Saturday, October 13, 2018

Shwe Canaan ရွှေခါနာန်

http://shwecanaan.com/
ဆရာ စောကေ အနေဖြင့် သတ္တမနေ့ ဥပုသ်နေ့ အကြောင်း သွန်သင်တာခြင်း
ကို ဘယ်သို့ထင်မြင်ယူခြင်ရှိပါသလဲ?။ သတ္တမနေ့ ဥပုသ်နေ့ သည် သမ္မာကျမ်းစာ
နှုတ်ကပတ်တော် ၌ မါရှိဘူးလို့ ထင်မြင်ယူစပါရဲ့လား?။ ဆရာစောကေအနေဖြင့်
ဘာကြောင့် ဘာသာရေး အယူဝါဒ (ိုဏ်ဂဏ သွန်သင်ကြပါသည်လို့ ဆရာသမား
၏ နှုတ်ခမ်းကထွက်ဆိုတာ တာလဲ?။ ထာယရ ဘုရားသခင် ကိုယ်တော်တိုင်
လက်ညှိုတော်နှင့်ရေး ပေလိုက်သော ပညတ်တော် ဆယ်လိုက်မရှောက်နိုင်
ဘူး ယေရှုခရစ်တော်ပယ်ဖျက်လိုက်ပါပြီး သော ကျမ်းပိုဒ် တပိုဒ်လောက် ထောက်
ပြနိုင် ပါရဲ့လား?။ ဆရာစောကေ အနေဖြင့်။ကမ္ဘာဦးကျမ်း အခန်းကြီး ၂
၁ ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ၊ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။
၂ သတ္တမနေ့ရက် ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသော အမှုအရာတို့သည် ပြီးစီး ပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။
၃ ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍ သန့်ရှင်းစေ တော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်းပြုပြင်တော်မူသော အမှုအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့်၊ ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။
၎ ဤအကြောင်းအရာကား၊ ထာဝရအရှင်ဘုရားသခင် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော် မူသော နေ့၊ ဖန်ဆင်းရာကာလ၌ ကောင်းကင်နှင့်မြေကြီး၏ မူလအတ္ထုပ္ပတ္တိပေတည်း။ ဒီကျမ်းပိုတွေ ဟာ ဘုရားသခင်၏။ နှုတ်ကပတ်တော်ပါလို့ခံယူ
ထားပါသလား?
ဟေဗြဲသြဝါဒစာ အခန်းကြီး ၎
၁ ထိုကြောင့်၊ ဘုရားသခင်၏ ချမ်းသာထဲသို့ဝင်ရသော အခွင့်ကိုပေးသော ဂတိတော်သည် ငါတို့၌ရှိရစ် လျက်နှင့်၊ သင်တို့တွင် အချို့တို့သည်မမှီဘဲနေမည်ကိုစိုးရိမ်ကြကုန်အံ့။
၂ ငါတို့သည် ဝမ်းမြောက်စရာသိတင်းကို ထိုသူတို့ကဲ့ သို့ကြားရကြပြီ။ သို့ရာတွင် သူတို့ကြားရသောတရားစကားသည်၊ ကြားရသောသူတို့အထဲ၌ ယုံကြည်ခြင်းနှင့် မရောနှောသောကြောင့်အကျိုးကိုမပေး။
၃ ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍ ဘုရားသခင်၏ ချမ်းသာထဲသို့ဝင်ရကြ၏။ ထိုသို့နှင့်အညီ ဗျာဒိတ်တော်ကား၊ သူတို့သည်ငါ၏ ချမ်းသာထဲသို့မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည် ဟုလာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာဦးကပင်အမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝမ်တော်မူရာချမ်းသာဟု ဆိုလိုသတည်း။
၎ ခုနစ်ရက်မြောက်သောနေ့ကိုအကြောင်း၊ ပြု၍ကျမ်းစာတချက်၌ လာသည်ကား၊ ဘုရားသခင်သည် မိမိအမှုအရာ အလုံးစုံတို့ကို ပြီးစီး၍ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာ နေတော်မူ၏ဟု လာသတည်း။
၅ ထိုကျမ်းစာ၌တဖန်လာ သည်ကား၊ သူတို့သည်ငါ၏ချမ်းသာထဲသို့ မဝင်ရကြ ဟုလာသတည်း။
၆ ထိုကြောင့်၊ အချို့တို့သည် ဝင်ရကြ၏။ ဝမ်မြောက်စရာသိတင်းကို ရှေ့ဦးစွာ ကြားရသော သူတို့သည်မယုံကြည်သောကြောင့် မဝင်ရကြပြီ။
ဆရာစောကေ အနေဖြင့် သမ္မာကျမ်းစာပါလို့။လက်ခံယုံကြည်ပါရဲ့လား?။ သို့မဟုတ် သတ္တမနေ့ ဥပုသ် နေ အသင်းတော် က၏ ဘာသာရေး ဂိုဏ်ဂဏ ဘာသာရေး
အဖွဲ့စည်းများ က ရေးထားသည်လို့ ။ ဆရာစော ကေ အနေဖြင့် ထင်မြင်ယူစပါရဲ့လား?။

ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၀
၁ ထိုအခါ ဘုရားသခင် မိန့်တော်မူသောစကားများဟူမူကား၊
၂ ငါသည် သင့်ကိုကျွန်ခံနေရာအဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
၃ ငါမှတပါးအခြားသောဘုရားကို မကိုးကွယ် နှင့်။
