၁။ယုံကြည်သူအပေါင်းတို့သည် ကယ်တင်ခြင်းစေခြင်ငှါ ဘုရားသခင်အဘယ်သို့အလိုရှိသနည်း
ငါသည်ခရစ်တော်၏ဧဝံဂေလိတရားကြောင့်၊ရှက်ကြောက်ခြင်းမရှိ။အကြောင်းမူကား၊ထိုတရားသည် ရှေ့ဦးစွာ
၌ယုဒလူ၊ နောက်၌ ဟေလသလူ၊ယုံကြည်သမျှသောသူအပေါင်းတို့ကိုကယ်တင်စေသောဘုရားသခင်၏တန်
ခိုးတော် ဖြစ်၏။ ရောမသြဝါဒစာ၁း၁၆
၂။ဘုရားသခင်၏ကောင်းကင်တမန်အား အဘယ်သို့မြွတ်ဆိုသနည်း။
ထာဝရဘုရား၏ ကောင်းကင်တမန်သည်သူတို့အနားမှာပေါ်လာ၍၊ပတ်ဝန်းကျင်၌ထာဝရဘုရား၏ဘုန်းတော်
ထွန်း တောက်သဖြင့်၊သူတို့သည်အလွန်ကြောက်ရွံ့ခြင်းသို့ရောက်ကြ၏။ကောင်းကင်တမန်ကလည်း၊ကြောက်
ရွံ့ခြင်း မရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာ သိတင်းကို ငါသည်သင်တို့အားကြား
ပြောရ၏။ယနေ့တွင်ဒါဝိဒ်၏ မြို့၌သခင်ခရစ်တော်တည်းဟူသောကယ်တင်သောအရှင်သည်သင်တို့အဘို့အ
လိုငှါဘွားမြင်ခြင်းကိုခံတော်မူပြီ။ ရှင်လုကာခရစ်ဝင်ကျမ်း ၂း၉-၁၁
၃။ကယ်တင်ခြင်းအဘို့အလို့ငှါ အဘယ်သို့ကိုခန့်ထားတော်မူသနည်း။
ရှုမောင်သည်လည်းသူတို့ကိုကောင်းကြီး ပေး၍မယ်တော်မာရိအား၊ဤသူငယ်ကားဣသရေလလူအများလဲ
မည်အကြောင်း၊ အများထမည် အကြောင်း၊ လူအများ တို့၏အကြံအစည်ကိုထင်ရှားစေခြင်းငှါငြင်းခုံစရာဖြစ်
မည်အကြောင်း ခန့်ထားသော သူဖြစ်၏။ ရှင်လုကာခရစ်ဝင်ကျမ်း ၂း၃၄
မှတ်ချက်။ယေရှုခရစ်တော်ဖြစ်သည်။
၎။အဘယ်သို့အားဖြင့်ကျေးဇူတော် အားဖြင့် ဘုရားသခင်ချီးမွမ်းတော်မူသနည်း။
သူသည်လည်းထိုခဏခြင်းတွင်ဝင်၍ထာဝရဘုရား၏ ကျေးဇူးတော်ကိုချီးမွမ်းလေ၏။ ယေရုရှလင်မြို့၌ ရွေး
နှုတ်ခြင်းအရာကိုမြော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏ အကြောင်းကို ပြောလေ၏။မိဘတို့သည်
ထာဝရဘုရား၏ ပညတ်တရားအတိုင်း ပြုရသမျှတို့ကို အကုန်အစင်ပြုပြီးမှ၊ ဂါလိလဲပြည်၊ နာဇရက်အမည်ရှိ
သောမိမိတို့မြို့သို့ပြန်ကြ၏။သူငယ်သည်လည်းကြီးပွါး၍ပညာဥာဏ်သတ္တိနှင့်ပြည့်စုံ၏။ဘုရားသခင်၏ကျေးဇူး
တော်သည်လည်းသူ့အပေါ်၌တည်၏။ ရှင်လုကာခရစ်ဝင်၂း ၃၈
၅။အပြစ်မှကယ်ချွတ်မည်သသူသည်မည်သူဖြစ်သနည်း
သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားသည်မိမိလူတို့ကိုအပြစ်မှကယ်ချွတ်မည်သူဖြစ်သောကြောင့်၊
ယေရှုဟူသော အမည်ဖြင့်မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။ ရှင်မဿဲခရစ်ဝင်ကျမ်း၁း၂၁
၆။ယုံကြည်သောသူအပေါင်းတို့ အဘယ်သို့မရောက်သနည်း။
