၁။မိစ္ဆာ၏အမေး နတ်ဆိုးတို့၏ဝိညာဉ်၏ အပြုအမူ
အဖြေ။ကိုယ်ကိုကိုယ်ညစ်ညူးစေခြင်းငှါ၊ နတ်ဝင်သူကို မမှီဝဲရ။ စုန်းလုပ်သူကိုလည်း မရှာဖွေရ။ ငါသည် သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ဝတ်ပြုရာကျမ်း ၁၉း၃၁
၂။မျက်လှည့် အတတ် ဆုံးအတတ် ဘုရားသခင်အဘယ်သို့မိန့်
တော်မူသနည်း။
အဖြေ။သင်တို့ကိုစစ်ကြောစီရင်ခြင်းငှါ၊ ငါချဉ်းမည်။ ပြုစားတတ်သောသူ၊ သူ့မယားကိုပြစ်မှားသောသူ၊ မမှန်သောကျိန်ဆိုခြင်းကိုပြုသောသူ၊ သူငှါးကိုအခမပေး ညှဉ်းဆဲသောသူ၊ မိဘမရှိသောသူငယ်နှင့် မုတ်ဆိုးမကို ညှဉ်းဆဲသောသူ၊ ဧည်သည်ကိုမတရားသဖြင့်စီရင်သောသူ၊ ငါ့ကိုမကြောက်ရွံ့သော သူတို့တဘက်၌ ငါသည် လျင်မြန်သောသက်သေဖြစ်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
မာလခီအနာဂတ္တိကျမ်း ၃း၅
၃။အိပ်မက်မြင်သောဆရာ၊ နတ်ဝိဇ္ဇာဆရာတို့သည်အဘယ်သို့နည်း။
သို့ဖြစ်၍၊ သင်တို့သည် ဗာဗုလုန်ရှင်ဘုရင်၏ အစေခံကိုမခံရဟု၊ သင်တို့အားပြောတတ်သော ပရောဖက်၊ အနာဂတ်ဆရာ၊ အိပ်မက်မြင်သောဆရာ၊ နတ်ဝိဇ္ဇာဆရာ၊ ပြုစားတတ်သော ဆရာတို့၏ စကားကို နားမထောင်ကြနှင့်။
ထိုသူတို့သည် သင်တို့ကို သင်တို့ပြည်မှ အဝေးသို့ ရွှေ့သွားစေ ခြင်းငှါ၎င်း၊ သင်တို့ကို ငါနှင်ထုတ်၍ ဆုံးရှုံးစေခြင်းငှါ၎င်း၊ မုသာစကားကို ဟောပြောတတ်ကြ၏။ယေရမိအနာဂတ္တိကျမ်း ၂၇း၉း၁၀
၎။နတ်ဝင်သည်တို့ အားထာဝရ ဘုရားသခင်သည် အဘယ်သို့ပြု
လော့အမိန့်တော်ရှိသနည်း။
ယာက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ နတ်ဝင်သောသူ၊ စုန်းလုပ်သောသူသည် အသေသတ်ခြင်းကို အမှန် ခံရမည်။ ထိုသို့သောသူကို ခဲနှင့်ပစ်ရကြမည်။ သူ၌သေထိုက်သော အပြစ်ရှိသည်ဟု မိန့််တော်မူ၏။
ဝတ်ပြုရာကျမ်း ၂၀း၂၇
ပြုစားတတ်သော သူ၊ နတ်ဆိုးနှင့်ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကို ပြုစုသောသူ၊ လူသေကို မေးမြန်းသောသူ တစုံတစ်ယောက်မျှမရှိရ။
ထိုသို့ပြုတတ်သောသူ အပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံ့ရှာတော်မူ၏။ ထိုစက်ဆုပ်ရွံ့ရှာဘွယ်သော အမှုများ တို့ကြောင့် သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင့်ရှေ့မှ နှင်ထုတ်တော်မူ၏။တရားဟောရာကျမ်း ၁၈း၁၀း၁၂
၅။ထာဝရ ဘုရား စကားတော်ကိုနားထောင်သောသူတို့အား အဘယ်သို့ ကတိတော်ပေးတော်မူသနည်း။
သင်၏အမျိုး အနွှယ်အားဖြင့်၊ လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ၏စကားကို သင်နားထောင် သောကြောင့်၊ ငါသည်ကိုယ်ကိုကိုယ်တိုင်တည်၍ ကျိန်ဆို၏ဟု ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလေ၏။ကမ္ဘာဦးကျမ်း ၂၂း၁၈
၆။ပွဲ့လုပ်ခြင်း သေရည်သေရက်သောခြင်းအမှုတို့သည်အဘယ်သို့
နည်း။
ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊
သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊၊ ယစ်မျိုးကိုသောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သော အကျင့်ပေတည်း။ ထိုသို့သောအကျင့်ကို ကျင့်သော သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရကြဟု အထက်က ငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။ဂလာတိသြဝါဒစာ ၅း၂၀း၂၁
၇။မှန်းမှုတ်တတ်သောသူ နတ်ဝင်သည်တို့သည် အဘယ်သို့နည်း။