၎ အထက် မိုဃ်းကောင်းကင်၌၎င်း၊ အောက်အရပ်မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက်ရေထဲ၌၎င်း ရှိသောအရာနှင့် ပုံသဏ္ဍာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။
၅ ဦးမချဝတ်မပြုနှင့်။ အကြောင်း မူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသော သူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင်၊ အဘတို့၏အပြစ်ကိုသားတို့၌ ဆပ်ပေးစီရင်သောဘုရား၊
၆ ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင် အသောင်း တိုင်အောင်၊ ကရုဏာကိုပြသော ဘုရား ဖြစ်၏။
၇ သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။
၈ ဥပုသ်နေ့ကို သန့်ရှင်းစေ ခြင်းငှါ၊ ထိုနေ့ရက်ကို အောက်မေ့လော့။
၉ ခြောက်ရက် ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။
၁၀ သတ္တမ နေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်။ သင်၏တံခါးအတွင်း၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ။
၁၁ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ ရှိသမျှတို့ကို ခြောက်ရက် တွင် ဖန်ဆင်း၍ သတ္တမနေရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။
၁၂ သင်၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူသော ပြည်၌ သင်၏ အသက်တာရှည်မည် အကြောင်း၊ သင်၏မိဘကိုရိုသေစွာ ပြုလော့။
၁၃ လူအသက်ကိုမသတ်နှင့်။
၁၄ သူ့မယားကိုမပြစ် မှားနှင့်။
၁၅ သူ့ဥစ္စာကို မခိုးနှင့်။
၁၆ ကိုယ်နှင့် စပ်ဆိုင်သော သူတဘက်၌ မမှန်သော သက်သေကိုမခံနှင့်။
၁၇ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ အိမ်ကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယား၊ သူ၏ကျွန် ယောက်ျား မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ ဥစ္စာတစုံတခု ကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့် ဟုမိန့်တော်မူ၏။
ဆရာစော ကေအနေဖြင့် ဒီကျမ်းပိုဒ်များကို အဘယ်သို့ ထင်မမြင် ယူစခြင်းရှိတယ်
ဆိုတာဖြေကြားပေးပါ ။
ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၁
၁၂ တဖန် ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
၁၃ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ၊ ငါနှင့်သင်တို့၏ သားစဉ်မြေးဆက် စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဘို့ရာ၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရကြမည်။
၁၄ ဥပုသ်နေ့သည် သင်တို့အား သန့်ရှင်းသော ကြောင့် ထိုနေ့ကို စောင့်ရကြမည်။ ဥပုသ်နေ့ကို ဖျက်သောသူတိုင်း အသေခံရမည်။ ထိုနေ့၌ အလုပ်လုပ်သောသူ မည်သည်ကား မိမိအမျိုးမှ ပယ်ရှင်းခြင်းကိုခံရမည်။
၁၅ ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် ထာဝရဘုရားအား သန့်ရှင်း၍ငြိမ်ရသော ဥပုသ်နေ့ဖြစ်၏။ ဥပုသ်နေ့၌ အလုပ်လုပ်သောသူမည် သည်ကား ဧကန် အမှန်အသေခံရမည်။
၁၆ သို့ဖြစ်၍ ဣသရေလအမျိုးသား အစဉ်အဆက်တို့သည်၊ ထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊ ဥပုသ်နေ့ရက် အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။
၁၇ ထိုသို့စောင့်လျှင်၊ ငါနှင့် ဣသရေလ အမျိုးသားစပ်ကြား၌ ထာဝရလက္ခဏာသက်သေ ဖြစ်လိမ့်မည်။ အကြောင်းမူကား ထာဝရဘုရား သည် မိုဃ်းကောင်းကင်နှင့် မြေကြီးကို ခြောက်ရက်တွင်ဖန်ဆင်း၍၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေလျက်၊ အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ၏။
၁၈ ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ၊ မောရှေနှင့်နှုတ်ဆက်တော်မူသည် အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခယာတင်သော သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။ ပညတ်တော် ဆယ်ပါ ထာဝရ ဘုရားသခင်ကိုယ်တော်တိုင် သိနတောင်ပေါ် လက်ညှိုးတော်နှင့် ရေးပေးလိုက်တယ် ဆိုတာ ဆရာ
