ထိုကာလ၌ မြေမှုန့်သည် နေရင်းမြေသို့၎င်း ဝိညာဉ်သည် အရင်ပေးသော ဘုရားသခင်ထံ သို့င်း ပြန်သွားရလိမ့်မည်။
အနတ္တသက်သက် အလုံးစုံတို့သည် အနတ္တဖြစ်ကြလိမ့်မည် ဟုဓမ္မဒေသနာဆရာ ဟောပြော၏။ဒေသနာကျမ်း ၁၂း၇-၈
ယောဘသည် လင်္ကာစကားကို ဆက်၍ မြွက်ဆိုသည်ကား၊
ငါ့ကိုအမှုရှုံးစေတော်မူသော ဘုရားသခင်၊ ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသော အနန္တတန်ခိုးရှင်သည် အသက်ရှင်တော်မူသည် မှန်လျှင်၊
ငါ့အသက်ရှင်လျက်၊ ငါ့နှာခေါင်း၌ ဘုရားသခင်ပေးတော်မူသော အသက်တည်သမျှကာလပတ်လုံး၊ယောဘဝတ္တု ၂၇း၁-၃
ဘုရားသခင် သည် လူကိုအလိုတော်မရှိ၍ လူ၏အသက်ဝိညာဉ်ကို ရုပ်သိမ်းတော်မူလျှင်၊
ခပ်သိမ်းသော လူသတ္တဝါတို့ သည် ချက်ခြင်းသေပျောက်၍ မြေမှုန့်သို့ တဖန်ရောက်ရကြလိမ့်မည်၊၊
ယောဘဝတ္တု ၃၄း၁၄-၁၅
လူသားတွေ့ကြုံသော အမှုကို တိရစ္ဆာန်တွေ့ကြုံတတ်၏။ ထိုနှစ်ဦးတို့သည် တပါးတည်းသော အမှုကို တွေ့ကြုံလျက်၊ တဦးသေသကဲ့သို့ တဦးသေတတ်၏။ အလုံးစုံတို့သည် အသက်တမျိုးတည်းရှိကြ၏။ သို့ဖြစ်၍၊ လူ သည် တိရစ္ဆာန်ထက် ထူးမြတ်သော အကြောင်းမရှိ။ အလုံးစုံတို့သည် အနတ္တဖြစ်ကြ၏။
အလုံးစုံတို့သည် တခုတည်းသော အရပ်သို့ ရောက်တက်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲက ဖြစ်သည်နှင့်အညီ၊ မြေမှုန်ထဲသို့ ပြန် သွားတတ်ကြ၏။
သို့ရာတွင်၊ အထက်သို့ ဘက်တတ်သော လူသား၏ ဝိညာဉ်ကိုင်း၊ အောက်အရပ်မြေသို့ ဆင်းတတ်သောတိရစ္ဆာန်၏ ဝိညာဉ်ကိုင်း၊ အဘယ်သူသည် ပိုင်းခြား၍ သိသနည်း။။ဒေသနာကျမ်း ၃း၁၉-၂၀
သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင်၊ သင်၏မျက်နှာမှ ချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်း မူကား၊ သင်သည် မြေမှုန့်ဖြစ်၍၊ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။ကမ္ဘာဦးကျမ်း ၃း၁၉
ရှေ့ဦးစွာသောလူသည် မြေကြီးကဖြစ် သောကြောင့် မြေသားဖြစ်၏။ ဒုတိယလူမူကား ကောင်းကင်ဘုံကဖြစ်တော်မူသော သခင်ပေတည်း။ကောရိ န္တု သြဝါဒစာပဌမစောင် ၁၅-၄၇
ကရုဏာတော်နှင့်အညီ အကျွန်ုပ်ကို ကယ်တင် တော်မူပါ။ အကြောင်းမူကား၊ သေလျက်နေစဉ်တွင် ကိုယ်တော်ကိုအောက်မေ့ခြင်း မရှိပါ။ မရဏနိုင်ငံတွင် ကျေးဇူးတော်ကို အဘယ်သူချီးမွမ်းပါမည်နည်း၊၊ဆာလံကျမ်း ၆-၅
အကယ်စင်စစ် မရဏာ နိုင်ငံသည် ဂုဏ်တော်ကို မချီးမွမ်းရပါ။ သေနေသော သူသည် ဂုဏ်တော်ကို ထောမနာ သီချင်းမဆိုရပါ။ တွင်းထဲသို့ဆင်းသော သူသည် သစ္စာတော်ကို မမြော်လင့်ရပါဟေရှာယအနာဂတ္တိကျမ်း ၃၈း၁၈
သူသည်အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏၊၊ ထိုနေ့ခြင်းတွင် သူ၏ အကြံအစည်တို့သည် ပျက်စီးကြ၏၊ဆာလံကျမ်း ၁၄၆း၎
အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏၊ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ အကျိုး အပြစ်ကိုလည်း မခံရ။ သူ့ကိုလည်း မေ့လျော့တတ်ကြ၏။
သူ၏ ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်းပျောက်ပျက်၏။ နေအောက်မှာပြုသမျှသောအမှု၌ သူတပါးနှင့် ရောနှော၍ မဆိုင်ရ။
သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစားလော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက်လော့။ သင်ပြုသော အမှုတို့ကို ဘုရားသခင်ဝန်ခံတော်မူ၏။
သင့်အဝတ်လည်း၊ အစဉ်ဖြူစင်ပါလေစေ။ သင့်ခေါင်းသည်လည်း နံ့သာဆီ မခန်းမခြောက်စေနှင့်။
နေအောက်မှာပေးသနား တော်မူသော အနတ္တအသက်ကာလပတ်လုံး၊ သင်ချစ်သော မယားနှင့် ရွှင်လန်းစွာ အသက်ကာလ ကိုလွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင်၍ နေအောက်မှာကြိုး စားအား ထုတ်ရာ၌ သင်ခံရသော အကျိုးပေတည်း။
ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့။ အကြောင်း မူကား၊ သင်ယခုသွား၍ ရောက်ရလတံ့သော အရပ်တည်းဟူသော မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။ဒေသနာကျမ်း၉း၅-၁၀
သူ၏သားတို့သည် မြှောက်ခြင်းသို့ ရောက်သော်လည်း သူသည် မသိရပါ။ နှိမ့်ချခြင်းသို့ ရောက် သော်လည်း ထိုအမှုကိုပင် မရိပ်မိပါ။ယောဘဝတ္တု ၁၄း၂၁
အသက်ရှင်သောသူ၊ အသက်ရှင်သောသူသာလျှင်၊ ယနေ့ အကျွနု်ပ် ပြုသကဲ့သို့၊ ဂုဏ်တော်ကို ချီးမွမ်းရ ပါလိမ့်မည်။ အဘသည် သားတို့အား သစ္စာတော်ကို ဘော်ပြရပါလိမ့်မည်။ဟေရှာယအနာဂတ္တိကျမ်း ၃၈း၁၉
သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစားလော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက်လော့။ သင်ပြုသော အမှုတို့ကို ဘုရားသခင်ဝန်ခံတော်မူ၏။
သင့်အဝတ်လည်း၊ အစဉ်ဖြူစင်ပါလေစေ။ သင့်ခေါင်းသည်လည်း နံ့သာဆီ မခန်းမခြောက်စေနှင့်။
နေအောက်မှာပေးသနား တော်မူသော အနတ္တအသက်ကာလပတ်လုံး၊ သင်ချစ်သော မယားနှင့် ရွှင်လန်းစွာ အသက်ကာလ ကိုလွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင်၍ နေအောက်မှာကြိုး စားအား ထုတ်ရာ၌ သင်ခံရသော အကျိုးပေတည်း။
ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့။ အကြောင်း မူကား၊ သင်ယခုသွား၍ ရောက်ရလတံ့သော အရပ်တည်းဟူသော မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။ ဒေသနာကျမ်း ၉း၇-၁၀
ညီအစ်ကိုတို့၊ အမျိုး၏ အဘဖြစ်သောဒါဝိဒ်၏ အကြောင်းကိုငါသည်သင်တို့အားအတည့်အလင်း ပြောပါရစေ။ ထိုဒါဝိဒ်သည်သေ၍ သင်္ဂြိုဟ်သောတွင်းသည် ယခုတိုင်အောင်ငါတို့၌ရှိ၏။
ထိုသူသည်မိမိအမျိုးအနွှယ် ထဲကလူဇာတိအားဖြင့် ခရစ်တော်ကိုဘုရားသခင်ထမြောက်စေ၍ မိမိပလ္လင်ပေါ်မှာ တင်တော်မူမည်အကြောင်း ဓိဌာန် ကျိန်ဆိုတော်မူသည်ကို ပရောဖက်ဥာဏ်အားဖြင့်သိ၍၊
ခရစ်တော်၏ ထမြောက်ခြင်းအကြောင်းကို ရည်မှတ်လျက်၊ ထိုခရစ်တော်၏ စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ပစ်ထားတော်မမူ။ အသားသည်လည်းပုပ်စပ်ခြင်းသို့မရောက်ဟု အနာဂတံသဥာဏ်နှင့် ဟောလေ၏။
ထိုယေရှုကိုဘုရားသခင် ထမြောက်စေတော်မူသည်ကို ငါတို့ရှိသမျှသည် သက်သေခံဖြစ်ကြ၏။
ထိုသို့ဘုရားသခင်သည် လက်ျာလက်တော်နှင့် ချီးမြှင့်တော်မူသဖြင့်၊ ထိုသခင်သည်ဂတိတော် နှင့်ယှဉ်သောသန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံ၌ ခံပြီဖြစ်၍သင်တို့သိမြင်ကြားရသော အရာကိုညွန်း လောင်းတော်မူ၏။
ဒါဝိဒ်သည် ကောင်းကင်သို့မတက်သေး၊တမန်တော်ဝတ္ထု ၂း၂၉-၃၄
ထိုနောက် အာဗြဟံသည် အသက်ကြီးရင့်၍၊ အိုမင်းခြင်း၊ နေ့ရက်ကာလ ပြည့်စုံခြင်းနှင့်တကွ၊ အသက် ပေါင်းတရာခုနစ်ဆယ်ငါးနှစ်ရှိသော်၊
အသက်ချုပ်၍ အနိစ္စဖြစ်သဖြင့် မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။ကမ္ဘာဦးကျမ်း ၂၅း၇-၈
ထိုအရပ်၌လူဆိုးတို့သည် နောက်တဖန် မနှောင့်ရှက်ရ၊၊ ပင်ပန်းသောသူတို့ သည် ချမ်းသာရကြ၏၊၊
အချုပ်ခံရသော သူတို့သည်လည်း အတူငြိမ်ဝပ်ရကြ၏။ ညှဉ်းဆဲသောသူ၏စကား သံကို မကြားရကြ၊၊
