Saturday, March 16, 2019

ငါသည်လည်း မြေကြီးနှင့်ခွါ၍ မြှောက်ထားခြင်းကို ခံရလျှင်၊ လူအပေါင်းတို့ကို ငါ့ထံသို့ငါဆွဲမည်ဟု မိန့်တော်မူ၏။

ထိုအခါ ထာဝရဘုရားသည်၊ ဣသရေလ အမျိုးသားတို့တွင် မီးမြွေများကို စေလွှတ်တော်မူ၍၊ လူအများတို့သည် အကိုက်ခံရသဖြင့် သေကြ၏။
၇ ထိုကြောင့် လူများတို့သည် မောရှေထံသို့လာ၍ ကျွန်ုပ်တို့သည် ထာဝရဘုရားနှင့် ကိုယ်တော်ကို ဆန့်ကျင်လျက် ပြောဆို၍ ပြစ်မှားပါပြီ။ ထာဝရဘုရားသည် မြွေများကို အကျွန်ုပ်တို့လက်မှ ပယ်ရှားတော်မူမည်အကြောင်း ဆုတောင်းပါဟု လျှောက်လျှင်၊ မောရှေသည် လူများအဘို့ ဆုတောင်းလေ၏။
၈ ထာဝရဘုရားကလည်း၊ မီးမြွေရုပ်ကိုလုပ်၍ တိုင်ပေါ် မှာ မြောက်ထားလော့။ အကိုက်ခံရသောသူတိုင်း ကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်ဟု မောရေအား မိန့်တော်မူသည်အတိုင်း၊
၉ မောရှေသည် ကြေးဝါဖြင့် မြွေကိုလုပ်၍ တိုင်ပေါ်မှာ မြောက်ထားပြီးလျှင် မြွေကိုင်သောသူ မည်သည်ကား ကြေးဝါမြွေကို ကြည့်ရှုသောအခါ အသက်ချမ်းသာရကြ၏။တောလည်ရာကျမ်း အခန်းကြီး ၂၁
ငါသည်လည်း မြေကြီးနှင့်ခွါ၍ မြှောက်ထားခြင်းကို ခံရလျှင်၊ လူအပေါင်းတို့ကို ငါ့ထံသို့ငါဆွဲမည်ဟု မိန့်တော်မူ၏။
၃၃ ထိုသို့မိန့်တော်မူသော်၊ မိမိသည် အဘယ်သို့သေရမည်အရိပ်ကို ပေးတော်မူ၏။
၃၄ လူများတို့ကလည်း၊ ခရစ်တော်သည် အစဉ်အမြဲတည်သည်ဟု ပညတ္တိကျမ်း၌လာကြောင်းကို အကျွန်ုပ်တို့ ကြားသိရပြီ။ သို့ဖြစ်လျှင် လူသားသည် မြှောက်ထားခြင်းကို ခံရမည်ဟု သင်သည်အဘယ် သို့ဆိုသနည်း။ ထိုလူသားသည် အဘယ်သို့သောသူနည်းဟု ဆိုကြ၏။
၃၅ ယေရှုကလည်း၊ အလင်းသည် သင်တို့တွင်ခဏသာရှိ၏။ အလင်းရှိစဉ်အခါ သွားလာကြလော့။ သို့မဟုတ်လျှင် မှောင်မိုက်သည် သင်တို့ကိုမှီလိမ့်မည်။ မှောင်မိုက်၌ သွားသောသူသည် အဘယ်ဆီသို့ မိမိသွားသည်ကိုမိမိမသိ။
၃၆ အလင်း ရှိစဉ်အခါ အလင်း၏သား ဖြစ်အံ့သောငှါ အလင်းကိုယုံကြည်ကြလော့ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူပြီးမှ ယေရှုသည်ထွက်ကြွ၍ ထိုသူတို့ကို တိမ်းရှောင်လျက် နေတော်မူ၏။ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး ၁၂

လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရသည်ကို ငါသိမြင်၏။
၃၆ အလုံးစုံတို့ကို အစိုးရတော်မူသော သခင်ယေရှုခရစ်အားဖြင့် ရန်ငြိမ်းခြင်း တရားဟူသော ဧဝံဂေလိတရားကို ဟောတော်မူလျှက်၊ ဣသရေလအမျိုးသားတို့အား ပေးလိုက်တော်မူသော တရားတော်နှင့်အညီ၊
၃၇ ယောဟန်သည် ဗတ္တိဇံ တရားကို ဟောသည်နောက် ဂါလိလဲပြည်မှစ၍ ယုဒပြည်အရပ် ရပ်တို့၌ နှံ့ပြားသောအကြောင်းအရာကို သင်တို့သည်သိကြ၏။
၃၈ ထိုအကြောင်းအရာဟူမူကား၊ ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်၎င်း၊ တန်ခိုးတော်နှင့်၎င်း၊ နာဇရက်မြို့သားယေရှုကို ဘိသိက်ပေးတော် မူသဖြင့်၊ ထိုသူသည် ဘုရားသခင်၏အခွင့်တော်နှင့် ကျေးဇူးပြုလျက် မာရ်နတ်ညှဉ်းဆဲသောသူအပေါင်းတို့အား ချမ်းသာကိုပေး လျက် လှည့်လည်တော်မူ၏။
၃၉ ငါတို့သည်လည်း၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်တွင် ပြုတော်မူသော အမှုများတို့၏ သက်သေခံဖြစ်ကြ၏။ ထိုသူကို သစ်တိုင်၌ဆွဲ၍ ကွပ်မျက်ကြလေ၏။
၄၀ သုံးရက်မြောက်သော နေ့၌ ဘုရားသခင်သည် ထမြောက်စေတော်မူ၍၊တမန်တော်ဝတ္ထု အခန်းကြီး ၁၀
သင်တို့သည် အထက်ကဝေးလျက် ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်၌ ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ရောက်ကြပြီ။
၁၄-၁၅ အဘယ်သို့နည်းဟူမူကား၊ ထိုသခင်သည် ငါတို့၏ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။ ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သော ပညတ်တရားတည်းဟူသော ရန်ငြိုးဖွဲ့ခြင်း၏ အကြောင်းကို ကိုယ်ခန္ဓွာတော်တွင် ပယ်ရှင်းတော်မူသဖြင့်၊ ပိုင်းခြားလျက် ရှိသောစပ်ကြား အုတ်တန်တိုင်းနံရံကို ဖြိုဖျက်၍ လူမျိုးနှစ်စုတို့ကို တစုတည်း ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကိုငြိမ်းစေပြီးလျှင်၊
၁၆ ကိုယ်တော်၌ ထိုလူစုနှစ်စုတို့ကို လူသစ်တဦးတကိုယ် တည်း ဖြစ်စေခြင်းငှါ ပြင်ဆင်၍၊ တလုံးတဝတည်းဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ကိုသတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေမည်အကြောင်းတည်း။
၁၇ ထိုခရစ်တော်သည်လည်း ကြွလာ၍၊ ဝေးလျက်ရှိသော သင်တို့အား၎င်း၊ နီးလျက်ရှိသော ငါတို့အား၎င်း၊ ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူ၏။
၁၈ ထိုသို့ ခရစ်တော်အားဖြင့် ငါတို့နှစ်ဦးသည် စိတ်ဝိညာဉ်တလုံးတဝတည်း ဖြစ်၍၊ ခမည်းတော်ထံသို့ တိုးဝင်ရမည့်အခွင့်ကို ရကြပြီ။
၁၉ ထိုကြောင့်၊ သင်တို့သည် တကျွန်းတနိုင်ငံသားမဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားခြင်း ဖြစ်ကြ၏။ ဘုရားသခင်၏ အိမ်တော်သားလည်း ဖြစ်ကြ၏။
၂၀ အဘယ်သို့နည်း ဟူမူကား၊ တမန်တော် မှစ၍ ပရောဖက်များတည်း ဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏။ဧဖက်သြဝါဒစာ အခန်းကြီး ၂
ညီအစ်ကိုချင်းဖြစ်ကြ၏။ ရှင်မဿဲခရစ်ဝင် ၂၃း ၈
ထိုမှတပါးတပည့်တော်တို့သည် မိမိတို့တွင်အဘယ်သူသည် သာ၍ကြီးမြတ်သနည်းဟု အချင်းချင်း ငြင်းခုံ ခြင်းရှိသည်ဖြစ်၍၊
ကိုယ်တော်က၊ လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အာဏာထား သောသူတို့ကိုလည်း ကျေးဇူးရှင်ဟူ၍ ခေါ်ဝေါ်ကြ၏။
သင်တို့မူကားထိုသို့မပြုကြနှင့်၊ သင်တို့တွင်အကဲ အမှူးပြုသောသူကိုငယ်သား ကဲ့သို့ဖြစ်စေ။ အုပ်စိုးသောသူကိုလည်းအစေခံကဲ့သို့ဖြစ်စေ။ ရှင်လုကာခရစ်ဝင် ၂၂း၂၄-၂၆
မိမိတပည့်တို့နှင့် ဟေရုဒ်တပည့်တို့ကို အထံတော်သို့ စေလွှတ်၍ အရှင်ဘုရား၊ ကိုယ်တော်သည်သစ္စာရှိပါ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘရားသခင်၏ တရားလမ်းကိုဟုတ်မှန်စွာ ပြတော်မူသည်ကိုအကျွန်ုပ်တို့ သိကြပါ၏။ ရှင်မဿဲခရစ်ဝင် ၂၂း ၁၆
ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊ လူမျက်နှာကို ထောက် ခြင်းမရှိကြနှင့်။
ရွေလက်စွပ်နှင့် တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူ၊ ညစ်သောအဝတ်ကို ဝတ်၍ ဆင်းရဲသော သူနှစ်ဦးသည် သင်တို့၏ တရားစရပ်ထဲသို့ ဝင်သောအခါ၊
တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကိုကြည့်၍၊ ကောင်းမွန်သောဤအရပ်မှာထိုင်ပါဟူ၍၎င်း၊ ဆင်းရဲသောသူကို၊ ဟိုမှာနေ လော့။ သို့မဟုတ်ဤအရပ်မှာ ငါ့ခြေတင် ခုံအောက်၌ ထိုင်လော့ဟူ၍၎င်း၊ သင်တို့သည်ပြောဆိုလျှင်၊