စောကေ အနေဖြင့် လက်ခံယုံကြည်ပါရဲ့လား?။
ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၂
၁ မောရှေသည် တောင်ပေါ်မှာ ကြာမြင့်စွာရှိနေကြောင်းကို လူများတို့သည် သိမြင်သောအခါ၊ အာရုန်ထံသို့ စည်းဝေးကြ၍၊ ထပါ။ ငါတို့ရှေ့မှာ သွားရသောဘုရားတို့ကို ငါတို့အဘို့လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်၌ နှုတ်ဆောင် သော မောရှေ၌ အဘယ်သို့ဖြစ်သည်ကို ငါတို့မသိပါဟု ပြောဆိုကြ၏။
၂ အာရုန်ကလည်း၊ သင်တို့မယားသားသမီး များ၏ နား၌ဆင်သောရွှေနားတောင်းများကို ချွတ်၍၊ ငါ့ထံသို့ဆောင် ခဲ့ကြဟု ဆိုလျှင်၊
၃ လူအပေါင်းတို့သည် မိမိတို့ နား၌ဆင်သော ရွှေနားတောင်းများကို ချွတ်၍၊ အာရုန်ထံသို့ ဆောင်ခဲ့ကြ၏။
၎ အာရုန်သည်လည်း လက်ခံ၍၊ နွားသငယ်ရုပ်ပုံသဏ္ဌာန်ကို ကညစ်နှင့်ရေးသားပြီးလျှင် သွန်းလေ၏။ လူများတို့ကလည်း၊ အိုဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်သော သင်၏ဘုရားဖြစ်တော်မူသည်ဟု ဆိုကြ၏။
၅ အာရုန်သည် ထိုအမှုကိုသိမြင်လျှင်၊ ရုပ်တုရှေ့မှာ ယဇ်ပလ္လင်ကို တည်၍၊ နက်ဖြန်နေ့သည် ထာဝရဘုရားအဘို့ ပွဲခံရသောနေ့ဖြစ်သည် ဟု တပ်ကိုလည်၍ ကြော်ငြာစေ၏။
၆ နက်ဖြန်နံနက်စောစော လူတို့သည်ထ၍၊ မီ့း ရှိုရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်ပြီးမှ၊ စားသောက်လျက် ထိုင်နေကြ၏။ နောက်တဖန် ကခုန်မြူးတူးခြင်းငှါ ထကြ၏။
၇ ထာဝရဘုရားက၊ သင်သည် ဆင်းသွားလော့။ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သော သင်၏လူတို့သည် ဖောက်ပြန်ကြပြီ။
၈ ငါမှာထားသောလမ်းမှ အလျင်အမြန်လွှဲသွား၍၊ နွားသငယ်ရုပ်ကို သွန်းပြီးလျှင်၊ အိုဣသရေလ အမျိုး၊ ဤဘုရားသည် သင့်ကိုအဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ဘုရားဖြစ်တော်မူ၏ဟု ဆိုလျက်၊ ရုပ်တုရှေ့မှာ ယဇ်ပူဇော်ကိုးကွယ်ကြပြီ ဟူ၍၎င်း၊
၉ ဤလူမျိုးကို ငါကြည့်မြင်ပြီ။ လည်ပင်းခိုင်မာသော အမျိုးဖြစ်၏။
၁၀ သို့ဖြစ်၍ ငါ့ကိုရှိစေတော့။ ငါသည် အမျက်ပြင်းစွာထွက်၍ သူတို့ကိုဖျက်ဆီးမည်။ သင့်ကိုကား ကြီးသောအမျိုးဖြစ်စေမည် ဟူ၍၎င်း၊ မောရှေအား မိန့်တော်မူ၏။
၁၁ မောရှေကလည်း၊ အို ထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုး အားကြီး သောလက်နှင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ကိုယ်တော်၏လူတို့ကို၊ အဘယ်ကြောင့် အမျက်ပြင်းစွာ ထွက် တော်မူသနည်း။
၁၂ အဲဂုတ္တုလူတို့ကလည်း၊ ဘုရားသခင်သည် မကောင်းသောအကြံရှိသဖြင့်၊ သူတို့ကို တောတောင်များ၌ သတ်၍ မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းခြင်းအလိုငှါသာ၊ နှုတ်ဆောင်လေသည်ဟု အဘယ်ကြောင့် ဆိုဘွယ် အကြောင်း ရှိရပါမည်နည်း။ ပြင်းစွာသောအမျက်တော်ကို ပယ်တော်မူပါ။ ကိုယ်တော်၏လူတို့၌ ဤသို့အပြစ်ပေး မည်အကြံကို နောင်တရတော်မူပါ။
၁၃ ကိုယ်တော်က၊ သင်တို့အမျိုး အနွှယ်ကို ကောင်းကင်ကြယ်ကဲ့သို့ ငါများပြားစေမည်။ ငါပြောခဲ့သော ဤမြေရှိသမျှကို သင်တို့အမျိုးအနွှယ်အား ငါပေးသဖြင့်၊ သူတို့သည် အစဉ်အမြဲအမွေခံရကြ လိမ့်မည်ဟု ကိုယ်ကိုကိုယ်တိုင်တည်၍ ကျိန်ဆိုတော်မူသော စကားကို ခံခဲ့ပြီးသောကိုယ်တော်၏ကျွန် အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့ကို အောက်မေ့တော်မူပါဟု မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်လေ၏။
၁၄ ထာဝရဘုရားသည် မိမိလူတို့အား အပြစ်ပေးမည်အကြံကို နောင်တရတော်မူ၏။
၁၅ မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ကိုင်ယူလျက်၊ လှည့်၍ တောင်ပေါ်ကဆင်းသွား လေ၏။ ထိုကျောက်ပြားနှစ်မျက်နှာ၌ အက္ခရာတင်လျက်ရှိ၏။