ထိုအရပ်၌ ကြီးသောသူနှင့်ငယ်သောသူရှိကြ၏၊၊ ကျွန်သည်လည်း သခင်လက်နှင့် လွတ်ရ၏၊၊
ဒုက္ခဆင်းရဲခံရသော သူအားအဘယ်ကြောင့် အလင်းကိုပေးသနည်း၊၊ စိတ်နှလုံးခါးသောသူအား အဘယ် ကြောင့် အသက်ကို ပေးသနည်း၊၊
သူတို့သည် သေခြင်းကိုတောင့်တ၍ မရနိုင်၊၊ ဝှက်ထားသော ဥစ္စာကိုဘော်ခြင်းငှါ၊ တူးသည်ထက် သေခြင်းအကြောင်းကို ဘော်ခြင်းငှါသာ၍ တူးကြ၏၊၊ယောဘဝတ္တု ၃း၁၇-၁၉
သူတို့သည် သင်္ချိုင်းတွင်းကို တွေ့သောအခါ အလွန်ဝမ်းမြောက်၍ အထူးသဖြင့် ရွှင်လန်းကြ၏၊၊ယောဘဝတ္တု
ဘုရားသခင် သည် လူကိုအလိုတော်မရှိ၍ လူ၏အသက်ဝိညာဉ်ကို ရုပ်သိမ်းတော်မူလျှင်၊
ခပ်သိမ်းသော လူသတ္တဝါတို့ သည် ချက်ခြင်းသေပျောက်၍ မြေမှုန့်သို့ တဖန်ရောက်ရကြလိမ့်မည်၊၊ယောဘဝတ္တု ၃၄း၁၄-၁၅
သင်္ချိုင်းသည် ငါ့နေရာဖြစ်သည်ကို ငါမြော်လင့်၏၊၊ ငါ့အိပ်ရာသည် မှောင်မိုက်၌ ခင်းလျက်ရှိ၏၊၊
၁၄ ပုပ်စပ်ခြင်းအား၊ သင်သည်ငါ့အဘဖြစ်၏ ဟူ၍င်း၊ တီကောင်အား သင်သည် ငါ့အမိ၊ ငါ့နှမဖြစ်သည်ဟူ၍ ၎င်းငါဆိုရ၏၊၊
၁၅ သို့ဖြစ်၍ အဘယ်သို့ ငါမြော်လင့်ရသနည်း၊၊ ငါမြော်လင့်စရာ အကြောင်းကို အဘယ်သူမြင်ရသနည်း၊၊ထိုအကြောင်းသည် မရဏာနိုင်ငံအထဲသို့ဝင်၍ ငါနှင့်အတူ မြေမှုန့်၌နှိမ့် ချလျက်နေရမည်ဟု မြွက်ဆို၏၊၊
၊ယောဘဝတ္တု ၁၇း၁၃-၁၅
လူမူကားသေ၍ ဆွေးမြေ့တတ်၏။ လူသည်အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း။
အိုင် ရေပြတ်သကဲ့သို့င်း၊ မြစ်ရေခန်းခြောက်သကဲ့သို့င်း၊
လူသည်အိပ်ပြီးမှနောက်တဖန်မထရ။ မိုဃ်းကောင်းကင် မကုန်မဆုံးမှီတိုင်အောင် မနိုးရ၊၊ အအိပ်အပျော်မပျက်ရ။
ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချို၎င်းတွင်း၌ ဝှက်ထားတော်မူပါစေ။ အမျက်တော်မလွန်မှီ တိုင်အောင် ကွယ်ကာတော်မူပါစေ။ အကျွန်ုပ်ကို အောက်မေ့စရာအချိန်ကို ချိန်းချက်တော်မူပါစေ။
လူသည် သေလျှင်အသက်ရှင် ပြန်ပါလိမ့်မည်လော။ အကျွန်ုပ်ပြောင်းလဲချိန်မရောက်မှီ၊ ပင်ပန်းစွာအမှုထမ်းရသော နေ့ရက်ကာလပတ်လုံးသည်းခံ လျက်နေပါမည်။၊ယောဘဝတ္တု ၁၄-၁၀-၁၄
ငါ၏လူတို့လာကြ။ အတွင်းအခန်းထဲသို့ဝင်၍၊ သင်တို့ကို ကွယ်ကာသော တံခါးများကို ပိတ်ထားကြ၊၊ အမျက်ကာလ လွန်သည် တိုင်အောင် ခဏသာပုန်းရှောင်၍ နေကြလော့၊၊ဟေရှာယအနာဂတ္တိကျမ်းး၂၀
မှောက်မိုက်နှင့်သေခြင်း အရိပ်ဖုံးလွှမ်းသောပြည်၊ သေခြင်းအရိပ်ဖြစ်စေသော ညဥ့်ကဲ့သို့တခဲနက်မိုက် သဖြင့် အလင်းပင်မှောက်မိုက် သက်သက် ဖြစ်၍၊ ရှင်းလင်းခြင်းအလျှင်း မရှိသောပြည်၊ အကျွန်ုပ်တခါရောက်ပြီးမှ တဖန်ပြန်၍ မလာရသော ပြည်သို့အကျွန်ုပ် သွား၍ မရောက်မှီ၊ သက်သာခြင်း၊ အနည်းငယ်ရှိပါမည်အကြောင်း နေတော်မူပါ၊၊ အကျွန်ုပ်ကိုတတ်တိုင်းရှိစေတော်မူပါဟု မြွက်ဆို၏၊၊၊ယောဘဝတ္တု ၁၀း၂၀-၂၁
သေလျက်နေသောသူတို့အား အံ့ဘွယ်သော အမှုတို့ကို ပြတော်မူမည်လော။ အင်္ချိုင်းသားတို့သည် ထ၍ ကိုယ်တော်ကို ချီးမွမ်းကြပါမည်လော။
ကရုဏာတော်ကို သင်္ချိုင်းတွင်း၌၎င်း၊ သစ္စာတော်ကို ပျက်စီးရာ အရပ်၌၎င်း ကြားပြောရကြပါမည်လော။
အံ့ဘွယ်သောအမှုတို့ကို မှောင်မိုက်သောအရပ်၌၎င်း၊ ဖြောင့်မတ်တော်မူ ခြင်းတရားကို မေ့လျော့ရာပြည်၌၎င်း သိရကြပါမည်လော။ဆာလံကျမ်း
၈၈း၁၀-၁၂
အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်စကားကို မျက်နှာပြု၍ နားထောင် တော်မူပါ၊၊ အကျွန်ုပ်မျက်စိကို လင်းစေတော်မူပါ၊၊ သို့မဟုတ်လျှင် အသေအိပ်ပျော်ခြင်းကို ရောက်ရပါမည်၊၊ဆာလံကျမ်း ၁၃း၃
သူတို့သည် ပျော်မွေ့ကြမည်အကြောင်းနှင့် နောက်တဖန်မနှိုးဘဲ အစဉ်မပြတ်အိပ်ပျော်မည့် အကြောင်း၊ သူတို့ သည်ရွှင်လန်းအားကြီးသောအခါ သောက်စရာတို့ငါတိုက်၍ ယစ်မူးစေမည်၊ယေရမိအနာဂတ္တိကျမ်း ၅၁း၃၉
ထိုကာလအခါ မြေမှုန့်၌ အိပ်ပျော်သောသူများတို့သည် နိုးကြလိမ့်မည်။ အချို့တို့ကား၊ ထာဝရအသက်ရှင်ခြင်းနှင့်င်း၊ အချို့တို့ကား၊ ရှက်ကြောက်ခြင်း၊ ထာဝရအသရေပျက်ခြင်းနှင့်င်း၊ နိုးကြလိမ့်မည်။ဒံယေလအနာဂတ္တိကျမ်း ၁၂း၂
ဘုရားသခင်သည် ဘမ်းဆီးချုပ်ထား၍ စစ်ကြောတော်မူလျှင် အဘယ်သူဆီးတား နိုင်သနည်း၊၊
ဘုရားသခင်သည် ဆိုးသောသူတို့၏ သဘောကိုသိတော်မူ၏၊၊ သူတို့အမှတ်တမဲ့ပြုသော ဒုစရိုက်ကို သိမြင်တော်မူ၏၊၊
သို့သော်လည်းရိုင်းသော မြည်းကလေးသည် လူအဖြစ်သို့ရောက်သောအခါ လူမိုက်သည် ပညာ သတိရလိမ့်မည်၊၊
သင်သည်စိတ်နှလုံးကို ပြင်ဆင်၍ လက်တို့ကိုဘုရားသခင်ထံတော်သို့ဆန့်လျှင်င်း၊
သင်ပြုသော ဒုစရိုက် ကိုပယ်၍ သင့်အိမ်၌ ဆိုးညစ်သောအမှုကို လက်မခံလျှင်၎င်း၊ယောဘဝတ္တု ၁၁း၁-၁၄
သသော သူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။
ခရစ်တော်သည် ထမြောက်တော်မမူ လျှင်၊ ငါတို့ဟောပြောခြင်း၌ အကျိုးမရှိ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။
ထိုမျှမက၊ ငါတို့သည် ဘုရား သခင်၏ အမှုမှာ မမှန်သောသက်သေခံဖြစ်ကြ၏။
အကြောင်းမူကား၊ သေလွန်သော သူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဘုရားသခင်သည် ခရစ်တော်ကို ထမြောက်စေတော်မမူ။ ယခုမှာ၊ ခရစ်တော်ကို ထမြောက်စေတော်မူပြီဟု ငါတို့သည် ဘုရားသခင်၏အကြောင်းကို သက်သေခံကြ၏။ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။
ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော် လည်း အကျိုးမရှိ၊ ဒုစရိုက်အပြစ်အောက်၌ ရှိကြသေး၏။
ထိုမှတပါး၊ ခရစ်တော်ကိုယုံကြည်၍ အိပ်ပျော်သော သူတို့သည် ဆုံးရှုံးခြင်းသို့ရောက်ကြပြီ။
ငါတို့သည် ခရစ်တော်ကိုအမှီပြု၍ ယခုဘဝ၌သာ မြော်လင့်စရာရှိလျှင်၊ အခြားသောသူ အပေါင်းတို့ထက်သာ၍ ဆင်းရဲသောသူဖြစ်ကြ၏။
ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှထမြောက်တော်မူ၍၊ အိပ်ပျော်သောသူတို့တွင် အဦးသီးသော အသီးဖြစ်တော်မူပြီ။
သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့၊ သေသောသူတို့၏ ထမြောက်ခြင်း တရားသည် လူအားဖြင့် တည်လျက်ရှိ၏။
လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။
သို့ရာတွင် လူအသီးသီးတို့သည် မိမိတို့အလှည့်အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော်သည် အဦးသီးသောအသီး ဖြစ်တော်မူ၏။ ထိုနောက် ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ တပည့်တော်ဖြစ်သော သူတို့သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။ကောရိ န္တု သြဝါဒစာပဌမစောင် ၁၅း၁၂-၂၃
ဒူးထောက်လျက်၊ သခင်၊ ဤသူတို့ပြုသော ဒုစရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်ဟု ကြီးသောအသံနှင့် ကြွေးကြော်ပြီးမှ ကျိန်းစက်လေ၏။ သူ့ကိုကွပ်မျက်သော အမှုကိုရှောလုသည်လည်း ဝန်ခံလျက်ရှိ၏။တမန်တော်ဝတ္ထု ၇း၆၀
လူသည် သေလျှင်အသက်ရှင် ပြန်ပါလိမ့်မည်လော။ အကျွန်ုပ်ပြောင်းလဲချိန်မရောက်မှီ၊ ပင်ပန်းစွာအမှုထမ်းရသော နေ့ရက်ကာလပတ်လုံးသည်းခံ လျက်နေပါမည်။