တဘက်၌ ငဲ့ကွက်သောစိတ်ရှိ၍ မကောင်းသောအကြံ အစည်နှင့်စီရင်သောသူဖြစ်ကြသည်မဟုတ်လော။
ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ လောကတွင်ဆင်းရဲ သောသူတို့သည် ယုံကြည်ခြင်း ရတနာကိုရတတ်စေခြင်းငှါ၎င်း၊ ဘုရားသခင်ကိုချစ်သောသူတို့အားပေးမည်ဟုဝန်ခံ တော်မူသောနိုင်ငံတော်၏ အမွေခံဖြစ်စေခြင်းငှါ၎င်း၊ ထိုသူတို့ကိုရွေးကောက်တော်မူသည်မဟုတ်လော။
သင်တို့သည် ဆင်းရဲသော သူကိုမထီမဲ့မြင်ပြုကြသည်တကား။ ငွေရတတ်သောသူတို့သည် သင်တို့ကို ညှဉ်းဆဲနှိပ်စက်ကြသည် မဟုတ်လော။ တရားပလ္လင်ရှေ့သို့ ဆွဲငင်ကြသည်မဟုတ်လော။
သင်တို့ကို သမုတ်သောနာမတော်မြတ်ကို သူတို့သည် ကဲ့ရဲ့ကြသည်မဟုတ်လော။
ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ၌ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ ကောင်းသောအကျင့်ကိုကျင့်ရာသို့ရောက်ကြ၏။
သို့မဟုတ် လူမျက်နှာကို ထောက်လျှင်၊ ဒုစရိုက် ကိုပြုသောသူဖြစ်ကြ၏။ တရားကိုလွန်ကျူးသောသူဟု ပညတ်တော်အားဖြင့် ထင်ရှားစွာဖြစ်ကြ၏။ ရှင်ယာကုပ်သြဝါဒစာ ၂း၁-၉
ထိုသူက၊ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဥာဏ်ရှိသမျှနှင့်ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ပြန်လျှောက်လေ၏။ ရှင်လုကာခရစ်ဝင်၁၀း၂၇
ထိုသူသည်လည်းထ၍ နောက်တော်သို့ လိုက်လေ၏။ ထိုနောက်မှ သူ၏အိမ်တွင်စားပွဲ၌ လျောင်းတော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများ တို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌လျောင်းကြ၏။ ထိုသူအများတို့သည် နောက်တော် သို့လိုက်ကြ၏။
ထိုသို့အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ စားတော်မူသည်ကို ကျမ်းပြုဆရာ ဖာရိရှဲတို့သည် မြင်လျှင်၊ ဤသူသည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသောက်သနည်း ဟု တပည့်တော်တို့အားဆိုကြ၏။
ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသော သူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှါ ငါလာသည်မဟုတ်၊ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ၏။ ရှင်မာကုခရစ်ဝင် ၂း၁၅-၁၇
ထိုမိန်းမကလည်း၊ သင်သည် ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမ ဖြစ်သော အကျွန်ုပ်ကို အဘယ်ကြောင့်သောက်ဘို့ တောင်းသနည်းဟု ဆို၏။ ဆိုသည်အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့် ပေါင်းဘော် ခြင်းမရှိ။ ရှင်ယောဟန်ခရစ်ဝင် ၄း၉
ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင်၊ မိမိတို့အရပ်၌ နေတော်မူမည်အကြောင်း တောင်းပန်ကြ၏။ ထိုအရပ်၌ နှစ်ရက်နေ တော်မူ၏။
အခြားသောသူအများတို့သည် နှုတ်ကပတ်စကားတော်ကြောင့် ယုံကြည်၍၊
ထိုမိန်းမအား၊ ယခုဖြစ်လျှင် ငါတို့သည် သင်၏စကားကြောင့်သာ ယုံကြည်သည်မဟုတ်။ စကားတော်ကို ကိုယ်တိုင်ကြားနာရ၍၊ ဤသူသည် လောကီသားတို့ကို ကယ်တင်တော်မူသော သခင်တည်းဟူသော ခရစ်တော်အမှန်စင်စစ် ဖြစ်တော်မူကြောင်းကို သိသည်ဟု ဆိုကြ၏။
နှစ်ရက်လွန်ပြီးလျှင်၊ ထိုအရပ်မှထွက်၍ နာဇနက်မြို့ကို ရှောင်လျက် ဂါလိလဲပြည်သို့ ကြွတော်မူ၏။
အကြောင်းမူကား၊ ပရောဖက်သည် မိမိနေရင်းပြည်၌ အသရေမရှိဟု ယေရှုသည် ကိုယ်တိုင်သက်သေ ခံတော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၄း၄၀၄၅
ထိုသို့စားပွဲ၌ လျောင်းတော်မူသည်ကို ထိုမြို့၌ဆိုးသောမိန်းမတယောက် သည် သိလျှင်၊ ဆီမွှေးကျောက်ဖြူခွက်တလုံးကိုယူခဲ့၍၊
နာက်တော်၌ ခြေတော်အနီးမှာရပ်လျက် ငိုကြွေး၍ ခြေတော်ပေါ်သို့ မျက်ရည်ကျလျှင် မိမိဆံပင်နှင့်သုတ်လေ၏။ ခြေတော်ကိုလည်း နမ်း၍ဆီမွှေးနှင့်လိမ်းလျက်နေ၏။
ကိုယ်တော်ကိုခေါ်ပင့်သော ဖာရိရှဲသည်မြင်လေသော်၊ ဤသူသည်ပရောဖက်မှန်လျင် ခြေတော်ကိုကိုင်သော ဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကို သိလိမ့်မည်။ ဤမိန်းမသည်ဆိုးသောသူဖြစ်သည်ဟု ထင်မှတ်၏။
ယေရှုကလည်း အချင်းရှိမုန်၊ သင့်အားငါပြောစရာတခုရှိသည်ဟု မိန့်တော်မူလျှင်၊ အရှင်ဘုရား အမိန့် ရှိတော်မူပါဟု လျှောက်သော်၊
ယေရှုက၊ ဥစ္စာရှင်တဦး၌ ကြွေးစားနှစ်ဦးရှိ၏။ တယောက်၌ကား ဒေနာရိအပြား ငါးရာ၊ တယောက်၌ကား ငါးဆယ်ကြွေးရှိ၏။
သူတို့သည် ကြွေးဆပ်ရန်မရှိသောကြောင့်၊ ကြွေးရှင်သည် ထိုသူ နှစ်ယောက်တို့ကို အချည်းနှီးလွှတ်၏။ သို့ဖြစ်လျှင် ထိုသူနှစ်ယောက်တွင် အဘယ်သူသည် ကြွေးရှင်ကိုသာ၍ ချစ်လိမ့်မည်နည်းဟု မေးတော်မူ၏။
ရှိမုန်ကလည်း၊ သာ၍ကျေးဇူး ကိုခံရသောသူသည် သာ၍ချစ်လိမ့်မည် အကျွန်ုပ်ထင်ပါ၏ ဟုလျှောက်လျှင်၊ ယေရှုက၊ သင်ထင်သည် အတိုင်းမှန်ပေ၏ဟု မိန့်တော်မူပြီးမှ၊
ထိုမိန်းမကိုလှည့်၍ ရှိမုန်အားလည်း၊ သင်သည် ဤမိန်းမကို မြင်သလော။ သင်၏အိမ်သို့ငါဝင်သော် သင်သည်ခြေဆေးရေကိုမပေး။ ဤမိန်းမမူကား၊ ငါ့ခြေပေါ်သို့ မျက်ရည်ကျ၍ မိမိဆံပင်နှင့်သုတ်လေပြီ။
သင်သည် ငါ့ကိုမနမ်း။ သူမူကား၊ ငါ့အိမ်သို့ဝင်သောအချိန် မှစ၍ ငါ့ခြေကိုနမ်းလျက် မစဲဘဲနေ၏။
သင်သည် ငါ့ခေါင်းကို ဆီနှင့်မလိမ်း။ သူမူကား၊ ငါ့ခြေကိုဆီမွှေး နှင့်လိမ်းလေပြီ။
ထိုကြောင့် ငါဆိုသည်ကား၊ သူသည်များစွာသောအပြစ်တို့နှင့်လွတ်သည်ဖြစ်၍ အလွန်ချစ်တတ်၏။ အနည်းငယ် သော အပြစ်လွတ်သောသူသည် အနည်းငယ်မျှသာချစ်တတ်သည်ဟု မိန့်တော်မူ၏။
ထိုမိန်းမအားလည်း၊ သင်သည် အပြစ်တို့နှင့် လွတ်လေပြီဟု မိန့်တော်မူ၏။
စားပွဲ၌လျောင်းသောသူတို့က၊ အပြစ်ကိုလွှတ်သော ဤသူကား အဘယ်သူနည်းဟု အောက်မေ့ကြ၏။
ယေရှုသည် ထိုမိန်းမအား သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်ပြီ။ ငြိမ်ဝပ်စွာသွားလော့ဟု မိန့်တော်မူ၏။ ရှင်လုကာခရစ်ဝင် ၇း၃၇-၅၀
နက်ဖြန်နေ့၌ နာဣနမြို့သို့ ကြွတော်မူ၍၊ တပည့်တော်များနှင့် လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။
မြို့တံခါးအနီးသို့ရောက်သောအခါ၊ မုဆိုးမ၌တယောက်တည်းသောသား အသေကောင်ကို သင်္ဂြိုလ်ခြင်းငှါ ထုတ်သွား၍၊ မြို့သူမြို့သားများတို့သည် လိုက်ကြ၏။
သခင်ဘုရားသည် ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ၍၊ မငိုနှင့်ဟု မိန့်တော်မူလျက် အနီးသို့ကြွ၍ တလားကို လက်နှင့်တို့ တော်မူသဖြင့်၊ ထမ်းသောသူတို့သည် ရပ်၍နေကြ၏။
ကိုယ်တော်ကလည်း၊ အချင်းလုလင်၊ ထလော့၊ သင့်အား ငါအမိန့်ရှိသည်ဟု မိန့်တော်မူလျှင်၊
သေသောသူသည် ထိုင်၍စကားပြော၏။ ကိုယ်တော်သည်လည်း ထိုသူကို မိခင်အား အပ်ပေးတော်မူ၏။
ရှင်လုကာခရစ်ဝင် ၇း၁၁-၁၅