၁၆ ထိုကျောက်ပြားတို့သည် ဘုရားသခင်ဖန်ဆင်း တော်မူသော ကျောက်ပြား၊ စာသည်လည်း ဘုရားသခင်အက္ခရာ တင်တော်မူသောစာဖြစ်သတည်း။
၁၇ လူများ ကြွေးကြော်သံကို ယောရှုသည်ကြားလျှင်၊ တပ်၌ စစ်တိုက်သံကို ကြားပါသည်ဟု မောရှေအားဆို၏။
၁၈ မောရှေ ကလည်း၊ ငါကြားသောအသံသည် အောင်၍ကြွေးကြော်သံမဟုတ်၊ ရှုံး၍ငိုကြွေးသံလည်းမဟုတ်၊ သီချင်းဆိုသံ ဖြစ်သတည်းဟု ပြန်ပြော၏။
၁၉ တပ်အနီးသို့ရောက်သောအခါ၊ နွားသငယ်ကို၎င်း၊ ကခုန်ခြင်းကို၎င်း မြင်လျှင်၊ မောရှေသည် အမျက်ထွက်သဖြင့် ကျောက်ပြားတို့ကိုချ၍ တောင်ခြေရင်း၌ ချိုးဖဲ့၏။
၂၀ သူတို့လုပ်သော နွားသငယ် ကိုလည်း ယူ၍အရည်ကျို၏။ ညက်ညက်ခြေပြီးမှ ရေပေါ်မှာဖြူး၍ ဣသရေလအမျိုးသားတို့ကို သောက်စေ၏။
၂၁ အာရုန်ကိုလည်း ခေါ်၍၊ သင်သည် သူတို့၌ ဤမျှလောက်ကြီးသောအပြစ်ကို ရောက်စေခြင်းငှါ သူတို့သည် သင်၌ အဘယ်သို့ပြုသနည်းဟု မေးလျှင်၊
၂၂ အာရုန်က၊ သခင်၊ အမျက်မထွက်ပါနှင့်။ ဤလူတို့သည် မကောင်းသောအကြံ ရှိကြောင်းကို ကိုယ်တော်သိပါ၏။
၂၃ သူတို့ကလည်း၊ ငါတို့ရှေ့မှာ သွားရသောဘုရားတို့ကို ငါတို့အဘို့လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သောသူ၊ ထိုမောရှေ၌ အဘယ်သို့ဖြစ်သည်ကို ငါတို့မသိပါဟု အကျွန်ုပ်အား ပြောဆိုကြလျှင်၊
၂၄ အကျွန်ုပ်က၊ ရွှေရှိသောသူသည် ချွတ်စေဟုဆိုသည်နှင့်အညီ၊ သူတို့ပေးသောရွှေကို အကျွန်ုပ်သည် မီးထဲ၌ ထည့်လျှင်၊ ဤနွားသငယ်ထွက်လာပါသည်ဟု ပြန်ပြော၏။
၂၅ ထိုသို့ အာရုန်သည် လူများကို ရန်သူတို့ရှေ့ မှောက်၌ အဝတ်တန်ဆာကို ချွတ်စေသည်ဖြစ်၍၊ အဝတ်တန်ဆာကို အချည်းစည်း ရှိကြကြောင်းကို မောရှေမြင်သောအခါ၊
၂၆ တပ်တံခါးဝမှာရပ်လျက်၊ ထာဝရဘုရားဘက်၌ အဘယ်သူနေသနည်း။ ငါ့ထံသို့လာစေဟုဆိုလျှင်၊ လေဝိအမျိုးသား အပေါင်းတို့သည် သူ့ထံ၌စည်းဝေးကြ၏။
၂၇ မောရှေကလည်း၊ လူတိုင်းထားလွယ်လျက် တပ်တမျက်နှာတံခါးမှ တမျက်နှာတံခါးတိုင်အောင် ထုတ်ချင်း ခပ်သွား၍၊ အသီးအသီးမိမိညီအစ်ကို၊ မိမိအပေါင်းအဘော်၊ မိမိအိမ်နီးချင်းကို သတ်စေဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား အမိန့်ရှိတော်မူသည်ဟု၊
၂၈ မောရှေစီရင်သည် အတိုင်း၊ လေဝိအမျိုးသားတို့သည်ပြု၍၊ ထိုနေ့၌ လူသုံးထောင်လောက်သေကြ၏။
၂၉ တဖန် မောရှေက၊ ထာဝရ ဘုရားသည် ယနေ့ကောင်းကြီး ပေးတော်မူစေခြင်းငှါ၊ သင်တို့သည် အသီးအသီးကိုယ်သား၊ ကိုယ်ညီအစ်ကိုကို ထိခိုက်သောအားဖြင့်၊ သင်တို့သည် ယနေ့ကိုယ် ကိုမြှောက်ကြပြီဟု ဆိုလေ၏။
၃၀ နက်ဖြန်နေ့၌လည်း၊ သင်တို့ပြစ်မှားသောအပြစ် ကြီးလှ၏။ ယခုမှာ ထဝရဘုရားအထံတော်သို့ ငါတက် သွား၍၊ သင်တို့အပြစ်ဖြေနိုင်လျှင် ဖြေစေခြင်းငှါ ပြုမည်ဟု မောရှေသည် လူများတို့အား ဆိုပြီးမှ၊
၃၁ ထာဝရဘုရား အထံတော်သို့ ပြန်သွား၍၊ အိုဘုရားသခင်၊ ဤလူတို့သည် ပြစ်မှားသောအပြစ် ကြီးလှပါ၏။ မိမိတို့အဘို့ ရွှေဘုရား ကို လုပ်ပါပြီ။
၃၂ သို့သော်လည်း သူတို့အပြစ်ကိုလွှတ်ခြင်းငှါ အလိုတော်ရှိလျင် လွှတ်တော်မူပါ။ သို့မဟုတ်၊ ကိုယ်တော်စီရင်တော်မူသော စာရင်း၌ အကျွန်ုပ်နာမကို ချေတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု လျှောက်လျှင်၊
၃၃ ထာဝရဘုရားက၊ အကြင်သူသည် ငါ့ကိုပြစ်မှား၏၊ ထိုသူ၏နာမကို ငါ့စာရင်း၌ငါချေမည်။
၃၄ သို့ဖြစ်၍ ငါမှာထားသော အရပ်သို့ သူတို့ကို ယခုသွား၍ ပို့ဆောင်လော့။ ငါ့တမန်သည် သင့်ရှေ့မှာသွား လိမ့်မည်။ သို့သော်လည်း ငါသည် အကြည့်အရှုကြွလာသောအခါ သူတို့၌အပြစ်ပေးလျက် ကြွလာမည်ဟု မိန့်တော်မူ၏။
၃၅ အာရုန်နှင့် လူများတို့သည် နွားသငယ်ကို လုပ်ကြသောကြောင့် သူတို့ကိုဒဏ်ခတ်တော်မူ၏။

ဘုရားသခင်၏။ ပညတ်တော်ဆယ်ဘုရားသင် ကိုယ်တော်တိုင်ပြန်၍ရေးထားဖြင်သမ္မာ ကျမ်းမှာရှိတယ် မဖတ်ဘူးလား?
