သူတို့သည် ခရစ်တော်၏ ဓမ္မဆရာဖြစ်ကြသလော။
အကြောင်းမူကား၊ ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ် ကြ၏။ ခရစ်တော်၏ တမန်ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏။
ဤအမှုသည် အံ့သြ ဘွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။
သို့ဖြစ်၍ သူ၏ ဆရာတို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောသောဆရာဖြစ်ယောင်ဆောင်လျှင်၊ အဘယ်ဆိုဘွယ် ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း နောက်ဆုံး၌ အကျိုးအပြစ်ကို ခံရကြလတံ့။ကောရိ န္တု သြဝါဒစာဒုတိယစောင် ၁၁း၁၃-၁၅
ထိုသခင်ကို ကိုယ်တိုင်သိကျွမ်း သည်ကို အဘယ်သို့ သိရသနည်း ဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။
၎ ထိုသခင်ကိုငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသာကိုသုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။ရှင်ယောဟန်သြဝါဒစာပဌမစောင် ၂း၃-၎
ငါသည် မုသာမပြောသည်ကို ထာဝရမင်္ဂလာရှိတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင် သိတော်မူ၏။ကောရိ န္တု သြဝါဒစာဒုတိယစောင် ၁၁း၃၁
သင်တို့ကိုချီးမြှောက်ခြင်းငှါ၊ ကိုယ်ကိုကိုယ်နှိမ့်ချလျက်၊ ကျေးဇူးဆပ်ခြင်းကိုမခံဘဲ၊ သင်တို့အား ဘုရားသခင်၏ ဧဝံဂေလိတရားကို ဟောပြောသည်အရာမှာ ငါသည်အပြစ်ရှိသလော။ကောရိ န္တု သြဝါဒစာဒုတိယစောင် ၁၁း၇
ငါတို့ဝါကြွားဝမ်းမြောက်ခြင်းအကြောင်းဟူမူကား၊ လောကီပညာ ကိုအမှီမပြု၊ ဘုရားသခင်၏ ကျေးဇူးတော် ကို အမှီပြု၍လျစ်လျူသောစိတ်နှင့်၎င်း၊ ဘုရားသခင်အလိုတော်ရှိသော ကြည်ဖြူခြင်းနှင့်၎င်း၊ ငါတို့သည် ဤလောက၌ ကျင့်ကြံပြုမူ၍ သင်တို့ဆီမှာလည်း ထိုသို့အထူးသဖြင့် ကျင့်ကြံပြုမူသည်ဟု ကိုယ်ကိုကိုယ်သိသော စိတ်သည် သက်သေခံသတည်း။
အစဉ်ဝန်ခံမည်ဟု ငါသဘောကျလျက်ရှိ၍၊ သင်တို့သည် တဖန်ဆုကျေးဇူးတော်ကို ခံရစေခြင်းငှါ ငါသည်သင်တို့ဆီသို့အရင်လာမည်ဟု အကြံရှိ၏။ကောရိ န္တု သြဝါဒစာဒုတိ
ယစောင် ၁း၁၂-၁၅
Faith Baptist Bible College and Theological Seminary (Myanmar)

သတ္တမနေ့ရက် ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသော အမှုအရာတို့သည် ပြီးစီး ပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။
၃ ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍ သန့်ရှင်းစေ တော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်းပြုပြင်တော်မူသော အမှုအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့်၊ ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။
ကမ္ဘာဦးကျမ်း ၂း ၂-၃
ထိုသို့စောင့်လျှင်၊ ငါနှင့် ဣသရေလ အမျိုးသားစပ်ကြား၌ ထာဝရလက္ခဏာသက်သေ ဖြစ်လိမ့်မည်။ အကြောင်းမူကား ထာဝရဘုရား သည် မိုဃ်းကောင်းကင်နှင့် မြေကြီးကို ခြောက်ရက်တွင်ဖန်ဆင်း၍၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေလျက်၊ အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ၏။ထွက်မြောက်ရာကျမ်း ၃၁း၁၇
အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ ရှိသမျှတို့ကို ခြောက်ရက် တွင် ဖန်ဆင်း၍ သတ္တမနေရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။ထွက်မြောက်ရာကျမ်း ၂၀း၁၁
သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံကြောင်းကို၎င်း၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် အားကြီးသော လက်ရုံးတော်ကိုဆန့်၍၊ ထိုပြည်မှ သင့်ကိုနှုတ်ဆောင်တော် မူကြောင်းကို၎င်း အောက်မေ့လော့။ ထိုအကြောင်း ကြောင့်၊ သင်သည် ဥပုသ်နေ့ကိုစောင့်ရမည်ဟု သင်၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူ၏။တရားဟောရာကျမ်း ၅း၁၅
ထာဝရဘုရားသည် ဥပုသ်နေ့ကိုသင်တို့အား ပေးတော်မှူုပြီ။ ထိုကြောင့် ခြောက်ရက် မြောက်သော နေ့၌ နှစ်ရက်အတွက်မုန့်ကို ပေးတော်မူ၏။ လူတိုင်းမိမိနေ့ရာ၌နေစေ၊ ခုနစ်ရက် မြောက်သောနေ့၌ မိမိနေရာမှအဘယ်သူမျှ မသွားစေနှင့်ဟု မောရှေအား မိန့်တော်မူ၏။ထွက်မြောက်ရာကျမ်း ၁၆-၂၉
ထာဝရဘုရား၏စကားတော်ကို မထီမဲ့မြင်ပြု၍ ပညတ်တော်ကို လွန်ကျူးသောကြောင့်၊ ထိုသူကို ရှင်းရှင်းပယ်ရှားရမည်။ မိမိအပြစ်ကို မိမိခံရမည်ဟု မိန့်တော်မူ၏။
ငါသည် သွန်သင်ခြင်းကို မုန်းလေပြီ တကား။ ဆုံးမခြင်းကို စိတ်နှလုံးထဲမှာ မထီမဲ့မြင်ပြုလေပြီတကား။
ငါ့ဆရာတို့၏စကားကို နားမထောင်ဘဲ၊ ငါ့အား သွန်သင်သောသူတို့၏ စကားကို နားမခံဘဲနေလေပြီတကား။သုတ္တံကျမ်း ၅း၁၂-၁၃
ငါ့သား၊ ငါ့စကားကို စေ့စေ့ နားထောင်၍၊ ငါ့ပညတ်တို့ကို သင်၌ သိုထားလော့။
ငါ့ပညတ်တို့ကို စောင့်ရှောက်၍ အသက်ရှင်လော့။ ငါပေးသော တရားကို ကိုယ်မျက်ဆန်ကဲ့သို့ စောင့်လော့။သုတ္တံကျမ်း ၇း၁-၂
နားထောင်ကြ။ မြတ်သောစကားကို ငါပြောမည်။ မှန်သော တရားစကားကို ငါနှုတ်မြွတ်မည်။
ငါ့နှုတ်ထွက်စကားသည် သမ္မာတရားနှင့် သာဆိုင်၍၊ ငါ့နှုတ်ခမ်းတို့သည် ဒုစရိုက်ကို စက်ဆုပ်ရွံ့ရှာ၏။
ငါဟောပြော သမျှသောစကားတို့သည် ဖြောင့်မတ်၍၊ ကောက်သောသဘော၊ ဖောက်ပြန်သောသဘောနှင့် ကင်းစင်ကြ၏။သုတ္တံကျမ်း ၈း၆-၈
ငါသည် ဖြောင့်မတ်ခြင်းလမ်း၊ တရားသဖြင့် စီရင်ခြင်းလမ်းအလယ်၌ ရှောက်သွားသည်ဖြစ်၍
ငါ့ကိုချစ်သောသူတို့သည် အမွေခံရသောအခွင့်နှင့် သူတို့ဘဏ္ဍာတိုက်ပြည့်ဝစေသောအခွင့်ကို ငါပေးတတ်၏၊၊သုတ္တံကျမ်း ၈း၂၀-၂၁
ဘုရား သခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့၊ တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကိုကိုးကွယ်ကြလော့ဟု ကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။ဗျာဒိတ်ကျမ်း ၁၄း၇
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသက်ရှင်ခြင်းနှင့် ဆိုင်သည် ဖြစ်၍၊ ထိုသဘောရှိသောသူသည် အလိုဆန္ဒ ပြည့်စုံလျှက် ရှိ၍၊ ဘေးဥပဒ်နှင့် ကင်း လွတ်လိမ့်မည်သုတ္တံကျမ်း ၁၉း၂၃