ငါတို့စစ်တိုက်၍ သုံးစွဲသောလက်နက်သည် ဇာတိပကတိလက်နက်မဟုတ်။ ဘုရားသခင် ၏တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်သော လက်နက်ဖြစ်၏။
ထိုလက်နက်အားဖြင့် လူတို့၏အကြံ အစည်တို့ကို၎င်း၊ ဘုရားသခင်ကို သိသောပညာကို ဆီးတားသော မာန်မာနရှိသမျှတို့ကို၎င်း၊ နှိမ့်ချမှောက်လှန်၍၊ ခပ်သိမ်းသောစိတ်တို့ကို ဘမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏စကားကို နားထောင်ကြစေကြ၏။
သင်တို့၏ နားထောင်ခြင်းအမှုသည် ပြည့်စုံပြီးမှ၊ နားမထောင်ဘဲနေသော လူအပေါင်းတို့ကို ဒဏ်ပေးခြင်းငှါ ငါတို့သည် အသင့်ရှိကြ၏။
မျက်နှာကိုသာ ကြည့်မှတ်ကြသလော။ အကြင်သူက၊ ငါသည် ခရစ်တော်၏လူဖြစ်သည်ဟု မိမိ၌စွဲလမ်းခြင်း ရှိ၏၊ ထိုသူသည် ခရစ်တော်၏လူဖြစ်သကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ လူဖြစ်ကြောင်းကို တဖန်အလိုအလျောက် ဆင်ခြင်သိမှတ်စေ။
သင်တို့ကို ပယ်ရှင်းဖျက်ဆီးခြင်း အလိုငှါမဟုတ်။ တည်ဆောက်ခြင်းအလိုငှါ သခင်ဘုရားသည် ငါတို့၌ အပ်ပေးတော်မူသော တန်ခိုးကို ငါသည်သာ၍ ဝါကြွားသော်လည်း၊ ရှက်ကြောက်စရာ အကြောင်းမရှိ။
ကာရိ န္တု သြဝါဒစာဒုတိယစော ၁၀း၃-၈
ငါတို့ဝါကြွားဝမ်းမြောက်ခြင်းအကြောင်းဟူမူကား၊ လောကီပညာ ကိုအမှီမပြု၊ ဘုရားသခင်၏ ကျေးဇူးတော် ကို အမှီပြု၍လျစ်လျူသောစိတ်နှင့်၎င်း၊ ဘုရားသခင်အလိုတော်ရှိသော ကြည်ဖြူခြင်းနှင့်၎င်း၊ ငါတို့သည် ဤလောက၌ ကျင့်ကြံပြုမူ၍ သင်တို့ဆီမှာလည်း ထိုသို့အထူးသဖြင့် ကျင့်ကြံပြုမူသည်ဟု ကိုယ်ကိုကိုယ်သိသော စိတ်သည် သက်သေခံသတည်း။
ကောရိ န္တု သြဝါဒစာဒုတိယစောင်၁း ၁၀
ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို မှောက်လှန်သောသူများတို့နှင့် ငါတို့သည်မတူဘဲ ကြည်ဖြူသောစိတ်ရှိ၍ ဘုရားသခင်၏ အလိုတော်နှင့် အညီ၊ ဘုရားသခင့် ရှေ့တော်၌ခရစ်တော်၏ တရားကိုဟောပြောကြ၏။ ကောရိ န္တု သြဝါဒစာဒုတိယစောင် ၂း၁၇
အချင်းချစ်သူ၊ မကောင်းသောနည်းကိုမလိုက်နှင့်၊ ကောင်းသော နည်းကို သာလိုက်လော့။ ကောင်းသောနည်းကိုသာလိုက်လော့။ ကောင်းသောအကျင့်ကိုကျင့်သောသူသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။ မကောင်းသောအကျင့်ကို ကျင့်သောသူမူ ကား၊ ဘုရားသခင်ကိုမသိမမြင်ရပြီ။
ရှင်ယောဟန်သြဝါဒစာတတိယစောင်း၁း ၁၁
ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား ကာလအစဉ်အမြဲတည်၏၊ ထိုနှုတ်ကပတ်တော်သည် သင်တို့အားဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း။ ရှင်ပေတရုသြဝါဒစာပဌမစောင် ၁း၂၅
ညီအစ်ကိုတို့၊ သင်တို့တွင် တစုံတယောက်သောသူသည် သမ္မာတရားလမ်းမှ လွဲသွား၍ သူတပါးသည် ထိုသူကို ပြန်စေလျှင်မူကား၊ ရှင်ယာကုပ်သြဝါဒစာ ၅း၁၉
ချစ်သူတို့၊ နောက်ဆုံးသောကာလ၌၊ မိမိတို့မတရားသော တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊ ပြက်ယယ်ပြုတတ်သော သူတို့သည်ပေါ်ကြလိမ့်မည် ဟု ငါတို့သခင် ယေရှုခရစ်၏ တမန်တော်တို့သည် ဟောပြောနှင့် သောစကားများကို အောက်မေ့ကြလော့။ ရှင်ယုဒသြဝါဒစာ ၁း၁၇=၁၈