တဖန်ထာဝရဘုရားက၊ အရင်ကျောက်ပြားနှစ်ပြားနှင့် တူအောင်ကျောက်ပြားနှစ်ပြားကို ခုတ်လော့။ သင်ချိုးဖဲ့သောအရင်ကျောက်ပြား၌ စကားပါသည်အတိုင်း နောက်ကျောက်ပြားပေါ်မှာ ငါရေးထားမည်။
၂ နက်ဖြန် နံနက် သင်သည် အသင့်နေလျက်၊ သိနာတောင်ပေါ်သို့တက်၍ တောင်ထိပ်၌ ငါ့ရှေ့မှာ ကိုယ်ကိုပြလော့။
၃ သင်နှင့် အတူ အဘယ်သူမျှမတက်ရ။ တောင်တပြင်လုံး၌ လူကိုမထင်ရှားစေနှင့်။ တောင်ခြေရင်း၌ သိုးနွားတို့ကို ကျက်စား ရာမပြုစေနှင့်ဟု မောရှေအား မိန့်တော်မူ၏။
၎ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ အရင်ကျောက်ပြားနှင့်တူအောင် ကျောက်ပြားနှစ်ပြားကို ခုတ်ပြီးမှ၊ မောရှေသည် နံနက်စောစောထ၍ ထိုကျောက်ပြားနှစ်ပြားကို ကိုင်လျက်၊ သိနာတောင်ပေါ်သို့ တက်လေ၏။
၅ ထာဝရဘုရားသည် မိုဃ်းတိမ်ဖြင့် ဆင်းသက်၍၊ ထိုအရပ်၌ မောရှေအနားမှာ ရပ်လျက်၊ ထာဝရဘုရား၏ နာမတော် ကို ကြွေးကြော်တော်မူ၏။
ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၄
၆ သို့ဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရား စီရင်တော်မူသော လမ်းသို့ လိုက်၍၊ ကိုယ်တော်ကိုကြောက်ရွံ့သဖြင့် ပညတ်တော်တို့ကို စောင့်ရှောက်ရမည်။တရားဟောရာကျမ်း အခန်းကြီး ၈
သေခြင်းတရားလောကအထဲသို့ အဘယ်သို့ဝင်လာခြင်းအကြောင်း
၁။ရှေ့ဦးစွာမှ ဒုစရိက်ကိုပြုသောသူအဘယ်သူသနည်း
မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကိုပြုသောသူဖြစ်သောကြောင့်၊အကြင်သူသည်ဒုစရိုက်ကိုပြု၏။ထိုသူ
သည်မာရ်နတ်နှင့်ဆိုင်၏။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ၊ ဘုရားသခင်၏သားတော်သည်ထင်ရှားပေါ်
ထွန်းတော်မူ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၃း၈
၂။ခရစ်တော်သည်အသင့်တို့အဘ အဘယ်သူဟူ၍မိန့်တော်မူသနည်း
သင်တို့သည် သင်တို့၏အဘတည်းဟူသောမာရ်နတ်မှဆင်းသက်ကြ၏။သင်တို့အဘ၏အလိုသို့လည်းလိုက်
တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌သစ္စာတရားမရှိသော
ကြောင့် တစ္စာတရား ၌မတည်မနေ။ သူသည် မုသာစကားကို ပြောသောအခါ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏။ ရှင်ယောဟန်ခရစ်ဝင် ၈း၄၄
၃။လောက၌ သေခြင်းနားအိုခြင်း အဘယ်ကြောင့် ဖြစ်ပေါ်လာသနည်း။
သင်သည် ဖျက်၍လွှမ်းမိုးသော ခေရုဗိမ်ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင်၏ သန့်ရှင်းသောတောင်ပေါ်မှာ
နေရာကျ၍မီးတောက်သော ကျောက်တို့တွင်သွားလာရ၏။ဘွားသောနေ့မှစ၍သင့်အပြစ်ထင်ရှားသောနေ့
တိုင်အောင်၊ ပြုလေရာရာ၌ စုံလင်လျက်ရှိ၏။ ယေဇကျေလအနာဂတ္တိကျမ်း ၂၈း၁၄-၁၅
၎။နံနက်သားမိုဃ်းသောကြယ်သည်သူသည်အဘယ်သို့ သူသည်အကြံဆီရှိသနည်း
အိုနံနက်သား၊ မိုဃ်းသောက်ကြယ်၊ သင်သည် ကောင်းကင်ကကျလေပြီတကား။အပြည်ပြည်တို့ကို နှိပ်စက်
သာသင်သည်၊ မြေတိုင်အောင် ခုတ်လှဲခြင်းကိုခံရလေပြီတကား။သင်ကလည်း၊ ကောင်းကင်ပေါ်သို့ငါတက်
မည်။ဘုရားသခင်၏ကြယ်တို့အပေါ်မှာငါ့ပလ္လင်ကိုငါမြှောက်မည်၊၊ မြောက်မျက်နှာဘက်ဗျာဒိတ်တော် တောင်
ပေါ်မှာ ငါထိုင်မည်၊၊မိုဃ်းတိမ်ထိပ်ပေါ်သို့ငါတက်မည်။ အမြင့်ဆုံးသောဘုရားကဲ့သို့ ငါနေမည်ဟုစိတ်အကြံ ရှိလေပြီ။၏သို့သော်လည်း၊ သင်သည်မရဏာနိုင်ငံ၊ သင်္ချိုင်းတွင်းထဲသို့ နှိမ့်ချခြင်းကိုခံရလေပြီ။ ၁၄း၁၂-၁၅
၅။ကောင်းကာင်၌ ဘာဖြစ်သနည်း
ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့်သူ၏ကောင်းကင်တမန်တို့သည်နဂါးကိုစစ်တိုက်ကြ၏။နဂါးနှင့်သူ၏
တမန်တို့သည်စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်းသူတို့နေစရာမရှိ။ထိုအခါ၊ဤလောကတနိုင်ငံလုံးကို
လှည့်ြ့ဖား၍ မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသောနဂါးကြီးကို၎င်း၊သူနှင့်အတူသူ၏
တမန်တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။ ဗျာဒိတ်ကျမ်း ၁၂း၇-၉
၆။ဘုရားသခင်သည် လူကိုအဘယ်သို့ပညတ်ထားတော်မူသနည်။
ထာဝရအရှင်ဘုရားသခင် ကလည်း ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး၊ထိုဥယျာဉ်၌ရှိသမျှသော
အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင်
ဧကန်အမှန်သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။ကမ္ဘာဦးကျမ်း ၁၆း၁၇
၇။မြွေသည် ထာဝရဘုရားသခင်ဖန်ဆင်းတော်ော မြေတ်တိစ္ဆာန်တကာတို့ထက် အဘယ်သို့ရှိသနည်း