သူငယ်သေကြောင်းကို ထိုသူတို့သည် သိသဖြင့် ကိုယ်တော်ကိုပြက်ယယ်ပြုကြ၏။
ထိုသူရှိသမျှ တို့ကို ပြင်သို့ထွက်စေပြီးမှ သူငယ်၏ လက်ကိုကိုင်တော်မူလျက်၊ သူငယ်ထလော့ဟု ခေါ်တော်မူသည်တွင်၊
စိတ်ဝိညာဉ်ပြန်လာ၍ မိန်းမငယ်သည် ချက်ခြင်းထလေ၏။ သူ့အားစားစရာ ပေးလော့ဟု မိန့်တော်မူ၏၊ မိဘတို့သည် မိန်းမောတွေဝေခြင်းသို့ရောက်ကြ၏။ ထိုအမှုအရာကို အဘယ်သူအား မျှမပြောရမည်အကြောင်း ပညတ်တော်မူ၏။ ရှင်လုကာခရစ်ဝင်၅၃-၅၆
ယေရှုသည် ထိုမိန်းမကိုမြင်တော်မူလျှင် အထံတော်သို့ခေါ်၍၊ အချင်းမိန်းမ၊ သင်သည်အနာ ရောဂါနှင့် လွတ်၏ဟု မိန့်တော်မူလျက်၊
သူ့အပေါ်မှာလက်တော်ကို တင်တော်မူသဖြင့်၊ သူသည်ချက်ခြင်း တည့်မတ်ခြင်းသို့ရောက်၍ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းလေ၏။ ရှင်လုကာခရစ်ဝင် ၁၃း၁၂-၁၃
ဤသိုးခြံသို့ မဝင်သောအခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတခု သိုးထိန်းတပါးတည်းရှိရလိမ့်မည်။ ရှင်ယောဟန်ခရစ်ဝင်
၁၀-၁၆
ကောင်းကင် ဖွင့်လှစ်သည် ကို၎င်း၊ ခြုံထည်ကဲ့သို့ လေးထောင့်ချုပ်၍ မြေသို့ချလွှတ်သောတန်ဆာသည် မိမိဆီသို့ဆင်းသက် လာသည်ကို၎င်း မြင်လေ၏။

ထိုတန်ဆာထဲ၌ သားရဲမှစ၍ မြေ၌ကျင်လည်သော သားမျိုး၊ တွားတတ်သော တိရစ္ဆာန်မျိုး၊ မိုဃ်းကောင်း ကင်၌ကျင်လည်သောငှက်မျိုး တို့သည်ရှိကြ၏။
စကားအသံသည်လည်း၊ ပေတရုထ၍ သတ်စားလော့ဟုလာ၏။
ပေတရုကလည်း မဖြစ်နိုင်ပါသခင်။ ညစ်ညူးသောအရာနှင့် မဆင်ကြယ်သော အရာကို အကျွန်ုပ်သည် တရံတခါမျှမစားဘူးပါဟု ပြောဆို၏။
နောက်တဖန် စကားသံကား ဘုရားသခင် ဆင်ကြယ်တော်မူသောအရာကို ညစ်ညူးသည်မထင်နှင့်ဟု လာပြန်၏။
ထိုသို့ သုံးကြိမ်မြောက်အောင် လာပြီးလျှင် ထိုတန်ဆာကို ကောင်းကင်ထဲသို့ သိမ်းရုပ်ပြန်လေ၏။
ပတရုသည် မိမိမြင်ရသောဗျာဒိတ်ရူပါရုံကား အဘယ်သို့ဆိုလိုသနည်းဟု တွေးတောဆင်ခြင်၍နေစဉ်တွင်၊ ကော်နေလိစေလွှတ်သောသူတို့သည် ရှိမုန်အိမ်ကိုမေးမြန်းရှာဖွေ၍ တံခါးရှေ့မှာရပ်လျက်၊
ပေတရု အမည်သစ်ကိုရသော ရှိမုန်သည် ဤမှာတည်းနေပါသလောဟု မေးမြန်းဟစ်ခေါ်ကြ၏။
ပေတရုသည် ထိုဗျာဒိတ်ရူပါရုံကို ဆင်ခြင်၍နေစဉ်တွင် ဝိညာဉ်တော်က လူသုံးယောက်တို့သည် သင့်ကိုရှာကြ၏။
ထ၍ ဆင်းလော့။ တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ လိုက်သွားလော့။ အကြောင်းမူကား၊ ထိုသူတို့သည် ငါစေလွှတ်သောသူဖြစ်ကြသည်ဟု မိန့်တော်မူလျှင်၊
ပေတရုသည် ဆင်း၍၊ ငါကား၊ သင်တို့ရှာသောသူဖြစ်၏။ အဘယ်အကြောင်းရှိ၍ လာကြသနည်းဟု သူတို့အားမေး၏။
ထိုသူတို့ကလည်း ဘုရားသခင်ကို ကြောက်ရွံ့၍၊ ယုဒလူအပေါင်းတို့တွင် အသရေရှိသောသူတော်ကောင်းတည်းဟူသော တပ်မှူးကော်နေလိသည်၊ ကိုယ်တော် ကိုမိမိအိမ်သို့ ခေါ်ပင့်၍ ကိုယ်တော်၏စကားကို နားထောင်ရမည်အကြောင်း သန့်ရှင်းသောကောင်းကင်တမန် အားဖြင့် ဗျာဒိတ်တော်ကို ခံရပါသည်ဟု ပြန်ပြောကြ၏။
ပေတရုသည်လည်း ထိုသူတို့ကို အိမ်ထဲသို့ခေါ်၍ ဧည့်သည်ဝတ်ကိုပြုလေ၏။ နက်ဖြန်နေ့၌ထ၍ ထိုသူတို့နှင့်အတူ သွားသဖြင့်၊ ယုပ္ပေမြို့သားဖြစ်သော ညီအစ် ကိုအချို့တို့သည် လိုက်ကြ၏။
ထိုနောက်တနေ့၌ ကဲသရိမြို့သို့ဝင်ကြ၍၊ ကော်နေလိသည် မိမိအဆွေအမျိုး မိတ်ခင်ပွန်းများတို့ကို စုဝေးစေပြီးလျှင၊် ထိုသူတို့ကိုမျှော်လင့်လျက်နေကြ၏။
ပေတရုရောက်လာသောအခါ ကော်နေလိသည် ခရီးဦး ကြိုပြု၍၊ ပေတရု၏ခြေရင်း၌ ပြပ်ဝပ်လျက်ကိုးကွယ်လေ၏။
ပေတရုသည် သူ့ကိုချီပင့်လျက်၊ ထလော့။ ငါကိုယ်တိုင် လူဖြစ်သည်ဟု ဆို၏။
ထိုသို့နှုတ်ဆက်၍ ဝင်လေသော် စုဝေးလျက်ရှိကြသော လူများကိုတွေ့လျှင်၊
ပတရုက၊ ယုဒလူဖြစ်သောသူတို့သည် တပါးအမျိုးသားတို့နှင့် မပေါင်းဘော်မချဉ်းကပ်အပ်သည်ကို သင်တို့သိကြ၏။ သို့သော်လည်း ညစ်ညူးသည်မဆင်ကြယ်ဟု အဘယ်သူကိုမျှ မခေါ်ရမည်အကြောင်း၊ ဘုရားသခင်သည်၊ ငါ့အားဆုံးမပြသတော်မူပြီ။ တမန်တော်ဝတ္ထု ၁၀း၁၁-၂၈
ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောက်ျားမရှိ၊မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တလုံးတဝတည်း ဖြစ်ကြ၏။ ဂလာတိသြဝါဒစာ ၂း၂၈
သို့ဖြစ်လျှင်၊ ဣသရေလလူတို့သည် လဲ၍နေကြသည်တိုင်အောင် ထိမိကြပြီလောဟု မေးသော်၊ လဲ၍ မနေရကြ။ သူတို့၏စိတ်ကို နှိုးစော်စရာအကြောင်း ရှိစေခြင်းငှါ၊ သူတို့၏လဲခြင်းအားဖြင့် ကယ်တင်တော်မူခြင်း ကျေးဇူးသည် တပါးအမျိုးသားတို့၌ သက်ရောက်လေ၏။
သူတို့၏ လဲခြင်းအရာသည် လောကီသားတို့၏ စီးပွားကို၎င်း၊ သူတို့၏ရှုံးခြင်းအရာသည် တပါးအမျိုးသားတို့၏ စီးပွားကို၎င်း ပြုစုလျှင်၊ သူတို့၏ပြည့်စုံခြင်းအရာသည် သာ၍ ပြုစုမည်မဟုတ်လော၊
ထိုသို့ဆိုသော်၊ ငါသည် တပါးအမျိုးသား တို့နှင့် ဆိုင်သောတမန်တော်ဖြစ်သည် နှင့်အညီ၊ ထိုတမန်တော်၏အရာကို ချီးမွမ်းလျက်၊ ငါ့အမျိုးသားချင်းတို့ ၏စိတ်ကို တခုခုအားဖြင့် နှိုးစော်၍၊ အချို့တို့ကို ကယ်တင်ခြင်းငှါ တပါးအမျိုးသားဖြစ်သော သင်တို့အား ဆိုရသတည်း။ေ ရာမၾသဝါဒစာ ၁၁း၁၁-၁၃
အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တပါးတည်း အားဖြင့် တကိုယ်တည်း ထဲသို့ ဗတ္တိဇံ ကိုခံကြ၏။ ငါတို့ရှိသမျှသည် တစိတ်တဝိညာဉ်တည်းထဲသို့လည်း သောက်ကြ၏။ကောရိ န္တု သြဝါဒစာပဌမစောင် ၁၂း၁၃
ငါတို့သည် ဘုရားသခင့်ထံ၌ အလုပ်လုပ်သောသူ ချင်းဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ဥယျာဉ်တော် ဖြစ်ကြ၏။ ဘုရားသခင်၏ ကျောင်းတော်တိုက်လည်းဖြစ်ကြ၏။
ဘုရားသခင်၏ ကျေးဇူးတော်ကိုငါခံရသည်နှင့်အညီ၊ လိမ္မာ သော ဗိသုကာကဲ့သို့ တိုက်မြစ်ကိုချပြီ။ အခြားသောသူသည် ထပ်ဆင့်၍တည်ဆောက်လေ၏။ သို့ရာတွင် အဘယ်သို့ထပ်ဆင့်၍ တည်ဆောက်သည်ကို လူတိုင်းသတိ ပြုပါစေ။
အကြောင်းမူကား၊ ယေရှုခရစ် တည်းဟူသော၊ ချလျက်ရှိသောတိုက်မြစ်မှ တပါးအခြား သောတိုက် မြစ်ကိုအဘယ်သူမျှမချနိုင်။ ကောရိ န္တု သြဝါဒစာပဌမစောင်၃း၉-၁၃
အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်၊ ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော တအိမ်ထောင်လုံး တည်းဟူသော သားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ရှေ့မှာ ငါသည် ဒူးထောက်၍ ဆုတောင်းလေ့ရှိ၏ ဧဖက်သြဝါဒစာ ၃း၁၄-၁၅
ယုဒအမျိုး၊ ဟေလသအမျိုးကို မရွေး၊ လူအပေါင်းတို့ကို အစိုးရသော အရှင်တပါးတည်းရှိ၍၊ ကိုယ်တော်ကို ပဌနာပြုသောသူအပေါင်းတို့၌ ကျေးဇူးကြွယ်ဝတော်မူ၏။
အကြောင်း မူကား၊ ထာဝရဘုရား ကို ပဌနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။