အကြောင်းမူကား၊ထိုသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်ဆီးခြင်းသို့မရောက်၊ထာဝရအသက်
ကိုရမည်အကြောင်းတည်း။ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်ဆီးခြင်းသို့မ
ရာက်၊ထာဝရအသက်ကိုရစေခြင်းငှါ၊ဘုရားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည်
တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၃း၁၅-၁၆
၇။ပညတ်တရားလက်ထက်အပြစ်၌မှားသောအပြစ်များလွတ်စေခြင်းငှါဘုရားသခင်၏အလိုတော်အဘယ်သို့ရှိ
သနည်
ထိုကြောင့်ပဌမပဋိညာဉ်တရားလက်ထက်၌ ပြစ်မှားသောအပြစ်ကိုလည်းလွတ်စေခြင်းငှါ၊ခရစ်တော်သည်အ
သေခံတော်မူသည်ဖြစ်၍၊ ခေါ်တော်မူသောသူတို့သည် ဂတိတော်နှင့် ယှဉ်သော ထာဝရအမွေကိုခံရမည်အ
ကြောင်း၊ ထိုသခင်သည်ပဋိညာဉ် တရားသစ်၏ အာမခံဖြစ်တော်မူ၏။ ဟေဗြဲသြဝါဒစား၉း၁၅
၈။ထိုညီအစ်ကိုနဦးတို့ ယုံကြည်ခြင်း အဘယ်သာ၍ မြတ်သနည်း
အာဗေလသည်၊ကာဣနပူဇော်သောယဇ်ထက်သာ၍ မြတ်သောယဇ်ကို၊ယုံကြည်ခြင်းအားဖြင့်ဘုရားသခင်
အားပူဇော်၏။ ထိုသို့သော ယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။အ
ဘယ်သို့နည်းဟူမူကား၊ သူလှူသော အလှူကိုဘုရားသခင်သည်လက်ခံတော်မူ၏။သို့ဖြစ်၍၊အာဗေလသည်
သေလွန်သော်လည်း ယခုပင် တရား ဟောသေး၏။ ဟေဗြဲသြဝါဒစာ ၁၁း၎
မှတ်အာဗေလသည် ယဇ်ပူခြင်းအရာ၌ ခရစ်တော် လောက်၌အသေခံရမည်အကြောင်းဖြစ်သည်ခရစ်တော်
ဘုရားသခင်၏ သိုးသငယ်ဖြစ်ကြောင်း သိရှိနားလည်နိုင်သည်။ ခရစ်တော်ပယ်ရှင်းသောအရာများသည် ယဇ်ပူဇော်ခြင်း အများပင်ဖြစ်သည် ပညတ်ဆော် ပညတ်နှင့်ဘာမှမဆိုင်ဘာ
၉။ယုံကြည်ခြင်းသည် အဘယိသု့သော်မြော်လင့်ခြင်းရှိကြမည်သနည်း
ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏။မမြင်သေးသောအရာတို့ကိုသိမှတ်စွဲ
လမ်းခြင်း အကြောင်းဖြစ်၏။ ဟေဗြဲသြဝါဒစာ ၁၁း၁
၁၀။ခရစ်တော်သည် ယခုပင် အဘယ်သို့ ကျွန်ပ်တို့အတွက်ဖြစ်သနည်။
ယခုမှာ လူလက်ဖြင့်မလုပ်၊ဤလောကဓာတ်နှင့်မစပ်ဆိုင်၊သာ၍ကြီးမြတ်စုံလင်သောတဲတော်၌၊ နောက်မင်္ဂ
လာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည်၊ ဟေဗြဲသြဝါဒစာ ၉း၁၁
မှတ်ချက်။ခရစ်တော်သည် ယဇ်ပရောဟိတ်မင်းကြီးအသင့်အတွက်အပြစ်ဖြေစရာအဘို့အလိုငှါ ကောင်းကင်
ဘုန်၌ ယဇ်ပရောဟိတ်မင်း အရာ၌ အပြစ်စရာအလို့ငှါ ကောင်းကင်သန့်ရှင်းရာဠာန၌အသင့်အတွက်အပြစ်
