Saturday, April 14, 2018

ကောင်းသောသိုးထန်း အဘယ်သို့ရှိသနည်း

၁။ကောင်းသောသိုးထန်း အဘယ်သို့ရှိသနည်း

သည် ကောင်းသောသိုးထိန်းလည်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဘို့အလိုငှါ မိမိ အသက်ကို စွန့်တတ်၏။ ယောဟန် ၁၀း၁၁

၂။သိုများအငှါးကြည့်သောသူတို့သည်အဘယ်သို့ရှိသနည်း

သူငှါးသည် သူငှါးဖြစ်၍ သိုးတို့၏အကျိုးကို မမှတ်သောကြောင့် ထွက်ပြေးတတ်၏။

ယောဟန် ၁၀း၁၃

၃။အစာမဝနိုင်သောခွေးများတို့အဘယ်သို့ ကိုယ်ကြိုးစီးပွားရှာတတ်ကြသနည်း

အိုလယ်ပြင်သား အပေါင်းနှင့်တော၌လည်သောသားရဲအပေါင်းတို့၊ ကိုက်စားခြင်းငှာလာကြလော့။

သူ၏ကင်းစောင့်တို့သည် မျက်စိကန်းကြ၏။ ရှိသမျှတို့သည် မိုက်ကြ၏။ အ၍မဟောင်နိုင်သောခွေး၊ ယောင်ယမ်းသောခွေး၊ အိပ်လျက်အိပ်ချင် အားကြီးသောခွေးဖြစ်ကြ၏။

စားချင်အားကြီး၍ ဝမ်းမပြည့်နိုင်သောခွေးလည်းဖြစ်ကြ၏။ သိုးထိန်းတို့သည်လည်း မကြည့်မရှုတတ်ကြ။ ထိုသိုးထိန်းရှိသမျှတို့သည် လမ်းလွှဲ၍ မိမိတို့လမ်းလိုက်ကြပြီ။ တယောက်မျှမကြွင်း၊ တညီ တညွတ်တည်း ကိုယ်အကျိုးစီးပွားကိုသာရှာကြ၏။

လာကြ။ စပျစ်ရည်ကိုယူခဲ့ကြလော့။ သေရည်သေရက်ကိုဝစွာ သောက်ကြစို့။ ယနေ့ဖြစ်သကဲ့သို့ နက်ဖြန်နေ့ ဖြစ်လိမ့်မည်။ ထိုမျှမက၊ သာ၍ ကြွယ်ဝလိမ့်မည်ဟု ဆိုတတ်ကြ၏။ဟေရှာယအနာဂတ္တိကျမ်း ၅၆း ၉-၁၂

၎။ကောင်းသောသိုးထိန်းသည် သိုးများတို့အပေါ်၌ အဘယ်မျှလောက်ကရုစိုက်ခြင်းရှိသနည်း

ထိုကြောင့် သင်တို့သည် ကိုယ်ကိုသတိနှင့်ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့်ဝယ် တော်မူသော အသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ်အချုပ် ခန့်ထားတော်မူသော သိုးစုတစုလုံးကိုလည်း သတိနှင့်ကြည့်ရှုကြလော့။

တမန်တော်ဝတ္ထု ၂၀း၂၈

၅။ကောင်းသောသိုးခန်းသည် အဘယ်သို့ စင်ကြယ်ခြင်းရှိရမည်သနည်း။

သင်တို့နှင့်အတူရှိသော ဘုရားသခင်၏သိုးတော်စုကို ထိန်းခြင်းအမှု မှာ၊ အနိုင်ထိန်းရသောကြောင့် မဟုတ်၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ၊ အလိုလိုစေ တနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။

ရှင်ပေတရုသြဝါဒစာပဌမစောင် ၅း၂

၆။နောက်ဆုံးသော ကာလ၌ အဘယ်သိုသော တရားကိုဟောပြောရမည်သနည်း

နှုတ်ကပတ်တရားတော်ကိုဟောပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကိုဘော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် သြဝါဒမျိုးကိုပေး၍ တိုက်တွန်းသွေးဆောင် လော့။

အကြောင်းမူကား၊ နောင်ကာလ၌ လူတို့သည် စင်ကြယ်သောသြဝါဒကိုနားမခံနိုင်ဘဲ၊ ယားတတ်သော နားရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း များပြားသောဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။

သမ္မာတရားကို နားမထောင်ဘဲ၊ ဒဏ္ဍာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။

တိမောသေသြဝါဒစာဒုတိယစောင် ၄၁=၂

၇။ကောင်း သောသိုးသော အဘယ်သို့ ပံသေက်သေကိုပြရမည်သနည်း

အရာရာ၌ ကောင်းသောအကျင့်တို့၏ ပုံသက်သေကို ကိုယ်တိုင်ပြလော့။ ဆုံးမသြဝါဒပေးသောအခါ၊ မိစ္ဆာဒိဌိနှင့်ကင်းခြင်း၊ တည်ကြည်ခြင်း၊