အကျွန်ုပ်ကိုခေါ်တော်မူပါ၊၊ အကျွန်ုပ်ပြန်လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်းတော်မူသော အရာကို သနားခြင်းစိတ်ရှိတော်မူပါ။၊ယောဘဝတ္တု ၁၄း၁၄-၁၅
ညီအစ်ကိုတို့၊ မြော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်း မည်အကြောင်း၊ အိပ်ပျော်သောသူတို့၏ အမူအရာကိုမသိဘဲ နေစေခြင်းငှါ ငါတို့အလိုမရှိ။
၁၄ ယေရှုသည် သေပြီးမှ တဖန် ထမြောက်တော်မူသည်ကို ငါတို့သည် ယုံကြည်လျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။
၁၅ သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ ဆိုသည်ကား၊ သခင်ဘုရားကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာကျရကြမည်မဟုတ်။
၁၆ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင်၏ တန်ပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ် တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။
၁၇ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ် သို့ ချည်ဆောင် ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ်နေရကြလိမ့်မည်။
၁၈ သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်း တယောက်ကိုတယောက် သက်သာစေကြလော့။သက်သာလောနိတ်သြဝါဒစာပဌမစောင် ၄း၁၃-၁၈
မိုဃ်းကောင်ကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်း တို့သည် မိမိတို့နေရာ အရပ်မှရွေ့ကြ၏။
လောကီ ဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ကျွန်များ၊ လူလွတ်များအပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊
ငါတို့အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူ၏မျက်နှာနှင့် သိုးသငယ်၏ အမျက်တော် ကိုကွယ်ကာ၍၊ ငါတို့ကိုဖုံးအပ်ကြပါ။
အမျက်တော်ထင်ရှားသောနေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင် မည်နည်း ဟုပြောဆိုကြ၏။ဗျာဒိတ်ကျမ်း ၆း၁၄-၁၇
အကျွန်ုပ်မူကား ဖြောင့်မတ်၍ မျက်နှာတော်ကို ဖူးမြင်ရပါလိမ့်မည်၊၊ နိုးသောအခါ ပုံသဏ္ဍာန်တော်အားဖြင့် အကျွန်ုပ်အလို ပြည့်စုံရပါလိမ့်မည်။
ဆာလံကျမ်း ၁၇း၁၅
ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ်တော်မူသော သူကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင် ခြင်းကိုမခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။
ငါအမှန်အကန်ဆိုသည်ကား၊ သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏ စကား သံကိုကြား၍၊ ကြားသောအားဖြင့် အသက်ရှင်ရမည့်အချိန်ကာလသည် လာ၍ယခုပင် ရောက်လျက်ရှိ၏။
အကြောင်းမူကား၊ ခမည်းတော်သည် ကိုယ်၌ အသက်ရှိတော်မူသည်နည်းတူ သားတော်သည် မိမိ၌ အသက်ရှိရသောအခွင့်ကို ပေးတော်မူ၏။
သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်း အခွင့်ကိုလည်း အပ်ပေးတော်မူ၏။
ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကို ကြား၍၊
ထွက်ရမည့်အချိန်ကာလ ရောက်လတံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာထမြောက် ခြင်းသို့၎င်း၊ ဆိုးယုတ်သော အကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့၎င်း ထွက်ရကြလတံ့။
ငါသည် ကို်ယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည်ကြားသည်အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်း သည်လည်း တရားတော်နှင့်ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့မလိုက်။ ငါ့ကိုစေလွှတ် တော်မူသော ခမည်းတော်၏အလိုသို့ လိုက်၏။ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၅း၂၄-၃၀
ကိုယ်တော်၏လူသေတို့သည် အသက်ရှင်ကြပါလိမ့်မည်၊၊ ငါ၏အသေကောင်တို့သည်လည်း ထမြောက်ကြ ပါလိမ့်မည်၊၊ မြေမှုန့်၌နေသော သူတို့၊ နိုး၍သီချင်းဆိုကြလော့၊၊ အကြောင်းမူကား၊ ကိုယ်တော်၏ နှင်းသည် မြက်ပင်တို့ ကို ပေါက်စေသောနှင်းကဲ့သို့ဖြစ်၍၊ မြေသည်လည်း မိမိသင်္ချိုင်းသားတို့ကို ထုတ်ဘော်ရပါလိမ့်မည်၊၊ဟေရာယအနာဂတ္တိကမ်း ၂၆း၁၉
နက်နဲသောအရာတခုကို ငါပြဦးမည်၊ ငါတို့ရှိသမျှ သည် အိပ်ပျော်ရကြမည်မဟုတ်။
သို့သော်လည်း၊ နောက်ဆုံးသောတန်ပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတန်ပိုးမှုတ်ချိန် ရောက်သောအခါ သေလွန် သောသူတို့သည်၊ မပုပ်နိုင်သောအဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။
ယခုမျက်မှောက် ပုတ်တတ်သောအရာသည် ပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက်သေတတ်သောအရာသည် မသေနိုင်သောအရာ အဖြစ်သို့ ဝင်စားရမည်။
ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့၎င်း၊ ဤသေတတ်သောအရာသည် မသေနိုင်သော အဖြစ်သို့၎င်း ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌ နစ်မြုပ်ပြီဟု ကျမ်းစာ၌ လာချက် ပြည့်စုံလိမ့်မည်။
အိုသေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။
သေမင်း၏လက်နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း၊ ဒုစရိုက်အပြစ်၏တန်ခိုးကား၊ ပညတ် တရားပေတည်း။ကောရိ န္တု သြဝါဒစာပဌမစောင် ၁၅း၅၁-၅၆
သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ ဆိုသည်ကား၊ သခင်ဘုရားကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာကျရကြမည်မဟုတ်။
သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင်၏ တန်ပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ် တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။
ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ် သို့ ချည်ဆောင် ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ်နေရကြလိမ့်မည်။
သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်း တယောက်ကိုတယောက် သက်သာစေကြလော့။သက်သာလောနိတ်သြဝါဒစာပဌမစောင် ၄း၁၅-၁၈
မရဏာနှင့် မရဏာနိုင်ငံကိုလည်း ငါအစိုးရ၏။
လူတဦးတယောက်သေလွန်သွားအခါတွင်၊တကယ်သေသွားပြီလား၊အချို့သောသူများတို့သည် သေလွန်သောသူတို့၏
ဝိညာဉ်များနှင့်စကားပြောကြသည်တကယ်အဟုတ်အမှန်ဖြစ်နိုင်မည်လား။ သေလွန်သောသူတို့၏ဝိညာဉ်၊သို့မဟုတ် သော
သူများလိပ်ပြာအချို့သောသူတို့အဟုတ်အမှန်ယုံကြည်ကြသည်လူသေတို့၏ဝိညာဉ်ကိုခေါ်၍၊ မေးမြန်ခြင်း၊လူအများပြာတို့သည်၊
ပြောဆိုတတ်ကြသည်ထိုသို့မက၊ကမ္မာအနံအပြာ လောကီနိုင်ငံအရပ်ရပ်တို့မှာရှိနေသည်၊အချို့သောနိုင်ငံတော်၊ ခေါင်းဆောင်
များတို့သည်၊လူသောများနှင့်စကားပြောခြင်းမေမြန်ခြင်း။အကြံအဥာဉ်များတို့ကိုတောင်းဆိုခြင်းစသဖြင့်ပြုကြသည်၊ထိုအကြောင်း
အရာတို့သည်၊လိမ်ညှာခြင်းလား၊သိုမဟုတ်၊စဉ်စားစားတကယ်ကြီးမားဆုံးပြဿနာလား၊အများသောအားဖြင့်ကျွန်ပ်တို့အသက်တာ