မြွေသည် ထာဝရအရှင် ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား၊သင်တို့သည်ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုမစားရဟုဧကန်စင်စစ်ဘုရားသခင်မိန့်တော်
မူသလောဟု မေး၏။မိန်းမကလည်း၊ ငါတို့သည်ဥယျာဉ်၌ရှိသောအပင်တို့၏အသီးကိုစားရသောအခွင့်ရှိ၏။
ဥယျာဉ်အလယ်၌ရှိသောအပင်၏အသီးကိုကား၊သင်တို့သည်မကိုင်မစားဘဲနေကြလော့။သို့မဟုတ် သေမည်
ဟုဘုရားသခင်အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။ မြွေကလည်း၊သင်တို့သည်ဧကန်အမှန်သေရမည်မဟုတ်
။အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌သင်တို့သည်မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍၊
ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို၊ဘုရားသခင်သိတော်မူသည်ဟုမိန်းမအားဆိုလေ၏။ထိုအပင်သည်
စားဘွယ်ကောင်း၏၊အဆင်းလည်းလှခြင်း၊ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက်ဘွယ်သောအပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊ အသီးကိုယူ၍စား၏။ မိမိခင်ပွန်းအားလည်း ပေး၍ သူသည်လည်းစား၏။
ကမ္ဘာဦးကျမ်း ၃း ၁-၆
၈။သေခြင်းနားခြင်းအိုခြင်းနာခြင်း အဘယ်သို့ဖြစ်ပေါ်လာသနည်း။
ဤအကြောင်းအရာဟူမူကား၊အပြစ်တရားသည်တယောက်သောသူအားဖြင့်ဤလောကသို့ဝင်၍၊အပြစ်တရား
အားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊လူအပေါင်းတို့သည်အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ
၏။ ရောမသြဝါဒစာ ၅း၁၂
၉။ကျွန်ပ်တို့၏ ရန်သူအဘယ်သူ ဖြစ်သညန်း သူအဘယ်သို့ သဘောရှိသနည်း။
သမ္မာသတိရှိလျက်မအိပ်ဘဲစောင့်နေကြလော့။သင်တို့၏ရန်သူတည်းဟူသောမာရ်နတ်သည်၊ ဟောက်သော
ခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။ ရှင်ပေတရုသြဝါဒစာပဌမစောင်
၅း ၈
ထိုကြောင့်၊ ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြ လော့။ မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။အကြောင်းမူကားမာရ်နတ်သည်မိမိကာလတခဏသာရှိသည်ကိုသိ၍၊ ပြင်းစွာသော ဒေါသအ
မျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည် ကို ငါကြား၏။ဗျာဒိတ်ကျမ်း ၁၂း၁၂
၁၀။တမန်တော်ရှင်ပေါလုသည် အဘယ်သို့ ကျင့်ရမည်ကြောင်း။ပြောသနည်း။
သို့ဖြစ်၍ညီအစ်ကိုတို့၊ ငါတို့သည်ဇာတိပကတိအတိုင်း ကျင့်ရမည်အကြောင်း၊ ဇာတိပကတိ၏ ကျွန်ဖြစ်ကြ သည်မဟုတ်။ရောမသြဝါဒစာ ၈း၂၀
၁၁။းဤလောသည်နိုင်ငံ အဘယ်သို့ အလိုက် မလိုက်သည်ဟူ၍ဆိုသနည်း
ဤလောကသည် အနိစ္စနိုင်ငံသို့အလိုလိုလိုက်သည် မဟုတ်။ ရောမသြဝါဒစာ ၈း၂၀
၁၂။မည်သို့မရှိ သောသူသည် ဘုရားသခင်မသိသောသူဖြစ်သနည်း
ချစ်ခြင်းမရှိသောသူသည်ဘုရားသခင်ကိုမသိ။အကြောင်းမူကား၊ဘုရားသခင်သည်ချစ်ခြင်းမေတ္တာ ဖြစ်တော်
မူ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင်၎း၈
၁၃။ဘုရားသခင်၏အချစ်မေတ္တာအဘယ်မျှလောက်ရှိသညန်ဟုဘောပြသနည်း
ဖာင့်မတ်သောသူအတွက်ကြောင့်အသေခံမည့်သူရှိခဲ၏။သူတော်ကောင်းအတွက်ကြောင့်အသေခံဝံ့သောသူ
ရှိကောင်းရှိလိမ့်မည် မှန်စေတော့။ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင်အသေ
ခံတော်မူသည်ဖြစ်၍၊ဘုရားသခင်သည်ငါတို့ကိုအဘယ်မျှ လောက်ချစ်တော်မူသည်ကိုငါတို့အားထင်ရှားစွာပြ
တော်မူ၏။ ရောမသြဝါဒစာ၇း၇-၈
၁၄။ဘုရားသခင် သည်အဝေက အဘယ်သို့ သော်မေတ္တာနှင့်ချသ်တော်မူသနည်။
ထာဝရဘုရားသည် အဝေးက ထင်ရှား၍၊ မိန့်တော်မူသည်ကား၊အကယ်စင်စစ်ထာဝရမေတ္တာနှင့်သင့်ကိုငါ ချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာ ပြ၏။ ယေရမိအနာဂတ္တိကျမ်း ၃၁း ၃
၁၅။ခရစ်တော်သည် ငါကိုချစ်လျှင် အဘယိသု့ပြုရမည်ဟုမိန့်တော်ရှိသနည်း
ငါ့ကိုချစ်လျှင်ငါပညတ်တို့ကို စောင့်ရှောက်ကြလော့။ငါသည်ခမည်းတော်ကိုတောင်း၍၊ရှင်ယောဟန်ခရစ်ဝင်
၁၄း၁၅
၁၆။ငါပညတ်ပညတ်တို့ကို ရ၍စောင့်ရှောက်သောသည် အဘယ်သို့သောသူဖြစ်သနည်။
ငါပညတ်တို့ကို ရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ငါ့ကိုချစ်သောသူကိုငါ့ခမည်းတော်
သည် ချစ်တော်မူမည်။ ငါသည်လည်းထိုသူကို ချစ်၍သူ့အားကိုယ်တိုင် ထင်ရှားမည်ဟု မိန့်တော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် ၁၄း၂၁
