Monday, February 18, 2019

ထမြောက်ရာနေ့ SunDay ဝတ်ပြုကိုးကွယ်သောသူမှန်သမျှ သားရဲ့၏ အမှတ်တံ့ဆိပ်ခံယူထားသောသူများဖြစ်ကြသည်

ဥပုသ်နေ့လွန်၍ ခုနစ်ရက်တွင် ပဌမနေ့ရက် မိုဃ်းလင်းအံ့ဆဲဆဲအချိန်၌၊ မာဂဒလမာရိနှင့် အခြားသောမာရိ သည် သင်္ချိုင်းတော်ကို အကြည့်အရှုသွားကြ၏။ထိုအခါ မြေကြီးသည်ပြင်းစွာလှုပ်လေ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကောင်းကင်ဘုံမှဆင်းလာ၍၊ တွင်းဝ၌ပိတ်သောကျောက်ကို လှိမ့်လှန်ပြီးလျှင်၊ ထိုကျောက်ပေါ်မှာထိုင်နေ၏။ရှင်မဿဲခရစ်ဝင်ကျမ်း ၂၈း ၁-၂
ဥပုသ်နေ့လွန်မှ မာဂဒလမာရိ၊ ယာကုပ်၏အမိဖြစ်သော မာရိနှင့် ရှာလုံတို့သည်သွား၍၊ အလောင်း တော်ကို လိမ်းခြင်းငှါ နံ့သာမျိုးကို ဝယ်ပြီးလျှင်၊ခုနစ်ရက်တွင် ပဌမနေ့ရက်နံနက်စောစော၊ နေထွက်သော အချိန်၌ သင်္ချိုင်းတော်သို့သွားကြ၏။ ထိုမိန်းမတို့က၊ တွင်းဝ၌ပိတ်သောကျောက်ကို အဘယ်သူလှိမ့်လှန်၍ ပေးမည်နည်းဟု အချင်းချင်းပြောဆိုပြီးမှ ကြည်ရှုလျှင်၊ ထိုကျောက်သည် လှိမ့်လှန်လျက်ရှိသည်ကို မြင်ကြ၏။ထိုကျောက်ကား အလွန်ကြီးသောကျောက်ဖြစ်သတည်း။ရှင်မာကုခရစ်ဝင်ကျမ်း ၁၆း၁-၎
ခုနှစ်ရက်တွင်ပဌမနေ့ရက် အာရုဏ်တက်သောအချိန်၌၊ ထိုမိန်းမတို့သည် အခြားသောမိန်းမတို့နှင့် တကွ မိမိတို့ ပြင်ဆင်သော နံ့သာမျိုးကိုဆောင်လျက်သင်္ချိုင်းတော်သို့သွားကြ၏။ ရောက်သောအခါ၊ တွင်းဝ၌ပိတ်သော ကျောက်သည်လိမ့်လန်လျက်ရှိသည်ကိုတွေ့မြင်၍ အတွင်းသို့ဝင်သော်၊သခင်ယေရှု၏ အလောင်းတော်ကိုမတွေ့ကြ။ရှင်လုကာခရစ်ဝင် ၂၄း၁း၂
အလောင်းတော်ကိုချ၍ ပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင်၊ တယောက်ကိုမျှ မသင်္ဂြိုဟ်ဘူးသောကျောက်သင်္ချိုင်းတွင်း၌ ထားလေ၏။ ထိုနေ့ကားအဘိတ်နေ့ဖြစ်၍ ဥပုသ်နေ့ အချိန်နီး သတည်း။ ဂါလိလဲပြည်က ကိုယ်တော်နှင့်အတူ လာသော မိန်းမများသည်သင်္ချိုင်းတော်ကို၎င်း၊ အလောင်းတော်ကိုအဘယ်သို့ထားသည်ကို၎င်း အကြည့်အရှု လိုက်လာကြ၏။ထိုနောက်မှပြန်သွားပြီးလျှင် ဆီမွှေးနှင့် နံ့သာမျိုးကိုပြင်ဆင်၍ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲနေကြ၏။ရှင်လုကာခရစ်ဝင် ၂၃း၅၃း၅၆
