၁။နောက်ဆုံး၌ တရားစီရင်ခြင်း အယောက်ဆီတိုင်တို့ရှိသနည်း
လွှတ်ခြင်းတရားအတိုင်းစီရင်ခြင်းကိုခံရလတံ့သောသူကဲ့သို့၊ စကားပြောခြင်း၊ အမှုပြုခြင်းကိုစီရင်ကြလော့။ ရှင်ယာကုပ်သြဝါဒစာ၂း၁၂အချုပ်အခြာစကားဟူမူကားဘုရားသခင်ကိုကြောက်ရွံ့၍၊ပညတ်တော်တို့ကိုစောင့်ရှောက် လော့။ဤရွေ့ကား၊လူနှင့်ဆိုင်သောအမှုဟူကားအလုံးစုံတို့ကိုချုပ်ခြာသတည်း။အကြောင်းမူကား၊ဘုရားသခင်သည်ခပ်သိမ်းသောဝှက်ထားခြင်းမှစ၍၊အလုံးစုံသောအမှု၊ ကောင်းမကောင်းရှိသမျှတို့ကိုစစ်ကြော၍၊တရားသဖြင့်စီရင်တော်မူလတံ့သတည်း။ ရှောလမုန်မင်းကြီး စီရင်ရေးထားသော ဒေသနာကျမ်းပြီး၏။ဒေသနာကျမ်း၁၂း ၁၃-၁၄
၂။ပညတ်တရားအဘယ်သို့ပညတ်တရားအားဖြင့်ဘူရားသခင်၏လူမျိုးတို့ကိုတရားစီရင်ခြင်းရှိမည်သနည်း။ငါတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သောဝိနည်းအထုံးအဖွဲ့ နှင့်စပ်ဆိုင်သောလက်မှတ်ကိုချေ၍၊လက်ဝါးကပ်တိုင်မှာရိုက်ထားလျက်၊ငါတို့စပ်ကြားထဲကပယ်ရှင်းတော်မူပြီ။အထွဋ်အမြတ်၊အာဏာစက်များကိုလုယူလျှင်၊ထင်ရှားစွာထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကိုခံတော်မူပြီ။ထိုကြောင့်စားသောက်ခြင်းအမှု၊ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှမစစ်ကြောမစီရင်စေနှင့်။ထိုအရာတို့သည် နောက်ဖြစ်လတံ့သော အရာတို့၏အရိပ်ဖြစ်ကြ၏။ ကိုယ်မူကားခရစ်တော်၏ကိုယ်ဖြစ်၏။ကောလောသဲသြဝါဒစာ ၂း ၁၄း၁၇
၃။ပညတ်တရား နှစ်မျိုးတို့၌ အဘယ်သို့ခေါ်ဆိုသနည်းမောရှေ၏ ပညတ္တိကျမ်းစာ၌လာသည်ကား၊စပါးနင်းနယ်သော နွား၏နှုတ်ကိုမချုပ်တည်းရဟုလာ၏။ဘုရားသခင်သည် နွားကိုသာ ပမာဏပြုတော်မူသလော။ ကောရိ န္တု သြဝါဒစာပဌမစောင်း၉း၉
၎။ဒုစရိတ်ကိုလွန်ကျူးသော သူမည်သည်ကား အဘယ်သို့ရှိသနည်းဒုစရိုက်ကို ပြုသောသူမည်သည်ကား၊ ပညတ်တော်ကိုလွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော် ကိုလွန် ကျူးခြင်းဖြစ်သတည်း။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၃း၎
၅။ထာဝရဘုရားသခင်အားဗြဟံသည် အဘယ်သို့ရှိသည်ဟူ၍မိန့်တော်မူသနည်းအကြောင်းမူ ကား၊ အာဗြဟံသည်ငါ့စကားကိုနားထောင်၍၊ငါစီရင်မှာထားသောပညတ်တရားအမျိုးမျိုးတို့ကို စောင့်ရှောက် သတည်း ဟုမိန့်တော်မူ၏။ကမ္ဘာဦးကျမ်း ၂၆း ၅