သို့ရာတွင်၊ မယုံကြည်လျှင် အဘယ်သို့ပဌနာပြုနိုင်မည်နည်း။ သိတင်းမကြားလျှင် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ကြားနိုင်မည်နည်း။ ရောမသြဝါဒစာ ၁၀း၁၂-၁၃
များစွာသောဆွေးနွေးငြင်းခုန်ခြင်းရှိသောအခါ ပေတရုသည်ထလျှက်၊ ညီအစ်ကိုတို့၊ ဘုရားသခင်သည် ရှေ့ဦးစွာငါတို့တွင် ရွေးကောက်တော်မူ၍၊ ငါဟောပြောသောအားဖြင့် တပါးအမျိုးသားတို့သည် ဧဝံဂေလိတရား ကိုကြားနာ၍ ယုံကြည်ရမည်အကြောင်း စီရင်တော်မူသည်ကို သင်တို့သိကြ၏။
စိတ်နှလုံးကိုသိတော်မူသော ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အားပေးသည်နည်းတူ သူတို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံတော်မူ၏။
ယုံကြည်ခြင်းအားဖြင့်လည်း သူတို့၏စိတ်နှလုံးကို စင်ကြယ်စေ၍ ငါတို့ကိုခြားနားစေတော်မမူ။
တမန်တော်ဝတ္ထု ၁၅း၇-၉
အသစ်မွေးဖွားခြင်း
၁။လူတို့ ၏ဇာတိပကတိအခြေအနေအဘယ်သို့ နည်း။
အဘယ်ကြောင့်နည်းဟူမူကား၊လူအပေါင်းတို့ သည်ဒုစရိုက်ကြို့ပု၍ ဘုရားသခင်ရှေ့ တော်၌ အသရေပျက်
ကြပြီ။ ရောမသြ၀ါဒစာ ၃း၂၃။
သင်တို့သည်အထက်ကလောကီတရားသို့လိုက်၍အာကာသကောင်းကင်၏တန်ခိုးကိုအစိုးရသောမင်းတည်း
ဟူသောငြင်းဆန်သောသူတို့၌ပြုပြင်သောဝိညာဉ်၏အလိုနှင့်အညီ၊ဒုစရိုက်အပြစ်တို့၌ ကျင်လည်ကြ၍၊ထိုဒု
စရိုက်အပြစ်၌သေလျှက်ရှိနေသောသင်တို့ ကိုပင် ဘုရားသခင်သည်အသက်ရှင်စေတော်မူပြီ။ထိုငြင်းဆန်
သောသူတို့နှင့်တကွငါတို့ ရှိသမျှသည်အထက်ကကိုယ်ကာယ၏အလိုသို့၎င်း၊စိတ်၏အလိုသို့ ၎င်းလိုက်သဖြင့်
ကာမဂုဏ်တို့၌ကျင်လည်သည်ဖြစ်၍ကြွင်းသောသူတို့ ကဲ့သို့ ပင်ပကတိအတိုင်းအမျက်တော်ကိုခံရသောသူ
ဖြစ်ကြ၏။ ဧဖက်သြ၀ါဒစာ ၂း၁-၃။
၂။ဘုရားသခင်ကိုဖူးတွေ့ဖို့ အခွင့်အဘယ်သူသာရသနည်း။
စိတ်နှလုံးနှိမ့်ချသောသူတို့ သည် မင်္ဂလာရှိကြ၏။အကြောင်းမူကား ထိုသူတို့ သည်ဘုရားသခင်ကိုမြင်ရကြ
လတ္တံ့ ။ရှင်မဿဲခရစ်ဝင် ၅း၈။
၃။လူ၌ရှိသောအခြေအနေကိုလူသည်ကိုယ်တိုင်ကျိုးစားခြင်းအားဖြင့်ပြောင်းလဲနိုင်သလော။
အဲသယောပိလူသည် မိမိအသရေ၏အဆင်းကို၎င်း၊ကျားသစ်သည်မိမိအကွက်ကျားတို့ ကို၎င်းပြောင်းလဲနိုင်
သလော။ပြောင်းလဲနိုင်လျှင်အပြစ်ကြို့ပုလေ့ရှိသောသူတို့ သည်အပြစ်ကိုမပြုခြင်းငှါတတ်နိုင်ကြလိမ့်မည်။
ယေရမိအနာဂတ္တိကျမ်း ၁၃း၂၃။
၎။သို့ဖြစ်လျှင်လူကိုဘုရားသခင်အထံတော်သို့ ဘယ်ကဲ့သို့ ပို့ဆောင်နိုင်သနည်း။
ငါတို့ ကိုဘုရားသခင်နိုင်ငံတော်သို့ ပို့ ဆောင်ခြင်းငှါဖြောင့်မတ်တော်မူသောသူသည်မဖြောင့်မတ်သောသူ
တို့ အတွက်အပြစ်များကြောင့်တခါခံတော်မူ၏။ ရှင်ပေတရုသြ၀ါဒစာ ပဌမစောင် ၃း၁၈။
၅။ခရစ်တော်မစခြင်းမပါဘဲ ဘုရားသခင်ထံတော်သို့ ရောက်ရန် လူသည်ဘယ်မျှလောက်တိုးတက်နိုင်
သနည်း။
ငါသည်စပျစ်နွယ်ပင်ဖြစ်သည်။သင်တို့ သည်အခက်များဖြစ်ကြ၏အကြင်သူသည်ငါ၌တည်၍ငါသည်လည်း
သူ၌တည်၏။ထိုသူသည်များစွာသောအသီးကိုသီးတတ်၏။ငါနှင့်ကွာလျှင်သင်တို့ သည်အဘယ်အမှုကိုမျှမ
တတ်နိုင်ကြ။ရှင်ယောဟန်ခရစ်ဝင် ၁၅း၅။
၆။လူသည်ခရစ်တော်၌ရှိသောအခါ ဘာဖြစ်သနည်း။
လူမည်သည်ကားခရစ်တော်ရှိလျှင်အသစ်ပြုပြင်သောသတ္တ၀ါဖြစ်၏။ဟောင်းသောအရာတို့ သည်ပြောင်းလဲ
၍ခပ်သိမ်းသောအရာတို့ သည်အသစ်ဖြစ်ကြပြီ။ ကောရိ န္တုသြ၀ါဒစာ ဒုတိယစောင် ၅း၁၇။
၇။လူသတ္တ၀ါသစ်မဖြစ်မှီ ဘာဖြစ်ရမည်နည်း။
အထက်ပညတ်တရားမရှိသဖြင့်ငါသည်အသက်ရှင်၏။ပညတ်တရား ပေါ်သောအခါအပြစ်တရားသည်ရှင်ပြန်
၏။ ငါလည်းသေ၏။ရောမသြ၀ါဒစာ ၇း၉။
၈။ပေါလုသည် ဘယ်ကမှသေသနည်း။
အပြစ်တရားမှစုတေ့သောသူတို့ သည် ထိုတရား၌အဘယ်သို့ ရှင်ရဦးမည်နည်း။ရောမသြ၀ါဒစာ ၆း၂။
၉။အပြစ်သည် ပေါလုကိုဘယ်အရာအားဖြင့်သတ်သနည်း။
အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့်ရလျှင် ငါ့ကိုလှည့်ဖြား၍ ထိုအရာအားဖြင့် ငါ့ကိုသတ်လေ
၏။ ရောမသြ၀ါဒစာ ၇း၁၁။
၁၀။အပြစ်သည်သတ်ဖို့ ရန်တန်ခိုးကို ဘယ်ကရသနည်း။
သေမင်း၏လက်နက်ကား အပြစ်ပေတည်း။အပြစ်၏တန်ခိုးကား ပညတ်တရားပေတည်း။ ကောရိ န္တုသြ၀ါဒ
စာ ပဌမစောင် ၁၅း၅၆။
၁၁။နောင်တရခြင်းတည်းဟူသော အသစ်မွေးဖွားခြင်းအကြောင်းကို ကယ်တင်တော်မူသောအရှင်သည်
အဘယ်သို့ ကျပ်တည်းစွာ မိန့် တော်မူသနည်း။
ယေရှုက ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်
အကန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၃း၃။
၁၂။ ဒုတိယမွေးခြင်းသည် ဘယ်နည်းအားဖြင့် ဖြစ်စေသနည်း။
သင်တို့ သည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ပွားသည်မဟုတ်၊မဖောက်ပြန်မပျက်စီး
တတ်သောမျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏နှုတ်ထွက်
တရားတော်အားဖြင့် ဖြစ်ဘွားသောကြောင့် ညီအကိုများကိုချစ်ယောင်မဆောင် အမှန်ချစ်ခြင်းလိုငှါ စိတ်ထဲ
မှာ သမ္မာတရားကို နားထောင်လျှက် ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့်အညီ စင်ကြယ်သောစိတ်
နှင့် အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာရှိကြလော့ ။ ရှင်ပေတရုသြ၀ါဒစာ ပဌမစောင် ၁း၂၂-၂၃။
၁၃။ဤကဲ့သို့ ဖြစ်ဘွားခြင်းအကြောင်းကို ကျွ န်ုပ်တို့ စုံလင်စွာ နားလည်နိုင်သလော။
လေသည်အလိုရှိတိုင်းသွားလာ၏။လေ၏အသံကိုသင်သည်ကြားရသော်လည်း အဘယ်အရပ်ကဖြစ်သည်
ဘယ်အရပ်သို့ သွားသည်ကို မသိနိုင်။ထိုနည်းတူ ၀ိညာဉ်တော် မွေးသောသူဖြစ်သည်ဟု မိန့်တော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် ၃း၈။
၁၄။ဝိညာဉ်တော်မွေးသောသူသည် ဇာတိပကတိ အကျင့်တို့ ကို ကျင့်လျှက်နေနိုင်သလော။
ဇာတိပကတိမွေးသောအရာသည်ဇာတိပကတိဖြစ်သည်။ဝိညာဉ်တော်မွေးသောအရာသည် ၀ိညာဉ်ဖြစ်၏။
ရှင်ယောဟန်ခရစ်ဝင် ၃း၆။
ဇာတိပကတိ၇ှိသောသူတို့ သည် ဇာတိပကတိနှင့်စပ်ဆိုင်သော အရာတို့ ကိုစွဲလမ်းသော စိတ်သဘောရှိကြ
၏။ ရောမသြ၀ါဒစာ ၈း၅-၆။
၁၅။ဤအကြောင်းနှစ်ပါးတို့ သည် တပါးနှင့်တပါးသဘော တူညီသလော။
အကြောင်းမူကား ဇာတိပကတိနှင့် ၀ိညာဉ်ပကတိသည် တပါးနှင့်တပါး ဆန့်ကျင်သော အလိုရှိ၏။တပါးနှင့်
တပါးဆန့်ကျင်ဘက်ဖြစ်၍ သင်တို့ သည် ကျင့်ချင်သောအကျင့်ကို မကျင့်နိုင်ကြ။ဂလာတိသြ၀ါဒစာ ၅း၁၇။
၁၆။ဇာတိပကတိ အကျင့်တို့ သည် ဘယ်အကျင့်မျိုးဖြစ်ကြသနည်း။
ဇာတိပကတိအကျင့်တို့ သည် ထင်ရှားကြ၏။ထို့ အကျင့်တို့ မူကား၊သူ့ မယားကိုပြစ်မှားခြင်း၊မတရားသော
မေထုံမှီဝဲခြင်း၊ညစ်ညူးစွာကျင့်ခြင်း၊ကိလေသာကျူးလွန်ခြင်း၊သူတပါးကိုပြုစားခြင်း၊ရန်ငြိုးဖွဲ့ ခြင်း၊ရန်တွေ့ ခြင်း၊
ဂုဏ်ပြိုင်ခြင်း၊အမျက်ထွက်ခြင်း၊ငြင်းခုံခြင်း၊အချင်းချင်းကွဲပြားခြင်း၊သင်းခွဲခြင်း၊သူ့ အကျိုးကိုငြူစူခြင်း၊လူအသက်