ခုနစ်ရက်တွင် ပထမနေ့ရက်၊ မိုဃ်းမလင်းမှီစောစောအချိန်၌ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့ သွား၍ တွင်းဝ၌ပိတ်သောကျောက်သည် ရွှေ့လျက်ရှိသည်ကိုမြင်လျှင်၊ရှင်ယောဟန်ခရစ်ဝင်၂၀း၁
ခုနစ်ရက်တွင် ပထမနေ့ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း ဟုမိန့်တော်မူ၏။ရှင်ယောဟန်ခရစ်ဝင်၂၀း၁၉-၂၀

သမ္မာကျမ်းစာ ၌ ဘုရားသခင်သည် ဥပုသ်နေ့ကို မိမိအလိုအတိုင်းပြောင်းလဲလျှင် မည်သို့ဖြစ်နိုင်နည်း
ဘုရားသခင်ပြုတော်မူသမျှသောအမှုသည် နိစ္စထာဝရဖြစ်သည်ကိုငါသိ၏။ ထပ်၍ မပြုနိုင်ရာ။ နှုတ်၍မယူနိုင်ရာ။ လူတို့ သည် ရှေ့တော်၌ ကြောက်ရွံ့မည်အကြောင်း၊ ဘုရားသခင်ပြုတော်မူ၏။ ဖြစ်ဘူးသော အရာသည် ယခုဖြစ်သော အရာနှင့်တူ၏။ ဖြစ်လတံ့သော အရာသည်လည်း၊ ဖြစ်ဘူးသောအရာ နှင့်တူ၏။ လွန်ပြီးသောအရာတို့ကိုလည်း ဘုရားသခင်တောင်းပြန်တော်မူ၏။ထိုမှတပါး၊ နေအောက်မှာ တရားစီရင်ရာအရပ်၌ အဓမ္မအမှုရှိသည်ကိုင်း၊ ဖြောင့်မတ်ရာအရပ်၌ ဒုစရိုက်ရှိ သည်ကိုင်း ငါမြင်ပြီ။ဘုရားသခင်သည် ဖြောင့်မတ်သောသူတို့၏ အမှုနှင့်၊ မတရားသော သူတို့၏ အမှုကို စစ်ကြောစီရင်တော်မူမည်ဟု ငါအောက်မေ့၏။ အကြောင်းမူကား၊ ခပ်သိမ်းသောအကြံ၊ ခပ်သိမ်းသော အမှုတို့ကို စစ်ကြောစီရင်ရသော အချိန်ရှိ၏။ ဒေသနာကျမ်း ၃း၁၄-၁၇
ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ ဗျာဒိတ်ကျမ်း ၂၂း ၁၈-၁၉
၁။ ဗျာဒိတ် ၁၄း၁၄ တွင် ဘာအကြောင်းကြီးကိုပြောသနည်း။

တဖန်ငါကြည့်လျှင် ဖြူသောမိုးတိမ်ရှိ၏။လူသားတော်နှင့်တူသောသူသည် ခေါင်းတော်၌ ရွှေသရဖူကိုဆောင်းလျှက်ထက်သောတံစဉ်ကို ကိုင်လျှက် မိုးတိမ်ပေါ်မှာထိုင်တော်မူ၏။ ဗျာဒိတ်ကျမ်း ၁၄း၁၄။
ကောင်းကင်တမန်တပါးသည် ဗိမာန်တော်ထဲကထွက်၍ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ စပါးကိုရိတ်တော်မူပါ။ရိတ်ရသောအချိန်ရောက်ပါပြီ။မြေကြီး၌ရိတ်စရာစပါးမှည့်ပါပြီဟုမိုဃ်းတိမ်ပေါ်မှာထိုင်သောသူကိုကြီးသောအသံနှင့်ဟစ်လေ၏။မိုဃ်းတိမ်ပေါ်မှာထိုင်သောသူသည်မိမိတံစဉ်ကိုမြေကြီး၌သွင်း၍မြေကြီး၏စပါးကိုရိတ်တော်မူ၏။ကောင်းကင်တမန်တပါးသည်ကောင်းကင်ဘုံ၌ရှိသောဗိမာန်တော်ထဲကထွက်၍သူ၌လည်းထက်
