားသည် မိမိခင်ပွန်း အကျိုးကို မဖျက်၊ တသက်လုံး ပြုစုတတ်၏။
သုတ္တံကျမ်း ၃၁း ၁၃။၁၂။
မမေ၀င်း၊ ပညာတတ် ၊ ဥာဏ်ထက်ရမယ်ဆိုယင်၊
သိုးမွေးနှင့် ၀ါကိုရှာ၍ ၊မိမိလက်ဖြင့် အလိုအလျှောက်လုပ်တတ်၏။
သုတ္တံ ကျမ်း ၃၁း ၁၃။
မမေ၀င်း...... တော်တတ်တဲ့ မိန်းမဖြစ်ချင်ယင်၊
ကုန်သည်သင်္ဘော ကဲ့သို့ ဖြစ်၍၊ စားစရာကို ဝေးသောအရပ်မှ ဆောင်ရွက်တတ်၏။
သုတ္တံ ကျမ်း ၃၁း ၁၄။
အဲဒါနဲ့ ကျုပ်ငယ်ငယ်က ဖိုးဖွားတွေပြောတာကြားဖူးတယ်။
မိန်းမကောင်းတွေဟာ ယောက်ကျားဝတ်ပြုတဲ့ ၊ အိမ်ထောင်ရှင်ကောင်းဖြစ်ချင်ယင်၊
မိုးမလင်းမှီထလျှက်၊ အိမ်သူအိမ်သားတို့ အား၊ စားစရာက်ု ၎င်း၊ ကျွန်မတို့ အား၊အငန်းအတာကို ပေးဝေတတ်၏။
သုတ္တ့ ကျမ်း ၃၁း ၁၅။
မမေ၀င်း .... သိပ်တော်သိပ်တတ်စေချင်ယင်၊
ကောင်းမွန်စွာ ဆင်ခြင်၍၊ လယ်ကွက်ကိုဝယ်ယူတတ်၏။ ကိုယ်တိုင်လုပ်၍ ရသောငွေဖြင့်၊ စပျစ်ဥယျာဉ်ပြုစုတတ်၏။ မိမိခါးကိုခွန်အားနှင့်စည်း၍၊မိမိလက်တို ကို သန်မြန်စေတတ်၏။မိမိလုပ်သော ဥစ္စာကောင်းသည်ကို ရိပ်မိ၍၊သူ၏ မီးခွက်သည် တညလုံးမသေတတ်။ ချည် ကိုဖြစ်စေတတ်သော၊ တန်ဆာတို့ ကို၊ ကိုယ် လက်နှင့်ကိုင်၍၊လုပ်ဆောင်တတ်၏။ဆင်းရဲသော သူတို့ အား၊ လက်ကို ဖြန့်၍၊ငတ်မွတ်သောသူတို့ အား၊ လက်ရုံးကို ဆန့် တတ်၏။ မိုးပွင့် ကျသော်လည်း၊ မိမိအိမ်သူအိမ်သားတို့ အတွက်၊ မစိုးရိမ်။ အိမ်သူအိမ်သားအပေါင်တို့ သည်၊ ကတ္တီပါ နီကို ၀တ်ကြ၏။ ကို ယ့်အဖို့ စောင်တို့ ကို၊ ရက်၍ ၊ပိတ်ချောနှင့် ၊ မောင်းသော အ၀တ်ကို ၀တ်တတ်၏။ သူ၏ခင်ပွန်းသည်လည်း မြို့ တံခါးတို့ ၌၊ပြည်သားအသက်ကြီးသူတို့ နှင့် ထိုင်၍၊ ထင်ရှားသောသူဖြစ်ရ၏။ချောသော အထည်အလိပ်ကို ယက်၍ ရောင်းတတ်၏။ ခါးစည်းတို့ ကိုလည်း၊ ကုန်သည်ချတတ်၏။ သူလုပ်သော အထည်အလိပ်သည် ခိုင်ခန့်္က၍၊ လှသော အဆင်းနှင့် ၊ပြည့် စုံသဖြင့်၊ သူသည်နောင်ကာလ၌၊ ၀မ်းမြောက်လိမ့်မည်။ ပညာစကားကို ပြောတတ်၍၊ မေတ္တာတရားအားဖြင့်၊ နျုတ် မြွက်တတ်၏။ အိမ်သူအိမ်သား ပြုသမျှတို့ ကို၊ ကြည့်ရှုတတ်၏။ ပျင်းရိခြင်းအစာကို မစားတတ်။ သူ၏ သားသမီးတို့ သည်၊ ထ၍ အမိကို ကောင်းကြီးပေးတတ်၏။ သူ၏ခင်ပွန်းကလဲ၊ လူမျိုးးသမီးအများတို့ သည် ကောင်းစွာ ပြုကြပြီး၊ သို့ ရာတွင် သင်သည်၊ ထို သူအပေါင်းတို့ ကို ၊ လွန်ကဲပြီ ဟု သူ့ ကို ချီးမွမ်းတတ်၏။ယဉ်ကျေးသောအရာသည်၊ လှည့် စားခြင်းနှင့် ယှဉ်တတ်၏။ လှသော အဆင်းသည်လည်း အချည့်နှီးဖြစ်၏။ ထာဝရ ဘုရားကို ကြောက်ရွံ့ သော၊ မိန်းမမူကား၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည်။ ထို သို့ သော မိန်းမ ကျင့်ရာ အကျိုးကို၊ ပေးလော့။ သူပြုသမျှ အမှုသည်၊ မြို့ တခါးတို့ ၌၊ သူ၏ အသရေကို ထင်ရှားစေသတည်း။
