သင်တို့တွင်စစ်တိုက်ခြင်း၊ ရန်တွေ့ခြင်းသည် အဘယ်အကြောင်းအကြောင့်ဖြစ်သနည်း။ သင်တို့ အင်္ဂါများ၌ စစ်ပြိုင်သောကိလေသာ ကာမစိတ်ကြောင့်ဖြစ်သည်မဟုတ်လော။
သင်တို့သည် တပ်မက်၍ မရကြ။ လူအသက်ကိုသတ်၍၎င်း၊ အလွန်လိုချင်သောလောဘစိတ်ရှိ၍၎င်း၊ အလိုမပြည့်စုံနိုင်ကြ။ ရန်တွေ့ခြင်း၊ စစ်တိုက်ခြင်းကိုလည်းပြု၍ မရကြ။ အကြောင်းမူကား၊ ဆုမတောင်းဘဲနေကြ၏။ ရှင်ယာကုပ်သြဝါဒစာ ၄း၁း၂

ချစ်သားတို့၊ သင်တို့သည်ဘုရားသခင်နှင့် စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်းအောင်ကြပြီ။ အကြောင်မူကား၊ သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသော သူထက် သာ၍ကြီးတော်မူ၏။
ထိုသူတို့သည်လောကနှင့် စပ်ဆိုင်သောကြောင့်၊ လောကီအကြောင်း အရာကိုပြောတတ်ကြ၏။ လောကီသားတို့သည်လည်း သူတို့စကားကိုနားထောင်တတ်ကြ၏။
ငါတို့မူကား၊ ဘုရားသခင်နှင့် စပ်ဆိုင်ကြ၏။ ဘုရားသခင်ကိုသိသောသူသည် ငါတို့စကားကိုနားထောင်တတ်၏။ ဘုရား သခင်နှင့် မစပ်ဆိုင်သောသူသည် ငါတို့ စကားကိုနားမထောင်တတ်။ ထိုအရာကို ငါတို့သည်ထောက်၍၊ သမ္မာဝိညာဉ်ကို၎င်း၊ မိစ္ဆာဝိညာဉ်ကို၎င်း သိရကြ၏။
ချစ်သူတို့၊ ငါတို့သည်အချင်းချင်း ချစ်ကြကုန်အံ့၊ အကြောင်းမူကား၊ ချစ်ချင်းမေတ္တာသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။ ချစ်တတ်သောသူမည်သည်ကား၊ ဘုရားသခင်ဖြစ်ဘွားတော်မူသောသူဖြစ်၏။ ဘုရားသခင်ကို သိသော သူလည်ဖြစ်၏။
ချစ်ခြင်းမရှိသောသူသည်ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၄း၎း၈
လောက ဓါတ်မှစ၍ လောကဓါတ်၌ ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင်သည်၊ ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူသောအရှင်ဖြစ်၍၊ လူတို့လက်ဖြင့်လုပ်သော ဗိမာန်၌ကျိန်းဝပ်တော်မူသည်မဟုတ်။
ဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ဇီဝအသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသော အရာတို့ကိုပေးတော်မူသော အရှင်ဖြစ်၍၊ တစုံတခုကို အလိုတော်ရှိသကဲ့သို့ လူတို့လက်ဖြင့်ကျွေးမွေးခြင်းကို ခံတော်မူသည်မဟုတ်။
ဘုရားသခင်သည် မြေတပြင်လုံး၌ နေရသောလူအမျိုးမျိုးတို့ကို တသွေးတည်းနှင့် ဖန်ဆင်းတော်မူ၍၊ သူတို့အား ခွဲဝေစီမံသောအချိန်ကာလကို၎င်း၊ သူတို့၏နေရာအပိုင်းအခြားကို၎င်း မှတ်သား တော်မူ၏။
အကြောင်းမူကား၊ လူတို့သည် ဘုရားသခင်ကိုရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည် အကြောင်းတည်း။ သို့ဆိုသော်လည်း၊ ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်။
ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။ ထိုသို့နှင့်အညီ၊ သင်တို့တွင် လင်္ကာဆရာအချို့တို့က၊ ငါတို့သည်ကား၊ နွှယ်တော်သားပင်၊ ဘုရားမျိုးပေ၊ ဖြစ်ကြလေဟု စပ်ဆိုသတည်း။ တမန်တော်ဝတ္ထု ၁၇း ၂၄း၂၈