တိတုသြဝါဒစာ ၂း၇

၈။ကောင်းသော ကင်းစောင့် မိမိ၏ မိတ်ဆွေတို့အား အဘယ်သို့ သတိပေးရမည်သနည်း

တံပိုးမှုတ်သံ ကို ကြား၍ အမှုမထားသောကြောင့်၊ ကိုယ့်အသက်ဆုံးသော အပြစ်ကို ကိုယ်တိုင်ခံရမည်၊၊ အမှုထားသောသူမူကား ကိုယ့်အသက်ကို ကယ်တင်လိမ့်မည်။

သို့မဟုတ် ကင်းစောင့်ထားသောသူသည် ထားဘေးရောက်ကြောင်းမြင်လျက် တံပိုးမမှုတ်၊ ပြည်သားတို့အား သတိမပေးသောကြောင့် ထားဘေးရောက်၍ တစုံတယောက်သောသူအသက်ဆုံး လျှင်၊ ထိုသူသည် မိမိအပြစ်ကြောင့် အသက်ဆုံးသော်လည်း၊ သူ၏ အသက်ကို ကင်းစောင့်သောသူ၌ ငါတောင်းမည်၊

ထိုအတူ အချင်းလူသား သင့်ကို ဣသရေလအမျိုး၌ ကင်းစောင့်စေခြင်းငှါ ငါခန့်ထားသောကြောင့်၊ သင်သည်ငါ၏ နှုတ်ထွက်စကားကို နာခံ၍ သူတို့ကို သတိပေးရမည်။ ယေဇကျေလအနာဂတ္တိကျမ်း

ငါသည်လူဆိုးအား၊ အိုလူဆိုး၊ အကယ်စင်စစ် သင်သည်အသေ ခံရမည်ဟု ဆိုသောအခါ ဆိုးသောသူကိုသူ၏ လမ်းမှ လွှဲစေခြင်းငှါ သင်သည် သတိမပေးလျှင်၊ ထိုလူဆိုးသည် မိမိအပြစ်ကြောင့် အသက်ဆုံးလိမ့်မည်။ သို့ရာတွင်၊ သူ၏ အသက်ကိုသင်၌ ငါတောင်းမည်။ယေဇကျေးလအနာဂတ္တိကျမ်း ၃၃း၅-၈

၉။မျက်ကန်းတို့အား အဘယ်သို့ရှိပါစေ ဟူ၍ ခရစ်တော်မိန့်တော်မူသနည်း

ထိုသူတို့ကိုရှိပါလေစေ။ သူတို့သည် လူကန်းတို့အားလမ်းပြသောလူကန်းဖြစ်ကြ၏။ လူကန်းချင်းတဦးကိုတဦးလမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်ဟုမိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင် ၁၅း၁၄



ငါ့ကို ရှာသော ငါ၏ လူတို့အဘို့၊ ရှာရုန်အရပ်သည် သိုးခြံဖြစ်လိမ့်မည်၊၊ အာခေါ်ချိုင့်သည်လည်း နွားများ အိပ်ရာ အရပ်ဖြစ်လိမ့်မည်၊၊

ဟေရှာယအနာဂတ္တိကျမ်း ၆၅းး၈

အကြောင်မူကား၊ ထာဝရဘုရားသည် အိပ်ချင်သောသဘောကို သင်တို့၌သွင်းသဖြင့်၊ သင်တို့မျက်စိကိုပိတ်၍၊ သင်တို့၏ပရောဖက်များကို မင်းများ၊ ဗျာဒိတ်ခံသူများ တို့ကိုဖုံးလွှမ်းတော်မူပြီ။

ဗျာဒိတ်တော်ရှိသမသည် တံဆိပ်ခတ်သောစာကဲ့သို့ သင်တို့၌ဖြစ်၏။ ထိုစာကိုစာတတ်သော သူအားပေး၍၊ ဤစာကိုဘတ်ပါလော့ဟုဆိုလျှင်၊ ထိုသူက၊ ဤစာကို ငါမဘတ်နိုင်၊၊ တဆိပ် ခတ်လျက်ရှိ၏ဟုပြန်ပြောတတ်၏။

ထိုစာကိုစာမတတ်သောသူအားပေး၍၊ ဤစာကိုဘတ်ပါလော့ဟုဆိုလျင်၊ ထိုသူက ငါသည်စာမဘတ်ဟုပြန်ပြောတတ်၏။