သုတ္တံ ကျမ်း ၃၁း ၁၈-၃၁။
ယောက်ကျားနှင့်တန်းတူနေချင်ယင်တော့။ ကြက်မတွန်လို့ ၊ သူများချက်စားလိမ့်မယ်။ ဒီလောက်ဆိုနားလည်လောက်ပြီထင်ပါတယ်။ဘုန်းကြီးကျောင်း သားဆိုပြီးတော့၊ စာမတတ်၊ နီုင်ငံတကာ မရောက်ဖူး၊ အထင်မသေးပါနဲ့ ဗျာ။ ယောဘ မိန်းမလို ဘုရားကို မကျိန်ဆဲ ခိုင်းနဲ့ ။ မမေ၀င်းရယ်၊ ဘုရားစကား တရားစကားနားထောင်၊ ကိုယ်ထင်ရာ မလုပ်နှင့်၊ အရူးဖြစ်သွားမယ်၊ တန်းတူချင်တာ လာမပြောနဲ့ ၊ ဒဏ္ဍာရီစကားတွေ။ အပျော်စကားတွေနှင့် ၊နောက်တခါ၊ အဲ့ အကြောင်း နှင့်ပါတ်သပ်ပြီး လာမပြောနှင့်။
တောမှာနေတာဆိုပြီး၊ အထင်မသေးပါနှင့်။ ခေါင်းမမော့နိုင်အောင်ပြောပြစ်လိုက်မယ်သိလား။
ကမ္ဘာ အပေါ် လိမ်တူဆက်စံခြင်းနှင့် ပတ်သက်လို့ အဘယ်သို့ နားလည်းထားခြင်းရှိကြသနည်း
၁။ကမ္ဘာအစ၌ ဘုရားသခင် အဘယ်သို့ဖန်ဆင်းခြင်းရှိသနည်
တဖန် ဘုရားသခင်က၊ ငါတို့ပုံသဏ္ဌာန်နှင့်တညီ တသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော တိရ စ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးစေဟု အမိန့်တော်ရှိ၏။
ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမ ကို ဖန်ဆင်းပြီးလျှင်၊
အချင်းတို့၊ များပြားစွာမွေးဘွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာလှုပ်ရှားတတ်သော တိရ စ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟု မိန့်တော်မူ၍၊ သူတို့ကို ကောင်းကြီးပေးတော်မူ၏။ ကမ္ဘာဦးကျမ်း ၁း၂၆-၃၁
၂။ဘုရားသခင် လူးသည်အဘယ်မနေကောင်းဟူ၍ မိန့်တော်မူသနည်း
ထာဝရအရှင် ဘုရားသခင်ကလည်း၊ ယောက်ျားသည် တယောက်တည်းမနေကောင်း၊ သူနှင့် တော်သော အထောက်အမကို သူ့ဘို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။
ထာဝရအရှင် ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့်၊ မိုဃ်းကောင်းကင် ငှက်အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်းတော်မူပြီးလျှင်၊ လူသည် အဘယ်သို့ ခေါ်ဝေါ်သမုတ်မည်ကို သိခြင်းငှါ၊ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ လူသည်လည်း အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ်သမုတ် သည်အတိုင်း၊ နာမည်အသီးအသီး ရှိကြ၏။
ထိုသို့ လူသည် သားယဉ်အပေါင်းတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်အပေါင်းတို့ကို၎င်း၊ သားရဲအပေါင်းတို့ကို၎င်း၊ အမည် ပေး၍ မှည့်လေ၏။ သို့သော်လည်း လူနှင့်တော်သော အထောက်အမ မပေါ်မရှိသေး။
ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကို ကြီးသောအိပ်ခြင်းနှင့် အိပ်စေတော်မူ၍၊ လူသည် အိပ်ပျော်စဉ်၊ နံရိုးတချောင်းကို ဘုရားသခင်ထုတ်ပြီးလျှင်၊ ထိုအရိုးအစား အသားကို စေ့စပ်စေတော်မူ၏။