မြေကြီးသားအပေါင်းတို့သည် ဘာသာတမျိုးတည်း
ကမ္ဘာဦးကျမ် ၁၁း၁
ထိုအခါ လူသည် မိမိမယားကို၊ ဧဝအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ သူသည်အသက် ရှင်သော သူအပေါင်းတို့၏ အမိဖြစ်သတည်း။
ထာဝရဘုအရှင်ဘုရားသခင်သည်လည်း၊ လူလင်မယားဘို့ သားရေဖြင့် ဝတ်လုံကိုလုပ်၍ ဝတ်ခြုံစေတော် မူ၏။ ကမ္ဘာဦးကျမ်း ၃း၂၀း၂၁

လာကြ။ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်းနာမလည်စေခြင်း ငှါ၊ သူတို့စကားကို ရှုတ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။
ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်၊ သူတို့သည် မြို့ကိုမတည်ဘဲ နေကြ၏။
သို့ဖြစ်၍ ထိုမြို့၌ ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့၏ စကားကို ရှုတ်ထွေး၍၊ သူတို့ကိုမြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသော ကြောင့်၊ ထိုမြို့သည် ဗာဗုလုန်မြို့ဟူ၍ တွင်သတည်း။ ကမ္ဘာဦးကျမ်း ၁၁း၈-၉
မှတ်ချက်။လူမျိုးတို့သည် ဘုရားသခင်၏ကတိတော်ကိုမယုံကြည်သော
ကြောင့် ဗာဗုလုရဲတိုက်ကိုတည်ဆောက်ကြသည်။အစအဦးက်အပြစ်မ
ဝင်လျှင် လူမျိုးအပေါင်းတို့သည် မကွဲပြားနိုင်သောနိုင်ငံတပါးဘာသာ
စကားလည်းတစ်မျိုးတစ်ဘာသာရှိကြပေလိမ့်မည်။ ယခုအပြစ်ဒုစရိက်သည် အနည်း နည်းအားဖြင့် ကွဲပြားခြင်းသွန်သင်ကြောင့် နိုင်ငံများပြည်
များ။နယ်ခရိုင်များ ကြို့ကြီးမြို့ငယ် ရပ်ရွာများ ရွာဇနေပုဒ်များ အရပ်များ၊အိ
မ်များ လူများတို့သည် အစဉ်တစိုက် တစ်နှင့်တဦးဆန်ကြင်ဘက်ပြုကြညသည်
ငါသည်လည်း မြေကြီးနှင့်ခွါ၍ မြှောက်ထားခြင်းကို ခံရလျှင်၊ လူအပေါင်းတို့ကို ငါ့ထံသို့ငါဆွဲမည်ဟု မိန့်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၁၂း၃၂
သင်တို့သည် အထက်ကဝေးလျက် ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်၌ ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ရောက်ကြပြီ။
ကိုယ်တော်၌ ထိုလူစုနှစ်စုတို့ကို လူသစ်တဦးတကိုယ် တည်း ဖြစ်စေခြင်းငှါ ပြင်ဆင်၍၊ တလုံးတဝတည်းဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ကိုသတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေမည်အကြောင်းတည်း။ ဧဖက်သြဝါဒစာ ၂ ၁၃း၁၆
သင်တို့မူကား အရှင်ဘုရားဟုခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသောသင်တို့ ဥပဇ္ဈယ်ဆရာ တပါးတည်းရှိ၏။ သင်တို့အပေါင်းသည် ညီအစ်ကိုချင်းဖြစ်ကြ၏။ ရှင်မဿဲခရစ်ဝင် ၂၃း ၈
ထိုမှတပါးတပည့်တော်တို့သည် မိမိတို့တွင်အဘယ်သူသည် သာ၍ကြီးမြတ်သနည်းဟု အချင်းချင်း ငြင်းခုံ ခြင်းရှိသည်ဖြစ်၍၊
ကိုယ်တော်က၊ လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အာဏာထား သောသူတို့ကိုလည်း ကျေးဇူးရှင်ဟူ၍ ခေါ်ဝေါ်ကြ၏။