တိုးတိုးပြော၍ မန္တန်သရဇ္ဈာယ်တတ်သော နတ်ဝင်နှင့်စုန်းတို့၌ဆည်းကပ်ကြလော့ဟု သင်တို့အားဆိုလျှင်မူကား၊ လူတို့သည် မိမိတို့ဘုရားသခင်၌ မဆည်းကပ်အပ်သလော၊၊ အသက်ရှင်သော သူ၏အမှုမှာ အသက်သေသော သူ၌ ဆည်းကပ်အပ်သလော၊
ဟေရှာယအနာဂတ္တိကျမ်း ၈း၁၉
၈။မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့သွားကြပြီ။
ချစ်သူတို့၊ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို စုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့သွားကြပြီ။
ရှင်ယောဟန်သြဝါဒစာပဌမစောင် ၄း၁
၉။အိပ်မက်ကို မြင်သောသူတို့၏ စကားကိုနားမထောင်ရ
သင်တို့တွင်ပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သောသူသည်ပေါ်လာ၍၊
သင်တို့မသိသော အခြား တပါးသောဘုရားကို ဆည်းကပ်၍ ဝတ်ပြုကြစို့ဟု ပြောဆိုလျက်၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုကိုပေး၍၊ ထိုနိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုသည်ပြည့်စုံသော်လည်း၊
ထိုပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သောသူတို့၏ စကားကိုနားမထောင်ရ၊ အကြောင်းမူကား၊ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ချစ်သည်မချစ်သည်ကို၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် စုံစမ်းတော်မူ၏။တရားဟောရာကျမ်း ၁၃၁း၃
၁၀။ နှိမ့်ချခြင်းသို့ ရောက် သော်လည်း ထိုအမှုကိုပင် မရိပ်မိ
ကိုယ်တော်သည် လူကိုအစဉ်နိုင်တော်မူ၍ လူသည် ကွယ်ပျောက်တတ်ပါ၏။ ထူးခြားသော မျက်နှာကိုပေး၍ အခြားသို့ လွှတ်လိုက် တော်မူ၏၊၊
သူ၏သားတို့သည် မြှောက်ခြင်းသို့ ရောက်သော်လည်း သူသည် မသိရပါ။ နှိမ့်ချခြင်းသို့ ရောက် သော်လည်း ထိုအမှုကိုပင် မရိပ်မိပါ။
ယောဘဝတ္တု ၁၄း၂၀း၂၁
၁၁။လူသည်သေလွန်ပြီးသောအခါ ဘာသိသေလဲ။
အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏၊ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ အကျိုး အပြစ်ကိုလည်း မခံရ။ သူ့ကိုလည်း မေ့လျော့တတ်ကြ၏။
သူ၏ ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်းပျောက်ပျက်၏။ နေအောက်မှာပြုသမျှသောအမှု၌ သူတပါးနှင့် ရောနှော၍ မဆိုင်ရ။
ဒေသနာကျမ်း ၉း၅
၁၂။သေလွန်သောသူသည်ချစ်ခြင်း မုန်းခြင်းအစရှိသောသိနိုင်မည်
လော့။

ဒေးသနာကျမ်း ၉း၆
၁၃။နတ်ဆိုးတို့၏ ဝိညာဉ်သည် အဘယ်သူ့ထံသို့ သွားသနည်း။
နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ဝိညာဉ် ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီတနိုင်ငံလုံးတွင် ရှိသောရှင်ဘုရင်တို့ထံသို့ ထွက်သွား၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှါ စုဝေးကြ၏။ဗျာဒိတ်ကျမ်း၁၅း၁၄
၁၄။နှောက်ဆုံးကာလ၌ လူတို့သည် မည်သို့အရာကိုမှီဝဲဆည်း
ကပ်ကြမည်သနည်း။
ဝိညာဉ်တော်သည် အတည့်အလင်းဗျာဒိတ်
ထားတော်မူသည်ကား၊ နောင်ကာလ၌ သြတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းကို ခံပြီးလျှင်၊ မုသာစကားကို ပြောတတ်သောသူတို့၏ လျှို့ဝှက်ခြင်းအားဖြင့်၊ လူအချို့တို့သည် ယုံကြည်ခြင်းကိုစွန့်ပယ်၍၊ လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့၌၎င်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော သြဝါဒတို့၌၎င်း မှီဝဲဆည်းကပ်ကြလိမ့်မည်။တိမောသေသြဝါဒပဌမစောင် ၄း၁း၂
၁၅။ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏။