ထာဝရဘုရားကလည်း ဤလူမျိုးသည်နှုတ်နှင့် ငါ့ထံသို့ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏၊၊ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကိုအမှီပြု၍ ငါ့ကိုကြောက်ရွံြ့က၏။

ထို့ကြောင့် အံသြကြောက်မက်ဘွယ်သောအမှုကို ဤလူမျိုးတို့တွင် တဖန်ငါပြုအုံးမည်၊၊ သူတို့ တွင်ပညာရှိတို့၏ ပညာသည်ပျက်စီးလိမ့်မည်။ ဥာဏ်ကောင်းသော သူတို့၏ ဥာဏ်သည်လည်းကွယ် ပျောက်လိမ့် မည်ဟုမိန့်တော်မူ၏။

ထာဝရဘုရား မသိစေခြင်းငှာ၊ နက်နဲသောအကြံကိုကြံ၍၊ မှောင်မိုက်ထဲမှာ အမှုကိုပြုလျက်၊ ငါတို့ကိုအဘယ်သူ မြင်သနည်း။ ငါတို့ကိုအဘယ်သူသိသနည်းဟု ပြောဆိုတတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။

သင်တို့သည် ဖောက်ပြန်ကြသည်တကား။ အိုးထိန်းသမားကို၊ အိုးမြေကဲ့သို့မှတ်ရမည်လော။ လုပ်အပ်သောအရာသည် လုပ်တတ်သောသူကိုရည်မှတ်၍၊ ဤသူသည် ငါ့ကိုမလုပ်ဟုဆိုရမည်လော။ ဖန်ဆင်းအပ်သောအရာသည် ဖန်ဆင်းတတ်သောသူကိုရည်မှတ်၍၊ ဤသူ၌ ပညာအတတ်မရှိဟု ဆိုရမည်လော။ ဟေရှာယအနာဂတ္တိကျမ်း ၂၉း၁၁-၁၆

ထိုသို့အလိုငှါ သင်သည်၊ ယေရှုခရစ်ထံ၌ ကောင်းသောစစ်သူရဲကဲ့သို့၊ ဆင်းရဲဒုက္ခကိုသည်းခံလော့။

စစ်သူရဲမည်သည်ကား၊ မိမိကိုစစ်သူရဲအရာ၌ ခန့်ထားသောသူကိုနှစ်သက်စေခြင်းငှါ၊ လောကီမှုရေးနှင့် ပြွမ်းနှော ရှုပ်ထွေးခြင်းကို ပယ်ရှားတတ်၏။

တိမောသေသြဝါဒစာဒုတိယစောင် ၂း၃-၎

ဤလူမျိုးတို့သည် ပုန်ကန်တတ်၏။ ဖောက်ပြန်သောအမျိုးသား ထာဝရဘုရား၏ တရားကိုနာယူခြင်းငှာ အလိုမရှိသောအမျိုးသာ ဖြစ်ကြ၏။

သူတို့ကလည်း ဗျာဒိတ်တော်ကို မခံပါနှင့် ဟု ဗျာဒိတ်ခံသောသူများအားင်း မှန်သောစကားကို ငါတို့အားမဟောပါနှင့်။ ချော့မော့သောစကားကို ပြောကြပါ။ လှည့်စားသောစကားကို ပြောကြပါ။

လမ်းလွှဲကြပါ။ မှန်သောလမ်းကို ရှောင်ကြပါ။ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရားကို ငါတို့ရှေ့မှာ ကွယ်ထားကြပါဟု ပရောဖက်တို့အားင်း ဆိုတတ်ကြ၏။

ဟေရှာယအနာဂတ္တိကျမ်း ၃၀း၉း၁၁

ငါ၏ လူတို့သည် ပျောက်သောသိုးများဖြစ်ကြပြီ။ သိုးထိန်းတို့သည် တောင်များပေါ်မှာလမ်းလွဲစေကြပြီ။

သူတို့ကို တွေ့ကြုံရသမျှသော သူတို့သည် ကိုက်စားကြပြီ။ ရန်သူတို့က သူတို့သည် တရားသော ငြိမ်ဝပ်ရာ၊ ဘိုးဘေးတို့ခိုလှုံရာ ထာဝရဘုရားကို ပြစ်မှားသောကြောင့် ငါတို့ သည် ကိုက်စားသော်လည်း မလွန်ကျူးဟု ပြောဆိုကြပြီ။

ဗာဗုလုန်မြို့ထဲက ပြေးကြလော့။ ခါလဒဲပြည်မှ ထွက်သွားကြလော။ သိုးစုရှေ့၌ သိုးထီးကဲ့သို့ ပြုကြလော့။