ထာဝရ အရှင်ဘုရားသခင်သည် လူထဲကထုတ်သော နံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။
လူကလည်း၊ ယခုဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသား ဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကို လူမိန်းမဟု ခေါ်ဝေါ်အပ်သည်ဟု ဆိုလေ၏။
ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍၊ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူတို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။
ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်မဝတ်ဘဲနေ၍၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ် ကြ၏။
ကမ္ဘာဦးကျမ်း ၂း၁၈-၂၅
ခရစ်တော်လောက၌ ရှိစဉ်ကာလ၌ ထိမ်းလက်ခြင်းအခွင့်ပေးလား
ငါအမှန်ဆိုသည်ကားယခုဖြစ်သော လူများမကုန်မှီ ထိုအကြောင်းအရာများအလုံးစုံတို့သည်ဖြစ်ကြလိမ့်မည်။
ကောင်းကင်နှင့်မြေကြီးမတည်သောလည်း ငါစကားတည်လိမ့်မည်။ ထိုအချိန်နာရီကိုကား အဘယ်သူမျှမ
သိကောင်းကင်တမန်မသိငါ့ခမည်တော် တပါးတည်းသာသိတော်မူ၏။
လူသားသည် ကြွလာသောအခါနောဧ လက်ထက်၌ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။ရေလွှမ်းမိုးခြင်းမဖြစ်မှီ ကာ
လ၌ နောဧ သည်သင်္ဘောထဲသို့ဝင်သောနေတိုင်အောင် လူများတို့သည် စာသောက်လျက်၊ထိမ်းမြားစံဘက်
လျက် နေ၍ ၊ရေလွှမ်းမိုးခြင်း ရောသခင်ဖြင့် လူခပ်သိမ်းတို့ကို သုတ်သင် ပယ်ရှင်းသည် တိုင်အောင်သတိ
မဲ့နေကြလိမ့်မည်။ ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄း ၃၄-၃၉
လောတခေတ်ကာလနှင့် ယခုခေတ်ကလဖြစ်ရပ်များ သမ္မာကျမ်းစာမှဖေါ်ပြင်ခြင်း
သမ္မာကျမ်းစာ၌ နောက်ဆုံးသောကာလ၌ အဖြစ်အပျက်များအကြောင်း။
ယေရှုခရစ်တော် ပရောဖက်ပြုချက်များ ရှင်လုကာခရစ်ဝင်ကျမ်း၌ ဖေါ်ပြချက်နှင့် ဓမ္မဟောင်ကျမ်းများဆက်စပ်မှုရှိကြောင်း လေ့လာခြင်း။
၁။ယေရှုခရစ်တော်အဘယ်သို့အမိန့်တော်မူသနည်း။
နောဧလက်ထက်၌ဖြစ်သကဲ့သို့လူသည်လက်ထက်၌ ဖြစ်လိမ့် မည်။-နောဧသည် သင်္ဘောထဲသို့ဝင်၍၊ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့
တိုင်အောင် လူများတိုသည် စာသောက်လျက်၊ထိမ်းမြား စုံဖက်လျက်နေကြ၏။ ထိုနည်းတူ၊လောတလက်ထက်၌လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊စိုက်ပျိုးလျက်
အိမ်ဆောက်လျက်၊ နေသကဲ့သို့၎င်း၊ လောတသည်သောဒုံမြို့မှထွက်နေ့၌ ကောင်းကင်မှကန့်နှင့်ရောသော မီးမိုးရွာ၍ထို လူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်း သကဲ့သို့၎င်း။ လူ
သားပေါ်ထွန်သောနေ့၌ ဖြစ်လိမ့်မည်။