အကြောင်းမူကား၊ ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ် ကြ၏။ ခရစ်တော်၏ တမန်ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏။
ဤအမှုသည် အံ့သြ ဘွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။
သို့ဖြစ်၍ သူ၏ ဆရာတို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောသောဆရာဖြစ်ယောင်ဆောင်လျှင်၊ အဘယ်ဆိုဘွယ် ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း နောက်ဆုံး၌ အကျိုးအပြစ်ကို ခံရကြလတံ့။ကောရိ န္တု သြဝါဒစာဒုတိယစောင် ၁၁း၁၃း၁၅
၁၆။မိစ္ဆာပရောဖက်တို့သည်အံ့ဘွယ်သောအမှုတို့ကို ပြကြလိမ့်မည်။
ထိုအခါ သူတပါးက၊ ဤအရပ်၌ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟုဆိုသော်လည်း မယုံကြနှင့်။
၂၄ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သော သူတို့ကိုပင် လှည့်ဖြားနိုင်လျှင်လှည့်ဖြားလောက်အောင်ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ပြကြလိမ့်မည်။
ထိုအကြောင်းအရာတို့ကိုငါပြောနှင့်ပြီ။
ထိုကြောင့်သူတို့က ခရစ်တော်သည်တော၌ရှိသည်ဟု ဆိုသော်လည်း မထွက်သွားကြနှင့်။ တိုက်ခန်း၌ရှိသည်ဟုဆိုသော်လည်း မယုံကြနှင့်။
လျှပ်စစ်သည် အရှေ့ မှ ပြက်၍အနောက်တိုင်အောင်ထွန်းလင်းသကဲ့သို့၊ လူသားသည်ကြွလာ တော်မူလတံ့။ရှင်မဿဲခရစ်ဝင် ၂၄း၂၃း၂၇
၁၇။ထူးဆန်းသော ပျက်ဆီးခြင်းသို့ ရောက်လိမ့်မည်
အဘယ်သို့နည်း ဟူမူကား၊ ဝှက်ထားလျက်ရှိသော ထိုဓမ္မအရာသည် ယခုပင် ပြုပြင်ဆဲရှိ၏။ သို့သော်လည်း၊ ဆီးတားသောသူသည် ပယ်ရှင်းခြင်းသို့ မရောက်မှီတိုင်အောင် ဆီးတားလိမ့်မည်။
ပယ်ရှင်းခြင်း သို့ ရောက်သောအခါ ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည်။ ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက် ဝိညာဉ်တော်အားဖြင့် ဖျက်ဆီး၍၊ ကြွလာတော်မူခြင်း၏ ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည်။
ထိုအဓမ္မလူ၏ လာခြင်းအကြောင်း ဟူမူကား၊ စာတန်ပြုပြင်သောအားဖြင့် မုသာနှင့်စပ်ဆိုင်သော ထူးဆန်းသော တန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုအမျိုးမျိုးနှင့်၎င်း၊
ပျက်ဆီးခြင်းသို့ ရောက်သောသူတို့တွင်၊ မတရားသော လှည့်ဖြားခြင်း အမျိုးမျိုးနှင့်၎င်း လာလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ သမ္မာတရား၌ မွေ့လျော်သော စိတ်ကို မခံမယူကြ။
ထိုကြောင့်၊ သမ္မာတရားကိုမယုံဘဲ၊ မတရားသောအမှု၌ မွေ့လျော်သောသူအပေါင်းတို့သည်၊
တရားရှုံးခြင်းသို့ ရောက်မည်အကြောင်း၊ မုသာစကား ကို ယုံစိမ့်သောငှါ၊ မိစ္ဆာဒိဌိပြုပြင်အားထုတ်ခြင်း အခွင့်ကို သူတို့၌ ဘုရားသခင်လွှတ်တော်မူလိမ့်မည်။
သက်သာလောနိတ်သြဝါဒစာဒုတိယစောင်၂း၇း၁၂
၁၈။စစ်တိုက်စေခြင်းငှါ။ရှင်းရှင်းဖျက်ဆီးလိမ့်မည်
ဤပြည်နှင့် ပြည်သားများကို၎င်း၊ ပတ်ဝန်းကျင်၌ ရှိသော လူအမျိုးမျိုး တို့ကို၎င်း၊ စစ်တိုက်စေခြင်းငှါ၊ ငါ၏ကျွန် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာအစရှိသော မြောက်ပြည်သား အမျိုးမျိုး အပေါင်းတို့ကို ငါမှာလိုက်၍ ဆောင်ခဲ့ပြီးလျှင်၊ ရှင်းရှင်းဖျက်ဆီး၍၊ ဤပြည်သားတို့ကို အံ့သြဘွယ်ရာ၊ ကဲ့ရဲ့သံကို ကြားရာ၊ အစဉ်အမြဲလူဆိတ်ညံရာဖြစ်စေမည်။ယေရမိအနာဂတ္တိကျမ်း ၂၅း
၉