သတ်ခြင်း၊ယစ်မျိုးကိုသောက်ကြူးခြင်း၊ပွဲလုပ်ခြင်းမှစ၍၊ထိုသို့ သောအကျင့်ပေတည်း။ ဂလာတိသြ၀ါဒစာ
၅း၁၉-၂၁။
၁၇။ဝိညာဉ်ပကတိအကျိုးသည် ဘယ်လက္ခဏာများကိုထင်ရှားစေသနည်း။
ဝိညာဉ်ပကတိ အကျိုးမူကား၊ချစ်ခြင်း၊၀မ်းမြောက်ခြင်း၊ငြိမ်သက်ခြင်း၊စိတ်ရှည်ခြင်း၊ကျေးဇူးပြုခြင်း၊ကောင်း
မြတ်ခြင်း၊သစ္စာစောင့်ခြင်း၊နူးညံ့သိမ်မွေ့ ခြင်း၊ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ ဂလာတိသြ၀ါဒစာ၅း၂၂-၂၃။
၁၈။လူသည်ဒုတိယ မွေးဖွားခြင်းကိုခံပြီးမှဘယ်ကဲ့သို့ ကျင့်မည်နည်း။
ဘုရားသခင်သည် ဖြောင့်မတ်တော်မူသည်ကိုသင်တို့ သိလျှင် ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူမည်
သည်ကားဘုရားသခင်ဖြစ် ဘွားမြင်စေတော်မူသောသူဖြစ်သည်ကိုသိရကြ၏။ရှင်ယောဟန်သြ၀ါဒစာ
ပဌမစာ ၂း၂၉။
၁၉။ဖြောင့်မတ်ခြင်းကိုဘယ်မှာတွေ့ ရသနည်း။
အလုံးစုံသောပညတ်တော်တို့ သည် ဖြောင့်မတ်ပါသည်ဖြစ်၍ အကျွန်ုပ်၏ လျှာသည် ဖေါ်ပြတော်မူချက်ကို
သီချင်းဆိုရပါမည်။ ဆာလံကျမ်း ၁၁၉း၁၇၂။
၂၀။သို့ ဖြစ်လျှင် ဘုရားသခင်ဖြစ် ဘွားစေတော်မူသောသူသည် အပြစ်နှင့်အဘယ်သို့ ဆိုင်သနည်း။
ယခုသင်တို့ ရှက်ကြောက်သော ထိုအကျင့်တို့ ကိုကျင့်စဉ်အခါ အဘယ်အကျိုးကို ရကြသနည်း။ထိုသို့ 
သောအကျင့်သည် သေခြင်း၌လမ်းဆုံးသတည်း။ရောမသြ၀ါဒစာ ၆း၂၁။
ဆိုးညစ်သောအမှုကိုစက်ဆုပ်ရွံရှာကြလော့။ကောင်းမွန်သောအမှုကိုမှီဝဲ ဆည်းကပ်ကြလော့။ ရောမ
သြ၀ါဒစာ ၁၂း၉။
ထို့ ကြောင့်၊သင်တို့ သည်ဘုရားသခင်၏ကျေးဇူးတော်ကိုမြည်းစမ်းကြသည်ဖြစ်၍၊အမျိုးမျိုးသော မနာလို
ခြင်း၊လှည့်ဖြားခြင်း၊လျို့ဝှက်ခြင်း၊ငြူစူခြင်း၊ကဲ့ရဲ့ခြင်းရှိသမျှကိုပယ်ရှား၍၊ကယ်တင်ခြင်းအလိုငှါ၊နှုတ်ထွက်တ
ရားတော်၏နီု့ စစ်အားဖြင့် ကြီးပွားမည်အကြောင်း၊ဘွားစသောသူငယ်ကဲ့ သို့ ထိုတရားနို့ ကိုအလွန်လိုချင်
သောစိတ်ရှိကြလော့။ရှင်ပေတရုသြ၀ါဒစာ ပဌမစောင် ၂း၁-၃။
၂၁။ပေါလုသည် ပြောင်းလဲသောအခါ အပြစ်တရားလက်မှ ဘယ်ကဲ့သို့ ကယ်တင်ခြင်းရသနည်း။
ယေရှုခရစ်၌တည်၍ အသက်ရှင်စေသော ၀ိညာဉ်တော်၏တရားသည် အပြစ်တရား၏လမ်းမှလည်းကောင်း၊
သေခြင်းတရား၏လက်မှလည်းကောင်း ငါ့ကိုကယ်လွှတ်ပြီ။ ရောမသြ၀ါဒစာ ၈း၂။
မှတ်ချက်။ ။(၁) အပြစ်တရားနှင့် သေခြင်းတရားသည် လူ၏မပြောင်းလဲနိုင်သော အဖြစ်သနစ်ဖြစ်သည်။
ထိုအဖြစ်သနစ်သည်လူအားဆက်ကာ ဆက်ကာ တရားတော်ကို လွန်ကြူးဖို့ ရန်တိုက်တွန်းသည်။
(၂ ) ကျွန်ုပ်တို့ ကိုအပြစ်တရားမှ ကယ်လွှတ်သော ယေရှုခရစ်၌တည်၍ အသက်ရှင်စေသောဝိညာဉ်တော်
၏တရား သည်ခရစ်တော်ပေးသောစိတ်သဘောသစ်ဖြစ်သည်။ထိုစိတ်သဘောအားဖြင့် ကျွန်ုပ်တို့ သည်
အပြစ်မှလှည့်၍ ၎င်းးအပြစ်ကိုအောင်မြင်စေသည်။ဤ(၁) နှင့် ( ၂ ) အကြောင်း၂ပါးတို့ ၌ ဘုရားသခင်၏ပညတ်တော်ကြီးသည်စံဖြစ်၏။ပညတ်သည်လူကို(၁) အကြောင်း၌အပြစ်အလျှောက်စီရင်
သည်။(၂)အကြောင်း၌လူအား ဘုရားသခင်ပေးတော်မူသောဖြောင့်မတ်ခြင်းတရားကိုသက်သေခံသည်။
ယခုမူကား ပညတ္တိကျမ်းနှင့်အနာဂတ္တိကျမ်းတို့ သည်သက်သေခံသည်နှင့်အညီ၊ပညတ်တရားနှင့်မစပ်ဆိုင်
သောဘုရားသခင်၏ဖြောင့်တ်ခြင်းတရားတည်းဟူသော၊ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့်၊ယုံကြည်
သောသူအပေါင်းတို့ အဘို့ ဖြစ်၍၊ထိုသူအပေါင်းတို့ အပေါ်သို့ ရောက်သောဘုရားသခင်၏ဖြောင့်မတ်
ခြင်းတရားသည်ထင်ရှားခဲ့ ပြီ။ ရောမသြ၀ါဒစာ ၃း၂၁-၂၂။
၂၂။အပြစ်တရားနှင့်သေခြင်းတရားလက်မှလွှတ်သောအခါလူသည်ဘယ်အခြေသို့ ရောက်သနည်း။
ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍ ဇာတိပကတိအတိုင်းကိုမကျင့် ၊၀ိညာဉ်
ပကတိအတိုင်းကျင့်သောသူတို့ သည်အပြစ်စီရင်ခြင်းနှင့်လွှတ်ကြ၏။ ရောမသြ၀ါဒစာ ၈း၁။
၂၃။အသစ်မွေးဘွားခြင်းသည် ကျွန်ုပ်တို့ အား၊ဘယ်အသက်မျိုးနှင့် ရှင်စေသနည်း။
ထိုနည်းတူသင်တို့ သည်အပြစ်တရားနှင့်ဆိုင်သောအရာ၌ကားအသေဖြစ်သည်ဟူ၍၎င်း၊ဘုရားသခင်နှင့်ဆိုင်
သောအရာ၌ကားငါတို့သခင်ယေရှုခရစ်အားဖြင့် အသက်ရှင်သည်ဟူ၍ လည်းကောင်း၊ကိုယ့်ကိုကိုယ်ထင်
မှတ်ကြလော့ ။ရောမသြ၀ါဒစာ၆း၁၁။
၂၄။ဘုရားသခင်အမှန်ဖြစ် ဘွားစေသောသူသည် ဘာလုပ်တတ်သနည်း။
ချစ်သူတို့ ၊ငါတို့ သည်အချင်းချင်းချစ်ကြကုန်အံ့။အကြောင်းမူကားချစ်ခြင်းမေတ္တာသည် ဘုရားသခင်နှင့်စပ်
ဆိုင်၏။ချစ်တတ်သောသူမည်သည်ကား ဘုရားသခင်ဖြစ်ဘွားစေတော်မူသော သူဖြစ်၏။ ရှင်ယောဟန်
သြ၀ါဒစာ ပဌမစောင် ၄း၇။
၂၅။ဒုတိယမွေးခြင်းကိုခံသောသူသည်ဘာကိုအောင်မြင်သနည်း။
ဘုရားသခင်၏သားဖြစ်သောသူမည်သည်ကား လောကကိုအောင်တတ်၏။လောကကိုအောင်ခြင်းအကြောင်း
မူကား ငါတို့ ၏ယုံကြည်ခြင်းပေတည်း။ရှင်ယောဟန်သြ၀ါဒစာ ပဌမစောင် ၅း၎။
ထိုသခင်ကိုငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသာကိုသုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။
သင်တို့ပြေးရသောအချိန်သည် ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့၌လည်းမကျမည် အကြောင်း ဆုတောင်းကြလော့။ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၄း၂၀
၃ ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍ ဘုရားသခင်၏ ချမ်းသာထဲသို့ဝင်ရကြ၏။ ထိုသို့နှင့်အညီ ဗျာဒိတ်တော်ကား၊ သူတို့သည်ငါ၏ ချမ်းသာထဲသို့မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည် ဟုလာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာဦးကပင်အမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝမ်တော်မူရာချမ်းသာဟု ဆိုလိုသတည်း။
၎ ခုနစ်ရက်မြောက်သောနေ့ကိုအကြောင်း၊ ပြု၍ကျမ်းစာတချက်၌ လာသည်ကား၊ ဘုရားသခင်သည် မိမိအမှုအရာ အလုံးစုံတို့ကို ပြီးစီး၍ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာ နေတော်မူ၏ဟု လာသတည်း။
၅ ထိုကျမ်းစာ၌တဖန်လာ သည်ကား၊ သူတို့သည်ငါ၏ချမ်းသာထဲသို့ မဝင်ရကြ ဟုလာသတည်း။
၆ ထိုကြောင့်၊ အချို့တို့သည် ဝင်ရကြ၏။ ဝမ်မြောက်စရာသိတင်းကို ရှေ့ဦးစွာ ကြားရသော သူတို့သည်မယုံကြည်သောကြောင့် မဝင်ရကြပြီ။
၇ တဖန်တုံ၊ ယနေ့တွင်သင်တို့သည် ဗျာဒိတ်တော်အသံကိုကြားလျက်ရှိသည်ဖြစ်၍ ခိုင်မာသောစိတ်နှလုံး မရှိကြနှင့်ဟုဆိုသည်ဖြစ်၍၊ ဤမျှလောက်ကာလကြာပြီမှ၊ ယနေ့ဟုဒါဝိဒ်ကျမ်းစာ၌လာသောအခါ၊ တစုံတခုသော နေ့ရက်ကိုသေချာစွာ မှတ်သားသတည်း။
။ဟေဗြဲသြဝါဒစာ အခန်းကြီး ၎
အမေး)ကျွန်တော်တို့ ဥပုသ်နေ့ သတ္တမနေ့ရက်ကို သတ္တမနေ့ ဥပုသ် အသင်းတော်မှာ လူများတို့ သမ္မာကျမ်းစာ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အပြင်ဘက်၌ လုပ်ကြံ
၍ သွန်သင်းခြင်း ဟုတ်ပါရဲ့လား?