သင်တို့မူကားထိုသို့မပြုကြနှင့်၊ သင်တို့တွင်အကဲ အမှူးပြုသောသူကိုငယ်သား ကဲ့သို့ဖြစ်စေ။ အုပ်စိုးသောသူကိုလည်းအစေခံကဲ့သို့ဖြစ်စေ။ ရှင်လုကာခရစ်ဝင် ၂၂း၂၄-၂၆
မိမိတပည့်တို့နှင့် ဟေရုဒ်တပည့်တို့ကို အထံတော်သို့ စေလွှတ်၍ အရှင်ဘုရား၊ ကိုယ်တော်သည်သစ္စာရှိပါ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘရားသခင်၏ တရားလမ်းကိုဟုတ်မှန်စွာ ပြတော်မူသည်ကိုအကျွန်ုပ်တို့ သိကြပါ၏။ ရှင်မဿဲခရစ်ဝင် ၂၂း ၁၆
ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊ လူမျက်နှာကို ထောက် ခြင်းမရှိကြနှင့်။
ရွေလက်စွပ်နှင့် တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူ၊ ညစ်သောအဝတ်ကို ဝတ်၍ ဆင်းရဲသော သူနှစ်ဦးသည် သင်တို့၏ တရားစရပ်ထဲသို့ ဝင်သောအခါ၊
တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကိုကြည့်၍၊ ကောင်းမွန်သောဤအရပ်မှာထိုင်ပါဟူ၍၎င်း၊ ဆင်းရဲသောသူကို၊ ဟိုမှာနေ လော့။ သို့မဟုတ်ဤအရပ်မှာ ငါ့ခြေတင် ခုံအောက်၌ ထိုင်လော့ဟူ၍၎င်း၊ သင်တို့သည်ပြောဆိုလျှင်၊
တဘက်၌ ငဲ့ကွက်သောစိတ်ရှိ၍ မကောင်းသောအကြံ အစည်နှင့်စီရင်သောသူဖြစ်ကြသည်မဟုတ်လော။
ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ လောကတွင်ဆင်းရဲ သောသူတို့သည် ယုံကြည်ခြင်း ရတနာကိုရတတ်စေခြင်းငှါ၎င်း၊ ဘုရားသခင်ကိုချစ်သောသူတို့အားပေးမည်ဟုဝန်ခံ တော်မူသောနိုင်ငံတော်၏ အမွေခံဖြစ်စေခြင်းငှါ၎င်း၊ ထိုသူတို့ကိုရွေးကောက်တော်မူသည်မဟုတ်လော။
သင်တို့သည် ဆင်းရဲသော သူကိုမထီမဲ့မြင်ပြုကြသည်တကား။ ငွေရတတ်သောသူတို့သည် သင်တို့ကို ညှဉ်းဆဲနှိပ်စက်ကြသည် မဟုတ်လော။ တရားပလ္လင်ရှေ့သို့ ဆွဲငင်ကြသည်မဟုတ်လော။
သင်တို့ကို သမုတ်သောနာမတော်မြတ်ကို သူတို့သည် ကဲ့ရဲ့ကြသည်မဟုတ်လော။
ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ၌ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ ကောင်းသောအကျင့်ကိုကျင့်ရာသို့ရောက်ကြ၏။
သို့မဟုတ် လူမျက်နှာကို ထောက်လျှင်၊ ဒုစရိုက် ကိုပြုသောသူဖြစ်ကြ၏။ တရားကိုလွန်ကျူးသောသူဟု ပညတ်တော်အားဖြင့် ထင်ရှားစွာဖြစ်ကြ၏။ ရှင်ယာကုပ်သြဝါဒစာ ၂း၁-၉
ထိုသူက၊ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဥာဏ်ရှိသမျှနှင့်ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ပြန်လျှောက်လေ၏။ ရှင်လုကာခရစ်ဝင်၁၀း၂၇
ထိုသူသည်လည်းထ၍ နောက်တော်သို့ လိုက်လေ၏။ ထိုနောက်မှ သူ၏အိမ်တွင်စားပွဲ၌ လျောင်းတော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများ တို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌လျောင်းကြ၏။ ထိုသူအများတို့သည် နောက်တော် သို့လိုက်ကြ၏။

၁။ရှေ့ဦးစွာမှ ဒုစရိက်ကိုပြုသောသူအဘယ်သူသနည်း
မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကိုပြုသောသူဖြစ်သောကြောင့်၊အကြင်သူသည်ဒုစရိုက်ကိုပြု၏။ထိုသူ