၆။ပညတ်ဝပ်နည်းနှင့်ဆိုင်သော ပညတ်တရား အဘယ်အတွက်ကြောင့်ဖြစ်ပေါ်လာသနည်းအချိန်စေ့သောအခါ၊ ကာဣနသည် ထာဝရဘုရားထံပူဇော်သက္ကာဘို့၊ မြေအသီးကိုဆောင်ခဲ့၏။အာဗေလသည်လည်း၊ မိမိသိုးစုတွင် အဦးဘွား သောသားအချို့နှင့်၊သိုးဆီဥကိုဆောင်ခဲ့၏။ထာဝရဘုရားသည်အာဗေလနှင့် သူ၏ပူဇော်သက္ကာကို ပမာဏပြုတော်မူ၏။ကမ္ဘာဦးကျမ်း၎း၃-၄အာဗေလသည်၊ ကာဣနပူဇော်သောယဇ်ထက်သာ၍ မြတ်သောယဇ်ကို၊ယုံကြည်ခြင်းအားဖြင့်ဘုရားသခင်အား ပူဇော်၏။ ထိုသို့သော ယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကိုရလေ၏။အဘယ်သို့နည်းဟူမူကား၊ သူလှူသော အလှူကိုဘုရားသခင်သည်လက်ခံတော်မူ၏။သို့ဖြစ်၍၊အာဗေလသည် သေလွန်သော်လည်း ယခုပင် တရား ဟောသေး၏။ ဟေဗြဲသြဝါဒစာ ၁၁း၎
၇။ထာဝရ ဘုရားသခင်သည် မောရှေအား အဘယ်ကဲ့သို့မိန့်တော်မူသနည်းထာဝရဘုရားသည် လည်း၊မီးထဲကသင်တို့အားမိန့်မြွက်တော်မူ၏။သင်တို့သည်သဏ္ဌာန်တော်ကိုမမြင်ရဘဲ၊စကားတော်အသံကို သာကြား ရကြ၏။သင်တို့ကျင့်စရာဘို့ မှာထားတော်မူသော ပဋိညာဉ်တရားတည်း ဟူသောပညတ်တော်ဆယ်ပါးတို့ကို မိန့်မြွက်၍ ကျောက်ပြား နှစ်ပြားပေါ်၌ ရေးထားတော်မူ၏။တို့သည်သွား၍ဝင်စားသောပြည်၌ ကျင့်စရာဘို့ သင့်တို့အား ငါသွန်သင် ရသောစီရင်ထုံးဖွဲ့ချက်တို့ကိုလည်း၊ထိုအခါထာဝရဘုရားသည် ငါ့အားမှာထား တော်မူ၏။တရားဟောရာကျမ်း ၄း ၁၂-၁၃
၈။မောရှေသည်ပညတ်တရားစကားတော်အလုံးစုံးတိုကိုအကုန်အစင် ရေးထားပြီးမှာအဘယ်သို့ထားသနည်းမောရှေသည် ဤပညတ်တရားစကားတော်အလုံးစုံ တို့ကိုအကုန်အစင် ရေးထားပြီးမှ၊ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထမ်းသော လေဝိသားကိုခေါ်၍၊ဤပညတ္တိကျမ်းစာသည်သင်တို့အမျိုးတဘက်၌သက်သေဖြစ်မည်အကြောင်း၊ ထိုစာကိုယူ၍သင်တို့ ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော် အနားမှာတင်ထားကြလော့။ တရားဟောရာကျမ်း ၃၁း၂၄-၂၆
၉။ဘုရားသခင် ပေးသာနားတော်မူသော ပညတ်တော်ဘယ်နပါးရှိသနည်းထိုစကားတော်ကို ထာဝရဘုရားသည်တောင်ပေါ်မှမီး၊မိုဃ်းတိမ်၊ထူထပ်သော မှောင်မိုက်ထဲကကြီးစွာသောအသံနှင့် သင်တို့စည်းဝေးရာ ပရိသတ်အပေါင်းတို့အားမိန့်မြွက်တော်မူ၏။ထပ်၍မိန့်မြွက်တော်မမှု။ထိုစကားတော်ကိုလည်း ကျောက်ပြားနှစ်ပြားပေါ်မှာရေး၍ ငါ၌အပ်တ်ာမူ၏။ တရားဟောရာကျမ်း၅း၂၂
၁၀။ဝပ်နည်းနှင့်ပညတ်တရား အဘယ်သို့ရှိကြသနည်းအဘယ်သို့နည်းဟူမူကား၊ ထိုသခင်သည်ငါတို့၏ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သော ပညတ်တရားတည်းဟူသောရန်ငြိုးဖွဲ့ခြင်း၏အကြောင်းကိုကိုယ်ခန္ဓွာတော်တွင်ပယ်ရှင်းတော်မူသဖြင့်၊ပိုင်းခြားလျက်ရှိသောစပ်ကြားအုတ်တန်တိုင်းနံရံကိုဖြိုဖျက်၍လူမျိုးနှစ်စုတို့ကိုတစုတည်း ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကိုငြိမ်းစေပြီးလျှင်၊ ဧဖက်သြဝါဒစာ ၂း၁၅