သောတံစဉ်ပါ၏။မီးကိုအစိုးရသောကောင်းကင်တမန်တပါးသည်ယဇ်ပုလ္လင်ထဲကထွက်၍ထက်သောတံစဉ်ပါသောသူကိုကြီးစွာသောကြွေးကြော်ခြင်းနှင့် ခေါ်လျှက်သင်၏ထက်သောတံစဉ်ကိုလွှတ်၍မြေကြီး၏စပျစ်သီး
ပြွတ်တို့ကိုရိတ်လော့။အသီးမှည့်ပြီဟုပြောဆို၏။ကောင်းကင်တမန်သည်လည်းမိမိတံစဉ်ကိုမြေကြီး၌သွင်း၍မြေကြီး၏စပျစ်သီးကိုရိတ်ပြီးမှ ဘုရားသခင်၏အမျက်တော်တည်းဟူသောနယ်ရာတန်ဆာကြီးထဲသို့ချလေ၏။ မြို့ပြင်၌နယ်ရာတန်ဆာကိုဖိနင်း၍အသွေးသည်တဆယ်ခြောက်ယူဇနာခရီးတလျှောက်လုံး၌မြင်းဇက်ကြိုးကိုမှီသည်တိုင်အောင်နယ်ရာတန်ဆာထဲကထွက်လေ၏။ ဗျာဒိတ်ကျမ်းမ်း၁၄း၁၅-၂၀။

၂။လူသားသည်ကြွလာတော်မမူမီ လောကီသားအပေါင်းတို့အား ဘာသတင်းတရားများဟောကြားကြ
မည်နည်း။
အဖြေ။ ကောင်းကင်တမန်သုံးပါးတို့၏သတင်းတရားများဟောရမည်။
မြေကြီးပေါ်မှာနေသောသူတည်းဟူသောအသီးသီးဘာသာစကားကိုပြောသောလူမျိုးအနွယ်ခပ်သိမ်းတို့အားထာဝရဧ၀ံဂေလိတရားကိုဟောရသောကောင်းကင်တမန်ပါးက၊ဘုရားသခင်ကိုကြောက်ရွံ့၍ချီးမွမ်းကြလော့။တရားစီရင်တော်မူသောအချိန်ရောက်လြာ့ပီ။ကောင်းကင်မြေကြီး၊သမုဒ္ဒရာ နှင့်စမ်းရေတွင်းတို့ကိုဖန်ဆင်းတော်မူသောအရှင်ကိုကိုးကွယ်ကြလော့ဟု၊ကြီးသောအသံနှင့်ပြောဆို၍ကောင်းကင်အလယ်၍ပျံဝဲလျှက်ရှိသည်ကိုငါမြင်၏။ကောင်းကင်တမန်တပါးကလည်းဗာဗုလုန်မြို့ကြီးပြိုလဲပြီ။မိမိမတရားသောမေထုန်၏အဆိပ်အတောက်တည်းဟူသောစပျစ်ရည်ကိုလူမျိုးအပေါင်းတို့အားတိုက်လေပြီးသောဗာဗုလုန်မြို့ကြီးပြိုလဲပြီဟု
လိုက်၍ပြောဆို၏။ထိုမှတပါး တတိယကောင်းကင်တမန်ကအကြင်သူသည်သားရဲနှင့်သူ၏ရုပ်တုကိုးကွယ်၍သူ၏တံဆိပ်လက်မှတ်ကိုနဖူး၌ခံသည်ဖြစ်စေလက်၌ခံသည်ဖြစ်စေ၊ထိုသူသည်ဘုရားသခင်၏ဒေါသဖလား၌လောင်းသောအမျက်တော်စပျစ်ရည်စစ်ကိုသောက်ရလိမ့်မည်။သန့်ရှင်းသောကောင်းကင်တမန်တို့ရှေ့၊သိုးသူငယ်ရှေ့တွင်၊ကန့်နှင့်ရောသောမီးထဲမှာပြင်းစွာသောညဉ်းဆဲခြင်းကိုခံရလိမ့်မည်။ထိုညဉ်းဆဲခြင်း၏မီးခိုးသည်ကမ္ဘာအဆက်ဆက်တက်လျှက်ရှိ၏။သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍၊သူ၏နာမတံဆိပ်လက်မှတ်ကိုခံသောသူတို့သည်နေ့ည၌မပြတ်သက်သာမရဟုလိုက်၍ကြီးသောအသံနှင့်ပြောဆို၏။ဘုရားသခင်၏ပညတ်တို့ကို၎င်း၊ယေရှု၏ယုံကြည်ခြင်းက်ု၎င်း၊စောင့်ရှောက်သောသန့်ရှင်းသူတို့သည်ဤအရာကိုသည်းခံစရာအကြောင်းရှိ၏။ ဗျာဒိတ်ကျမ်း ၁၄း၆-၁၂။
