သင်တို့မူကား၊ဝန်ခံတော်မူသောသူ၊ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊သမ္မာတရားကိုမှန်ကန်စွာပိုင်းခြားတတ်သောဆရာသမားဖြစ်လျက်၊ဘုရားသခင့်ရှေ့၌ကိုယ်ကိုကိုယ်ဆက်သခြင်းငှါကြိုးစားအားထုတ်လော့။တရားမဲ့ဖြစ်သောအချည်နှီးစကားကိုရှောင်လော့။အကြောင်းမူကား၊ထိုစကားသည် မတရားသောအမှုတို့ကို ပွါးများစေလိမ့်မည်။တိမောသေသြဝါဒစာဒုတိယစောင် ၂း၁၅း၁၆
I am Seventh-day Adventist Church Member Name Yoh Oo.
Tuesday, January 8, 2019
ငါ့ကိုချစ်လျှင်ငါပညတ်တို့ကို စောင့်ရှောက်ကြလော့
သူတို့အဝင် အပါ ဖြစ်သော ကျမ်းတတ်တယောက်သည် ကိုယ်တော်ကိုစုံစမ်း နှောင့်ရှက်ခြင်းငှါ၊အရှင်ဘုရား၊ ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည်သာ၍ ကြီးသနည်းဟုမေးလျှောက်သော်၊
တဖန်မောရှသည် ဣသရေလအမျိုးသားအပေါင်းတို့ကိုခေါ်၍၊ အိုဣသရေလ အမျိုးသားတို့၊ ယနေ့သင်တို့ အား ငါဟောပြောသော စီရင်ထုံးဖွဲ့ချက်တို့ကို သင်တို့သည်သွန်သင်၍ ကျင့်ခြင်းငှာ သတိပြုမည်အကြောင်း နားထောင်ကြလော့။ငါတို့ဘုရားသခင်ထာဝရဘုရားသည် ဟောရပ်တောင်၌ ငါတို့နှင့် ပဋိညာဉ်ပြုတော်မူ၏။ထိုပဋိညာဉ်တရားကို ထာဝရဘုရားသည် ငါတို့ဘိုးဘေးများနှင့်သာ ပြုတော်မူသည် မဟုတ်။ ယနေ့ပင်အသက်ရှင်၍ ဤအရပ်၌ ရှိသမျှသော ငါတို့နှင့်ပြုတော်မူ၏။ထာဝရဘုရားသည်တောင်ပေါ်မှာ မီးထဲက သင်တို့နှင့်မျက်နှာချင်းဆိုင် ၍မိန့်မြွက်တော်မူ၏။ထိုအခါ သင်တို့သည် မီးကိုကြောက်၍တောင်ပေါ်သို့ မတက်ဝံ့သောကြောင့်၊ ငါသည်ထာဝရ ဘုရား၏အမိန့်တော်ကို ဆင့်ဆိုခြင်းငှာ၊ ထာဝရဘုရားနှင့် သင်တို့စပ်ကြားမှာ ရပ်နေ၏။ မိန့်မြွက်တော်မူသော စကားဟူမူကား၊ ငါသည်သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင်ထာဝရ ဘုရားဖြစ်၏။ငါမှတပါးအခြားသော ဘုရားကို မကိုးကွယ်နှင့်။ အထက်မိုဃ်းကောင်းကင်၌၎င်း၊ အောက်အရပ် မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက်ရေထဲ၌၎င်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူစွာ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။ဦးမချ၊ ဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင်၊ ငါထာဝရဘုရားသည် သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရား၊ ငါ့ကိုမုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် အဘတို့၏အပြစ်ကို သားတို့၌ဆပ်ပေး စီရင်သော ဘုရား၊ ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင် ကရုဏာကို ပြသော ဘုရားဖြစ်၏။သင်၏ ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။သင်ဘုရားသခင် ထာဝရ ဘုရားမှာထားတော်မူသည်အတိုင်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို စောင့် လော့။
ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ၊ ငါနှင့်သင်တို့၏ သားစဉ်မြေးဆက် စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဘို့ရာ၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရကြမည်။ဥပုသ်နေ့သည် သင်တို့အား သန့်ရှင်းသော ကြောင့် ထိုနေ့ကို စောင့်ရကြမည်။ ဥပုသ်နေ့ကို ဖျက်သောသူတိုင်း အသေခံရမည်။ ထိုနေ့၌ အလုပ်လုပ်သောသူ မည်သည်ကား မိမိအမျိုးမှ ပယ်ရှင်းခြင်းကိုခံရမည်။
The Battle of Armageddon
The Battle of Armageddon This frightening apocalyptic word “Armageddon” refers to earth’s final battle which is gener...
-
မိဘပြည်သူ ညီအစ်ကို မောင်နမများ အားလုံးမင်္ဂလာရှိပါ။ ယနေ့ ကျွန်တော် တင်ပြမဲ့ အကြောင်း အရာကတော့ သားရဲ၏ ရုပ်တုကို ကိုးကွယ်ခြင်း။အကြောင်း...
-
၁။နောက်ဆုံး၌ တရားစီရင်ခြင်း အယောက်ဆီတိုင်တို့ရှိသနည်း လွှတ်ခြင်းတရားအတိုင်းစီရင်ခြင်းကိုခံရလတံ့သောသူကဲ့သို့၊ စကားပြောခြင်း၊ အမှုပြုခြင်...
-
SayaSawKayဖါရိရှဲအကျင့်နှင့်ကျေးဇူးတော်ကယ်တင် ခြင်း ကိုရှင်လင်းတင်ပြသွားချင်ပါတယ်။အကယ်၍။အင်တာနက်လိုင်းကောင်းသောသူများအနေဖြင့်။နားဆင်ြ...