၁၇။ဘုရားသခင်ကိုချစ်အဘယ်သို့ စောင့်ရှောက်ကြမည်သနည်း။
ပညတ်တော်တို့ကို စောင့်ခြင်းအရာသည်ဘုရားသခင်ကိုချစ်ရာရောက်၏။ပညတ်တော်တို့ကို စောင့်ခဲသည်မ
ဟုတ်။ဘုရားသခင်၏သားတော်ဖြစ်သောသူမည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကိုအောင်
ခြင်းအကြောင်းမူကား၊ ငါတို့၏ယုံကြည်ခြင်းပေတည်း။
၁၈။အချစ်မေတ္တာမရှိလျှင် အဘယ်သို့သောသူဖြစ်သနည်။
ချစ်ခြင်းမရှိသောသူသည်ဘုရားသခင်ကိုမသိ။အကြောင်းမူကား၊ဘုရားသခင်သည်ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ
၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင်၎း၈
၁၉။မာတန်သည်ရှေ့ဦး စွာမှ အဘယ်သို့ပြုသောသူဖြစ်သည်နည်း
မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကိုပြုသောသူဖြစ်သောကြောင့်၊အကြင်သူသည်ဒုစရိုက်ကိုပြု၏။ထိုသူ
သည်မာရ်နတ်နှင့်ဆိုင်၏။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ၊ ဘုရားသခင်၏သားတော်သည်ထင်ရှားပေါ်
ထွန်းတော်မူ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင်၃း၈
၂၀။မုသာကိုသုံးသောသူသည်အဘယ်သသူ၏ သားသမီးဖြစ်သည်နည်း
သင်တို့သည် သင်တို့၏အဘတည်းဟူသောမာရ်နတ်မှဆင်းသက်ကြ၏။သင်တို့အဘ၏အလိုသို့လည်းလိုက်
တတ်ကြ၏။မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌သစ္စာတရားမရှိသော
ကြောင့်တစ္စာတရား ၌မတည်မနေ။ သူသည် မုသာစကားကို ပြောသောအခါ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏။ ရှင်ယောဟန်ခရစ်ဝင် ၈း၄၄
အာဒံနှင့် ဧဝ ဥယျာဉ် အထဲဘယ်ကြောင့် နှင်ထုပ်ခံခြင်း၏အကြောင်း
အာဒံနှင့်ဧဝ ဧေဒင်ဥယျာဉ်အထဲကအယ်ကြောင့်အနှင့်ထုပ်ခံခြင်း၏အကြောင်း
၁။အာဒံနှင့်ဧဝထိုသူနှစ်ဦးသည် ဧေဒင်ဥယျာဉ်အထဲအဘယ်ကြောင့်နှင့်ထုပ်ခြင်းခံရကြောင်းအကြောင်ရင်ဘာ
လဲ။
ထာဝရအရှင်ဘုရားသခင် ကလည်း ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး၊ ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။
ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။ကမ္ဘာဦးကျမ်း ၂း ၁၆-၁၇
ကမ္ဘာအစ၌ လူနဦးတို့ အဘယ်သို့ ပညတ်တော်ရှိအချက် ထာဝရအရှင်ဘုရားသခင် ကလည်း ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။
၂။ မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။
ထိုကြောင့်၊ ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြ လော့။ မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိကာလ တခဏသာရှိသည် ကိုသိ၍၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည် ကို ငါကြား၏။
၃။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူအသက်ကိုသတ်သောသူဖြစ်၏
သင်တို့သည် သင်တို့၏အဘ တည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌ သစ္စာတရားမရှိသောကြောင့် တစ္စာတရား ၌မတည်မနေ။ သူသည် မုသာစကားကို ပြောသောအခါ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၈း၄၄
၎။ မြွေကလည်း၊ သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။
မြွေသည် ထာဝရအရှင် ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား၊ သင်တို့သည် ဥယျာဉ်၌ရှိသမျှသော အပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော် မူသလောဟု မေး၏။
မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်၌ရှိသော အပင်တို့၏ အသီးကိုစားရသောအခွင့် ရှိ၏။
ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားဘဲနေကြလော့။ သို့မဟုတ် သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။
မြွေကလည်း၊ သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။ကမ္ဘာဦးကျမ်း ၃း၁-၎
၅။စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။
ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါးကိုစစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။
ဗျာဒိတ်ကျမ်း ၁၂း၇
၆။ မာရ်နတ်သည် မိမိကာလ တခဏသာရှိသည် ကိုသိ၍၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည် ကို ငါကြား၏။
ထိုအခါ၊ ဤလောကတနိုင်ငံလုံးကို လှည့်ြ့ဖား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကို၎င်း၊ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏ဗျာဒိတ်ကျမ်း ၁၂း ၈-၉