သည်မာရ်နတ်နှင့်ဆိုင်၏။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ၊ ဘုရားသခင်၏သားတော်သည်ထင်ရှားပေါ်
ထွန်းတော်မူ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၃း၈
၂။ခရစ်တော်သည်အသင့်တို့အဘ အဘယ်သူဟူ၍မိန့်တော်မူသနည်း
သင်တို့သည် သင်တို့၏အဘတည်းဟူသောမာရ်နတ်မှဆင်းသက်ကြ၏။သင်တို့အဘ၏အလိုသို့လည်းလိုက်
တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌သစ္စာတရားမရှိသော
ကြောင့် တစ္စာတရား ၌မတည်မနေ။ သူသည် မုသာစကားကို ပြောသောအခါ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏။ ရှင်ယောဟန်ခရစ်ဝင် ၈း၄၄
၃။လောက၌ သေခြင်းနားအိုခြင်း အဘယ်ကြောင့် ဖြစ်ပေါ်လာသနည်း။
သင်သည် ဖျက်၍လွှမ်းမိုးသော ခေရုဗိမ်ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင်၏ သန့်ရှင်းသောတောင်ပေါ်မှာ
နေရာကျ၍မီးတောက်သော ကျောက်တို့တွင်သွားလာရ၏။ဘွားသောနေ့မှစ၍သင့်အပြစ်ထင်ရှားသောနေ့
တိုင်အောင်၊ ပြုလေရာရာ၌ စုံလင်လျက်ရှိ၏။ ယေဇကျေလအနာဂတ္တိကျမ်း ၂၈း၁၄-၁၅
၎။နံနက်သားမိုဃ်းသောကြယ်သည်သူသည်အဘယ်သို့ သူသည်အကြံဆီရှိသနည်း
အိုနံနက်သား၊ မိုဃ်းသောက်ကြယ်၊ သင်သည် ကောင်းကင်ကကျလေပြီတကား။အပြည်ပြည်တို့ကို နှိပ်စက်
သာသင်သည်၊ မြေတိုင်အောင် ခုတ်လှဲခြင်းကိုခံရလေပြီတကား။သင်ကလည်း၊ ကောင်းကင်ပေါ်သို့ငါတက်
မည်။ဘုရားသခင်၏ကြယ်တို့အပေါ်မှာငါ့ပလ္လင်ကိုငါမြှောက်မည်၊၊ မြောက်မျက်နှာဘက်ဗျာဒိတ်တော် တောင်
ပေါ်မှာ ငါထိုင်မည်၊၊မိုဃ်းတိမ်ထိပ်ပေါ်သို့ငါတက်မည်။ အမြင့်ဆုံးသောဘုရားကဲ့သို့ ငါနေမည်ဟုစိတ်အကြံ ရှိလေပြီ။၏သို့သော်လည်း၊ သင်သည်မရဏာနိုင်ငံ၊ သင်္ချိုင်းတွင်းထဲသို့ နှိမ့်ချခြင်းကိုခံရလေပြီ။ ၁၄း၁၂-၁၅
၅။ကောင်းကာင်၌ ဘာဖြစ်သနည်း
ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့်သူ၏ကောင်းကင်တမန်တို့သည်နဂါးကိုစစ်တိုက်ကြ၏။နဂါးနှင့်သူ၏
တမန်တို့သည်စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်းသူတို့နေစရာမရှိ။ထိုအခါ၊ဤလောကတနိုင်ငံလုံးကို
လှည့်ြ့ဖား၍ မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသောနဂါးကြီးကို၎င်း၊သူနှင့်အတူသူ၏
တမန်တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။ ဗျာဒိတ်ကျမ်း ၁၂း၇-၉
၆။ဘုရားသခင်သည် လူကိုအဘယ်သို့ပညတ်ထားတော်မူသနည်။
ထာဝရအရှင်ဘုရားသခင် ကလည်း ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး၊ထိုဥယျာဉ်၌ရှိသမျှသော
အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင်
ဧကန်အမှန်သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။ကမ္ဘာဦးကျမ်း ၁၆း၁၇
၇။မြွေသည် ထာဝရဘုရားသခင်ဖန်ဆင်းတော်ော မြေတ်တိစ္ဆာန်တကာတို့ထက် အဘယ်သို့ရှိသနည်း