၁၁။ထာဝရဘုရားသခင်၏ပညတ်တရားနှင့်ထာဝရဘုရားသခင်၏ပညတ်တရားတော်တို့အဘယ်သို့ရှိသနည်းထာဝရဘုရား၏တရားတော်သည်စုံလင်သည်ဖြစ်၍စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ထာဝရဘုရား၏သက်သေခံတော်မူချက်သည်ဟုတ်မှန်သည်ဖြစ်၍မလိမ္မာသောသူတို့ကိုလိမ္မာစေတတ်၏။ထာဝရဘုရား၏နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကိုရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ပညတ်တော်သည်စင်ကြယ်သည်ဖြစ်၍မျက်စိကိုရှင်းလင်းစေတတ်၏၊၊ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည်သန့်ရှင်းသည်ဖြစ်၍ကာလအစဉ်အမြဲတည်၏။ထာဝရဘုရား၏စီရင်တော်မူချက်တို့သည်သစ္စာတရားနှင့်ညီ၍တညီတ ညွတ်တည်း ဖြောင့်မတ်ကြ၏။ ဆာလံကျမ်း၁၉း၇-၉
၁၂။ထာဝရ ဘုရားသခင်သည် အဘယ်သို့နှစ်သက်တော်မုသနည်းထာဝရဘုရားသည်မိမိဖြောင့်မတ်ခြင်းကြောင့်အားရနှစ်သက်သဖြင့်၊တရားတော်ကိုမြှောက်၍ဂုဏ်သရေနှင့်ပြည့်စုံတော်မူစေသည်။ ဟေရှာယအနာဂတ္တိကျမ်း ၄၂း ၂၁
၁၃။ယေရှုခရစ်တော် အဘယ်သို့ပြည့်စုံခြင်းငှါလာသနည်းပညတ္တိကျမ်း၊အနာဂတ္တိကျမ်းများကိုဖျက်ပယ်ခြင်းငှါငါလာသည်ဟုမထင်ကြနှင့်။ဖျက်ပယ်ခြင်းငှါငါလာသည်မဟုတ်။ ပြည့်စုံခြင်းငှါငါလာသည်တည်း။ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီတိုင်အောင်၊ပညတ္တိကျမ်း၌ အငယ်ဆုံးသောစာလုံး ဗိန္ဓုတလုံးမျှပြည့်စုံခြင်းသို့ မရောက်မှီမပျက်စီးရ။ ရှင်မဿဲခရစ်ဝင်၅း၁၇-၁၈ ငါသည်ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ခမည်းတော်၏ မေတ္တာ၌တည်နေသကဲ့သို့သင်တို့သည်ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေ ကြလိမ့်မည်။ ရှင်ယောဟန်ခရစ်ဝင် ၁၅း၁၀ပြစ်မှားခြင်းကိုမပြု။သူ၏နှုတ်၌မုသားမရှိသော်လည်း၊လူဆိုးတို့နှင့်အတူ မြေမြုပ်နံခြင်းငှါစီရင်ကြ၏၊၊သို့ရာတွင်သေပြီးမှသူဌေး၌ရှိ၏။ ဟေရှာယအနာဂတ္တိကျမ်း ၅၃း၉ထိုသခင်သည် ဒုစရိုက်ကိုမပြူ။နှုတ်တော်၌လည်း မုသာကိုရှာမတွေ့။ရှင်ပေတရုသြဝါဒစာပဌမစောင်၂း၂၂ထိုသခင်ယေရှု သည် ငါတို့အပြစ်ကြောင့်အပ်နှံခြင်း ကိုခံတော်မူ၏။ငါတို့သည်ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း ထမြောက်တော်မူ၏။ရောမသြဝါဒစာ ၄း၂၅
၁၄။ယေရှုခရစ်တော် လက်ဝါးကပ်တိုင်အပေါ်၌ အသံခံခြင်းပညတ်ဝပ်နည်းနှင့်ဆိုင်သောပညတ်အဘယ်သို့ပညတ် အဘယ်သို့စောပညတ်ဖြစ်သနည်း။ငါတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သောဝိနည်းအထုံးအဖွဲ့ နှင့်စပ်ဆိုင်သောလက်မှတ်ကိုချေ၍၊လက်ဝါးကပ်တိုင်မှာရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲကပယ်ရှင်းတော်မူပြီ။ ကောလောသဲသြဝါဒစာ ၂း၁၄အဘယ်သို့နည်းဟူမူကား၊ထိုသခင်သည်ငါတို့၏ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သော ပညတ်တရားတည်းဟူသောရန်ငြိုးဖွဲ့ခြင်း၏အကြောင်းကိုကိုယ်ခန္ဓွာတော်တွင်ပယ်ရှင်းတော်မူသဖြင့်၊ပိုင်းခြားလျက်ရှိသောစပ်ကြားအုတ်တန်တိုင်းနံရံကိုဖြိုဖျက်၍လူမျိုးနှစ်စုတို့ကိုတစုတည်း ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကိုငြိမ်းစေပြီးလျှင်။ ဧဖက်သြဝါဒစာ ၂း၁၅