ညီအစ်ကိုတို့၊ ငါ၌ရောက်သောအမှုအရာတို့သည် ဧဝံဂေလိတရားကိုမမြစ်တားသည် သာမက၊ ပြုစုရာ ဖြစ်သည်ဟု သင်တို့သိစေခြင်းငှါ ငါအလိုရှိ၏။
ထိုသို့သောအားဖြင့် ခရစ်တော်ကြောင့် ငါခံရသောချည်နှောင်ခြင်း အမှုအရာသည်၊ နန်းတော်၌ အနှံ့အပြား ထင်ရှားသည်သာမက၊ ခပ်သိမ်းသောအရပ်၌ ထင်ရှား၏။
သခင်ဘုရား၌ ညီအစ်ကိုအများတို့သည် ငါခံရသော ချည်နှောင် ခြင်းကြောင့်ယုံမှားသောစိတ်နှင့်ကင်းလွတ်၍ ကြောက်ရွံ့ခြင်းမရှိဘဲ၊ နှုတ်ကပတ်တရားတော်ကိုသာ၍ ဟောပြောဝံ့ ကြ၏။
လူအချို့တို့သည် ငြူစူရန်တွေ့ ချင်သော သဘောနှင့် ခရစ်တော်၏ တရားကိုဟောပြောကြ၏။ အချို့တို့သည် စေတနာစိတ်နှင့် ဟောပြောကြ၏။
ငါသည်ဧဝံဂေလိတရားကိုထောက်မဘို့ရာ ခန့်ထားသောသူဖြစ်ကြောင်းကို ဤသူတို့သည်သိ၍ ခရစ်တော်၏ တရားကိုမေတ္တာစိတ်နှင့် ဟောပြောကြ၏။
ထိုသူတို့သည် ကြည်ဖြူသောစိတ်မရှိ၊ ချည်နှောင်ခြင်းကို ငါခံရသည်တွင် သာ၍ဆင်းရဲစေမည်ဟု အကြံရှိ၍၊ ရန်တွေ့ချင်သောစိတ်နှင့် ဟောပြောကြ၏။
သို့ဖြစ်၍ အဘယ်သို့နည်း။ လျှို့ဝှက်၍ ဟောပြောသည်ဖြစ်စေ၊ သစ္စာရှိ၍ ဟောပြောသည်ဖြစ်စေ၊ အဘယ်သို့သော အားဖြင့် ဟောပြောသည်ဖြစ်စေ၊ ခရစ်တော်၏တရားကို ဟောပြောခြင်းရှိ၏။ ထိုအကြောင်းကြောင့် ငါသည် ယခုဝမ်းမြောက်၏။ နောင်၌လည်းဝမ်မြောက်လိမ့်မည်။ ဖိလိပ္ပိသြဝါဒစာ၁
၁၂း၁၈
ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏နှုတ် ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ ရောက်သော သင်တို့အထဲ၌ ပြုပြင်သောဘုရားသခင်၏ နှုတ်ကပတ်တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။သက်သာလောနိတ်သြဝါဒစာပဌမစောင်၂း၁၃
သူတို့ပြုသောအမှုကြောင့် မေတ္တာစိတ်နှင့် အလွန်ချစ်ခင် လေးမြတ်မည်အကြောင်း၊ ငါတို့သည် တောင်းပန်ကြ၏။ အချင်းချင်းအတင့်အသင့်နေကြလော့။
တဖန်တုံ၊ ညီအစ်ကိုတို့၊ မတရားစွာပြုသောသူတို့ကို သတိပြုပေးကြလော့။ စိတ်ငယ်သော သူတို့ကို အားပေးကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့။ ခပ်သိမ်းသောသူတို့အား ရှည်သော စိတ်ရှိစေ ကြလော့။
သူတပါး၌ အဘယ်သူမျှ ရန်တုံ့မမူစေခြင်းငှါ သတိပြု၍၊ အချင်းချင်းတို့၌၎င်း၊ ခပ်သိမ်းသော သူတို့၌၎င်း၊ ကာလအစဉ်ကြိုးစား၍ ကျေးဇူးပြုကြလော့။သက်သာလောနိတ်သြဝါဒစာပဌမစောင် ၅း၁၃း၁၅
ဤအကြောင်းအရာများကို သူတပါးတို့အား သတိပေးလော့။ အဘယ်အကျိုးကိုမျှမပြုစု၊ ကြားနာ သော သူတို့၏ စိတ်ကိုမှောက်လှန်လိုသောငှါ၊ စကားကြောင့်သာငြင်းခုံခြင်းကို မပြုမည်အကြောင်း၊ သခင်ဘုရား ရှေ့၌ သစ္စာပေးလော့။
သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာ အကြောင်းမရှိဘဲ၊ သမ္မာတရား ကိုမှန်ကန်စွာ ပိုင်းခြားတတ်သောဆရာသမားဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ကိုယ်ကိုကိုယ် ဆက်သခြင်းငှါ ကြိုးစားအားထုတ်လော့။