ဤသတင်းတရားသည်ခရစ်တော်ဒုတိယအကြိမ်မပေါ်ထွန်းမီကာလ၌နောက်ဆုံးသတင်းတရားဖြစ်သည်။ထို့ကြောင့်ကိုယ်တော်ကြွလာတော်မူသောအခါအသက်ရှင်လျှက်ရှိနေသောသူတို့သည်၎င်းးသတင်းတရားများကိုအထူးသတိပြု၍ဂရုစိုက်ပြီးလျှင်လေ့ကျက်အပ်ကြရသည်။
၃။ ပထမကောင်းကင်တမန်သည်ဘာသတင်းကိုကြော်ငြာသနည်း။
မြေကြီးပေါ်မှာနေသောသူတည်းဟူသောအသီးသီးဘာသာစကားကိုပြောသောလူမျိုးအနွယ်ခပ်သိမ်းတို့အားထာဝရဧ၀ံဂေလိတရားကိုဟောရသောကောင်းကင်တမန်ပါးက၊ဘုရားသခင်ကိုကြောက်ရွံ့၍ချီးမွမ်းကြလော့။တရားစီရင်တော်မူသောအချိန်ရောက်လြာ့ပီ။ကောင်းကင်မြေကြီး၊သမုဒ္ဒရာ နှင့်စမ်းရေတွင်းတို့ကိုဖန်ဆင်းတော်မူသောအရှင်ကိုကိုးကွယ်ကြလော့ဟု၊ကြီးသောအသံနှင့်ပြောဆို၍ကောင်းကင်အလယ်၍ပျံဝဲလျှက်ရှိသည်ကိုငါမြင်၏။ဗျာဒိတ်ကျမ်း ၁၄း၆-၇။
၎။ ဘုရားသခင်သည်တရားစစ်ကြောစီရင်မည့်အချိန်ကိုချိန်းချက်တော်မူသလော။
အကြောင်းမူကားခန့်ထားတော်မူသောသူအားဖြင့် လောကီသားတို့ကိုဖြောင့်မတ်ခြင်းတရားနှင့်ညီလျှော်စွာစစ်ကြောစီရင်မည့်နေ့ရက်ကိုချိန်းချက်တော်မူပြီ။ထိုသူကိုသေခြင်းမှထမြောက်စေတော်မူသောအားဖြင့်ခပ်သိမ်းသောလူတို့အားယုံလောက်သောသက်သေကိုပြတော်မူပြီ။တမန်တော်ဝတ္ထု ၁၇း၃၁။
၅။ ခ၇စ်တော်ကြွလာတော်မူသောအခါ မည်သူဆုံးရှုံးမည်၊မည်သူကယ်တင်ခြင်းရမည်ဟူသောတရားစီရင်ခြင်းသည်ပြီးစီးမည်လော။
မတရားသောသူသည်မတရားသဖြင့်ပြုစေဦး။ညစ်ညူးသောသူသည် ညစ်ညူးစေဦး။ဖြောင့်မတ်သောသူသည်ဖြောင့်မတ်စေဦး။သန့်ရှင်းသောသူသည်သန့်ရှင်းစေဦး။ငါသည်အလျှင်အမြန်လာမည်။ငါသည်အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍လူအသီးသီးတို့အားမိမိတို့အကျင့်အတိုင်းဆပ်ပေးမည်။ဗျာဒိတ်ကျမ်း၂၂း၁၁-၁၂။
မှတ်ချက်။ ။ ဗျာဒိတ် ၁၄း၆-၇ တွင် တရားစီရင်ခြင်းနှင့်ကောင်းကင်သန့်ရှင်းရာဌာနကိုဆေးကြောသုတ်သင်ခြင်းအကြောင်းတို့သည်တပါးတည်းဖြစ်သည်။(အခန်း၄၁ တွင်သန့်ရှင်းရာဌာနနှင့်ဝတ်ပြုခြင်းအကြောင်းကြည့်ရန်)။ကောင်းကင်တမန်သည်ဒံယေလအားရက်ပေါင်း၂၃၀၀ပြီးမှ သန့်၇ှင်းရာဌာနကိုဆေးကြောသုတ်