ယေရမိအနာဂတ္တိကျမ်း ၅၀း၆း၈

သင်တို့သည် သိုးနို့ကိုစားကြ၏၊ သိုးမွေးကို ဝတ်ကြ၏၊ ဆူဖြိုးသော သိုးတို့ကိုလည်း သတ်ကြ၏၊ သို့ရာတွင် သိုးတို့ကို မကျွေးမွေးပါတကား။

အားနည်းသောသိုးကို မမစကြ၊ နာသောသိုးကို ဆေးမကုကြ၊ အရိုးကျိုးသောသိုးကို အဝတ်နှင့် မစည်းကြ၊ သူတပါးနှင်သော သိုးကို လိုက်၍ မဆောင်ခဲ့ကြ။ ပျောက်သောသိုးကို မရှာကြ၊ အနိုင်အထက်ပြု၍ ကြမ်းတမ်းစွာ စီရင်ကြပြီ၊ ယေဇကျေလအနာဂတ္တိကျမ်း ၃၄းး၁း၂

အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့အသက်ရှင်သည်အတိုင်း သိုးထိန်းမရှိ၊ အဘယ်သိုးထိန်းမျှ ငါ့သိုးတို့ကိုမရှာ၊ သိုးထိန်းတို့သည် ငါ့သိုးတို့ကို မကျွေးမွေး၊ ကိုယ်ကိုသာ ကျွေးမွေးသဖြင့်၊ ငါ့သိုးတို့သည်လုယူစရာ ခပ်သိမ်းသော တောသားရဲ စားစရာဖြစ်သောကြောင့်၊

အချင်းသိုးထိန်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။

အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်သိုးထိန်းတို့တဘက်၌ နေ၏။ ငါ့သိုးများကို သူတို့၌ ငါတောင်း၍ သိုးထိန်းအရာကိုနှုတ်မည်။ သိုးထိန်းတို့သည် နောက်တဖန် ကိုယ်ကိုမကျွေးမွေးရကြ။ ငါ့သိုးများ ကိုသူတို့ပစပ်မှ ငါနှုတ်၍ နောက်တဖန်မကိုက်မစားရကြ။

အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်ကိုယ်တိုင်လိုက်၍ ငါ့သိုးတို့ကိုရှာမည်။

ကွဲပြားလျက်ရှိ သော မိမိသိုးတို့တွင် သိုးထိန်းရောက်သောအခါ ကြိုးစား၍ ရှာသကဲ့သို့၊ ငါသည်လည်း ငါ့သိုးတို့ကို ကြိုးစား၍ ရှာမည်။ မိုဃ်းအုံ့၍ မိုက်သောနေ့၌ သူတို့ကွဲပြားသော အရပ်ရပ်တို့က ငါနှုတ်ဆောင်မည်။

ယေဇကျေလအနာဂတ္တိကျမ်း ၃၄း၈း၁၂

ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။

အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။

ဗျာဒိတ်ကျမ်း ၂၂း၁၈း၁၉

အိုသိုးထိန်းတို့၊ ငိုကြွေးအော်ဟစ်ကြလော့။ အိုသိုးကြီးသိုးမြတ်တို့ ပြာ၌လူးလည်းလျက်နေကြလော့။ သင်တို့ကိုသတ်ရသော အချိန်ရောက်လေပြီ။ အရပ်ရပ်သို့ ငါမောင်းသဖြင့် သင်တို့သည် အဘိုးထိုက်သော တန်ဆာကျသကဲ့သို့ ဖြစ်ရကြလိမ့်မည်။

သိုးထိန်းတို့သည် ပြေးစရာလမ်းမရှိ။ သိုးကြီးသိုးမြတ်တို့သည် လွတ်ရာလမ်းကိုရှာ၍ မတွေ့ရကြ။

သိုးထိန်းများငိုကြွေးသံနှင့် သိုးကြီးသိုးမြတ်များမြည်သံကို ကြားရ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် သူတို့ကျက်စားရာအရပ်ကို ဖျက်ဆီးတော်မူ၏။

ထာဝရဘုရားသည် ပြင်းစွာအမျက်ထွက်တော်မူသော အားဖြင့် ငြိမ်ဝပ်စွာနေရာအရပ် တို့သည်လည်း ပယ်ရှင်းဖျက်ဆီးခြင်းကို ခံရကြ၏။

ယေရမိအနာဂတ္တိကျမ်း ၂၅း၃၄-၃၇

သို့ဖြစ်လျှင်၊ သိုးထိန်းအကြီး ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့သည် မညှိုးမနွမ်းတတ်သော ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်။

ရှင်ပေတရုသြဝါဒစာပဌမစောင် ၅း၎

The Battle of Armageddon

      The Battle of Armageddon This frightening apocalyptic word “Armageddon” refers to earth’s final battle which is gener...