Monday, May 28, 2018

ဆရာ စောကေ ဟောပြောနေသော ပညတ်တော်၆၃၀ သမ္မာကျမ်းစာ၌ ပါရှိသနည်း

            ပညတ်တော်၆၃၀ သမ္မာကျမ်းစာ၌ ပါရှိလဲ

၁။ကျွန်တော် တို့ ဘာကြောင့် ပညတ်တော်များစောင့်ရှောင့်ခြင်းရှိကြသနည်း
ထိုသခင်ကို ကိုယ်တိုင်သိကျွမ်း သည်ကို အဘယ်သို့ သိရသနည်း ဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။ထိုသခင်ကိုငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသာကိုသုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။ထိုသခင်၏စကားတော်ကို နားထောင်သောသူမည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် ထိုသခင်ရှိ ကြောင်းကို ထိုသို့အားဖြင့် သိရကြ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင်း ၂း ၃-၅
မှတ်ချက်။ သမ္မာကျမ်းစာ၌ သခင်ခရစ်တော် ကိုအဘယ်သို့ သိကျွမ်းခြင်း ရှိကြသည်မှာ ပညတ်တော်တို့ကို
စောင့် ရှောက်မှာ သခင်ခရစ်တော် ကိုသိကျွမ်းခြင်း ဖြသည်ဟူ၎င်း။ ခသ်ခရစ်တော်ကို အကျွန်ပ်သိပါ၏ဟူ၍
၎င်း။ ခရစ်ယာန်ဘာသာတရား ဟောဆရာ များလုပ်နေကြသော်လည်း။ ပညတ်တော်များ မစောင့်ရှောက်ဘဲ
နှင့် ခရစ်တော်၏ သက်သေခံ ဖြစ်ကြောင်း ဟောပြောသော်လည်း။ထိုသခင်ကိုငါသိ၏ဟုပညတ်တော်တို့ကို
 မစောင့်ဘဲလျက် ဆိုသောသူသည် မုသာကိုသုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။ သစ္စာမရှိသောသူဖြစ်
ကြောင်း သမ္မာကျမ်းစာအားဖြင့်အတည်အလင်းညွန်ပြထားခြင်းဖြစ်ပေသည်။ ခရစ်ယာန်ဘာသာတရား၌
အချစ်ခြင်းမေတ္တာ နှင့် ချုပ်ကိုင်းထာသည်။ ဘုရားသခင်ကို ယုံကြည်သူစစ်မှန်လျှင် ပညတ်တော်တို့ကိုစောင့်
ရှောက်ခြင်းအရာ၌၎င်း။ ဘုရားသခင်၏  စကားတော်များ နားထောင်ခြင်း စောင်ရှောက်ခြင်းတို့ဖြစ်ကြသည်
ပညတ်တော်တို့ ကိုမစောင့်ဘဲ နှင့်ယုံကြည်သူပါ အော်ဟစ်နေသောလည်း။ထိုသူသည်သစ္စာတရားနှင့်ကင်း
မဲ့သူသော ယုံကြည်သူဖြစ်ပေသည်။
၂။ ပညတ်တော်တို့စောင့်ရှောက်ရာ၌  အဘယ်သို့နိုင်မြင်နိုင်သောသူများဖြစ်ကြသနည်း။
ငါတို့သည် ဘုရားသခင်ကို ချစ်၍၊ ပညတ်တော်တို့ ကိုစောင့်ကြလျှင်၊ ဘုရားသခင်၏ သားတို့ကို ချစ်ကြသည်ကိုငါတို့ သိရကြ၏။ ပညတ်တော် တို့ကိုချစ်ကြသည်ကို ငါတို့သိရကြ၏။ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။ဘုရားသခင်၏ သားတော်ဖြစ်သောသူမည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကိုအောင်ခြင်းအကြောင်းမူကား၊ ငါတို့၏ယုံကြည်ခြင်းပေတည်း။  ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ယုံကြည်သောသူမှ တပါး၊ အဘယ်သူသည်လောကကို အောင်နိုင်သနည်း။ရှင်ယောဟန်သြဝါဒစာပဌမစောင်း ၅း ၂-၅
မှတ်ချက်။ ပညတ်တော်တို့စောင်ခြင်း အရာတို၌့၎င်း။ စောင့်ရှောက်ခြင်း ငါတို့သည် ဘုရားသခင်ကို ချစ်၍၊
 ပညတ်တော်တို့ ကိုစောင့်ကြလျှင်၊ ဘုရားသခင်၏ သားတို့ကို ချစ်ကြသည်ကိုငါတို့ သိရကြ၏။
  ပညတ်တော် တို့ကိုချစ်ကြသည်ကို ငါတို့သိရကြ၏။ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ မေး ဆရာ စောကေသည် ဘုရားသခင်၏ ပညတ်တော်တို့ စောင့်ရှောက်
သေူများ အဘယ်သို့ ထင်မြင်ယူစခြင်းရှိသနည်း။ ပညတ်တရားကိုကျင့်ဖို့ရာအတွက်ဟောကြပါတယ်။ ဆရာ
စောကေ သူတပါး အပြစ်မြင်တတ်တာဘာကြောင့်လဲ။ ဆရာ စောကေသည် ခရစ်ယာန်တရားဟောဆရာ
ဟူ၍၎င်း သက်သေခံဟူ၍၎င်း  မိမိကိုယ်ကို သက်သေခံနေသော်လည်း။ သမ္မာကျမ်းစာနှင့်မညီလျှာ်သော
ကြောင့် သူသည် မည်သူဖြစ်နိုင်မည်သနည်း။ 
အဖြေ။ သင်တို့သည် အချင်းချင်း တယောက်ကိုတယောက်ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည် နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်း တို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