တရားမဲ့ဖြစ်သော အချည်နှီးစကားကိုရှောင်လော့။ အကြောင်းမူကား၊ ထိုစကားသည် မတရားသောအမှုတို့ကို ပွါးများစေလိမ့်မည်။
သူတို့၏စကားသည်ခူနာကဲ့သို့ စားလိမ့်မည်။ ထိုသူတို့တွင် ဟုမေနဲနှင့်ဖိလက်ပါသတည်း။
သူတို့က၊သေလွန်သောသူတို့သည် ထမြောက်ကြပြီဟု ပြောလျက်၊ သမ္မာတရားလမ်းမှ လွဲသွား၍၊ အချို့သောသူတို့၏ ယုံကြည်ခြင်းကိုမှောက်လှန်တတ်ကြ၏။
သို့သော်လည်း၊၊ သခင်ဘုရားသည် မိမိလူတို့ကို သိကျွမ်းတော်မူ၏ ဟူ၍၎င်း၊ သခင်ဘုရား၏ နာမတော်ကို ဝန်ခံသောသူ မည်သည်ကား၊ မတရားသောအမှုကို ရှောင်ရမည်ဟူ၍၎င်း၊ တံဆိပ်ခတ်လျက်ရှိသော ဘုရားသခင်၏ တိုက်မြစ် သည် ခိုင်ခံ့၍တည်၏။
ကြီးစွာသော အိမ်၌ ရွှေတန်ဆာ၊ ငွေတန်ဆာသာရှိသည်မဟုတ်။ သစ်သားတန်ဆာ၊ မြေတန်ဆာရှိ၏။ အသရေရှိသောတန်ဆာ၊ အသရေမရှိသောတန်ဆာရှိ၏။
သို့ဖြစ်၍၊ အထက်ဆိုခဲ့ပြီးသော အကျင့်တို့ကိုပယ်၍၊ မိမိကိုစင်ကြယ်စေသောသူမည် သည်ကား၊ အသရေရှိသော တန်ဆာ၊ သန့်ရှင်း၍အိမ်ရှင် သုံးစရာကောင်းသောတန်ဆာ၊ ကောင်းသောအမှုများအဘို့ အလိုငှါ ပြင်ဆင်သောတန်ဆာဖြစ်လိမ့်မည်။
လူပျိုတို့၏ တပ်မက်ခြင်းကိလေသာစိတ်ကိုကြဉ်ရှောင်လော့။ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း၊ စင်ကြယ်သောစိတ်ရှိ၍၊ သခင်ဘုရားကိုပဌနာပြုသောသူတို့နှင့် အသင့်အတင့်နေခြင်းတို့ကိုမှီအောင်လိုက်လော့။
မိုက်မဲ၍ပညာကင်းသောပုစ္ဆာအမေးတို့သည် ရန်ပွါးစေတတ်သည်ဟု သိမှတ်၍ပယ်ရှားလော့။
သခင်ဘုရား၏ ကျွန်သည်ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အား ဖြည်းညှင်းစွာပြုသောသူ၊ သည်းခံနိုင်သောသူဖြစ်ရမည်။
ဆီးတား ငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာဆုံးမရမည်။ သမ္မာတရားကိုဝန်ခံခြင်း အလိုငှါ၊ နောင်တကို ဘုရားသခင် ပေးကောင်းပေးတော်မူ၍၊
မာရ်နတ်၏ အလိုအတိုင်း ဘမ်းမိသောထိုသူတို့သည် သတိရ၍၊ ထိုဘမ်းမိရာမှ လွတ်ခြင်းသို့ရောက်ကောင်းရောက်ကြလိမ့်မည်။တိမောသေသြဝါဒစာဒုတိယစောင် ၂း ၁၄း ၂၆
နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊
လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေ ကိုရှုတ်ချသောသူ၊မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊
ပကတိကြင် နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣနြေ္ဒကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊
သစ္စာကိုဖျက်တတ်သောသူ၊ သတိ ပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်း ကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊
မွေ့လျော်ခြင်း တန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကိုရှောင်လော့။