ရှင်လုကာခရစ်ဝင်ကျမ်း အခန်းကြီး ၁၇းအခန်းငယ်၂၆-၃၀ ၌တွေ့ရှိသောအချက်လျက်များ။
၂။ဓမ္မဟောင်ကျမ်း၌ ဖြစ်ပျက်ပြီးသော အကြောင်း သောဒုံမြို့ကြီး ဘုရားသခင်အဘယ်သို့ သုတ်သင်ပယ်ရှင်းတော်မူသနည်း။
ကောင်းကင်တမန် နှစ်ပါးတို့ သည် ညဦးအချိန်၌ သောဒုံ မြို့ သို့ ရောက်လာ၏။ လောတသည် မြို့ တံခါးဝ၌ ထိုင် လျှက် သူတို့ ကိုမြင်လျှင်၊ ခရီးဦးကြို ပြုစေခြင်းငှာ ထ၍ ၊မြေ၌ ဦးညွှတ် ချလျှက် - အကျွန်ုပ် သခင်တို့ ၊ ကိုယ်တော်တို့ ကျွ န်ုပ်အိမ် သို့ ဝင်၍ တညဉ့် လုံးနေကြပါ။ ခြေကို ဆေးကြပါ။ နံနက်စောစောထ၍ ကြွသွား ကြပါလော့ ဟု ဆိုလေ၏။ ကောင်းကင်တမန် တို့ က ၊ငါတို့ သည်မ၀င် ၊ တညလုံး လမ်း၌ နေတော့ မည်ဟုဆို သော်လည်း - ကျပ်ကျပ်သွေးဆောင် သောကြောင့်  ၊လောတ နေရာသို့ လှည့်၍ သ၏ အိမ်သို့ ဝင်ကြ၏။ လောတလည်း သူတို့ အဖို့  ပွဲလုပ်၍ ၊တဆေးမပါသောမုန့် ကို ပေါင်းစပ်ပြီးမှ ၊သူတို့ သည်လည်း စားကြ၏။
ထို သူတို့ သည် မအိပ် မှီ ၊သောဒုံ မြို့ သား ၊ယောက်ကျားကြီ့းအငယ်၊ အရပ်ရပ် က လာသော သူအပေါင်းတို့ သည် အိမ်ကို ၀ိုင်း၍ ၊လောတကို ကို ဟစ် ခေါ် လျှက်၊ယနေ့ ညမှာ ၊သင့် အိမ်ကို ၀င်သော သူတို့ သည် ၊အဘယ်မှာ ရှာသနည်း။ ထို သူတို့ နှင့် ငါတို့ သည် ၊ဆက်ဆံလို သည် ဖြစ်၍ ၊ငါတို့ ထံသို့ ထွက်စေလော့ ဟု ဆို ကြ၏။
လောတ သည် တံခါး အပြင်ဖက်မှာ ၊သူတို့ ထံသို့ ထွက်၍၊ မိမိနောက်၌ တံခါးကို ပိတ်ပြီးလျှင် ၊ညီအကိုတို့  အဓမ္မ မှု ကို ဤမျှ လောက်မပြု ကြပါနှင့်။- အ ကျွနုပ်၌ ယောက်ကျားနှင့် မဆက်ဆံသော သမီးငယ်နှစ်ယောက် ရှိပါ ၏။ သူတို့ ကို သင်တို့ ထံသို့ ထုတ် ရသောအခွင့် ကို ပေးကြပါလော့ ။သူတို့ ၌ ပြုချင်သမျှ ပြု ကြပါလော့ ။ ဤ လူတို့ ၌ အလျှင်း မပြုကြပါနှင့် ။ အကြောင်း မူကား ၊ သူတို့ သည် အကျွနုပ် အိမ် မိုး အရိပ် ကို ခိုနေပါ၏ ဟု တောင်းပန်သော်လည်း - သူတို့ က ဆုတ် လော့ ဟု ဆို ကြ၏။ တဖန် ကား၊ သင်သည် တည်းခိုခြင်းငှာ သာ ၊ရောက် လာသည် နှင့် ၊ တရားသူကြီ့း လုပ်ရမည်လော။၊ယခုမှာ ထို သူတို့ ၌ ပြု သည် ထက် ၊ သင်၌ သာ၍ ဆိုးသော အမှုကို ပြုမည်ဟုဆို လျှက် ၊လောတကို ကျပ်ကျပ် ဖိ၍ ၊တံခါးကိုလည်းပေါက်ခွဲချိုးဖဲ့ ခြင်းငှာ ချဉ်း လာကြ၏။ ထို အခါကောင်းကင်တမန် တို့ သည် လောတ ကို မိမိတို့ နေရာ၊ အိမ်အတွင်းသို့ ဆွဲသွင်းပြီးလျင်၊ တံခါးကို ပိတ်ကြ၏။ ။ အိမ်တံခါးနားမှာ ရှိသောသူ ၊အကြီးအငယ်တို့ ကို ၊မျက် စိကန်းစေခြင်းငှာ ဒဏ် ခတ် သဖြင့် ၊သူတို့ သည် တံခါးကို ရှာ ၍ ပင်ပန်းခြင်းသို့ ရောက် ကြ၏။