ရှင်ယောန်ခရစ်ဝင်ကျမ်း ၁၃း ၃၄-၃၅ 
မှတ်ချက်။ပညတ်တရားစောင့်ရှောင်တို့ အချစ်ခြင်းမေတ္တာကိုဖေါ်ညွန်းသည်  ခရစ်တော်တပြည်တော်များ
ဖြစ်ကြောင်း ကိုဖေါ်ပြခြင်းသို့သက်ရောက်ပေးသည်။ 
ငါသည်ခမည်း တော်၌ရှိသည်ကို၎င်း၊ သင်တို့သည် ငါ၌ရှိသည်ကို၎င်း၊ ငါသည် သင်တို့၌ရှိသည်ကို၎င်း၊ ထိုနေ့၌သင်တို့သည် သိရကြလိမ့်မည်။ငါပညတ်တို့ကို ရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သော သူကို ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်းထိုသူကို ချစ်၍သူ့အားကိုယ်တိုင် ထင်ရှားမည်ဟု မိန့်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၄း၂၁-၂၂
 သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။ ယနေ့ငါမှာထားသော စကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏ သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ။ အိပ်လျက်။ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။ ထိုစကားကိုလည်း သင်၏ လက်၌ လက္ခဏာ သက်သေဘို့ရာင်း၊ သင်၏ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့င်း ချည်ထားရမည်။အိမ်တံခါး၊မြို့တံခါးတို့၌လည်း ရေးထားရမည်။တရားဟောရာကျမ်း၆း၅-၉
 အကြောင်းမူကား၊ကိုယ်နှင့်စပ်ဆိုင်သောသူကိုကိုယ်နှင့်အမျှချစ်လော့ဟူသောပညတ်တပါးကိုကျင့်လျှင်၊ 
ပညတ်တရားရှိသမျှကို အကြွင်းမဲ့ကျင့်ရာရောက်၏။ဂလာတိသြဝါဒစာ ၅း၁၄
ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ၌ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ ကောင်းသောအကျင့်ကိုကျင့်ရာသို့ရောက်ကြ၏။သို့မဟုတ် လူမျက်နှာကို ထောက်လျှင်၊ ဒုစရိုက် ကိုပြုသောသူဖြစ်ကြ၏။ တရားကိုလွန်ကျူးသောသူဟု ပညတ်တော်အားဖြင့် ထင်ရှားစွာဖြစ်ကြ၏။ အဘယ်သို့ နည်းဟူမူကား၊ ပညတ်တရားအလုံးစုံကိုစောင့်ရှောက်သည်တွင် တစုံတခု၌ မှားမိလျှင်၊ ပညတ်တရားအလုံးစုံကိုလွန် ကျူးသောအပြစ်ရှိ၏။သူ့မယားကိုမပြစ်မှားနှင့်ဟု ပညတ်တော်မူသောသူက၊ လူအသက်ကို မသတ်နှင့်ဟု ပညတ်တော်မူသေး၏။ သို့ဖြစ်၍ သင်သည် သူ့မယားကို မပြစ်မှားဘဲနေသော်လည်း၊ လူအသက်ကိုသတ်လျှင်၊ ပညတ်တရားကို လွန်ကျူးသောသူဖြစ်၏။လွှတ်ခြင်းတရားအတိုင်းစီရင်ခြင်းကိုခံရလတံ့သောသူကဲ့သို့၊ စကားပြောခြင်း၊ အမှုပြုခြင်းကိုစီရင်ကြလော့။ကရုဏာမရှိသောသူသည်၊ ကရုဏာကိုမရဘဲ၊ တရားစီရင်ခြင်းကို ခံရလိမ့်မည်။ ကရုဏာသည်တရား စီရင်ခြင်းကိုအောင်၍ဝါကြွားတတ်၏။ငါ့ညီအစ်ကိုတို့၊ တစုံတယောက် သောသူက၊ ငါသည်ယုံကြည်ခြင်းရှိ၏ဟုပြောလျက်၊ အကျင့်ကို မကျင့် ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် ထိုသူကိုကယ်တင်နိုင်သလော့။ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်းစာရသောအစာမရှိသောအခါ၊သင်တို့တွင် တစုံတယောက်သောသူက၊ ငြိမ်ဝပ်စွာ သွားကြလော့။ နွေးကြလော့။ ဝကြလော့ဟု ပြောလျက်၊ သူတို့ကိုယ် နှင့်တော်လျော်သော အသုံးအဆောင်ကိုမပေး ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ထိုနည်းတူ၊ အကျင့်နှင့် ကင်းသောယုံကြည်ခြင်းသည် တပါးတည်းရှိသော ကြောင့်အသေဖြစ်၏။တနည်းကား၊ သင်သည်ယုံကြည် ခြင်းရှိ၏။ ငါသည်အကျင့်ရှိ၏။ သို့ဖြစ်၍သင်သည် အကျင့်မရှိဘဲသင်၏ ယုံကြည်ခြင်းကိုပြလော့။ ငါမူကား၊ အကျင့်အားဖြင့်ငါ၏ ယုံကြည်ခြင်းကိုပြမည်ဟု ပြောစရာရှိ၏။ ရှင်ယာကုပ်သြဝါဒစာ ၂း၈-၁၈

The Battle of Armageddon

      The Battle of Armageddon This frightening apocalyptic word “Armageddon” refers to earth’s final battle which is gener...