မြွေသည် ထာဝရအရှင် ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား၊သင်တို့သည်ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုမစားရဟုဧကန်စင်စစ်ဘုရားသခင်မိန့်တော်
မူသလောဟု မေး၏။မိန်းမကလည်း၊ ငါတို့သည်ဥယျာဉ်၌ရှိသောအပင်တို့၏အသီးကိုစားရသောအခွင့်ရှိ၏။
ဥယျာဉ်အလယ်၌ရှိသောအပင်၏အသီးကိုကား၊သင်တို့သည်မကိုင်မစားဘဲနေကြလော့။သို့မဟုတ် သေမည်
ဟုဘုရားသခင်အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။ မြွေကလည်း၊သင်တို့သည်ဧကန်အမှန်သေရမည်မဟုတ်
။အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌သင်တို့သည်မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍၊
ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို၊ဘုရားသခင်သိတော်မူသည်ဟုမိန်းမအားဆိုလေ၏။ထိုအပင်သည်
စားဘွယ်ကောင်း၏၊အဆင်းလည်းလှခြင်း၊ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက်ဘွယ်သောအပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊ အသီးကိုယူ၍စား၏။ မိမိခင်ပွန်းအားလည်း ပေး၍ သူသည်လည်းစား၏။
ကမ္ဘာဦးကျမ်း ၃း ၁-၆
၈။သေခြင်းနားခြင်းအိုခြင်းနာခြင်း အဘယ်သို့ဖြစ်ပေါ်လာသနည်း။
ဤအကြောင်းအရာဟူမူကား၊အပြစ်တရားသည်တယောက်သောသူအားဖြင့်ဤလောကသို့ဝင်၍၊အပြစ်တရား
အားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊လူအပေါင်းတို့သည်အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ
၏။ ရောမသြဝါဒစာ ၅း၁၂
၉။ကျွန်ပ်တို့၏ ရန်သူအဘယ်သူ ဖြစ်သညန်း သူအဘယ်သို့ သဘောရှိသနည်း။
သမ္မာသတိရှိလျက်မအိပ်ဘဲစောင့်နေကြလော့။သင်တို့၏ရန်သူတည်းဟူသောမာရ်နတ်သည်၊ ဟောက်သော
ခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။ ရှင်ပေတရုသြဝါဒစာပဌမစောင်
၅း ၈
ထိုကြောင့်၊ ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြ လော့။ မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။အကြောင်းမူကားမာရ်နတ်သည်မိမိကာလတခဏသာရှိသည်ကိုသိ၍၊ ပြင်းစွာသော ဒေါသအ
မျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည် ကို ငါကြား၏။ဗျာဒိတ်ကျမ်း ၁၂း၁၂
၁၀။တမန်တော်ရှင်ပေါလုသည် အဘယ်သို့ ကျင့်ရမည်ကြောင်း။ပြောသနည်း။
သို့ဖြစ်၍ညီအစ်ကိုတို့၊ ငါတို့သည်ဇာတိပကတိအတိုင်း ကျင့်ရမည်အကြောင်း၊ ဇာတိပကတိ၏ ကျွန်ဖြစ်ကြ သည်မဟုတ်။ရောမသြဝါဒစာ ၈း၂၀
၁၁။းဤလောသည်နိုင်ငံ အဘယ်သို့ အလိုက် မလိုက်သည်ဟူ၍ဆိုသနည်း
ဤလောကသည် အနိစ္စနိုင်ငံသို့အလိုလိုလိုက်သည် မဟုတ်။ ရောမသြဝါဒစာ ၈း၂၀
၁၂။မည်သို့မရှိ သောသူသည် ဘုရားသခင်မသိသောသူဖြစ်သနည်း
ချစ်ခြင်းမရှိသောသူသည်ဘုရားသခင်ကိုမသိ။အကြောင်းမူကား၊ဘုရားသခင်သည်ချစ်ခြင်းမေတ္တာ ဖြစ်တော်
မူ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင်၎း၈
၁၃။ဘုရားသခင်၏အချစ်မေတ္တာအဘယ်မျှလောက်ရှိသညန်ဟုဘောပြသနည်း