ဖြေစရာအဘို ယဇ်ပရောက်ဟိတ်အရာ၌ ခန့်ခြင်းရှိသည် ကိုသိမှတ်ကြလော့။
၁၁။ကောင်းမွန်စွာမပြုလျှင် ကာက္ကှာကို အဘယ်သို့သိနိုင်မည်သနည်း
သင်သည်ကောင်းမွန်စွာပြုလျှင် အခွင့်မရလော။ ကောင်းမွန်စွာ မပြုလျှင်၊အပြစ်ဖြေသောယဇ်ကောင်သည် တံခါးနားမှာဝပ်လျက်ရှိ၏။သူသည်သင်၏အလိုသို့လိုက်၍၊သင်သည်သူ့ကိုအုပ်စိုးရ၏ဟုကာဣနကိုမိန့်တော်
မူ၏။ကမ္ဘာဦးကျမ်း ၁း၇
၁၂။သောမြို့သားတို့အဘယ်သို့ရှိကြသနည်း
သောဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌၊ အလွန်အပြစ်များသောသူ ဖြစ်ကြသတည်း။
ကမ္ဘာဦးကျမ်း၁၃း၁၃
၁၃။အဘယိသု့သစ္စာပျက်ခြင်းရှိကြသနည်း
ထိုမှတပါးငါသည်သစ္စာပျက်သောအား ဖြင့်ဘုရားသခင်၏သစ္စာတော်သည်ဂုဏ်အသရေတော်ကိုတိုးပွါးစေ
လျှင်၊ငါ့ကိုအပြစ်ရှိသောသူကဲ့သို့ အဘယ်ကြောင့် စီရင်သေးသနည်းဟူ၍ မေးပြန်လျှင်၊ရောမသြဝါဒစာ၃း၇
၁၄။ပညတ်တရားများအားဖြင့် အဘယ်သို့သိရြှိ့သနည်း
သို့ဖြစ်၍ အဘယ်သို့ပြောရမည်နည်း။ ပညတ်တရား၌အပြစ်ရှိသလော။ အပြစ်မရှိနိုင်ရာ။ သို့ရာတွင်ပညတ်
တရားအားဖြင့်သာအပြစ်သဘောကိုငါသိရ၏၊အဘယ်သို့နည်းဟူမူကား၊ လောဘစိတ်မရှိ စေနှင့်ဟုပညတ်
တရားမဆိုလျှင်၊ လောဘသဘောကိုငါမသိ။ ရောမသြဝါဒစား၇-၇
မင်းကြီးများကိုလုပ်ကြံရာမှ ပြန်လာသောအာဗြဟံကို ခရီးဦးကြိုပြု၍ ကောင်းကြီးပေးပြီးလျှင်၊
ဟေဗြဲသြဝါဒစာ ၇း၁
၁၅။ဘုရားသခင်သည် အာဗြဟံအား အဘယိသု့ကတိတော်ပေးသနည်း
သင့်ကို ကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။ သင့်ကို ကျိန်ဆဲသောသူကိုငါကျိန်ဆဲမည်။သင်
အားဖြင့် လည်းလူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ၏။ကမ္ဘာဦးကျမ်း
၁၂း ၃
၁၆။ဘုရားသည် ယုံကြည်ခြင်းကိုထောက်၍ အသင့်အာဖြင့် လူမျိုးအပေါင်းတို့အား ဘုရားသခင်အဘယ်သို့
မိန့်တော်မူသညန်း
ဘုရားသခင်သည် ယုံကြည်ခြင်းကိုထောက်၍၊ တပါးအမျိုးသားတို့ကို ဖြောင့်မတ်ရာ၌ တည်စေတော်မူမည် ဟု ကျမ်းစာသည် မြော်မြင်လျက်၊ အာဗြဟံအားအမိန့်ရှိ၍၊ သင့်အားဖြင့်လူမျိုးအပေါင်းတို့သည် ကောင်းကြီး
မင်္ဂလာကိုခံရကြလိမ့်မည်ဟု ဧဝံဂေလိတရားကို ဟောနှင့်လေ၏။ ဂလာတိသြဝါဒစာ ၃း၈
၁၇။ခရစ်တော်သည် အဘယ်သို့အားဖြင့်ကြွလာသနည်း
ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကိုဖျက်ပယ်ခြင်းငှါငါလာသည်ဟုမထင်ကြနှင့်။ဖျက်ပယ်ခြင်းငှါငါလာသည်
မဟုတ်။ပြည့်စုံခြင်းငှါငါလာသည်တည်း။ငါအမှန်ဆိုသည်ကား၊ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီတိုင်အောင်၊