ဖြေဆိုချက်။ကမ္ဘာဦးကျမ်း အခန်းကြီး ၁
၁ အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။
၂ မြေကြီးသည် အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။
၃ ဘုရားသခင်ကလည်း၊ အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။
၎ ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူ၏။
၅ အလင်းကို နေ့ဟူသော အမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဥ့်ဟူသောအမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍၊ ညဦးနှင့်နံနက်သည် ပဌမနေ့ရက်ဖြစ်လေ၏။
၆ တဖန် ဘုရားသခင်က၊ ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်းခြားနားစေဟု အမိန့်တော် ရှိသဖြင့်၊
၇ မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက်အောက်၌ ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက်အပေါ်၌ ရှိသောရေကို ပိုင်းခြားတော်မူသည်အတိုင်း ဖြစ်လေ၏။
၈ မိုဃ်းမျက်နှာကြက်ကိုလည်း မိုဃ်းကောင်းကင်ဟူသော အမည်ဖြင့် ဘုရားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍၊ ညဦးနှင့်နံနက်သည် ဒုတိယနေ့ရက် ဖြစ်လေ၏။
၉ တဖန် ဘုရားသခင်က မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေဟု အမိန့်တော် ရှိသည် အတိုင်း ဖြစ်လေ၏။
၁၀ ကုန်းကို မြေဟူ၍အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသော အမည်ဖြင့် ၎င်း၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍၊ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင် မြင်တော်မူ၏။
၁၁ တဖန် ဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးကိုဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ်မှာ မျိုးစေ့ပါလျက်၊ သစ်သီးမျိုးကိုဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။
၁၂ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးမျိုးကိုဖြစ်စေသော စပါးပင်ကို၎င်း၊ မိမိ၌ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း ပေါက်စေ၏။
၁၃ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊ ညဦးနှင့် နံနက်သည် တတိယ နေ့ရက်ဖြစ်လေ၏။
၁၄ တဖန် ဘုရားသခင်က၊ နေ့နှင့်ညဥ့်ကိုပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင်မျက်နှာကြက်၌ အလင်းအိမ် တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက်အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ။
၁၅ မိုဃ်းကောင်း ကင်မျက်နှာကြက်၌ တည်၍ မြေကြီးလင်းစရာအလင်းအိမ် ဖြစ်စေဟု၊ အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။
၁၆ ထိုသို့ ဘုရားသခင်သည် အလင်းအိမ်ကြီးနှစ်လုံးတည်း ဟူသော၊ နေ့ကိုအုပ်စိုးရသော အကြီး တလုံး၊ ညဥ့်ကိုအုပ်စိုးရသော အငယ်တလုံးနှင့်တကွ ကြယ်များကိုဖန်ဆင်းတော်မူပြီးလျှင်၊
၁၇ မြေကြီး၌ လင်းစေခြင်းငှါ၎င်း၊
၁၈ နေ့နှင့်ညဥ့်ကို အုပ်စိုး၍ အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှါ၎င်း၊ မိုဃ်းကောင်းကင် မျက်နှာကျက်၌ ဘုရားသခင် ထားတော်မူ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊
၁၉ ညဦးနှင့်နံနက်သည် စတုတ္ထနေ့ရက် ဖြစ်လေ၏။
၂၀ တဖန် ဘုရားသခင်က၊ အသက်ရှင်၍လှုပ်ရှားတတ်သော တိရ စ္ဆာန်တို့ကို ရေသည်များစွာ မွေးဘွားစေ။ ငှက်တို့လည်း မြေပေါ်မိုဃ်းကောင်းကင် မျက်နှာကြက်ပြင်ဝယ် ပျံစေဟု အမိန့်တော်ရှိ၏။
၂၁ ထိုသို့လျှင် ရေသည် တိရ စ္ဆာန်အမျိုးအလိုက် များပြားစွာမွေးဘွား၍၊ ငါးကြီးအစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရ စ္ဆာန်အပေါင်းတို့ကို ၎င်း၊ ပျံတတ်သော ငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင် ဖန်ဆင်း၍ ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏။
၂၂ ဘုရားသခင်ကလည်း၊ များပြားစွာမွေးဘွား ကြလော့။ ပင်လယ်ရေများကို ပြည့်စေကြလော့။ ငှက်တို့လည်း မြေပေါ်၌ များပြားစေသတည်းဟု ထိုတိရ စ္ဆာန်တို့ကို ကောင်းကြီးပေးတော်မူ၍၊
၂၃ ညဦးနှင့်နံနက်သည် ပဉ္စမနေ့ရက်ဖြစ်လေ၏။
၂၄ တဖန် ဘုရားသခင်က၊ မြေသည် အသက်ရှင်သော သတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရ စ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း မွေးဘွားစေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။
၂၅ ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရ စ္ဆာန်မျိုး အပေါင်းတို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏။
၂၆ တဖန် ဘုရားသခင်က၊ ငါတို့ပုံသဏ္ဌာန်နှင့်တညီ တသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော တိရ စ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးစေဟု အမိန့်တော်ရှိ၏။
၂၇ ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမ ကို ဖန်ဆင်းပြီးလျှင်၊
၂၈ အချင်းတို့၊ များပြားစွာမွေးဘွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာလှုပ်ရှားတတ်သော တိရ စ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟု မိန့်တော်မူ၍၊ သူတို့ကို ကောင်းကြီးပေးတော်မူ၏။
၂၉ ဘုရားသခင်ကလည်း၊ ကြည့်ရှုလော့။ မြေတပြင်လုံး၌ စပါးသီးကိုဖြစ်စေသော စပါးပင်အမျိုးမျိုး တို့ကို၎င်း၊ မျိုးစေ့ကိုဖြစ်စေသော အသီးနှင့် ပြည့်စုံသော သစ်ပင်အမျိုးမျိုးတို့ကို၎င်း၊ သင်တို့စားစရာဘို့ ငါပေး၏။
၃၀ မြေသား၊ မိုဃ်းကောင်းကင်ငှက်၊ အသက်ရှင်၍ မြေပေါ်မှာတွားတတ်သော တိရ စ္ဆာန်အပေါင်းတို့ စားစရာအဘို့၊ မြက်ပင် အမျိုးမျိုးတို့ကို ငါပေးမည်ဟု မိန့်တော်မူသည်အတိုင်း ဖြစ်လေ၏။
၃၁ ဘုရားသခင် သည် မိမိဖန်ဆင်းသမျှသော အရာတို့ကို ကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော်မူ၍၊ ညဦးနှင့်နံနက် သည် ဆဌမနေ့ရက်ဖြစ်လေ၏။
ကမ္ဘာဦးကျမ်း အခန်းကြီး ၂
၁ ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ၊ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။
၂ သတ္တမနေ့ရက် ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသော အမှုအရာတို့သည် ပြီးစီး ပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။
၃ ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍ သန့်ရှင်းစေ တော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်းပြုပြင်တော်မူသော အမှုအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့်၊ ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။
၎ ဤအကြောင်းအရာကား၊ ထာဝရအရှင်ဘုရားသခင် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော် မူသော နေ့၊ ဖန်ဆင်းရာကာလ၌ ကောင်းကင်နှင့်မြေကြီး၏ မူလအတ္ထုပ္ပတ္တိပေတည်း။
ကျွန်တော်တို့ သတ္တမနေ့ ဥပုသ်နေ့ အသင်းတော်မှာ ဘာကြောင့် သွန်သင်လို့ ဓမ္မမိတ်
ဆွေများ ထင်မြင်ယူစခြင်းလဲခင်ဗျာ ဖြေကြစေလိုပါသည်၊
ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၀
၁ ထိုအခါ ဘုရားသခင် မိန့်တော်မူသောစကားများဟူမူကား၊
၂ ငါသည် သင့်ကိုကျွန်ခံနေရာအဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
၃ ငါမှတပါးအခြားသောဘုရားကို မကိုးကွယ် နှင့်။
၎ အထက် မိုဃ်းကောင်းကင်၌၎င်း၊ အောက်အရပ်မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက်ရေထဲ၌၎င်း ရှိသောအရာနှင့် ပုံသဏ္ဍာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။
၅ ဦးမချဝတ်မပြုနှင့်။ အကြောင်း မူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသော သူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင်၊ အဘတို့၏အပြစ်ကိုသားတို့၌ ဆပ်ပေးစီရင်သောဘုရား၊ ၆ ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင် အသောင်း တိုင်အောင်၊ ကရုဏာကိုပြသော ဘုရား ဖြစ်၏။ ၇ သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။
၈ ဥပုသ်နေ့ကို သန့်ရှင်းစေ ခြင်းငှါ၊ ထိုနေ့ရက်ကို အောက်မေ့လော့။
၉ ခြောက်ရက် ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။
၁၀ သတ္တမ နေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်။ သင်၏တံခါးအတွင်း၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ။
၁၁ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ ရှိသမျှတို့ကို ခြောက်ရက် တွင် ဖန်ဆင်း၍ သတ္တမနေရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။
၁၂ သင်၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူသော ပြည်၌ သင်၏ အသက်တာရှည်မည် အကြောင်း၊ သင်၏မိဘကိုရိုသေစွာ ပြုလော့။
၁၃ လူအသက်ကိုမသတ်နှင့်။
၁၄ သူ့မယားကိုမပြစ် မှားနှင့်။
၁၅ သူ့ဥစ္စာကို မခိုးနှင့်။
၁၆ ကိုယ်နှင့် စပ်ဆိုင်သော သူတဘက်၌ မမှန်သော သက်သေကိုမခံနှင့်။
၁၇ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ အိမ်ကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယား၊ သူ၏ကျွန် ယောက်ျား မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ ဥစ္စာတစုံတခု ကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့် ဟုမိန့်တော်မူ၏။
တရားဟောရာကျမ်း အခန်းကြီး ၅
၁ တဖန်မောရှသည် ဣသရေလအမျိုးသားအပေါင်းတို့ကိုခေါ်၍၊ အိုဣသရေလ အမျိုးသားတို့၊ ယနေ့သင်တို့ အား ငါဟောပြောသော စီရင်ထုံးဖွဲ့ချက်တို့ကို သင်တို့သည်သွန်သင်၍ ကျင့်ခြင်းငှာ သတိပြုမည်အကြောင်း နားထောင်ကြလော့။
၂ ငါတို့ဘုရားသခင်ထာဝရဘုရားသည် ဟောရပ်တောင်၌ ငါတို့နှင့် ပဋိညာဉ်ပြုတော်မူ၏။
၃ ထိုပဋိညာဉ်တရားကို ထာဝရဘုရားသည် ငါတို့ဘိုးဘေးများနှင့်သာ ပြုတော်မူသည် မဟုတ်။ ယနေ့ပင်အသက်ရှင်၍ ဤအရပ်၌ ရှိသမျှသော ငါတို့နှင့်ပြုတော်မူ၏။
၎ ထာဝရဘုရားသည်တောင်ပေါ်မှာ မီးထဲက သင်တို့နှင့်မျက်နှာချင်းဆိုင် ၍မိန့်မြွက်တော်မူ၏။