များ၌ မျော်တွေးကြည့်သောအတွင်။အလွန်အမတန်မှာကြောက်လှန့်စရာများဖြစ်ပေသည်။ကျောချမ်းလောက်အောင်မတွေဝန့်ပေ
လူသေတို့၏ဝိညာဉ်များစကားခြင်းမှာတိကြာစွာကျွန်ပ်တို့မပြောတတ်ခြေဖြစ်သည်။ကျွန်ပ်တို့သည်၊ယေရှုခရစ်တော်ကိုအမှန်တကယ်
ချီးမွန်းအပ်ပေလိမ်မည်။ဗျာဒိတ်ကျမ်းစာ၌၊သမ္မာကျမ်းစာ၏၊အမေးအဖြေများပါရှိပေလိမ့်မည်။အသင့်အံသြေမေ့မောလောက်ဖြစ်နိုင်
မည်။ ကျွန်ပ်တို့ သမ္မာကျမ်းစာ၌ အကြီးမားဆုံး အကြောင်းအရာများတခုပင်ဖြစ်သည်။
၁။သေခြင်းတရားကိုအောင်းမြင်ခြင်း
အသက်ရှင် သောသူလည်းဖြစ်၏။ငါသည်အရင်သေသည်ဖြစ်၍၊ကမ္ဘာအဆက်ဆက်အသက်နှင့် ပြည့်စုံ၏။မရဏာနှင့်မရဏာနိုင်ငံ
ကိုလည်း ငါအစိုးရ၏။ဗျာဒိတ်ကျမ်း ၁း၁၈
အဘယ်သို့ သေခြင်းကိုအောင်နိုင်မည်သနည်း အောက်ပါအေဖြေများကိုဖတ်ပါ။
၁။ အသက်ရှင် သော သူလည်းဖြစ်၏
၂။ ငါသည်အရင်သေသည်ဖြစ်၍၊
၃။ကမ္ဘာအဆက်ဆက်အသက်နှင့် ပြည့်စုံ၏
၎။။ မရဏာနှင့် မရဏာနိုင်ငံကိုလည်း ငါအစိုးရ၏။
၂။ဗျာဒိတ်ကျမ်းစာ အခန်းကြီး ၁ အတွင်၌ ယေရှုခရစ်တော်အားအဘယ်သို့ခေါ်သနည်း
သစ္စာစောင့်သောသက်သေခံဖြစ်တော်မူထသော၊ သေသောသူတို့တွင်သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏အထွဋိဖြစ်တော်မူ
သော ယေရှုခရစ်အထံတော်က၎င်း၊ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည်သင်တို့၌ရှိပါစေသော။ငါတို့ကိုချစ်၍မိမိအသွေးနှင့်ငါတို့အပြစ်များ
ကို ဆေးကြောတော်မူ၍၊ဗျာဒိတ်ကျမ်း ၁း၅
ယေရှုခရစ်တော်အဘယ်သူဖြစ်သနည်းမှား အဖြေများ
၁။သစ္စာစောင့်သော သက်သေခံဖြစ်တော်မူထခြင်း
၂။ သေသောသူတို့တွင် သားဦး ဖြစ်တော်မူထခြင်း
၃။ လောကီဘုရင်တို့၏ အထွဋိဖြစ်တော်မူထခြင်း
၎။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း
၅။ ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူထခြင်း
၃။လောကီသားအပေါင်းတို့သည်အသက်ရှင်ခြင်းတရား၌ ယေရှုခရစ်တော်တပါးတည်းအထံတော်မှရနိုင်မည်သနည်း
လူအပေါင်းတို့သည်အာဒံအားဖြင့် သေခြင်းသို့ရောက်သည်နည်းတူ၊လူအပေါင်းတို့သည်ခရစ်တော်အားဖြင့်အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့
ကောရိ န္တု သြဝါဒစာပဌမစောင် ၁၅း ၂၂
၁။လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်သည်နည်းတူ
၂။လူအပေါင်းတို့သည် ခရစ်တော်အားဖြင့်
၃။အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။
၎။လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့၊
၅။ ထမြောက်ခြင်း တရားသည် လူအားဖြင့် တည်လျက်ရှိ၏။
၆။ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်ကြ၏
၎။ဘုရားသခင်သည် ကမ္မာဦးအစ၌ လူကိုအဘယ်သို့ဖန်ဆင်းတော်မူသနည်း
ထိုနောက်၊ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့်လူကိုဖန်ဆင်း၍၊သူ၏နှာခေါင်းထဲသို့ဇီဝအသက်ကိုမှုတ်တော်မူလျှင်၊လူသည်အသက်ရှင်သော
သတ္တဝါဖြစ်လေ၏။ကမ္ဘာဦးကျမ်း ၂း၇
မှတ်ချက်။ ဘုရားသခင်သည် လူကိုအယ်ဆင်းသနည်မူကား၊အဖြေများ
၁။ထာဝရအရှင် ဘုရားသခင်သည် မြေမှုန့်ဖြင့်
၂။ လူကိုဖန်ဆင်း၍၊
၃။သူ၏နှာခေါင်းထဲသို့ ဇီဝအသက်
၎။ မှုတ်တော်မူလျှင်၊
၅။လူသည်အသက်ရှင်သော
၆။သတ္တဝါဖြစ်လေ၏။
၅။သေလွန်သောသူသည် အဘယ်သို့ရောက်ရှိသနည်း
ထိုကာလ၌ မြေမှုန့်သည် နေရင်းမြေသို့င်း ဝိညာဉ်သည် အရင်ပေးသော ဘုရားသခင်ထံ သို့င်း ပြန်သွားရလိမ့်မည်။ဒေသနာကျမ်း ၁၂း ၇
သေလွန်သောအဘယ်သို့ပြန်သွားလဲ ဆိုသောအဖြေများ
၁။ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍၊
၂။ မြေမှုန့်သည် နေရင်းမြေသို့င်း
၃။သူ၏နှာခေါင်းထဲသို့ ဇီဝအသက် ကို မှုတ်တော်မူလျှင်၊ လူသည်အသက်ရှင်သော သတ္တဝါဖြစ်လေ၏။
၎။ ဝိညာဉ်သည် အရင်ပေးသော ဘုရားသခင်ထံ သို့င်း ပြန်သွားရလိမ့်မည်။
၆။သေလွန်သောသူအဘယ်သို့ပြန်ရသနည်း
ထိုကာလ၌ မြေမှုန့်သည် နေရင်းမြေသို့င်းဝိညာဉ်သည်အရင်ပေးသောဘုရားသခင်ထံသို့င်း ပြန်သွားရလိမ့်မည်။
ဒေသနာကျမ်း ၁၂း၇
ငါ့အသက်ရှင်လျက်၊ ငါ့နှာခေါင်း၌ ဘုရားသခင်ပေးတော်မူသော အသက်တည်သမျှကာလပတ်လုံး၊
ယောဘဝတ္ထု ၂၇း၃
ထိုနောက်၊ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့်လူကိုဖန်ဆင်း၍၊သူ၏နှာခေါင်းထဲသို့ဇီဝအသက်ကိုမှုတ်တော်မူလျှင်၊
လူသည်အသက်ရှင်သော သတ္တဝါဖြစ်လေ၏။ ကမ္ဘာဦးကျမ်း ၂း၇
၇။ဘုရားသခင်သည် လူကိုဖန်ဆင်း၍ အဘယ်သို့သောအသက်ကိုမှုတ်သွန်းတော်မူသနည်း
ထိုနောက်၊ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့်လူကိုဖန်ဆင်း၍၊သူ၏နှာခေါင်းထဲသို့ဇီဝအသက်ကိုမှုတ်တော်မူလျှင်၊
လူသည်အသက်ရှင်သော သတ္တဝါဖြစ်လေ၏။ ကမ္ဘာဦးကျမ်း ၂း၇
လူဖြစ်ခြင်း၊(ထာဝရအရှင် ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍၊
အသက်ရှင်သော မည်သို့။ လူသည်အသက်ရှင်သော သတ္တဝါဖြစ်လေ၏။
၈။အသက်ဝိညာဉ်သည်သေတတ်သနည်း။
ဝိညာဉ်အပေါင်းတို့ကိုငါပိုင်၏။အဘ၏ဝိညာဉ်ကိုငါပိုင်သကဲ့သို့သား၏ဝိညာဉ်ကိုလည်းငါပိုင်၏။ ပြစ်မှားသောဝိညာဉ်သည်
အသက်သေရမည်။ ယေဇကျေလအနာဂတ္တိကျမ်း ၁၈ ၎
အဖြေ။
၁။ ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်။ သေတတ်တယ်
မာရဏာနိုင်ငံ သ င်္ချိုင်း
၉။သေခြင်းတရားနှင့်ရင်ဆိုင်ရသော်အခါ အဘယ်သို့ရှိသနည်း
မျက်နှာတော်ကိုလွှဲတော်မူလျှင်၊သူတို့သည်ပင်ပန်းကြပါ၏။သူတို့အသက်ကိုရုပ်သိမ်းတော်မူလျှင်၊သူတို့သည်သေ၍မိမိ
တို့မြေမှုန့်ထဲသို့ ပြန်သွားကြပါ၏။ဆာလံကျမ်း ၁၀၄း၂၉
ဘုရားသခင်ရုပ်သိမ်းသောအခါ အဖြေ။
၁။ မျက်နှာတော်ကို လွှဲတော်မူလျှင်၊ သူတို့သည်ပင်ပန်းကြပါ၏။
၂။သူတို့ အသက်ကို ရုပ်သိမ်းတော်မူလျှင်၊ သူတို့သည်သေ၍
၃။ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့်လူကိုဖန်ဆင်း၍၊သူ၏နှာခေါင်းထဲသို့ဇီဝအသက်ကိုမှုတ်တော်မူလျှင်၊လူသည်
အသက်ရှင်သော သတ္တဝါဖြစ်လေ၏။
၎။ မိမိတို့မြေမှုန့်ထဲသို့ ပြန်သွားကြပါ၏။
ငါတို့သည်ဘုရားသခင်အားဖြင့်အသက်ရှင်လျက်၊လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။ထိုသို့နှင့်အညီ၊သင်တို့တွင်လင်္ကာဆရာ
အချို့တို့က၊ ငါတို့သည်ကား၊ နွှယ်တော်သားပင်၊ ဘုရားမျိုးပေ၊ ဖြစ်ကြလေဟု စပ်ဆိုသတည်း။တမန်တော်ဝတ္ထု ၁၇း ၂၈
၁။ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်
၂။လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏
၃။ နွှယ်တော်သားပင်၊ ဘုရားမျိုးပေ၊ ဖြစ်ကြလေဟု စပ်ဆိုသတည်း။
၁၀။သေလွန်သောသူတို့အဘယ်မှာရှိသနည်း ယခု
28 Do not marvel at this; for the hour is coming in which all who are in the graves will hear His voice 29 and come forth—those who have done good, to the resurrection of life, and those who have done evil, to the resurrection of condemnation.