ပညတ္တိကျမ်း၌ အငယ်ဆုံးသောစာလုံး ဗိန္ဓုတလုံးမျှပြည့်စုံခြင်းသို့ မရောက်မှီမပျက်စီးရ။ ရှင်မဿဲခရစ်ဝင် ၅းး၁၇-၁၈
၁၈။အသက်ရှင်ခြင်းနှင့်ဆိုင်ပညတိတရားတို့အဘယိသု့ရှိကြသနည်း။
အသက်ရှင်ခြင်းနှင့်ဆိုင်သောပညတ်တရားသည် သေခြင်းနှင့်ဆိုင်သည်ကိုတွေ့ရ၏။အပြစ်တရားသည်ပညတ်
တရားအားဖြင့်အခွင့်ရလျှင်။ငါ့ကိုလှည့်ဖြား၍ထိုတရားအား ဖြင့်ငါ့ကိုသတ်လေ၏။ထိုကြောင့်၊တရားတော်သည်
သန့်ရှင်းခြင်းရှိ၏။ပညတ်တရားလည်းသန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏။ ရောမသြဝါဒစာ
၁၉။ယုံကြည်ခြင်းအားဖြင့် ပညတ်တရားတော်ပယ်နိုင်ကြမည်လော့။
ယုံကြည်ခြင်း အားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေ၏။
ရောမသြဝါဒစာ၃း၃၁
၂၀။ပညတ်တရားနှင့် ကယ်တင်ခြင်းအဘို့အလိုငှါ အဘယ်နည်အားဖြင့်ရှိသနည်း
ပညတ်တရားကိုထားပိုင်သောသူ၊စစ်ကြောစီရင်ပိုင်သောသူတပါးတည်းရှိတော်မူ၏။ထိုသူသည်ကယ်တင်ခြင်း
ငှါ၎င်း၊ဖျက်ဆီးခြင်းငှါ၎င်း၊တတ်နိုင်တော်မူ၏။သူတပါးကိုစစ်ကြောစီရင်သောသင်သည်ကားအဘယ်သူနည်း။
ရှင်ယာကုပ်သြဝါဒစား ၄း၁၂
၂၁။ဒုစရိုက် မပြုစေခြင်းငှါ အဘယ်သို့ ပြုနိုင်ကြမည်သနည်း
ချစ်သားတို့၊ သင်တို့သည် ဒုစရိုက်ကိုမပြုစေခြင်းငှါ ဤအရာများကိုသင်တို့အားငါရေး၍ပေးလိုက်၏။တစုံတ
ယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသောအရှင် ယေရှုခရစ်တည်း ဟူသော ငါတို့ အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၂း၁
၂၂။ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ရှေ့၌ အဘယ်သို့သောသူရှိသနည်း
ထိုကြောင့်၊ ငါတို့သည်ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင်၊ငါတို့သခင်ယေရှုခရစ်အား ဖြင့်ဘုရား
သခင့်ရှေ့တော်၌ငြိမ်သက်ခြင်းကိုခံစားကြ၏။ထိုကျေးဇူးတော်ကိုခံစားရသည်အကြောင်းမှာယုံကြည်ခြင်းရှိ၍၊
ထိုသခင်အားဖြင့်သာခံစားသော အခွင့်ကို ရကြ၏။ သို့ဖြစ်၍ ဘုရားသခင်၏ ဘုန်းတော်ကို မြော်လင့်၍ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။ရောမသြဝါဒစာ ၅
၂၃။ယုံကြည်သောသူတို့ အသို့သည့်ခံစရာအကြောင်းရှိသနည်း
ဘုရားသခင်၏ပညတ်တို့ကို၎င်း၊ ယေရှု၏ယုံကြည်ခြင်းကို၎င်း၊ စောင့်ရှောက်သောသန့်ရှင်းသူတို့သည်ဤအ
ရာ၌သည်းခံစရာ အကြောင်းရှိ၏။ဗျာဒိတ်ကျမ်း ၁၄း၁၂