၅ ထိုအခါ သင်တို့သည် မီးကိုကြောက်၍တောင်ပေါ်သို့ မတက်ဝံ့သောကြောင့်၊ ငါသည်ထာဝရ ဘုရား၏အမိန့်တော်ကို ဆင့်ဆိုခြင်းငှာ၊ ထာဝရဘုရားနှင့် သင်တို့စပ်ကြားမှာ ရပ်နေ၏။
၆ မိန့်မြွက်တော်မူသော စကားဟူမူကား၊ ငါသည်သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင်ထာဝရ ဘုရားဖြစ်၏။
၇ ငါမှတပါးအခြားသော ဘုရားကို မကိုးကွယ်နှင့်။
၈ အထက်မိုဃ်းကောင်းကင်၌၎င်း၊ အောက်အရပ် မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက်ရေထဲ၌၎င်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူစွာ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။
၉ ဦးမချ၊ ဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင်၊ ငါထာဝရဘုရားသည် သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရား၊ ငါ့ကိုမုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် အဘတို့၏အပြစ်ကို သားတို့၌ဆပ်ပေး စီရင်သော ဘုရား၊
၁၀ ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင် ကရုဏာကို ပြသော ဘုရားဖြစ်၏။
၁၁ သင်၏ ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။
၁၂ သင်ဘုရားသခင် ထာဝရ ဘုရားမှာထားတော်မူသည်အတိုင်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို စောင့် လော့။
၁၃ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကိုကြိုးစား၍ လုပ်ဆောင်လော့။
၁၄ သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျားမိန်းမ၊ နွားမြည်းအစရှိသော သင်၏တိရ စ္ဆာန်၊ သင်၏တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တု သည်အလုပ်မလုပ်ရ။ သင်သည် ငြိမ်ဝပ်စွာနေသကဲ့သို့၊ သင်၏ကျွန် ယောက်ျားမိန်းမတို့သည် ငြိမ်ဝပ်စွာနေရ ကြမည်။
၁၅ သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံကြောင်းကို၎င်း၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် အားကြီးသော လက်ရုံးတော်ကိုဆန့်၍၊ ထိုပြည်မှ သင့်ကိုနှုတ်ဆောင်တော် မူကြောင်းကို၎င်း အောက်မေ့လော့။ ထိုအကြောင်း ကြောင့်၊ သင်သည် ဥပုသ်နေ့ကိုစောင့်ရမည်ဟု သင်၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူ၏။
၁၆ သင်၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်သည် အသက်တာရှည်၍ ကောင်းစားရမည် အကြောင်း၊ သင်၏ဘုရားသခင်ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊
၁၇ သင်၏မိဘကို ရိုသေစွာပြုလော့။
၁၈ လူအသက်ကို မသတ်နှင့်၊
၁၉ သူ့မယားကို မပြစ်မှားနှင့်။
၂၀ သူ့ဥစ္စာကို မခိုးနှင့်။
၂၁ ကိုယ်နှင့်စပ်ဆိုင် သောသူတဘက်၌ မမှန်သောသက်သေကို မခံနှင့်၊ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယားကို တပ်မက်သောစိတ်မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်၊ လယ်ယာ၊ ကျွန်ယောက်ျား မိန်းမ၊ နွားမြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သော သူ၏ ဥစ္စာတစုံတခုကိုမျှ တပ်မက်လိုချင်သောစိတ်မရှိစေနှင့်ဟု မိန့်တော်မူ၏။
၂၂ ထိုစကားတော်ကို ထာဝရဘုရားသည်တောင်ပေါ်မှ မီး၊ မိုဃ်းတိမ်၊ ထူထပ်သော မှောင်မိုက်ထဲက ကြီးစွာသော အသံနှင့် သင်တို့စည်းဝေးရာ ပရိသတ်အပေါင်းတို့အား မိန့်မြွက်တော်မူ၏။ ထပ်၍ မိန့်မြွက်တော်မမှု။ ထိုစကားတော်ကိုလည်း ကျောက်ပြားနှစ်ပြားပေါ်မှာရေး၍ ငါ၌အပ်တ်ာမူ၏။
၁၂ ထိုမှတပါး ငါထာဝရဘုရား သည် သူတို့ကို သန့်ရှင်းစေသည်ဟု သူတို့သည် သိမည်အကြောင်း၊ ငါနှင့် သူတို့စပ်ကြားမှာ လက္ခဏာသက်သေခြင်းစေခြင်းငှါ၊ ငါ၏ဥပုသ်နေ့တို့ကို ငါခန့်ထား၏။ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၂၀
၁၉ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါ၏ စီရင်ထုံးဖွဲ့ ချက်တို့ကို စောင့်ရှောက်၍ ကျင့်ကြံကြလော့။
၂၀ ငါ၏ ဥပုသ်နေ့တို့ကိုလည်း သန့်ရှင်းစေလော့။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု၊ သင်တို့သည် သိမည်အကြောင်း၊ ထိုဥပုသ်နေ့တို့ကို ငါနှင့် သင်တို့စပ်ကြားမှာ လက္ခဏာ သက်သေဖြစ်စေကြလော့ဟု ငါဆို၏။ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၂၀
၂ သူတို့သည် တရားကျင့်သောအမျိုး၊ မိမိဘုရားသခင်၏ ပညတ်တို့ ကို မစွန့်သော အမျိုးကဲ့သို့၊ နေ့တိုင်းငါ့ကိုရှာ၍ ငါ၏တရားလမ်း၌ မွေ့လျော်ကြသည်တကား။ ဖြောင့်မတ်စွာတရား စီရင်ချက်တို့ကို ငါ့ထံမှာ အစဉ်မေးမြန်း၍၊ ဘုရားသခင့်ထံသို့ ချဉ်းကပ်ရာ၌ မွေ့လျော်ကြသည်တကား။ ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၆
၁ ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရားကိုစောင့်၍ ဖြောင့်မတ်စွာကျင့်လော့။ ငါ၏ကယ်တင်ခြင်း ကျေးဇူးရောက်ချိန်နှင့် ငါ၏ဖြောင့်မတ်ခြင်းတရားတို့ ထင်ရှားချိန် ရောက်လုနီးပြီ။
၂ ထိုသို့ပြုသောသူ၊ အမြဲစွဲလမ်းသော လူသားသည်၊ ဥပုသ်နေ့ကိုမရှုတ်ချ။ စောင့်ရှောက်၍ ဒုစရိုက်ကို မပြုမည်အကြောင်း၊ မိမိလက်ကိုချုပ်တည်းလျှင်လည်း မင်္ဂလာရှိ၏။
၃ ထာဝရဘုရား၌မှီဝဲသော တပါးအမျိုးသားက၊ ထာဝရဘုရားသည် ငါ့ကိုမိမိလူမျိုးနှင့်ရှင်းလင်း ခွဲထားတော် မူပြီဟုမဆိုစေနှင့်။ မိန်းမလျှာကလည်း၊ ငါသည်သွေ့ခြောက်သောအပင်ဖြစ်သည်ဟု မဆိုစေနှင့်။
၎ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ဥပုသ်နေ့ကိုစောင့်လျှက်၊ ငါနှစ်သက်သောအရာကိုရွေးယူ၍၊ ငါ၏ပဋိညာဉ်ကို မှီဝဲသောမိန်းမ လျှာတို့အား၊
၅ သားသမီးတို့ထက်မြတ်သသောအရာ၊ မြတ်သောနာမငါ့အိမ်ကို၊ ငါ့တန်တိုင်းအတွင်း၌ ငါပေးမည်။ မပျောက် နိုင်သောထာဝရ နာမကိုသူတို့အား ငါပေးမည်။
၆ ထာဝရဘုရားထံ၌ အမှုစောင့်ခြင်း၊ နာမတော် ကိုချစ်ခြင်း ကျွန်တော် ရင်းဖြစ်ခြင်းအလိုငှါ၊ ထာဝရဘုရား၌မှီဝဲသော တပါးအမျိုးသားတို့ကိုင်း၊ ဥပုသ်နေ့ကိုမရှုတ်ချ။ စောင့်ရှောက်၍၊ ငါ၏ပဋိညာဉ်ကို စွဲလမ်းသောသူအပေါင်းတို့ ကိုင်း၊
၇ ငါ၏သန့်ရှင်းသောတောင်သို့ ငါဆောင်ခဲ့၍ ငါ၏ပဌနာအိမ်၌ ဝမ်းမြောက်စေမည်။ သူတို့မီးရှို့ရာယဇ်နှင့် ယဇ်အမျိုးမျိုးတို့ကို ငါယဇ်ပလ္လင်ပေါ်မှာ လက်ခံမည်။ ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာအိမ်ဟု ခေါ်ဝေါ်လတ္တံ့။
ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ၊ ငါနှင့်သင်တို့၏ သားစဉ်မြေးဆက် စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဘို့ရာ၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရကြမည်။
၁၄ ဥပုသ်နေ့သည် သင်တို့အား သန့်ရှင်းသော ကြောင့် ထိုနေ့ကို စောင့်ရကြမည်။ ဥပုသ်နေ့ကို ဖျက်သောသူတိုင်း အသေခံရမည်။ ထိုနေ့၌ အလုပ်လုပ်သောသူ မည်သည်ကား မိမိအမျိုးမှ ပယ်ရှင်းခြင်းကိုခံရမည်။
၁၅ ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် ထာဝရဘုရားအား သန့်ရှင်း၍ငြိမ်ရသော ဥပုသ်နေ့ဖြစ်၏။ ဥပုသ်နေ့၌ အလုပ်လုပ်သောသူမည် သည်ကား ဧကန် အမှန်အသေခံရမည်။
၁၆ သို့ဖြစ်၍ ဣသရေလအမျိုးသား အစဉ်အဆက်တို့သည်၊ ထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊ ဥပုသ်နေ့ရက် အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။
၁၇ ထိုသို့စောင့်လျှင်၊ ငါနှင့် ဣသရေလ အမျိုးသားစပ်ကြား၌ ထာဝရလက္ခဏာသက်သေ ဖြစ်လိမ့်မည်။ အကြောင်းမူကား ထာဝရဘုရား သည် မိုဃ်းကောင်းကင်နှင့် မြေကြီးကို ခြောက်ရက်တွင်ဖန်ဆင်း၍၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေလျက်၊ အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ၏။
၁၈ ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ၊ မောရှေနှင့်နှုတ်ဆက်တော်မူသည် အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခယာတင်သော သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၁
ပညတ်တရားကိုကျင့်ဘို့ရန်အတွက်ဟောကြပာတယ်သင်ကပါတယ်။ဒါကြောင့်ဘုရား
သခင်နှုတ်ကပတ်တော် သမ္မာတရား ဘယ်လိုရှိတယ်ဆိုတာ၊စဉ်စားဘို့ရန်အတွက်ဝေ
ငှါခြင်ပါတယ်။ ကျွန်တော်တို့အသက်တာမှာအသက်ရှင်တဲ့အခါမှာ၊လူတွေသွန်သင်တဲ့
သြဝါဒ၊ဂိုဏ်ဂဏဘာဘာသာရေးကသင်တဲ့သြဝါဒထက်၊အရေးကြီးတာဘုရားသခင်ရဲ့
နှုတ်ထွက်စကားဖြစ်ပါတယ်၊သမ္မာကျမ်းစာဟာအရေးကြီးဆုံးဖြစ်ပါတယ်။ဒါကြောင့်သမ္မာတရားကိုလေ့လာဘို့လိုတယ်။အခုပြောမဲ့ကျမ်းချက်တေဟာ၊ကျွန်တော်တို့အရေးကြီးတဲ့အတွက်၊ဒါကိုအလေ့နက်ဆင်ချင်ဘို့ရန်အတွက်၊မိတ်ဆွေအတွက်ပြောပြောခြင်ပါတယ်
လိမ္မာသောသူသည် ပညတ်တရားကို ခံတတ်၏။ စကားများသော လူမိုက်မူကား ဆုံးရှုံးတတ်၏။သုတ္တံကျမ်း အခန်းကြီး ၁၀း၈
ငါ့သား၊ ငါ့စကားကို စေ့စေ့ နားထောင်၍၊ ငါ့ပညတ်တို့ကို သင်၌ သိုထားလော့။
ငါ့ပညတ်တို့ကို စောင့်ရှောက်၍ အသက်ရှင်လော့။ ငါပေးသော တရားကို ကိုယ်မျက်ဆန်ကဲ့သို့ စောင့်လော့။
သင်၏ လက်ချောင်း တို့၌ ချည်ထား၍၊ သင်၏ နှလုံးအင်းစာရင်း၌ ရေးမှတ်လော့။
သုတ္တံကျမ်း အခန်းကြီး ၇း၁-၃
အကြောင်းမူကား၊ ပညတ်တော်သည် မီးခွက်ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကို ပြတတ်သောသြဝါဒစကား သည် အသက်လမ်းဖြစ်၏။သုတ္တံကျမ်း အခန်းကြီး ၆း၂၃
ကာင်းသောသြဝါဒကို ငါပေး၏။ ငါ့ပညတ်တရားကို မပယ်ကြနှင့်။
ငါမူကား၊ အဘ၏ရင်နှစ်၊ အမိရှေ့မှာနူးညံ့၍ အချစ်ဆုံးသောသားဖြစ်၏။
ငါ့အဘ သွန်သင်၍ မြွတ်ဆိုလေသည်ကား၊ ငါ့စကားကို သင်၏ နှလုံး၌ သွင်းမိ၍၊ ငါ့ပညတ်တို့ကို ကျင့်စောင့်သဖြင့် အသက်ရှင်လော့။သုတ္တံကျမ်း အခန်းကြီး ၄း၂-၎
ငါ့သား၊ ငါပေးသောတရားကိုမမေ့နှင့်။ငါ့ပညတ်တို့ကို သင်၏ နှလုံးစောင့်ရှောက်ပါစေ။
အကြောင်းမူကား၊ ပညတ်တရားသည် အသက်တာရှည်သော ကာလနှစ်ပေါင်းများကိုင်း၊ ငြိမ်ဝပ်ခြင်းကိုင်း၊ တိုးပွားစေလိုက်မည်။သုတ္တံကျမ်း အခန်းကြီး ၃း၁-၂
ငါ့သား၊ သင်သည် ပညာစကားကို နားထောင်၍၊ စေတနာစိတ်နှင့် ဥာဏ်ကို ရှာဖွေသည်တိုင်အောင်၊ ငါ့စကားကိုနာခံ၍၊ ငါ့ပညတ်တို့ကိုကိုယ်အထဲ၌သွင်းမိလျှင်၎င်း၊သုတ္တံကျမ်း အခန်းကြီး ၂ ၁-၂