သင်မည်ဟုပြောသည်။(ဒံယေလ၈း၁၄)ဤရက်ပေါင်း၂၃၀၀(နှစ်ပေါင်း၂၃၀၀သည် ခရစ်တော်မပေါ်ထွန်းမီသက္ကရာဇ်၄၅၇ ခုနှစ်မှစ၍ခရစ်တော်ပေါ်ထွန်းပြီးသည့်နောက်သက္ကရာဇ်၁၈၄၄ တွင်ဆုံးသည်။(ဒံယေလအခန်း၁၇တွင် ရက်ပေါင်း၂၃၀၀ အကြောင်းကြည့်ရန်)သက္ကရာဇ်၁၈၄၄ခုနှစ်ကစ၍ဗျာဒိတ်ကျမ်း၁၄း၆-၇ တွင် ပထမကောင်းကင်တမန်၏သတင်းတရားသည်ဟောပြောစပြုသောအချိန်ရောက်သည်။ကမ္ဘာပေါ်တွင်ရှိအရပ်ရပ်တို့၌ ဤသတင်းတရားကိုဘာသာစကားအမျိုးမျိုးအားဖြင့်ယခုတိုင်ဟောပြောနေသောကြောင့်သက်သေများစွာရှိကြ၍၎င်းင်းနှင့်ဆိုင်သောအနာဂတ္တိကျမ်းသည်ပြည့စုံခြင်းသို့ရောက်လေပြီ။

၆။ ဒုတိယကောင်းကင်တမန်သည်ဘာသတင်းစကားကိုကြားပြောသနည်း။ကောင်းကင်တမန်တပါးကလည်းဗာဗုလုန်မြို့ကြီးပြိုလဲပြီ။မိမိမတရားသောမေထုန်၏အဆိပ်အတောက်တည်းဟူသောစပျစ်ရည်ကိုလူမျိုးအပေါင်းတို့အားတိုက်လေပြီးသောဗာဗုလုန်မြို့ကြီးပြိုလဲပြီဟုလိုက်၍ပြောဆို၏။ဗျာဒိတ်ကျမ်း ၁၄း၈။
မှတ်ချက်။ ။ဗာဗုလုန်အဓိပ္ပါယ်၊ရှုပ်ထွေးခြင်း။ယခုခေါ်ကြသော ခရစ်ယာန်အသင်းတို့သည်တစ်လုံးတဝ
တည်းမဟုတ်၊ခရစ်တော်နောက်တော်ကိုလိုက်နေသော အသင်းသားများဟူ၍ဆိုကြသော်လည်းလောကနှင့်ပူးတွဲလျှက်နေကြသည်။ခရစ်တော်နှင့်လက်တပ်သည်ဟူ၍ဆိုစဉ်တွင်လောကီနှင့်မတရားသောမေထုန်ပြုသောကြောင့်ဒုတိယကောင်းကင်တမန်သတင်းတရားသည်ဘုရားသခင်၏ကြောက်မက်ဖွယ်ဖြစ်သော(ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ) ဟူ၍ခြိမ်းခြောက်ခြင်းကိုကြော်ငြာသည်။ဗျာဒိတ် ၁၇း၅ ၌ ဗာဗုလုန်မြို့သည်ပြည့်တန်ဆာတို့၏အမိဟုခေါ်သည်။၎င်းးအခန်းကြီးကိုသတိနှင့်ဖတ်ပါလျှင်ဗာဗုလုန်မြို့ကြီးသည် ရောမပုပ်ရဟန်းမင်းကြီး၏အသင်းဖြစ်၍၊၎င်းမှဖွားသောသမီးတို့သည်ရောမအသင်းထဲကထွက်ခွါကြသော်လည်းလောကနှင့်မတရားသောမေထုန်ပြုခြင်းမကင်းသောအသင်းများဖြစ်ကြသည်။
ပေတရုသည် ဗာဗုလုန်မြို့ဟောင်းသို့ တစ်ခါမျှမရောက်စဖူး၊သို့သော်ငါ့သားမာကုမှစ၍ဗာဗုလုန်၌ရှိသောသင်တို့နှင့်အတူရွေးချယ်တော်မူသောအသင်းတော်သည်သင်တို့ကိုနှုတ်ဆက်ကြ၏ ဟုရောမမြို့ကရေးသည်။(ရှင်ပေတရုသြ၀ါဒစာပထမစောင် ၅း၁၃။ ၎င်းရောမမြို့၌ရှိသောအသင်းတော်ကိုဗာဗုလုန်မြို့၌ရှိသောအသင်းတော်ဟူ၍ခေါ်သည်။)