ဤအမှုအရာကိုအံ့သြခြင်းမရှိကြနှင့်။သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည်သားတော်၏စကားသံကိုကြား၍၊ထွက်ရမည့်အချိန်ကာလ
ရောက်လတံ့။ ကောင်းသောအကျင့်ကိုကျင့်သောသူတို့သည်အသက်ရှင်ရာထမြောက် ခြင်းသို့၎င်း၊ဆိုးယုတ်သောအကျင့်ကိုကျင့်သော
သူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့၎င်း ထွက်ရကြလတံ့။ရှင်ယောဟန်ခရစ်ဝင်ကျမ်း၅း ၂၈-၂၉
ယေရှုခရစ်တော်၏ စကားအသံကြားသောအဘယ်သို့အား ထမြောက်ခြင်းရှိကြသည်မှာ ။အဖြေ
၁။ ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။
၂။သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကို ကြား၍၊
၃။ ထွက်ရမည့်အချိန်ကာလ ရောက်လတံ့။
၎။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာထမြောက် ခြင်းသို့၎င်း၊
၅။၊ ဆိုးယုတ်သော အကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့၎င်းထွက်ရကြလတံ့။
သူသည် သင်္ဂြိုဟ်ခြင်းသို့ ရောက်၍ သူ၏သင်္ချိုင်းပုံကို အစောင့်ထားကြလိမ့်မည်၊ယောဘဝတ္တု ၂၁း၃၂
ထိုသို့အားဖြင့်ဒါဝိဒ်သည်ယခုကောင်းဘုန်သို့ရောက်ရှိနေပြီးလား။သို့မဟုတ်ဒါဝိဒ်သည်ယခုသူသည်အဘယ်မှာရှိသနည်း
ညီအစ်ကိုတို့၊အမျိုး၏အဘဖြစ်သောဒါဝိဒ်၏အကြောင်းကိုငါသည်သင်တို့အားအတည့်အလင်း ပြောပါရစေ။ ထိုဒါဝိဒ်သည်သေ၍ သင်္ဂြိုဟ်သောတွင်းသည် ယခုတိုင်အောင်ငါတို့၌ရှိ၏။တမန်တော်ဝတ္ထု ၂း၂၉
ဒါဝိမင်းကြီးသေလွန်ပြီးနောက် အဘယ်မှာရှိနေလဲ အဖြေကြည့်မယ်
၁။ထိုဒါဝိဒ်သည်သေ၍ သင်္ဂြိုဟ်သောတွင်းသည် ယခုတိုင်အောင်ငါတို့၌ရှိ၏။
ထိုမှတပါး၊ အဘယ်သို့ပြောစရာရှိသေးသနည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလ မှစ၍ ပရောဖက်တို့အကြောင်းများကို ပြော၍မကုန်နိုင်။ဟေဗြဲသြဝါဒစာ ၁၁း၃၂
ထိုသူ အပေါင်းတို့သည် ယုံကြည်ခြင်းအားဖြင့် ချီးမွမ်းခြင်းသို့ ရောက်သော်လည်း၊ ဂတိတော်အတိုင်း အကျိုးကျေးဇူးကို မခံရကြ။ အဘယ်ကြောင့်နည်းဟူမူကား၊ ထိုသူတို့သည် ငါတို့မပါဘဲ စုံလင်ခြင်းသို့ မရောက်ရမည်အကြောင်း ဘုရားသခင်သည် ငါတို့အဘို့အလိုငှါ သာ၍မြတ်သော ကျေးဇူးကို ကြံစည်တော်မူ၏။
မှတ်ချက်။တဦးတယောက်မျှ ယနေ့တိုင်အောင် ကောင်းကင်သို့မရောရှိသေပါဘူး
၁၁။သေလွန်သွားသော်သူများတို့သည် စဉ်းစာတတ်သေးလား သူတို့ဘာအကြံစီများရှိသေးလဲ
အဖြေ။ သူသည်အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏၊၊ ထိုနေ့ခြင်းတွင် သူ၏ အကြံအစည်တို့သည် ပျက်စီးကြ၏၊ဆာလံကျမ်း ၁၄၆း ၎
၁၂။သေလွန်သွားသောသူအပေါင်တို့သည် အမည်သိည့်အရာမှနစ်သက်သည်ကိုသိနိုင်သေးလား
အဖြေ။လူသည်အိပ်ပြီးမှနောက်တဖန်မထရ။မိုဃ်းကောင်းကင်မကုန်မဆုံးမှီတိုင်အောင်မနိုးရ၊၊အအိပ်အပျော်မပျက်ရ။
ဘာနှင့်တူလဲ။သေသောသူများ
၁။အဖြေ ။လူသည်အိပ်ပြီးမှနောက်တဖန်မထရ။
၂။မိုဃ်းတိမ်သည် ပြယ်ပျောက်ကွယ်လွင့်သကဲ့သို့၊သင်္ချိုင်းတွင်းထဲသို့ဆင်း သောသူသည် နောက်တဖန်မတက်ရ၊၊
မိမိအိမ်သို့မပြန်ရ၊၊ သူ၏နေရင်းအရပ်သည် နောက်တဖန်သူ့ကိုမသိရ၊၊ယောဘဝတ္ထု ၇း၉-၁၀
၃။ကရုဏာတော်နှင့်အညီအကျွန်ုပ်ကိုကယ်တင် တော်မူပါ။အကြောင်းမူကား၊ သေလျက်နေစဉ်တွင်ကိုယ်တော်ကိုအောက်မေ့ခြင်း မရှိပါ။မရဏနိုင်ငံတွင် ကျေးဇူးတော်ကို အဘယ်သူချီးမွမ်းပါမည်နည်း၊၊ဆာလံကျမ်း ၆း၅
၎။ အကယ်စင်စစ် မရဏာ နိုင်ငံသည် ဂုဏ်တော်ကို မချီးမွမ်းရပါ။ သေနေသော သူသည် ဂုဏ်တော်ကို ထောမနာ သီချင်းမဆိုရပါ။ တွင်းထဲသို့ဆင်းသော သူသည် သစ္စာတော်ကို မမြော်လင့်ရပါ။
အသက်ရှင်သောသူ၊ အသက်ရှင်သောသူသာလျှင်၊ ယနေ့ အကျွနု်ပ် ပြုသကဲ့သို့၊ ဂုဏ်တော်ကို ချီးမွမ်းရ ပါလိမ့်မည်။အဘသည်သားတို့အားသစ္စာတော်ကို ဘော်ပြရပါလိမ့်မည်။ဟေရှာယအနာဂတ္တိကျမ်း၃၈း၁၈-၁၉
၅။ သေလွန်သောသူငြိမ်းရာထဲသို့ဆင်းသောသူရှိသမျှတို့သည်ထာဝရဘုရားကိုမချီးမွမ်းရကြ၊၊ဆာလံကျမ်း၁၁၅း၁၇
၁၃။လူအသေကောင်တို့သည်သူတပါးကိုလုပ်ကြံနိုင်သေးလား?အသက်ရှင်သောသူများနှင့်ဆက်သွယ်နိုင်သေးလား
အောက်ပါအဖြေများကိုဖတ်ပါ။
အသက်ရှင်သောသူသည်မိမိသေရမည်ကိုသိ၏၊ သေသောသူမူကား၊အဘယ်အရာကိုမျှမသိ။အကျိုးအပြစ်ကိုလည်းမခံရ။
သူ့ကိုလည်း မေ့လျော့တတ်ကြ၏။သူ၏ချစ်ခြင်း၊မုန်းခြင်း၊ ငြူစူခြင်းလည်းပျောက်ပျက်၏။ နေအောက်မှာပြုသမျှသောအမှု၌ သူတပါးနှင့် ရောနှော၍ မဆိုင်ရ။ဒေသနာကျမ်း ၉း၅-၆
ဆောင်ရွက်စရာအမှုရှိသမျှကိုကြိုးစားအားထုတ်၍ ဆောင်ရွက်လော့။အကြောင်းမူကား၊သင်ယခုသွား၍ ရောက်ရလတံ့သော
အရပ်တည်းဟူသောမရဏာနိုင်ငံ၌လုပ်ဆောင်ခြင်းမရှိ။ကြံစည်ခြင်းမရှိ။သိပ္ပံအတတ်မရှိ။ပညာမရှိပါတကား။
ဒေသာနာကျမ်း ၉း ၁၀
အောက်ပါအဖြေများကိုကြည့်ဖတ် သေလွန်သောသူများ၏အခြေနေများသူတို့အဘယ်အရာများကိုသိရှိသနည်း
၁။ အသက်ရှင်သော လူစုအပေါင်းနှင့် ဆိုင်သေးသောသူသည် မြော်လင့်စရာရှိ၏။
၂။မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။
၃။သင်္ချိုင်းတွင်းထဲသို့ ဆင်း သောသူသည် နောက်တဖန်မတက်ရ၊၊
၎။ သူ၏နေရင်းအရပ်သည် နောက်တဖန်သူ့ကိုမသိရ၊၊
၅။ မရဏနိုင်ငံတွင် ကျေးဇူးတော်ကို အဘယ်သူချီးမွမ်းပါမည်နည်း၊
၆။ သေနေသော သူသည် ဂုဏ်တော်ကို ထောမနာ သီချင်းမဆိုရပါ
၇။အသက်ရှင်သောသူ၊အသက်ရှင်သောသူသာလျှင်၊ယနေ့အကျွနု်ပ် ပြုသကဲ့သို့၊ဂုဏ်တော်ကိုချီးမွမ်းရပါလိမ့်မည်။
၈။ သေလွန်သောသူ ငြိမ်းရာထဲသို့ ဆင်းသောသူရှိသမျှတို့သည် ထာဝရဘုရားကို မချီးမွမ်းရကြ၊၊
မှတ်ချက်သေလွန်သွားသောသူတို့မည်သည့်အရာကိုမျှ မသိရှိပါဘူး
၁၄။သေခြင်းတရားမှရှင်ပြန်ထမြောက်ရနေ့ရက်
ဖြောင့်မတ်သောသူတို့သည် အဘယ်အချိန်ကာလ၌ ထမြောက်မည်သနည်း
သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့၊ သေသောသူတို့၏ ထမြောက်ခြင်း တရားသည် လူအားဖြင့် တည်လျက်ရှိ၏။
လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။
သို့ရာတွင် လူအသီးသီးတို့သည် မိမိတို့အလှည့်အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော်သည် အဦးသီးသောအသီး ဖြစ်တော်မူ၏။ ထိုနောက် ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ တပည့်တော်ဖြစ်သော သူတို့သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။
ကောရိ န္တု သြဝါဒစာပဌမစောင် ၁၅း၂၁-၂၄
သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ ဆိုသည်ကား၊ သခင်ဘုရားကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာကျရကြမည်မဟုတ်။
သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင်၏ တန်ပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ် တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။
ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ် သို့ ချည်ဆောင် ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ်နေရကြလိမ့်မည်။
သက်သာလောနိတ်သြဝါဒစာပဌမစောင် ၄း ၁၅-၁၇
မှတ်ချက်။ခရစ်တော်ကြွလာသောအခါ၌ ထမြာက်ခြင်းသို့ရောက်ကြလမ့်မည်
၁၅။သေခြင်းတရားကို ယေရှုခရစ်တော်အဘယ်သို့ မိန့်တော်မုသနည်း
ငါတို့အဆွေလာဇရုသည် အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းအလိုငှါ ငါသွားမည်ဟု မိန့်တော်မူ၏။
တပည့်တော်တို့ကလည်း၊ သခင်၊ သူသည် အိပ်ပျော်လျှင် သက်သာရလိမ့်မည်ဟု လျှောက်ကြ၏။
ယေရှုသည် လာဇရုသေကြောင်းကို ရည်မှတ်၍ မိန့်တော် မူသော်လည်း၊ ပကတိ အိပ်ပျော်ကြောင်းကို မိန့်တော်မူသည်ဟု တပည့်တော်တို့သည် ထင်မှတ်ကြ၏။
ထိုကြောင့်ယေရှုက၊ လာဇရုသေပြီ။ သင်တို့သည် ယုံကြည်မည်အကြောင်း၊
ယေရှုခရစ် သေခြင်း၌ ခေါ်ဆိုသောအဖြေ။
၁။ငါတို့အဆွေလာဇရုသည် အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းအလိုငှါ ငါသွားမည်ဟု မိန့်တော်မူ၏။
သေခြင်းတရားကို သမ္မာကျမ်းစာ၌ ခေါ်ဆိုခြင်းမှာအိပ်ပျော်ခြင်းဟူ၍ ခေါ်ဆိုသောအချက်ပေါင်း(၅၀)ရှိသည်
သမ္မာစာကို အလေးမထားကြသောကြောင့် ထိုအကြောင်းအရာများတို့ အိပ်မက်ဆန်ဆန် ပုံပြင်ဆန်ဆန်ဖြစ်
သို့ရာတွင် ယေရှုခရစ်တော်ကြွလာတော်မူသောအတွင် ထမြောက်ခြင်း၌ ကျွန်ပ်တို့ ဓမ္မာမိဆွေအပေါင်းတို့ပါ
ဝင်နိုင် အတွက် သမ္မာကျမ်းစာကိုအလေးအနက်ထာ၍ လေ့လာမှတ်ကြပါစို့
၁၆။လူးများတို့သည် ယခုကာလ၌ မသေတတ်သောသူ တဦးတယောက်မျှလောက် ကမ္ဘာအပေါ်မှာရှလား
မရဏာနှင့် ကင်းလွတ်သောသူ တပါးတည်းဖြစ်တော်မူထသော၊ အဘယ်သူမျှ မချဉ်းကပ်နိုင်သော အလင်းထဲ၌ နေတော်မူထသော၊ အဘယ်သူမျှ မမြင်ဘူးရာ၊ မမြင်နိုင်ရာဖြစ်တော်မူထသော၊ မင်္ဂလာရှိသော တပါးတည်းသောအရှင် ဖြစ်တော်မူထသော၊ ဘုရင်တကာတို့ထက်ဘုရင်၊ သခင်တကာတို့၏သခင် သည်၊ ကာလအချိန်ရောက်သောအခါ၊ သခင်ယေရှုခရစ်၏ ထင်ရှားပေါ်ထွန်းခြင်းကို ပြတော်မူလိမ့်မည်။ ထိုဘုရား သခင်သည် ထာဝရဂုဏ်အသရေ အစွမ်းသတ္တိ ရှိတော်မူစေသတည်း။ အာမင် ။ တိမောသေသြဝါဒပဌမစောင် ၆း၁၅-၁၆
မှတ်ချက်။ တဦးတယောက်မျှ မရှိပါ။ အဖြေ
ဘုရင်တကာတို့ထက်ဘုရင်၊ သခင်တကာတို့၏သခင် သည်၊ ကာလအချိန်ရောက်သောအခါ၊ သခင်ယေရှုခရစ်၏ ထင်ရှားပေါ်ထွန်းခြင်းကို ပြတော်မူလိမ့်မည်။ ထိုဘုရား သခင်သည် ထာဝရဂုဏ်အသရေ အစွမ်းသတ္တိ ရှိတော်မူစေသတည်း။ အာမင် ။ ယေရှုခရစ်တပါးတည်း။သာလျှရှိပါ၏
သေတတ် သော လူသည် ဘုရားသခင်ရှေ့မှာ ဖြောင့်မတ်ခြင်း ရှိရသလော၊၊ လူသတ္တဝါသည် ဖန်ဆင်းတော်မူသောအရှင်ရှေ့မှာ သန့်ရှင်းခြင်း၊ ရှိရသလော၊၊ ယောဘဝတ္တု ၄ ၁၇
ထိုအသက်သည်လည်း သားတော်၌ပါ၏။ ဘုရားသခင်၏ သားတော်ကိုမရသောသူမူကားအသက်ကိုမရ။
ရှင်ယောဟန်သြဝါဒစာပဌမစောင် ၅း၁၂
ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏ အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင်တို့၌အသက်မရှိ။
ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သော သူသည် ထာဝရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။ ရှင်ယောဟန်ခရစ်ဝင် ၆း ၅၄-၅၅
မှတ်ချက်။ ဒီသမ္မာကျမ်းစာ၏ အဓိပ္ပါယ်များ အသားကိုမစား ဆိုသောစကား ပွဲတော်ကိုစားခြင်းဖြစ်သည်
အသွေးကိုမသောသူဆိုသော စကားမှာ ပွဲတော်ဝင်သောအခါတွင် စပြစ်ရည်ကိုသောက်ခြင်းရည်ညွန်း၍
ဆိုလိုခြင်းဖြစ်။ ထိုအကြောင်းအရားများသည် ခရစ်ယာန်ဘာသာဝင်မဟုတ်သောသူများတို့သည် နားလည်
မှုလွှဲမှား ဆိုးလို့ ရှင်ပြပေးခဲ့ခြင်းသာဖြစ်ပါသည်။
၁၇။ဘုရားသခင်၏ လူမျိုးတို့သည် အားလုံးသေရမည်မဟုတ်ပါ
အဖြေ။
နက်နဲသောအရာတခုကို ငါပြဦးမည်၊ ငါတို့ရှိသမျှ သည် အိပ်ပျော်ရကြမည်မဟုတ်။
သို့သော်လည်း၊ နောက်ဆုံးသောတန်ပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတန်ပိုးမှုတ်ချိန် ရောက်သောအခါ သေလွန် သောသူတို့သည်၊ မပုပ်နိုင်သောအဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။
ယခုမျက်မှောက် ပုတ်တတ်သောအရာသည် ပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက်သေတတ်သောအရာသည် မသေနိုင်သောအရာ အဖြစ်သို့ ဝင်စားရမည်။
ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့၎င်း၊ ဤသေတတ်သောအရာသည် မသေနိုင်သော အဖြစ်သို့၎င်း ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌ နစ်မြုပ်ပြီဟု ကျမ်းစာ၌ လာချက် ပြည့်စုံလိမ့်မည်။
အိုသေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။ ကောရိ န္တု သြဝါဒစာပဌမစောင် ၁၅း၅၁-၅၅
သမ္မာကျမ်းစာ၌ ဖော်ပြချက်မှာ ဘုရားသခင်ကို ယုံကြည်သူအပေါင်းတို့ သည်အားမသေဘဲနှင့် ယေရှုခရစ်ကြွလာသောအခါ၌မျက်စိမှိတ် ပြောင်းလဲခြင်းဘဝသို့ရောက်ခြင်းကိုဆိုသည်ဖြစ်သည်
၁။ ငါတို့ရှိသမျှ သည် အိပ်ပျော်ရကြမည်မဟုတ်
၂။ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်
၃။မပုပ်နိုင်သောအဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။
၎။ယခုမျက်မှောက်သေတတ်သောအရာသည် မသေနိုင်သောအရာ အဖြစ်သို့ ဝင်စားရမည်။
၅။ အိုသေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာရှိသနည်း။
၆။ သေမင်း၏လက်နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း၊ဒုစရိုက်အပြစ်၏တန်ခိုးကား၊ပညတ်တရားပေတည်း
စာတန်မာရ်နတ်၏ လိမ်ညှခြင်းသည် သေခြင်းတရားဖြစ်၏
၁၈။စာတန်မရ်နတ်သည် လူသားတို့အမိ ဧဝအားမှုသာနှင့်ဆိုင်သော စကားကိုအသုံးပြုသောကြောင့် သေ
တရားဖြစ်လာရလေ၏
မြွေကလည်း၊ သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။ကမ္ဘာဦးကျမ်း ၃း၎
စာတန်မာရ်နတ်၏ စကားကို နားမထောင်လျှင်၊ ယခုခေတ်ကာလတိုင်အောင် ကျွန်ပ်တို့မသေရကြပါဘူး
၁၉။စာတန်မာရ်နတ်သည် အဘယ်ကြောင့် လူတို့သည် သေခြင်းနှင့် အသက်ရှင်ခြင်းအဘယ်ကြောင့်နား
ထောင်စေလိုသနည်း
အကြောင်းမူကား၊ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့်မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သော သူတို့ကိုပင်လှည့်ဖြားနိုင်လျှင်လှည့်ဖြားလောက်အောင်ကြီးစွာသောနိမိတ်လက္ခဏာ၊အံ့ဘွယ်သောအမှုတို့ကို ပြကြလိမ့်မည်။
ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄း၂၄
နိမိတ်လက္ခဏာတို့ကိုပြသောနတ်ဆိုး၏ဝိညာဉ် ဖြစ်သတည်း။ထိုဝိညာဉ်တို့သည် လောကီတနိုင်ငံလုံးတွင်ရှိသောရှင်ဘုရင်
တို့ထံသို့ထွက်သွား၍၊အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသောဘုရားသခင်၏ နေ့ကြီး၌စစ်တိုက်ခြင်းအလိုငှါစုဝေးကြ၏။
ဗျာဒတ်ကျမ်း ၁၆း၁၄
မှတ်ချက်။
၁။ နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ဝိညာဉ် ဖြစ်သတည်း။
၂။ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍
၃။လှည့်ဖြားနိုင်လျှင်လှည့်ဖြားလောက်အောင်ကြီးစွာသောနိမိတ်လက္ခဏာ၊
၎။အံ့ဘွယ်သောအမှုတို့ကို ပြကြလိမ့်မည်။
သွားကြည့်ရမှာလား သွားကြည့်ဘူး အဖြေ
ထိုကြောင့်သူတို့ကခရစ်တော်သည်တော၌ရှိသည်ဟုဆိုသော်လည်းမထွက်သွားကြနှင့်။တိုက်ခန်း၌ရှိသည်ဟုဆိုသော်လည်း မယုံကြနှင့်။လျှပ်စစ်သည်အရှေမှ ပြက်၍အနောက်တိုင်အောင်ထွန်းလင်းသကဲ့သို့၊လူသားသည်ကြွလာ တော်မူလတံ့။
၅။မှတ်ချက်။ချာလီစင်တို့နှင့်ပေါင်းပြီးတော့ သန့်ရှင်းသောဝိညာဉ်တော် ခရစ်ယာန်များနှင့်ပေါင်းဘော်ပြီး လူသေတို့၏ ဝိညာဉ်နှင့်ပေါင်းဘော်ပြီတော့ သူတို့လုပ်မှာဖြစ်တယ် အဲဒါမျိုးတွေ့ရင်ရှောင်ကြပါလို့သတိပေး
လိုက်ပါစေ
၂၀။ဘာဖြစ်လို့ ဗာဗုလုန်မြို့ကြီးပြိုလဲသည်ဟုပြောသနည်း
သူသည် ကျယ်သောအသံနှင့် ကြွေးကြော်၍။ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ၊ ပြိုလဲပြီ။ နတ်ဆိုးနေရာဖြစ်လေပြီ။ ညစ်ညူးသောဝိညာဉ်မျိုး၏ တွင်းဖြစ်လေပြီ။ ညစ်ညူး ၍စက်ဆုပ်ဘွယ်သော ငှက်မျိုး၏မှီခိုရာဖြစ်လေပြီ။
အကြောင်းမူကား၊ လူမျိုးအပေါင်းတို့သည် သူ၏မတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်ကို သောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ လောကီကုန်သည် တို့သည် သူ၏ကာမဂုဏ်စည်းစိမ် ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ် ကြပြီဟုပြောဆို၏။
အခြားသောကောင်း ကင်အသံကား၊ ငါ၏လူမျိုးတို့၊ သူ၏အပြစ်တို့ကို ဆက်ဆံခြင်းနှင့်၎င်း၊ သူ၏ဘေးဒဏ်များကို ခံခြင်းနှင့်၎င်း ကင်းလွတ်အံ့သောငှါ၊ သူ၏အထဲကထွက်ကြလော့။
သူ၏အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မှီကြသည်ဖြစ်၍၊ သူ၏မတရားသောအမှုတို့ကို ဘုရားသခင်သတိရတော်မူပြီ။ဗျာဒိတ်ကျမ်း ၁၆း၂-၅
ဝိညာဉ်တော်သည် အတည့်အလင်းဗျာဒိတ်
ထားတော်မူသည်ကား၊ နောင်ကာလ၌သြတ္တပ္ပစိတ်တွင်သံပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊မုသာစကားကို ပြောတတ်သောသူတို့၏
လျှို့ဝှက်ခြင်းအားဖြင့်၊ လူအချို့တို့သည် ယုံကြည်ခြင်းကိုစွန့်ပယ်၍၊ လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့၌င်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော သြဝါဒတို့၌၎င်း မှီဝဲဆည်းကပ်ကြလိမ့်မည်။ တိမောသေသြဝါဒပဌမစောင် ၄း၁-၂
၂၁။စာတန်၏တမန်တို့သည်။လူမျိုးအနွှယ်အပေါင်းတို့အား လိမ်လှည့်ဖြားကြလိမ့်မည်
ဆီမီးအလင်း လည်း သင့်အထဲ၌ နောက်တဖန်မထွန်းမလင်းရ။ မင်္ဂလာ ဆောင်သတို့သား သတို့သမီးအသံကိုလည်း သင့်အထဲ၌ နောက်တဖန်မကြားရ။ အကြောင်းမူကား၊ လောကီ မှူးမတ်တို့သည် သင်၏ကုန်သည်ဖြစ်ကြပြီ၊ လူအမျိုးမျိုးတို့သည် သင်၏ပြုစားခြင်းပရိယာယ်အားဖြင့် လှည့်ဖြား ခြင်းကို ခံရကြပြီဟု ကောင်းကင်တမန်ပြောဆို၏။ဗျာဒိတ်ကျမ်း ၁၈း ၂၃
Revelation 16:13-14 (NKJV)
13 And I saw three unclean spirits like frogs coming out of the mouth of the dragon, out of the mouth of the beast, and out of the mouth of the false prophet. 14 For they are spirits of demons, performing signs, which go out to the kings of the earth and of the whole world, to gather them to the battle of that great day of God Almighty
ဆီမီးအလင်းလည်းသင့်အထဲ၌ နောက်တဖန်မထွန်းမလင်းရ။မင်္ဂလာ ဆောင်သတို့သားသတို့သမီးအသံကိုလည်း
သင့်အထဲ၌ နောက်တဖန်မကြားရ။အကြောင်းမူကား၊ လောကီမှူးမတ်တို့သည်သင်၏ကုန်သည်ဖြစ်ကြပြီ၊လူအမျိုးမျိုးတို့သည်
သင်၏ပြုစားခြင်းပရိယာယ်အားဖြင့်လှည့်ဖြား ခြင်းကိုခံရကြပြီဟု ကောင်းကင်တမန်ပြောဆို၏။ဗျာဒိတ်ကျမ်း၁၈း၂၃
ထိုအခါ၊ နဂါ၏ခံတွင်းထဲက ၎င်း၊ သားရဲ၏ခံတွင်းထဲက၎င်း၊မိစ္ဆာပရောဖက်၏ခံတွင်းထဲက၎င်း၊ဘားကောင်ကဲ့သို့ညစ်ညူးသောဝိညာဉ်သုံးပါးထွက်သည်ကိုငါမြင်၏။
နိမိတ်လက္ခဏာတို့ကိုပြသောနတ်ဆိုး၏ဝိညာဉ် ဖြစ်သတည်း။ထိုဝိညာဉ်တို့သည် လောကီတနိုင်ငံလုံးတွင်ရှိသောရှင်ဘုရင်တို့ထံသို့
ထွက်သွား၍၊အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသောဘုရားသခင်၏ နေ့ကြီး၌စစ်တိုက်ခြင်းအလိုငှါစုဝေးကြ၏။
ဗျာဒိတ်ကျမ်း ၁၆း ၁၃-၁၄
အဖြေ။လူအမျိုးမျိုးတို့သည်သင်၏ပြုစားခြင်းပရိယာယ်အားဖြင့်လှည့်ဖြား ခြင်းကိုခံရကြပြီဟု ကောင်းကင်တမန်ပြောဆို၏။
မှတ်ချက်။စာတန်နှင့်သူ၏တမန်တို့သည် ပြောဆိုသောစကားများတို့သည် လူသေတို့ ဝိညာဉ်ဆိုးတို့ဖြစ်ကြ
သည်ဟုပြောဆိုကြလိမ်ည်။ လောကီရှင်ဘုရင်တို့သည်ဟေဗြဲဘာသာအားဖြင့် အာမရေဒုန်အမည်ရှိသော
စစ်တိုက်၍ နောက်ဆုံး၌ သူတို့ဆုံးခြင်းသို့ရောက်ကြလိမ့်မည်။
၂၂။ကြီးမာသောစုံဆန်ခြင်းသို့ရောက်ကြလိမ့်မည်။ထိုသို့အားဖြင်နတ်ဆိုးတို့၏၊ဝိညာဉ်အကြောင်းအဘယ်သို့နားလည်
နိုင်မည်သနည်း အဖြေ။ ဟေရှာယအနာဂတ္တိကျမ်း ၈း၁၉-၂၀
တိုးတိုးပြော၍မန္တန်သရဇ္ဈာယ်တတ်သောနတ်ဝင်နှင့်စုန်းတို့၌ဆည်းကပ်ကြလော့ဟုသင်တို့အားဆိုလျှင်မူကား၊ လူတို့သည်မိမိတို့ဘုရားသခင်၌မဆည်းကပ်အပ်သလော၊၊အသက်ရှင်သောသူ၏အမှုမှာအသက်သေသောသူ၌ ဆည်းကပ်အပ်သလော၊၊တရားတော်ကိုင်း၊သက်သေခံတော်မူချက်ကိုင်းနားထောင်ကြကုန်၊၊သူတို့ပြော သော စကားသည် နှုတ်ကပတ်တော်နှင့် မညီလျှင်၊ သူတို့၌အာရုဏ်မတက်သေး၊၊
မှတ်ချက်ထိုသူတို့ ဟောပြောသောတရားတော်သည် သမ္မာတရားနှင့် မည်ီဘူးဆိုလျှင်ထိုသူတို့သည်အလင်း
တရားထို၌ မကြောင်းနားနိုင်ပေလိမ့်မည်
၁၃။ဘုရားသခင်၏ စကားတော်ကိုမယုံကြည်သောသူတို့သည် ဘုရားသခင်နိုင်ငံတော်သို့မဝင်ရကြ။
ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊မတရားသောမေထုန်၌မှီဝဲသောသူ၊လူအသက်ကိုသတ်သောသူ၊