ကောင်းကင်တမန် တို့ ကလဲ ၊ဤ အရပ်၌ သင်နှင့် ဆိုင်သောသူ ရှိသေးသလော။ သားသမီး၊သမက် မြို့ ထဲမှာ သင် ၇ှိသမျှကို ဤ အရပ် က ထုတ် ဆောင်လော ။ ဤ အရပ် ကို ငါတို့ သည် ဖျက်ဆီးရမည်။ အကြောင်း မူကား ၊အရပ်သားတို့ သည် ထာဝရဘုရားရှေ့ တော်မှာ ၊အလွန် ကြွေးကြော်ခြင်းရှိသည် ဖြစ်၍ ၊ဖျက်ဆီးစေခြင်းငှာ ထာဝရဘုရားသည်ငါတို့ ကို စေလွှတ်တော်မူပြီ ဟု လောတ အားပြောဆို ကြ၏။ -လောတ ထွက် ၍ သမီးနှင့် စုံ ဖက်သောသူ ၊ မိမိသမက်တို့ အား၊ ထကြ၊ဤအရပ် မှ ထွက် သွား ကြ။ ဤ မြို့ ကို ထာဝရ ဘုရား ဖျက်ဆီးတော်မူမည် ဟု ဆိုသော် လည်း ၊ ကျီစားဟန် ရှိ သည်ဟု သမက်တို့ က ထင်၏။။
မိုဃ်းသောက်သော အခါ၊ကောင်းကင်တမန် တို့ သည်၊ လောတ ကို ဆော် လျှက် သင်သည် ထ၍ ဤ အရပ်၌ ရှိသော မယားနှင့် သမီးနှစ်ယောက် ကို ယူသွားလော့ ။ သို့ မဟုတ် မြို့ ၏အပြစ် ၌ ဆုံးခြင်းသို့ ရောက် လိမ့် မည် ဟု ဆိုသော်လည်း၊သူသည် ဖင့် နွဲသာအခါ၊ထာဝရဘုရားသနားတော်မးသောကြောင့် ၊ကောင်းကင်တမန်တို့ သည် ၊သူနှင့် သူ၏ မယား၊ သူ၏သမီးနှစ်ယောက်တို့ ကို လက်ဆဲါ ၍ မြို့ ပြင် သို့ ထုတ်ဆောင် ကြ၏။
ပြင်သို့ ရောက်သော အခါ၊ သင်သည် အသက်ချမ်းသာ ရာ ရခြင်းငှာ ပြေးလော့၊ နောက်သို့ လှည့်၍ မကြည့် နှင့်၊ မြေညီသော အရပ် ၌ အလျှင်း မနေ နှင့်။ တောင်ပေါ်သို့ ပြေးလော့ ။ နောက်သို့ လှည့် ၍ မကြည့် နှင့် ။ သို့ မဟုတ် ဆုံးလိမ့် မည် ဟု ဆိုလေ၏။ လောတ ကလည်း ၊အကျွနုပ်သခင်၊ ထို့ သို့ မဆို ပါနှင့် ။ -ယခုမှာ ကို ယ်တော် ကျွန်သည် ၊ရှေ့ တော်၌ မျက် နှာ ရပါပြီ။ အကျွ နုပ် အသက်ချမ်းသာ စေသဖြင့် ။အကျွ နုပ် ၌ ပြုတော်မူသော ကရုဏာ ကျေးဇူးများပြား လှ ပါ၏။ ဘေးလွှတ် ၍ တောင် ပေါ်သို့ မပြေးနိုင်ပါ။ ဘေးတစုံ တခုတွေ့ ၍ သေမည် ကို စိုးရိမ် ပါ၏။ ကြည့် ပါ။ ထို မြို့ နီးပါး၏ ပြေးသာပါ၏။ ငယ်သော မြို့ လဲ ဖြစ်ပါ၏။ဘေးလွှတ်၍ ထို အရပ်သို့ ပြေးပါရစေ။ထို မြို့ သည် ငယ်သော မြို့ မဟုတ်လော ။ သို့ ပြေးလျှင် အသက် ချမ်းသာ ရာ ရပါမည် ဟု လျှောက်ဆို ၏။ထို သူကလည်း ကြည့် ပါ၊ ဤအမှုအရာ ၌ လည်း သင်၏စကားကိုငါ နားထောင်စေခြင်းငှာ ၊ ထိုမြို့ အတွက် တောင်းပန် သော ကြောင့်  ငါ မဖျက် ဆီး။ ဘေးလွှတ်ခြင်းငှာ ထို မြို့ သို့ အလျှင်အမြန် ပြေးလော့ ။ ထို မြို့ သို့ မရောက်မှီ ၊ငါသည် အဘယ် အမှု ကို မျှ မပြု နှိုင် ဟု ဆိုလေ၏။ ထို့ ကြောင့် ထို မြို့ ကို ဇော ရ မြို့ ဟု သမုတ် ကြ၏။ -လောတသည် ဇော ရမြို့ သို့ ဝင်သော အခါ ၊ မြေကြီးပေါ်မှာ နေထွက် ချိန်တည်း။ ထို အခါ ထာဝရဘု ရားသည် ၊ကောင်းကင် ထက် အထံတော် မှ ၊ သောဒုံ မြို့ နှင့် ဂေါမောရမြို့ ပေါ်သို့ ကန့် နှု့် မီး မိုးဃ်းကို ရွာစေတော်မူ၏။ ထိုမြို့ တို့ ကို ၎င်း ၊ချိုင့် အရပ်တလျှောက်လုံးကို ၎င်း ၊မြို့သားအပေါင်းတို့ ကို၎င်း၊ မြေ၌ပေါက်သမျှ တို့ ကို ၎င်း၊ မှောက် လှဲတော်မူ၏။ -လောတ၏ မယားမူကား၊နောက်သို့ လှည့် ကြည့် ၍ ဆားတိုင် ဖြစ်လေ၏။