၇။ တတိယကောင်းကင်တမန်၏သတင်းစကားကား အဘယ်သို့နည်း။
ထိုမှတပါး တတိယကောင်းကင်တမန်ကအကြင်သူသည်သားရဲနှင့်သူ၏ရုပ်တုကိုးကွယ်
၍သူ၏တံဆိပ်လက်မှတ်ကိုနဖူး၌ခံသည်ဖြစ်စေလက်၌ခံသည်ဖြစ်စေ၊ထိုသူသည်ဘုရားသခင်၏ဒေါသဖလား၌လောင်းသောအမျက်တော်စပျစ်ရည်စစ်ကိုသောက်ရလိမ့်မည်။သန့်ရှင်းသောကောင်းကင်တမန်တို့ရှေ့၊သိုးသူငယ်ရှေ့တွင်၊ကန့်နှင့်ရောသောမီးထဲမှာပြင်းစွာသောညဉ်းဆဲခြင်းကိုခံရလိမ့်မည်။ထိုညဉ်းဆဲခြင်း၏မီးခိုးသည်ကမ္ဘာအဆက်ဆက်တက်လျှက်ရှိ၏။သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍၊သူ၏နာမတံဆိပ်လက်မှတ်ကိုခံသောသူတို့သည်နေ့ည၌မပြတ်သက်သာမရဟုလိုက်၍ကြီးသောအသံနှင့်ပြောဆို၏။ဘုရားသခင်၏ပညတ်တို့ကို၎င်း၊ယေရှု၏ယုံကြည်ခြင်းက်ု၎င်း၊စောင့်ရှောက်သောသန့်ရှင်းသူတို့သည်ဤအရာကိုသည်းခံစရာ
အကြောင်းရှိ၏။ ဗျာဒိတ်ကျမ်း ၁၄း၉-၁၂။
မှတ်ချက်။ ။ဤသားရဲသည် ဗျာဒိတ်၁၃း၁-၂ ၌ဖေါ်ပြသည်။ဤသားရဲသည်ပါပ ရဟန်းမင်းကြီးအသင်းဖြစ်ကြောင်းကျမ်းဆရာများတို့ကသဘောတူကြသည်။ကျားသစ်၊ကျားရဲအကြောင်းအနာဂတ္တိစကားများတို့သည်ပုပ်ရဟန်းအသင်းအားဖြင့်ပြည့်စုံသည်။သားရဲတံဆိပ်တည်းဟူသောပုပ်ရဟန်းမင်းကြီးတံဆိပ်အကြောင်းကိုတတိယကောင်းကင်တမန်၏သတင်းတရားသည်လူအပေါင်းတို့အားသတိပေးနှိုးဆော်သည်။ ထိုပုပ်ရဟန်းမင်းကြီးအသင်းသည်စတုတ္ထ ပညတ်တော် ဥပုသ်နေ့နေရာတွင် တနင်္ဂနွေနေ့၌ကိုးကွယ်ဝတ်ပြုရန်ခရစ်ယာန်အသင်းများတို့အထဲမှာထားခြင်းသည်မိမိတန်ခိုး၏လက္ခဏာ တံဆိပ်ဖြစ်သည်ဟူ၍ကြိမ်းပပြောဆိုသည်။ရောမဗရင်၈ျီအသင်းကထုတ်သောဒူးဝေးဓမ္မ အမေးအဖြေစာအင်္ဂလိပ်ဘာသာ (စာမျက်နှာ၆၇ တွင် ကြည့်ရန်)။
အမေး။ ။အသင်းတော်သည် ပွဲနေ့များနှင့်သန့်ရှင်းသောနေ့များတို့ကို ခန့်ထားနိုင်သောတန်ခိုးရှိကြောင်း
အဘယ်သက်သေပြနိုင်သနည်း။
အဖြေ။ ။ဥပုသ် သည်စနေနေ့မှ တနင်္ဂနွေနေ့သို့ ပြောင်းလဲစေခြင်းအားဖြင့်ပြသည်။ ဤပြောင်းလဲခြင်းကိုဘာသာကွဲများတို့သည်သဘောတူကြသဖြင့် တနင်္ဂနွေနေ့ကိုကျပ်တည်းစွာစောင့်၍အသင်းတော်ခန့်ထားသောအခြားသောပွဲနေ့များကိုမစောင့်ကြသောကြောင့်သူတို့သည်မိမိတို့ကိုမိမိတို့ ဆန့်ကျင်ဖက်ပြုကြ၏။ထို့ကြောင့်တတိယကောင်းကင်တမန်သတင်းတရားသည်စတုတ္ထပညတ်တော်တွင်ရှိဥပုသ်နေရာတွင်တနင်္ဂနွေနေ့သွင်း၍၎င်းနေ့တွင်ငြိမ်ဝပ်စွာမစောင့်မခံယူရဟု သတိပေး နှိုးဆော်ခြင်းဖြစ်သည်။