ရုပ်တုကိုကိုးကွယ် သောသူ၊သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူအပေါင်းတို့သည်ရှိကြ၏။ဗျာဒိတ်ကျမ်း၂၂း၁၅
မှတ်ချက်။ ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရသောသူ အဘယ်သူများလဲ
၁။ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊
အိုလယ်ပြင်သားအပေါင်းနှင့်တော၌လည်သောသားရဲအပေါင်းတို့၊ကိုက်စားခြင်းငှာလာကြလော့။သူ၏ကင်းစောင့်တို့သည်
မျက်စိကန်းကြ၏။ရှိသမျှတို့သည်မိုက်ကြ၏။အ၍မဟောင်နိုင်သောခွေး၊ ယောင်ယမ်းသောခွေး၊အိပ်လျက်အိပ်ချင် အားကြီးသောခွေးဖြစ်ကြ၏။စားချင်အားကြီး၍ဝမ်းမပြည့်နိုင်သောခွေးလည်းဖြစ်ကြ၏။သိုးထိန်းတို့သည်လည်း မကြည့်မရှုတတ်ကြ။ ထိုသိုးထိန်းရှိသမျှတို့သည် လမ်းလွှဲ၍ မိမိတို့လမ်းလိုက်ကြပြီ။ တယောက်မျှမကြွင်း၊ တညီတညွတ်တည်းကိုယ်အကျိုးစီးပွားကိုသာရှာကြ၏။လာကြ။စပျစ်ရည်ကိုယူခဲ့ကြလော့။ သေရည်သေရက်ကိုဝစွာ သောက်ကြစို့။ ယနေ့ဖြစ်သကဲ့သို့နက်ဖြန်နေ့ ဖြစ်လိမ့်မည်။ထိုမျှမက၊သာ၍ကြွယ်ဝလိမ့်မည်ဟုဆိုတတ်ကြ၏။ဟောရှာယအနာဂတ္တိကျမ်း၅၆း၉-၁၂
၂။ ပြုစားတတ်သောသူ၊
၃။ မတရားသောမေထုန်၌ မှီဝဲသောသူ၊
၎။ လူအသက်ကိုသတ်သောသူ၊
၅။ ရုပ်တုကိုကိုးကွယ် သောသူ၊
၆။သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။
၂၄။အချင်နည်သူတို့နှင်မပေါင်ဘော်ကြနှင့်
အကျိုးမဲ့သော မှောင်မိုက်အမှုတို့နှင့်မဆက်ဆံသည်သာမက၊ထိုအမှုတို့၏အပြစ်ကို ပြကြလော့။
သခင်ဘုရားနှစ်သက်တော်မူသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်ကြ လော့။
အကျိုးမဲ့သော မှောင်မိုက်အမှုတို့နှင့် မဆက်ဆံသည်သာမက၊ ထိုအမှုတို့၏အပြစ်ကို ပြကြလော့။
အကြောင်း မူကား၊ သူတို့သည် ဆိတ်ကွယ်ရာ၌ပြုသော အမှုအရာတို့ကို စကားပြောကာမျှနှင့် ညစ်ညူးခြင်း ပါသေး၏။ဧဖက်သြဝါဒစာ ၅း၉-၁၂မှတ်ချက်။နတ်ဝင်သည်နှင့်မပေါင်းဘော်ကြနှင့်ဝိညာဉ်ဆိုးတို့နှင့် ပေါင်းဘော်သူကိုရှောင်ကြလော့။တစေနှင့်စကားပြောသော
သူတို့ကိုရှောင်ကြလော့။
၂၅။သေခြင်တရားမရှိတော့ပေ
တဖန်တုံ၊ ကောင်းကင်အသံကား၊ယခုမှစ၍သခင်ဘုရား၌ သေသောသူတို့သည်မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟု
ပြောဆိုသည်ကိုငါကြား၏။ဝိညာဉ်တော်ကလည်း၊ထိုသို့မှန်ပေ၏။ထိုသူတို့သည်ပင်ပန်းခြင်းငြိမ်းမည်အကြောင်းရှိ၍၊
သူတို့၏အကျင့် တို့သည်လည်း သူတို့နှင့်အတူလိုက်ကြ၏ ဟုမိန့်တော်မူ၏။ ဗျာဒိတ်ကျမ်း ၁၄း၁၃
ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့။အကြောင်းမူကား၊သင်ယခုသွား၍ ရောက်ရလတံ့သော
အရပ်တည်းဟူသောမရဏာနိုင်ငံ၌လုပ်ဆောင်ခြင်းမရှိ။ကြံစည်ခြင်းမရှိ။သိပ္ပံအတတ်မရှိ။ပညာမရှိပါတကား။
ဒေသနာကျမ်း ၉း၁၀
မှတ်ချက်။
၁။ ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့။
၂။အကြောင်းမူကား၊သင်ယခုသွား၍ ရောက်ရလတံ့သောအရပ်တည်းဟူသောမရဏာနိုင်ငံ၌လုပ်ဆောင်ခြင်းမရှိ။
၃။ ကြံစည်ခြင်းမရှိ။
၎။ သိပ္ပံအတတ်မရှိ။
၅။ပညာမရှိပါတကား။
၂၆။ဒုတိယသေခြင်းတည်ဟူသော သေခြင်းကိုအဘယ်သို့ဆိုသနည်း
ထိုအခါ မရဏာနှင့်မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သ တည်း။ ဗျာဒိတ်ကျမ်း ၂၀း၁၄
ဒုတိယသေခြင်း တရား အဖြေ
၁။ ထိုအခါ မရဏာနှင့်မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။
၂။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သ တည်း။
၃။ အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင် ထဲသို့ ချပစ်လေ၏။
၂၇။ကျွန်ပ်တို့သည် ဒုတိယသေခြင်းလွှတ်ကင် အဘယ်သို့ပြုကြမည်သနည်း
ယေရှုသည် သေပြီးမှတဖန်ထမြောက်တော်မူသည်ကိုငါတို့သည်ယုံကြည်လျှင်၊ထိုနည်းတူ ယေရှု၌အိပ်ပျော်သောသူတို့ကိုလည်း၊
ထိုသခင်နှင့်အတူဘုရားသခင်ပို့ဆောင်တော်မူလိမ့်မည်။သခင်ဘုရား၏ဗျာဒိတ်တော်အားဖြင့်တဖန်ငါတို့ဆိုသည်ကား၊
သခင်ဘုရားကြွလာတော်မူသောအခါ၊အသက်ရှင်၍ကျန်ကြွင်းသောငါတို့သည်အိပ်ပျော်ပြီးသောသူတို့၏အရင်အဦးနေရာကျရကြမည်မဟုတ်။
သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင်၏ တန်ပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှကိုယ်တိုင်ဆင်းသက်တော်မူ၍၊ခရစ် တော်၌ သေလွန်သောသူတို့သည်အဦးထမြောက်ကြလိမ့်မည်။
ထိုအခါအသက်ရှင်၍ကျန်ကြွင်းသောငါတို့သည်အာကာသကောင်းကင်၌သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊
ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ချည်ဆောင် ခြင်းကိုခံရသောအားဖြင့်သခင်ဘုရားနှင့်အတူအစဉ်မပြတ်နေရကြလိမ့်မည်။
သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်း တယောက်ကိုတယောက် သက်သာစေကြလော့။
သက်သာလောနိတ်သြဝါဒစာပဌမစောင် ၄း၁၄-၁၈
၁။ ယေရှုသည် သေပြီးမှ တဖန် ထမြောက်တော်မူသည်ကို ငါတို့သည် ယုံကြည်လျှင်၊
၂။ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။
၃။သခင်ဘုရားကြွလာတော်မူသောအခါ၊အသက်ရှင်၍ကျန်ကြွင်းသောငါတို့သည်အိပ်ပျော်ပြီးသောသူတို့၏အရင်အဦးနေရာကျရကြမည်မဟုတ်။
၎။သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံ ပေးခြင်း၊ဘုရားသခင်၏တန်ပိုးတော်ကိုမှုတ်ခြင်းနှင့်တကွ၊
၅။ ကောင်းကင်ဘုံမှကိုယ်တိုင်ဆင်းသက်တော်မူ၍၊ခရစ် တော်၌ သေလွန်သောသူတို့သည်အဦးထမြောက်ကြလိမ့်မည်။
၆။ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ချည်ဆောင် ခြင်းကိုခံရသောအားဖြင့်သခင်ဘုရားနှင့်အတူအစဉ်မပြတ်နေရကြလိမ့်မည်။
၇။ သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်း တယောက်ကိုတယောက် သက်သာစေကြလော့။
၂၈။ဘုရားသခင်၏ ကြီးမားသောဂတိတော်
သင်တို့ရှိရာသို့ငါသွားရာလမ်းကိုငါတို့အဘတည်းဟူသောဘုရားသခင်နှင့်ငါတို့သခင်ယေရှုခရစ်သည် ပြင်ဆင်တော်မူပါစေသော။
ထိုသခင်သည်မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူကြွလာတော်မူသောအခါ၊ငါတို့အဘတည်းဟူသောဘုရားသခင့်ရှေ့မှာ
အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသင်တို့၏စိတ်နှလုံးကိုကိုယ်တော်သည်သန့်ရှင်းခြင်ပါရမီ၌မြဲမြံခိုင်ခန့်စိမ့်သောငှါ၊
ငါတို့သည်သင်တို့ကိုချစ်သကဲ့သို့သင်တို့သည်အချင်းချင်ကို၎င်း၊သူတပါးအပေါင်းတို့ကို၎င်းချစ်၍၊ချစ်ခြင်းမေတ္တာနှင့်
အထူးသဖြင့်ကြွယ်ဝပြည့်စုံမည်အကြောင်းသခင်ဘုရား ပြုတော်မူပါစေသော။သက်သာလောနိတ်သြဝါဒစာပဌမစောင် ၃း၉-၁၂