နံနက်စောစော ၊အာဗြံဟံ သည် ထ၍ ထာဝရဘုရားရှေ့ တော် ၌ ရပ်နေသော အရပ် သို့ သွားပြီးလျှင်-သောဒုံ မြို့ နှင့် ဂေါမောရမြို့ မှစသော၊ ချိုင့် အရပ် တလျှောက် လုံးကို ကြည့် ရှု ၍ ၊မီးဖို၌ အခိုးကဲ့ သို့  ၊ တပြည်လုံးအခိုးတက်သည် ကို မြင်လေ၏။ထို သို့ ဘုရားသခင်သည် ချိုင့်ထဲမှာ ရှိသော မြို တို့ ကို ဖျက်ဆီးသော အခါ၊အာဗြံကို အောက်မေ့တော်မူ၏။လောတ နေသောမြို့ တို့ကို မှောက် လှဲသောအခါ ၊မှောက်လှဲ ရာထဲ က လောတ ကို လွှတ် လိုက်တော်မူ၏။
လောတသည် ဇောရမြို့ မှ၊ ထွက်၍ သမီးနှစ်ယောက်နှင့် တကွ ၊တောင်ပေါ် မှာနေ၏။ဇောရမြို့ ၌ မနေ၀ံ့ ၍ ၊သမီးနှစ်ယောက်နှင့် တကွ ၊ဥမှင်၌ နေ၏။ သမီးအကြီးက ငါတို့ အဘ အိုပြီ။ မြေကြီးသားအပေါင်းတို့ ၏ ဘာသာအတိုင်း၊ ငါတို့ ထံသို့ ဝင်ရသော၊ယေက်ကျားတယောက်မျှ မြေပေါ်မှာ မရှိ။ -လာကြ ၊ငါတို့ အဘကို စပျစ်ရည်တိုက်ကြစို့ ။ ငါတို့ အဘ၏အမျိုးအနွယိကို စောင့် မ၍ သူနှင့် အိပ်ကြစို့ ဟု ညီမကို ပြောဆို၏။ ထိုေံန့ ညမှာ သူတို့ ၏အဘကို ၊စပျစ်ရည်တိုက်ပြီးလျှင်၊သမီးအကြီးသည် ၀င်၍ အဘနှင့် အိပ်လေသည်။သူအိပ်ကြောင်းကို၎င်း၊ ထကြောင်းကို ၎င်း၊အဘမသိ၊ နက်ဖန်နေ့ တွင် အကြီးကလည်း၊ မနေ့ံညမှာ ငါသည် အဘနှင့် အိပ်လေပြီ။ ယနေ့ ညတဖန် သူ့ ကို စပျစ် ရည် တိုက် ကြစို့ ။ သင်သည် ၀င်၍ အဘ၏အမျိုးနွယ်ကို စောင်မခြင်းငှာ၊ သူနှင့် အိပ်လော့ ဟု ညီမကို ပြောဆို၏။ ထို နေ့ ည ၌ လည်း ၊ သူတို့ သည် အဘကို စပျစ် ရည် တို က်ပြီးလျှင် ၊အငယ်သည် ၀င်၍ အဘနှင် အိပ်လေ၏။အိပ် ကြောင်း ကို ၎င်း ၊ထကြောင်း ကို ၎င်း ၊ အဘမသိ၊ ထို သို့ လောတ ၏ သမီးနှစ်ယောက်သည်၊ မိမိအဘအားဖြင့် ၊ပဋိသန္ဒေ စွဲနေ၏။ သမီးအကြီးသည် သားကို ဘွား၍၊ မောဘ အမည် ဖြင့် မည့် လေသည်။ ထို သူသည် ယနေ့ တိုင်အောင် ရှိသော၊ မော ဘ အမျိုးသားတို့ ၏ အဘဖြစ်သတည်း။ သမီးအငယ်သည် လည်း၊ သားကို ဘွား ၍၊ ဗေနမ္မိ အမည်ဖြင့် မည့် လေသည်။ထို သူသည် ယနေ့ တိုင်ေ အာင်ရှိသော အမ္မုန် အမျိုးသားတို့ ၏ အဘ ဖြစ်သတည်း။
က မ္ဘာဦးကျမ်း ၁၉း ၁ - ၃၁
ရှေးကာလ၌ မိုးကောင်းကင်ကို၎င်း၊ ရေထဲကထွက်၍ ရေဖြင့် တည်သော မြေကြီးကို ၎င်း၊ ဘုရားသခင်၏နှုတ်ကပါတ်တော်သည် ဖြစ်စေတော်မူ ကြောင်းနှင့်  ဖြစ်ဘူးသော လောကဓါတ်တို့ ကို ထို့ သို့ အားဖြင့်  ရေ နှင့် လွှမ်းမြှုပ် ၍ ဖျက်ဆီးကြောငိးကို ထို သူတို့ သည် မှတ် မိချင်သော စိတ် မရှိ ကြ။-ယခုရှိသော မိုးကောင်း ကင်နှင့်  မြေကြီးမူကား တရားဆုံးဖြတ်၍ ၊အဓမ္မ လူတို့ ကို ဖျက်ဆီးသော နေ့ ရက်တိုင် အောင် ၊ထို နှုတ်ကပါတ်တော် အားဖြင့်  ၊သိုထားလျှက် ရှိ၍ ၊မီးရှို့ ညခင်း အဖို့ အလို့ ငှါ ၊နေ ရစ်သတည်း။