၇။ ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။
ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားဘဲနေကြလော့။ သို့မဟုတ် သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။
မြွေကလည်း၊ သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။
အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို၊ ဘုရားသခင် သိတော်မူသည်ဟု မိန်းမအားဆိုလေ၏။
ထိုအပင်သည် စားဘွယ်ကောင်း၏၊ အဆင်းလည်း လှခြင်း၊ ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက်ဘွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊ အသီးကိုယူ၍စား၏။ မိမိခင်ပွန်းအားလည်း ပေး၍ သူသည်လည်းစား၏။
ထိုသူနှစ်ယောက် တို့သည် မျက်စိပွင့်လင်း၍၊ မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကို မြင်လျှင်၊ မိမိတို့ဝတ်ရန်ဘို့ သင်္ဘောသဖန်းပင် အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏။
ကမ္ဘာဦးကျမ်း ၃း၃-၇
သင်သည် ဥစ္စာရတတ် ခြင်းငှါ၊ မီးနှင့်ချွတ်ပြီးသော ရွှေကို၎င်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသော အဝတ်ကို၎င်း ငါ့ထံမှာဝယ်လော့။ သင်၏မျက်စိမြင်စေခြင်းငှါ၊ မျက်စိ၌ မျက်စဉ်းခတ်လော့ဟု သင့်အား ငါသည် အကြံပေး၏။ ဗျာဒိတ်ကျမ်း ၃း၁၈
၈။ ဘုရားသခင်က၊ ငါတို့ပုံသဏ္ဌာန်နှင့်တညီ တသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့
တဖန် ဘုရားသခင်က၊ ငါတို့ပုံသဏ္ဌာန်နှင့်တညီ တသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော တိရ စ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးစေဟု အမိန့်တော်ရှိ၏။
ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမ ကို ဖန်ဆင်းပြီးလျှင်၊ ကမ္ဘာဦးကျမ်း ၁း ၂၆-၂၇
၉။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည် ပညာ၏ အချုပ်အခြာ ဖြစ်၏။ ပညတ်တော်တို့ကို စောင့်ရှောက်သမျှသောသူတို့သည် ကောင်းသောညာဏ်ရှိကြ၏။ ဂုဏ်အသရေတော်သည်အစဉ်အမြဲတည်သတည်း။ဆာလံကျမ်း ၁၁၁း ၁၀
၁၀။ ပညတ်တရားတော်ကို လေ့ကျက်သဖြင့် ခြားနားသော အရာတို့ကို ပိုင်းခြားတတ်သောသူ ဖြစ်သည်။
သင်သည် ယုဒလူဟု သမုတ်ခြင်းကို ခံသောသူ၊ ပညတ်တရားတော်ကို ကိုးစားသောသူ၊ ဘုရား သခင်ကို အမှီပြု၍ ဝါကြွားသောသူ၊
အလိုတော်ကိုသိသောသူ၊ ပညတ်တရားတော်ကို လေ့ကျက်သဖြင့် ခြားနားသော အရာတို့ကို ပိုင်းခြားတတ်သောသူ ဖြစ်သည်နှင့်၊
လူကန်းတို့အား လမ်းပြသောသူ၊ မှောင်မိုက်၌နေသောသူတို့ကို လင်းစေသောသူ၊
ရောမသြဝါဒစာ ၂း ၁၇-၁၉
၁၁။ လှည့်စားတတ်သော သူတို့၏တိုင်ပင်ခြင်းကို အချည်းနှီးဖြစ်၏။
ပညာရှိတို့ကို သူတို့၏ ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ၏၊၊ လှည့်စားတတ်သော သူတို့၏တိုင်ပင်ခြင်းကို အချည်းနှီးဖြစ်စေတော်မူ၏၊၊ ယောဘဝတ္တု ၅း ၁၃
၁၂း လောကီသားတို့သည် မိမိတို့ပညာအားဖြင့် ဘုရားသခင်ကိုမသိဘဲ နေကြ၏
ကျမ်းစာလာသည်ကား၊ ပညာရှိတို့၏ပညာကို ငါဖျက်ဆီးမည်။ ဥာဏ်ကောင်းသောသူတို့၏ ဥာဏ်ကိုလည်း ငါပယ်မည်ဟု လာသတည်း။ ကောရိ န္တု သြဝါဒစာပဌမစောင် ၁း၁၉
၁၃။ ငါ့ကိုချစ်သော သူသည် ငါ့စကားကိုနားထောင်လိမ့်မည်။
ယေရှုကလည်း၊ ငါ့ကိုချစ်သော သူသည် ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ကြွ၍ နေရာချမည်။
ငါ့ကိုမချစ်သောသူသည် ငါ့စကားကိုနားမထောင်။ သင်တို့ကြားသောစကားသည် ငါ့စကားမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏စကား တော်ဖြစ် ၏။ ရှင်ယောဟန်ခရစ်ဝင် ၁၄း၂၃-၂၄
၁၄။ ဘုရားသခင်၏ ပညာကိုငါတို့သည်ပြသကြ၏
သို့သော်လည်း၊ စုံလင်သောသူတို့အားငါတို့သည် ပညာစကားကို ဟောပြော၏။ ထိုသို့ဆိုသော်၊ လောကီပညာကိုမဆိုလို။ ပြယ်ပျောက်တတ်သော လောကီမင်းတို့၏ ပညာကိုမဆိုလို။
ဤကမ္ဘာမတည်မရှိမှီ၊ ငါတို့၏ဘုန်းအသရေဖြစ်စေခြင်းငှါ၊ ဘုရားသခင်စီရင်တော်မူသောပညာ၊ နက်နဲသောအရာ၌ ဝှက်ထားသော ဘုရားသခင်၏ ပညာကိုငါတို့သည်ပြသကြ၏။
ကောရိ န္တု သြဝါဒစာပဌမစောင် ၂း ၆-၇

The Battle of Armageddon

      The Battle of Armageddon This frightening apocalyptic word “Armageddon” refers to earth’s final battle which is gener...