ဖာင့်မတ်သောသူအတွက်ကြောင့်အသေခံမည့်သူရှိခဲ၏။သူတော်ကောင်းအတွက်ကြောင့်အသေခံဝံ့သောသူ
ရှိကောင်းရှိလိမ့်မည် မှန်စေတော့။ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင်အသေ
ခံတော်မူသည်ဖြစ်၍၊ဘုရားသခင်သည်ငါတို့ကိုအဘယ်မျှ လောက်ချစ်တော်မူသည်ကိုငါတို့အားထင်ရှားစွာပြ
တော်မူ၏။ ရောမသြဝါဒစာ၇း၇-၈
၁၄။ဘုရားသခင် သည်အဝေက အဘယ်သို့ သော်မေတ္တာနှင့်ချသ်တော်မူသနည်။
ထာဝရဘုရားသည် အဝေးက ထင်ရှား၍၊ မိန့်တော်မူသည်ကား၊အကယ်စင်စစ်ထာဝရမေတ္တာနှင့်သင့်ကိုငါ ချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာ ပြ၏။ ယေရမိအနာဂတ္တိကျမ်း ၃၁း ၃
၁၅။ခရစ်တော်သည် ငါကိုချစ်လျှင် အဘယိသု့ပြုရမည်ဟုမိန့်တော်ရှိသနည်း
ငါ့ကိုချစ်လျှင်ငါပညတ်တို့ကို စောင့်ရှောက်ကြလော့။ငါသည်ခမည်းတော်ကိုတောင်း၍၊ရှင်ယောဟန်ခရစ်ဝင်
၁၄း၁၅
၁၆။ငါပညတ်ပညတ်တို့ကို ရ၍စောင့်ရှောက်သောသည် အဘယ်သို့သောသူဖြစ်သနည်။
ငါပညတ်တို့ကို ရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ငါ့ကိုချစ်သောသူကိုငါ့ခမည်းတော်
သည် ချစ်တော်မူမည်။ ငါသည်လည်းထိုသူကို ချစ်၍သူ့အားကိုယ်တိုင် ထင်ရှားမည်ဟု မိန့်တော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် ၁၄း၂၁
၁၇။ဘုရားသခင်ကိုချစ်အဘယ်သို့ စောင့်ရှောက်ကြမည်သနည်း။
ပညတ်တော်တို့ကို စောင့်ခြင်းအရာသည်ဘုရားသခင်ကိုချစ်ရာရောက်၏။ပညတ်တော်တို့ကို စောင့်ခဲသည်မ
ဟုတ်။ဘုရားသခင်၏သားတော်ဖြစ်သောသူမည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကိုအောင်
ခြင်းအကြောင်းမူကား၊ ငါတို့၏ယုံကြည်ခြင်းပေတည်း။
၁၈။အချစ်မေတ္တာမရှိလျှင် အဘယ်သို့သောသူဖြစ်သနည်။
ချစ်ခြင်းမရှိသောသူသည်ဘုရားသခင်ကိုမသိ။အကြောင်းမူကား၊ဘုရားသခင်သည်ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ
၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင်၎း၈
၁၉။မာတန်သည်ရှေ့ဦး စွာမှ အဘယ်သို့ပြုသောသူဖြစ်သည်နည်း
မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကိုပြုသောသူဖြစ်သောကြောင့်၊အကြင်သူသည်ဒုစရိုက်ကိုပြု၏။ထိုသူ
သည်မာရ်နတ်နှင့်ဆိုင်၏။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ၊ ဘုရားသခင်၏သားတော်သည်ထင်ရှားပေါ်
ထွန်းတော်မူ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင်၃း၈
၂၀။မုသာကိုသုံးသောသူသည်အဘယ်သသူ၏ သားသမီးဖြစ်သည်နည်း
သင်တို့သည် သင်တို့၏အဘတည်းဟူသောမာရ်နတ်မှဆင်းသက်ကြ၏။သင်တို့အဘ၏အလိုသို့လည်းလိုက်
တတ်ကြ၏။မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌သစ္စာတရားမရှိသော
ကြောင့်တစ္စာတရား ၌မတည်မနေ။ သူသည် မုသာစကားကို ပြောသောအခါ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏။ ရှင်ယောဟန်ခရစ်ဝင် ၈း၄၄