ချစ်သူ တို့ ၊ထာဝရဘုရား မှာ၊ ကာလ တရက်သည် ၊အနှစ်တထောင်ကဲ့ သို့ ၎င်း ၊ အနှစ်တထောင်သည် တရက်ကဲ့ သို့ ၎င်း ၊ ဖြစိသည့် အရာတခု ကို မမေ့လျော့ ကြ နှင့် ။ လူအချို့ တို့ သည် နှေး ခြင်းကို မှတ် ထားသည့် အတိုင်း ၊ထာဝရဘုရားသည် ကတိ တော်အရာမှာ နှေးတော် မမူ။ ငါတို့ တွင် အဘယ်သူမျှ ၊မပျက်စီး ဘဲ ၊ ရှိသမျှ တို့ သည် ၊နောင် တရစေခြင်း ငှာ ၊အလိုတော် ရှိ၍ ငါတို့ ကို သည်းခံတော်မူ၏။ သူခိုးသည် ညအခါ လာသကဲ့ သို့ ၊ထာဝရဘုရား၏နေ့ ရက်သည် လာလိမ့်မည်။ ထို နေ့ ရက်၌ မိုးကောင်းကင် သည် ကြီးစွာသော အသံနှင့် တကွ ပျောက် သွားလိမ့်မည်။ မြေကြီး ကိုယ် မှစ၍ မြေကြီးပေါ် မှာ ပြုလုပ် သမျှ သော အရာတို့ သည် ကျွမ်းလောင် ကြလိမ့်မည်။
သို့ ဖြစ်၍ ဤအရာ အလုံးစုံ တို့ သည် ကုန် စင်မည် မှန်သောကြောင့် ၊ မိုးကောင်းကင်သည် မီးနှင့် ပျက်၍ ၊လောကဓါတ်တို့ သည်၊ ပူအားကြီးလျှက် အရည်ကျို ခြင်းကို ခံရသောနေ့ ၊ တည်းဟူသော ဘုရားသခင်၏နေ့  ရောက်လိမ့် မည်ဟု သင်တို့ သည် မျော် လင့် တောင့် တ လျှက် ၊သန့် ရှင်းသော အကျင့်ကို ကျင့် ခြင်း၊ ဘုရားသခင်၌ မွှေ့ လျော် ခြင်းအားဖြင့်၊ အဘယ်သို့ သောသူ ဖြစ်အပ်ကြသနည်း ။ ယခု ရှိသမျှ သော အရာတို့ သည် ပျက်တတ် သော် လည်း ဖြောင့်မတ်ခြင်းတရားတည်နေရာ ၊မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့ သည် ဂတိတော်နှင့် အညီ မြောင်လင့်ကြ၏။
ထို့ သို မျှော်လင့် ခြင်း ရှိသောကြောင့် ၊ချစ် သူတို့ သင်တို့ သည် အညစ်အကြေးနှင့် ကင်းစင်၍ အဘယ်အပြစ်မှမပါဘဲ ၊ရှေ့ တော် သို့ ငြိမ်ဝမ်စွာ ရောက်မည် အကြောင်း ၊ ကြိုးစား အားထုတ် ကြလော့ ။ ငါတို့ ချစ်သောညီ ပေါလု သည် ၊မိမိခံ ရသော ဥာဏ် ပညာ အတိုင်း ၊သင်တို့ အား ရေး၍ ပေးလိုက် သော စာ၌၎င်း ၊ သူသည် ဤအရာ များကို ပြော၍ စီ ရင်သော ၊ သြ၀ါဒ ရှိသမျှ တို့ ၌ ၎င်း၊ ပါသည် နှင့် အညီ ၊ငါတို့ သခင်ဘုရားသည်းခံတော်မူခြင်း သည် ၊ ကယ်တင်မည်အကြောင်းဖြစ်သည် ဟု မှတ်ကြလော့။
ရှင်ပေတရု သြ၀ါဒ စာ ပဌမစောင် ၃း ၅- ၁၅ ။

ယောက်ားအချင်းချင်းလိင်တူဆက်ဆံခြင်းတို့ အဘယ်သို့သာအကျိုးအပြစ်ဖြစ်သည်ဟူ၍ သမ္မာကျမ်းမှ
ဖေါ်ပြခြင်းကိုတွေ့ရှိနိုင်လည်းနိုင်ကြမည်လော့။
၁။ကျွန်ပ်တို့ သည် ကမ္မာဦးစ၌ ထိမ်းမြားလက်ထပ်ခြင်း အဘယ်သို့ရှိသနည်း။