၂၁ ငါပညတ်တို့ကို ရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သော သူကို ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်းထိုသူကို ချစ်၍သူ့အားကိုယ်တိုင် ထင်ရှားမည်ဟု မိန့်တော်မူ၏။
၂၂ ယဒရှကာရုတ်မဟုတ်၊ အခြားသောယုဒက၊ သခင်၊ ကိုယ်တော်သည် လောကီသားတို့အား မထင်မရှားဘဲ အကျွန်ုပ်တို့အားအဘယ်သို့ ထင်ရှားတော်မူမည်နည်းဟု မေးလျှောက်၏။
၂၃ ယေရှုကလည်း၊ ငါ့ကိုချစ်သော သူသည် ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ကြွ၍ နေရာချမည်။
၂၄ ငါ့ကိုမချစ်သောသူသည် ငါ့စကားကိုနားမထောင်။ သင်တို့ကြားသောစကားသည် ငါ့စကားမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏စကား တော်ဖြစ် ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄
၃ ထိုသခင်ကို ကိုယ်တိုင်သိကျွမ်း သည်ကို အဘယ်သို့ သိရသနည်း ဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။
၎ ထိုသခင်ကိုငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသာကိုသုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။
၅ ထိုသခင်၏စကားတော်ကို နားထောင်သောသူမည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် ထိုသခင်ရှိ ကြောင်းကို ထိုသို့အားဖြင့် သိရကြ၏။
၆ ထိုသခင်၌ ငါသိ၏ဟု ဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည် နည်းတူ ကျင့်ရမည်။ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၂
၂ ငါတို့သည် ဘုရားသခင်ကို ချစ်၍၊ ပညတ်တော်တို့ ကိုစောင့်ကြလျှင်၊ ဘုရားသခင်၏ သားတို့ကို ချစ်ကြသည်ကိုငါတို့ သိရကြ၏။ ပညတ်တော် တို့ကိုချစ်ကြသည်ကို ငါတို့သိရကြ၏။
၃ ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။
ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၅
သိုဖြစ်လျှင်၊ ယုံကြည်ခြင်း အားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေ၏။ရောမသြဝါဒစာ အခန်းကြီး ၃း၃၁
၁၇ ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်း များကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟုမထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံခြင်းငှါ ငါလာသည်တည်း။
၁၈ ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီ တိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသောစာလုံး ဗိန္ဓုတလုံးမျှပြည့်စုံခြင်းသို့ မရောက်မှီမပျက်စီးရ။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅
၂၇ သူ့မယားကိုမပြစ်မှားရ ဟူသောရှေးပညတ်စကားကို သင်တို့ကြားရပြီ။
၂၈ ငါ့ပညတ်သည်ကား ကိလေသာစိတ်နှင့်သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ။
၂၉ ထိုကြောင့် လက်ျာ မျက်စိဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ တကိုယ်လုံးငရဲသို့ ချခြင်းကိုခံရသည်ထက် အင်္ဂါတခုပျက်သော် သာ၍ကောင်း၏။
၃၀ ထိုနည်းတူ လက်ျာလက်ဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင်၊ ထိုလက်ကိုဖြတ်ပစ်လော့။ တကိုယ်လုံးငရဲသို့ချခြင်းကိုခံရသည်ထက် အင်္ဂါတခုသာ ပျက်သော် သာ၍ကောင်း၏။
၃၁ တဖန်တုံ၊ မယားနှင့်ကွာလိုလျှင် ဖြတ်စာကို အပ်ပေးစေဟူသော ပညတ်စကားရှိပြီ။
၃၂ ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတပါး အခြားသောအကြောင်းဖြင့်မိမိမယားနှင့် ကွာသော သူသည် မိမိမယားကိုမှားယွင်းစေ၏။ ကွာသောမိန်းမနှင့်စုံဘက်ခြင်းကိုပြုသောသူသည်လည်း သူ့မယားကို ပြစ်မှား၏။ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅
အရှင်ဘုရား၊ ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည်သာ၍ ကြီးသနည်းဟုမေးလျှောက်သော်၊
၃၇ ယေရှုက၊ သင်၏ ဘုရားသခင်ထာဝရ ဘုရားကိုစိတ်နှလုံး အကြွင်းမဲ့ ဥာဏ်ရှိသမျှနှင့် ချစ်လော့၊
၃၈ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်သည်လည်း ဖြစ်၏။ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၂
၎ အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင်ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။
၅ သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။
၆ ယနေ့ငါမှာထားသော စကားကို နှလုံးသွင်းရမည်။
၇ ထိုစကားကို သင်၏ သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ။ အိပ်လျက်။ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။
၈ ထိုစကားကိုလည်း သင်၏ လက်၌ လက္ခဏာ သက်သေဘို့ရာင်း၊ သင်၏ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့င်း ချည်ထားရမည်။
၉ အိမ်တံခါး၊မြို့တံခါးတို့၌လည်း ရေးထားရမည်။တရားဟောရာကျမ်း အခန်းကြီး ၆
သင်၏ လက်ချောင်း တို့၌ ချည်ထား၍၊ သင်၏ နှလုံးအင်းစာရင်း၌ ရေးမှတ်လော့။
သုတ္တံကျမ်း အခန်းကြီး ၇း၁-၃
အကြောင်းမူကား၊ ပညတ်တော်သည် မီးခွက်ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကို ပြတတ်သောသြဝါဒစကား သည် အသက်လမ်းဖြစ်၏။သုတ္တံကျမ်း အခန်းကြီး ၆း၂၃
ကာင်းသောသြဝါဒကို ငါပေး၏။ ငါ့ပညတ်တရားကို မပယ်ကြနှင့်။
ငါမူကား၊ အဘ၏ရင်နှစ်၊ အမိရှေ့မှာနူးညံ့၍ အချစ်ဆုံးသောသားဖြစ်၏။
ငါ့အဘ သွန်သင်၍ မြွတ်ဆိုလေသည်ကား၊ ငါ့စကားကို သင်၏ နှလုံး၌ သွင်းမိ၍၊ ငါ့ပညတ်တို့ကို ကျင့်စောင့်သဖြင့် အသက်ရှင်လော့။သုတ္တံကျမ်း အခန်းကြီး ၄း၂-၎
ငါ့သား၊ ငါပေးသောတရားကိုမမေ့နှင့်။ငါ့ပညတ်တို့ကို သင်၏ နှလုံးစောင့်ရှောက်ပါစေ။
အကြောင်းမူကား၊ ပညတ်တရားသည် အသက်တာရှည်သော ကာလနှစ်ပေါင်းများကိုင်း၊ ငြိမ်ဝပ်ခြင်းကိုင်း၊ တိုးပွားစေလိုက်မည်။သုတ္တံကျမ်း အခန်းကြီး ၃း၁-၂
ငါ့သား၊ သင်သည် ပညာစကားကို နားထောင်၍၊ စေတနာစိတ်နှင့် ဥာဏ်ကို ရှာဖွေသည်တိုင်အောင်၊ ငါ့စကားကိုနာခံ၍၊ ငါ့ပညတ်တို့ကိုကိုယ်အထဲ၌သွင်းမိလျှင်၎င်း၊သုတ္တံကျမ်း အခန်းကြီး ၂
၁-၂
ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၀
၁ ထိုအခါ ဘုရားသခင် မိန့်တော်မူသောစကားများဟူမူကား၊
၂ ငါသည် သင့်ကိုကျွန်ခံနေရာအဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
၃ ငါမှတပါးအခြားသောဘုရားကို မကိုးကွယ် နှင့်။
၎ အထက် မိုဃ်းကောင်းကင်၌၎င်း၊ အောက်အရပ်မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက်ရေထဲ၌၎င်း ရှိသောအရာနှင့် ပုံသဏ္ဍာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။
၅ ဦးမချဝတ်မပြုနှင့်။ အကြောင်း မူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသော သူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင်၊ အဘတို့၏အပြစ်ကိုသားတို့၌ ဆပ်ပေးစီရင်သောဘုရား၊
၆ ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင် အသောင်း တိုင်အောင်၊ ကရုဏာကိုပြသော ဘုရား ဖြစ်၏။
၇ သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။
၈ ဥပုသ်နေ့ကို သန့်ရှင်းစေ ခြင်းငှါ၊ ထိုနေ့ရက်ကို အောက်မေ့လော့။
၉ ခြောက်ရက် ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။
၁၀ သတ္တမ နေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်။ သင်၏တံခါးအတွင်း၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ။
၁၁ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ ရှိသမျှတို့ကို ခြောက်ရက် တွင် ဖန်ဆင်း၍ သတ္တမနေရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။
၃၉ ထိုမှတပါးကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမပညတ်နှင့် သဘောတူ၏။
၄၀ ဤပညတ်နှစ်ပါး တို့ကားပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၂
၁၂ သင်၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူသော ပြည်၌ သင်၏ အသက်တာရှည်မည် အကြောင်း၊ သင်၏မိဘကိုရိုသေစွာ ပြုလော့။
၁၃ လူအသက်ကိုမသတ်နှင့်။
၁၄ သူ့မယားကိုမပြစ် မှားနှင့်။
၁၅ သူ့ဥစ္စာကို မခိုးနှင့်။
၁၆ ကိုယ်နှင့် စပ်ဆိုင်သော သူတဘက်၌ မမှန်သော သက်သေကိုမခံနှင့်။
၁၇ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ အိမ်ကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယား၊ သူ၏ကျွန် ယောက်ျား မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ ဥစ္စာတစုံတခု ကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့် ဟုမိန့်တော်မူ၏။ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၀
၈ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ၌ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ ကောင်းသောအကျင့်ကိုကျင့်ရာသို့ရောက်ကြ၏။
၉ သို့မဟုတ် လူမျက်နှာကို ထောက်လျှင်၊ ဒုစရိုက် ကိုပြုသောသူဖြစ်ကြ၏။ တရားကိုလွန်ကျူးသောသူဟု ပညတ်တော်အားဖြင့် ထင်ရှားစွာဖြစ်ကြ၏။
၁၀ အဘယ်သို့ နည်းဟူမူကား၊ ပညတ်တရားအလုံးစုံကိုစောင့်ရှောက်သည်တွင် တစုံတခု၌ မှားမိလျှင်၊ ပညတ်တရားအလုံးစုံကိုလွန် ကျူးသောအပြစ်ရှိ၏။
၁၁ သူ့မယားကိုမပြစ်မှားနှင့်ဟု ပညတ်တော်မူသောသူက၊ လူအသက်ကို မသတ်နှင့်ဟု ပညတ်တော်မူသေး၏။ သို့ဖြစ်၍ သင်သည် သူ့မယားကို မပြစ်မှားဘဲနေသော်လည်း၊ လူအသက်ကိုသတ်လျှင်၊ ပညတ်တရားကို လွန်ကျူးသောသူဖြစ်၏။
၁၂ လွှတ်ခြင်းတရားအတိုင်းစီရင်ခြင်းကိုခံရလတံ့သောသူကဲ့သို့၊ စကားပြောခြင်း၊ အမှုပြုခြင်းကိုစီရင်ကြလော့။
၁၃ ကရုဏာမရှိသောသူသည်၊ ကရုဏာကိုမရဘဲ၊ တရားစီရင်ခြင်းကို ခံရလိမ့်မည်။ ကရုဏာသည်တရား စီရင်ခြင်းကိုအောင်၍ဝါကြွားတတ်၏။
၁၄ ငါ့ညီအစ်ကိုတို့၊ တစုံတယောက် သောသူက၊ ငါသည်ယုံကြည်ခြင်းရှိ၏ဟုပြောလျက်၊ အကျင့်ကို မကျင့် ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် ထိုသူကိုကယ်တင်နိုင်သလော့။ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး ၂

The Battle of Armageddon

      The Battle of Armageddon This frightening apocalyptic word “Armageddon” refers to earth’s final battle which is gener...