ဒုစရိုက်အပြစ်ဝန်ကို ထမ်းရွက်၍၊ အထူးထူး အပြားပြားသော လောဘကိလေသာသွေး ဆောင်ရာသို့လိုက်၍၊ အစဉ်သင်သော်လည်း၊ သမ္မာတရားကို လေ့ကျက်ခြင်းသို့ အလျှင်းမရောက်နိုင်သောမိန်းမမိုက် တို့ကို၊ အိမ်ထဲသို့ဝင်၍ ဘမ်းသွားသောသူတို့သည် ထိုသူတို့အဝင် ဖြစ်ကြ၏။
ယန္နေနှင့်ယံဗြေသည် မောရှေကိုဆီးတားသကဲ့သို့၊ ထိုသူတို့သည် သမ္မာတရားကို ဆီးတားကြ၏။ စိတ်နှလုံးယိုယွင်း၍ ယုံကြည်ယောင် ဆောင်သောသူဖြစ်ကြ၏။
ထိုသူနှစ်ယောက်တို့၏ မိုက်မဲခြင်းသည် လူအပေါင်းတို့ရှေ့မှာ ထင်ရှားသကဲ့သို့၊ ဤသူတို့၏ မိုက်မဲခြင်းသည်လည်းထင်ရှားလိမ့်မည်။ သို့ဖြစ်၍ သူတို့သည် တိုး၍မလွန်မသွားရကြ။
ငါဆုံးမသြဝါဒပေးခြင်း၊ အကျင့်ကျင့်ခြင်း၊ ကြံစည်ခြင်း၊ သစ္စာစောင့်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်းတို့ကို၎င်း၊ အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့တို့၌ ငါခံရသကဲ့သို့၊ အရပ်ရပ်တို့၌ ခံရသော ညှဉ်းဆဲခြင်း၊ ဆင်းရဲခြင်းတို့ကို၎င်း၊ သင်သည်ရှာဖွေနားလည်ရပြီ။ ထိုသို့သော အမှုတို့ကိုငါတွေ့ရသော်လည်း၊ တွေ့သမျှတို့မှ သခင်ဘုရားသည် ငါ့ကိုကယ်နှုတ်တော်မူပြီ။
ယေရှုခရစ် ၏ တရားတော်နှင့်အညီ၊ ဘုရားဝတ်၌ မွေ့လျော်၍နေခြင်းငှါ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကိုခံရ ကြလိမ့်မည်။ တိမောသေသြဝါဒစာဒုတိယစောင်၃း၁-၁၀
နှုတ်ကပတ်တရားတော်ကိုဟောပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကိုဘော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် သြဝါဒမျိုးကိုပေး၍ တိုက်တွန်းသွေးဆောင် လော့။
အကြောင်းမူကား၊ နောင်ကာလ၌ လူတို့သည် စင်ကြယ်သောသြဝါဒကိုနားမခံနိုင်ဘဲ၊ ယားတတ်သော နားရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း များပြားသောဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။
သမ္မာတရားကို နားမထောင်ဘဲ၊ ဒဏ္ဍာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။
သင်မူကား၊ အရာရာ၌ သမ္မာသတိ ရှိစေလော့။ ဆင်းရဲဒုက္ခ ကိုသည်းခံလော့။ သာသနာပြုဆရာ ဆောင်ရွက်ရသော အမှုကိုဆောင်ရွက်လော့။ ဓမ္မဆရာအရာ၌ ခန့်ထား၍ပြု ရသောဝတ်များကိုအကုန်အစင်ပြုလော့။
အကြောင်းမူကား၊ ငါ့ကိုယဇ်ပေါ်မှာ လောင်းရသော အချိန်ရှိပြီ။ စုတေ့ရသော အချိန်ရောက်လေပြီ။
ကောင်းစွာသောတိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ပြီ။ တိမောသေသြဝါဒစာဒုတိယစောင် ၄ ၂-၇
တရားတော်ကိုင်း၊ သက်သေခံတော်မူချက်ကိုင်း နားထောင်ကြကုန်၊၊ သူတို့ပြော သော စကားသည် နှုတ်ကပတ်တော်နှင့် မညီလျှင်၊ သူတို့၌အာရုဏ်မတက်သေး၊၊ ဟေရှာယအနာဂတ္တိကျမ်း၈း၂၀
အကျွန်ုပ်ကို ဖြောင့်မတ်စေတော်မူသော ဘုရား အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ။ အကျွန်ုပ် သည် ဆင်းရဲစဉ်တွင် ကိုယ်တော်သည်ချမ်းသာပေးတော်မူပါပြီ၊၊ ယခုလည်း သနား၍ အကျွန်ုပ်၏ ပဌာနာစကားကို နားထောင်တော်မူပါ။ဆာလံကျမ်း ၃း၁