၈။သားရဲကိုကိုးကွယ်၍ သူ၏တံဆိပ်လက်မှတ်ကို ခံသောသူတို့သည်အဘယ်သို့ကြောက်မက်ဖွယ်သောအပြစ်ဒဏ်ကိုခံရမည်နည်း။ထိုသူသည်ဘုရားသခင်၏ဒေါသဖလား၌လောင်းသောအမျက်တော်စပျစ်ရည်စစ်ကိုသောက်ရလိမ့်မည်။သန့်ရှင်းသောကောင်းကင်တမန်တို့ရှေ့၊သိုးသူငယ်ရှေ့တွင်၊ကန့်နှင့်ရောသောမီးထဲမှာပြင်းစွာသောညဉ်းဆဲခြင်းကိုခံရလိမ့်မည်။ထိုညဉ်းဆဲခြင်း၏မီးခိုးသည်ကမ္ဘာအဆက်ဆက်တက်လျှက်ရှိ၏။သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍၊သူ၏နာမတံဆိပ်လက်မှတ်ကိုခံသောသူတို့သည်နေ့ည၌မပြတ်သက်သာမရကြ။ဗျာဒိတ်ကျမ်း ၁၄း၁၀-၁၁။
မှတ်ချက်။ ။ထို့ကြောင့်အလွန်ဂရုပြုဖွယ်ဖြစ်သောတတိယကောင်းကင်တမန်၏သတင်းစကားကိုခရစ်ယာန်အသင်းသားများနားလည်ဖို့ရန်။ ဒံယေလအနာဂတ္တိကျမ်း ၇။ ဗျာဒိတ်ကျမ်း ၁၂၊၁၃၊၁၄ တို့ကိုသတိနှင်သေချာစွာလေ့ကျက်အပ်သည်။
၉။ ကောင်းကင်တမန်၃ပါးတို့၏သတင်းတရားကိုလောကီသားတို့အား ဟောပြောသောသူတို့သည်အဘယ်သို့သောသူတို့နည်း။
ဘုရားသခင်၏ပညတ်တို့ကို၎င်း၊ယေရှု၏ယုံကြည်ခြင်းက်ု၎င်း၊စောင့်ရှောက်သောသန့်ရှင်းသူတို့သည်ဤအရာကိုသည်းခံစရာအကြောင်းရှိ၏။ ဗျာဒိတ်ကျမ်း ၁၄း၆-၁၂။
မှတ်ချက်။ ။ကောင်းကင်တမန်သုံးပါးတို့၏သတင်းတရားသည်လူတို့အားဟောပြောနေစဉ်အခါ ခရစ်ယာန်အများတို့သည်အသင်းတို့၌ကွဲပြားခြင်းရှိမည်အကြောင်းအထက်ကျမ်းချက်ကပြသည်။ထိုခရစ်ယာန်အများတို့သည်လောကနှင့်ပူးတွဲနေကြ၍ရောမကထွက်သောခရစ်ယာန်တရားတော်များကိုသင်ပေးစဉ်ဘုရားသခင်၏ပညတ်တို့ကိုလည်းကောင်း၊ယေရှု၏ယုံကြည်ခြင်းကိုလည်းကောင်း၊စောင့်ရှောက်သောသန့်ရှင်းသူတို့သည်
ရှိကြမည်။ထိုသူတို့သည်ဗျာဒိတ် ၂၂း၁၄ တွင် ပါသောစကားထဲကချီးမွမ်းခြင်းနှင့်နှစ်သိမ့်ခြင်းတို့ကိုရကြမည်။( အသက်ပင်နှင့်ဆိုင်၍မြို့တံခါးအတွင်းသို့ဝင်အံ့သောငှါ ပညတ်တော်တို့ကိုကျင့်သောသူတို့သည်မင်္ဂလာရှိကြ၏။)

The Battle of Armageddon

      The Battle of Armageddon This frightening apocalyptic word “Armageddon” refers to earth’s final battle which is gener...