ထို သို့ ဘုရားသခင်သည် မိမိပုံသဏ္ဍာန် နှင့် အညီ လူကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့် အညီ လူယောက်ကျား၊လူမိန်းမ ကို ဖန်ဆင်းပြီးလျှင် - အချင်းတို့ များပြားစွာ မွေးဘွားကြလော့ ။မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့ ။ ပင်လယ်ငါးတို့ ကို ၎င်း ၊မိုး ကောင်းကင် ငှက်တို့  ကို၎င်း ၊ အသက်ရှင် ၍ မြေ ပေါ်မှာ လှုပ်ရှားတတ်သော ၊တိရ စ္ဆန် အပေါင်းတို့ ကို ၎င်း၊ အုပ်စိုးကြလော့ ဟု မိန့် တော်မူ၍၊သူတို့ ကို ကောင်းကြီးပေးတော်မူ၏။
က မ္ဘာဦးကျမ်း ၁း ၂၇-၂၈။
၂။ ယေရှုခရစ်တော်ခေတ်ကာလ၌ ထိမ်းမြာလက်ထပ်ခြင်းအဘယ်သို့ အမိန့်တော်ရှိသနည်း။
ကိုယ်တော်က၊အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ၊ ယောက်ကျားနှင့် မိန်းမ နှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။ ထိုအကြောင်းကြောင့်  ယောက်ကျားသည် မိဘကိုစွန့် ၍ ၊ကိုယ်ခင်ပွန်း၌ မှီဝဲ သဖြင့် ၊ထို သူနှစ်ယောက်တို့ သည် တသားတကိုယ် တည်းဖြစ်ရလိမ့် မည်ဟု ကျမ်းဆို သည်ကို သင်တို့ မဖတ်ဖူးသလော။ ထို့ ကြောင့် လင်မယားတို့ သည် နှစ်ဦးမဟုတ် ၊ တဦးတည်းဖြစ်၏။ ဘုရားသခင်ဖက်စပ်၍ ၊ထမ်းဘိုးတင်တော်မူသော အရာကို လူမခွဲ ခွါစေနှင့် ဟု မိန့် တော်မူ၏။
ရှင်မဿသဲခရစ်ဝင်ကျမ်း အခန်းကြီး ၁၉း ၄-၆ ။
၃။ထာဝရ ဘုရားသခင်သည် မိန်းမအားအဘယ်သို့ဖန်ဆင်း၍ သည်ဟု၍အမိန့် တော်ရှိသနည်း။
ထာဝရအရှင် ဘုရားသခင်သည် လူကို ကြီးသော အိပ်ခြင်း ဖြင့် ၊ အိပ်စေတော်မူ၍ ၊ လူသည် အိပ်ပျော်စဉ် ၊ နံရိုးတချောင်း ကို ဘုရားသခင်ကို ထုတ်ပြီးလျှင် ၊ထို အရိုးအစား၊အသားကို စေ့ စပ်စေတော်မူ၏။ ထာဝရအရှင် ၊ဘုရားသခင်သည် လူထဲက ထုတ်သော နံရိုးဖြင့်  ၊ လူမိန်းမကို ဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့ တော်မူ၏။
ကမ္မာဦးကျမ်း အခန်းကြီး ၂း အခန်းငယ် ၂၁- ၂၂ ။
၎။ ထာဝဘုရားသခင်သည် ဤလောကက မ္ဘာ ကြီးအဘယ်သို့ဖန်ဆင်းတော်မူ သည်ဟု၍မိန့် တော်ရှိသနည်း ။
မိုးကောင်းကင် ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား ၊ မြေကြီးကို ပြု ပြင်ဖန်ဆင်း၍ အမြဲတည်စေတော်မူသောအရှင် ၊အချည်းနှီး ဖန်ဆင်းတော်မူသည်မဟုတ်၊ သတ္တ ၀ါ နေစရာ အဘို့ ၊ဖန်ဆင်းတော်မူသော ဘုရားသခင်၊ မိန့် တော်မူသည်ကား၊ ငါသည် ထာဝရ ဘုရား ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၄၅း အခန်းငယ် ၁၈။
အချင်းတို့ များပြားစွာ မွေးဘွားကြလော့ ။ မြေကြီးကို ပြည့် စေ၍ နိုင် ကြလော့။ မြေကြီးကို ပြည့်စေ၍၊ နိုင် ကြလော့။ ပင်လယ်ငါးတို့ ကို ၎င်း၊ မိုးကောင်းကင်တို့ ကို ၎င်း၊ အသက်ရှင်၍၊ မြေပြင်မှာ လှုပ်ရှားတတ်သော တိရ စ္ဆန် အပေါင်းတို့ ကို ၎င်း၊အုပ်စိုးကြလော့ ဟု မိန့် တော်မူ၍ သူတို့ ကို ကောင်း ချီးပေးတော်မူ၏။
ကမ္မာဦး ကျမ်း အခန်းကြီး ၁း အခန်းငယ်၂၈ ။