၁၅။ပညတ်တရား ဝပ်နည်းထုံအဖွဲနှင့်ဆိုင်သော ပညတ်မည်သည့်ပညတ်ဖြစ်သနည်းယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏။မမြင်သေးသောအရာတို့ကိုသိမှတ်စွဲလမ်းခြင်း အကြောင်းဖြစ်၏။ ဟေဗြဲသြဝါဒစာ ၁၀း၁
၁၆။တမန်တော်ရှင်ပေါလု၏ ထုံဆံတို့သည် (ဘုရားသခင်၏)ပညတ်တော်တို့အဘယ်သို့ရှိသနည်းထိုကြောင့်၊တရားတော်သည်သန့်ရှင်းခြင်းရှိ၏။ပညတ်တရားလည်းသန့်ရှင်းခြင်း၊ဖြောင့်မတ်ခြင်း၊ကောင်းမြတ်ခြင်းရှိ၏။သို့ဖြစ်လျှင် ကောင်းမြတ်သောအရာသည်ငါ၌သေခြင်းအကြောင်း ဖြစ်သလော။မဖြစ်နိုင်ရာ။အပြစ်တရားသည်မိမိသဘောကိုထင်ရှားစေခြင်းငှါ ကောင်းမြတ်သောအရာအားဖြင့်ငါ၌ သေခြင်းကိုပြု၍ သေခြင်းအကြောင်းဖြစ်၏။ ထိုသို့ဖြစ်သောကြောင့်အပြစ်တရား သည်ပညတ်တော်အားဖြင့်အလွန်အပြစ်နှင့်ပြည့်စုံခြင်းရှိသတည်း။ထိုမှတပါး၊ ပညတ်တရားသည်ဝိညာဉ်ပကတိနှင့်စပ်ဆိုင်သည်ကိုငါတို့သိကြ၏။ ငါမူကားဇာတိ ပကတိရှိ၏။ အပြစ်တရားလက်၌ ကျေးကျွန်ဖြစ်၏။ ရာမသြဝါဒစာ ၇း၁၂-၁၄
၁၇။ယုံကြည်ခြင်းတရား၌ ခရစ်တော်၌ ရှိလျှင် အဘယ်သို့ရှိသနည်း။ယုံကြည်ခြင်း အားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေ၏။ရောမသြဝါဒစာ ၃း၃၁
၁၈။တမန်တော်ရှင်ပေါလုသည်ဝပ်နည်းထုံးအဖွဲ့နှင့်ဆိုင်သောပညတ်တို့ခရစ်တော်၌အဘယ်သို့ရှိသနည်း။ငါပေါလုဆိုသည်ကား၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံလျှင်၊ခရစ်တော်အားဖြင့်အဘယ်အကျိုးကိုမျှ မရနိုင်ကြ။ ဂလာတိသြဝါဒစာ ၅း၂
၁၉။ခရစ်တော်သည် ပညတ်တရားများတို့သည်အဘယ်မျှလောက် တည်ရှိမည်ဟူ၍ မိန့်တော်မူသနည်းငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီ တိုင်အောင်၊ပညတ္တိကျမ်း၌အငယ်ဆုံးသောစာလုံးဗိန္ဓုတလုံးမျှပြည့်စုံခြင်းသို့ မရောက်မှီမပျက်စီးရ။ရှင်မဿဲခရစ်ဝင် ၅း၁၈
၂၀။ပညတ်တရား ဥပုသ်နေ့ ဆိုင်သော ပညတ်တရားများအဘယိသု့ရှိသနည်း။သတ္တမနေ့ရက် ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသော အမှုအရာတို့သည် ပြီးစီး ပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍ သန့်ရှင်းစေ တော်မူ၏။အကြောင်းမူကား၊ဖန်ဆင်းပြုပြင်တော်မူသောအမှုအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့်၊ ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ကမ္ဘာဦးကျမ်း ၂း၂-၃